ဆူးယာအရိုက်ခံရတယ်
Vol. 13 Ch. 2.32
"ဘယ်သူက သူ့ကို လျစ်လျှူရှုခိုင်း ထားလို့လဲ? သူ့မှာ လုံလောက်တဲ့ အင်အားမရှိရင် ကျန်းဝူအင်ပါယာမှာပဲ လိမ်လိမ်မာမာနဲ့ နေလိုက်ပေါ့ ဘာကိစ္စဒီကို ပြေးလာနေလဲ? သေတာတောင် နည်းသေးတယ်!"
သူမသည် မျက်နှာပျက်သွားခဲ့သည်။ ထိုအချိန်က သူမစကားများကို နာခံခဲ့သော လူငယ်လေးသည် ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ ပြောင်းလဲသွားသည်။
လူအုပ်နောက် အကွယ်တွင် ရှိနေသည့် ဆူးယာသည် သခင်လေးချင်ဟွာ ဒေါသထွက်နေသည်ကို တွေ့လိုက်ရပြီး အကြီးအကဲရှန်သည်လည်း လှုပ်ရှားတော့မည်ကို သိလိုက်ရတဲ့အခါ သူမ စိတ်မပူရုံသာမက စိတ်လှုပ်ရှားနေသည့် မျက်လုံးများပါ ပေါ်လာ၏။
"သခင်လေး...."
ထိုအချိန်တွင် မော့ချန်သည် လုရွှမ်ကို မှတ်မိသွားပြီး ချင်ဟွာဆီသွား၍ အနားကပ်ကာ စကားအနည်းငယ် တိုးတိုးလေး ပြောလိုက်သည်။
"အမ်?"
ချင်ဟွာ၏မျက်နှာသည် ချက်ချင်း မည်းမှောင်သွားပြီး လုရွှမ်ကို ကြည့်လိုက်ပြီးနောက် ဆူးယာကိုလည်း လှည့်ကြည့်လိုက်သည်။
"ဒီလုရွှမ်က မင်းရဲ့ငယ်သူငယ်ချင်း? မင်းကိုတစ်ချိန်လုံး လိုက်ပိုးပန်းနေတဲ့သူလား?"
"ဟုတ်ပါတယ်!" ဆူးယာက ခေါင်းညိတ်ပြီး
"ဒါပေမယ့် သူက သေးသေးလေးပဲလေ...ကျွန်မက ဘယ်လိုလုပ် စိတ်ဝင်စားရမှာလဲ? ကျွန်မရွေးရမယ် ဆိုရင်တောင် သခင်လေးချင်လို မြင့်မြတ်တဲ့ လူကြီးတစ်ယောက်ကို ရွေး....."
ဖြောင်း!
ဆူးယာ၏ ဖြေရှင်းချက် မပြီးခင်မှာပင် ပါးရိုက်သံနဲ့အတူ သူမ မျက်နှာနီမြန်းလာပြီး လဲကျလုနီးပါး ဖြစ်သွားသည်။
ဖြူစင်သော ကျောက်စိမ်းမျက်နှာပေါ်တွင် အနီရောင်တောက်တောက် လက်ငါးချောင်းရာကြီးက ချက်ချင်းပေါ်လာသည်။
"သူက နိမ့်ကျတဲ့ လူသေးသေးလေး? ငါက သူ့လိုနိမ့်ကျတဲ့ သူသေးသေးလေးကိုတောင် နိုင်အောင် မတိုက်နိုင်ဘူးလို့ မင်းက ပြောချင်တာလား?"
ချင်ဟွာ၏ မျက်နှာသည် စူးရှသော အလင်းရောင်ဖြင့် အုံ့မှိုင်းနေပြီး ကြောက်စရာ ကောင်းလာသည်။
"ကျွန်မ..."
ဆူးယာမှာ တစ်ဖက်သားကို ချော့မော့ချင်ပေမယ့် ဒေါသတကြီး စိတ်ဆိုးစေမယ်လို့ မမျှော်လင့်ထားဘဲ သူမရဲ့ နူးညံ့တဲ့ ခန္ဓာကိုယ်ကလည်း တုန်လှုပ်သွားခဲ့သည်။
"သခင်လေးချင် ကျွန်မအဲဒီလို မဆိုလိုပါဘူး.... သူက သခင်လေးနဲ့ နှိုင်းယှဥ်စရာ မရှိပါဘူး....အဆင့်အတန်းပဲ ဖြစ်ဖြစ် သူ့နောက်ခံ အခြေအနေပဲ ဖြစ်ဖြစ်.... "
ဗုန်း!
သူမစကားမဆုံးခင် ချင်ဟွာက သူမကို ဗိုက်ကိုကန်လိုက်တာကြောင့် မြေပြင်ပေါ် ခွေခနဲ လဲကျသွားသည်။
"သူက မင်းရဲ့ ငယ်ချစ်ဦး... ငါက သူ့ပြိုင်ဘက်တောင် မဟုတ်လို့ မင်းက ပျော်နေတာလား?"
သူသည် ဆူးယာကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေသည်။
"မကောင်းတဲ့မိန်းမ.... ငါကတော့ မင်းအရမ်း ဖြူစင်တယ်လို့ ထင်ခဲ့တာ.... ငါ့ကို လုရွှမ်နဲ့ ကစားခိုင်းချင်နေတာလား?"
ပြင်းထန်သော နာကျင်မှုကြောင့် ဆူးယာ တစ်ကိုယ်လုံး ကျိုးပဲ့သွားသလို ခံစားလိုက်ရသည်။ ထိုစကားကြားတော့ သူမစိတ်တွေ ပို၍ တုန်လှုပ်လာကာ။
"ကျွန်မ....."
သူမနှင့် လုရွှမ်တို့သည် ငယ်စဉ်ကတည်းက သူငယ်ချင်းများ ဖြစ်ကြသော်လည်း တစ်ယောက်နှင့်တစ်ယောက် မလွန်ကျူးမိကြသေးဘဲ အခြားအရာများကိုပင် လုပ်ဖူးခြင်း မရှိကြသေးပေ။ ယခုအချိန်အထိ သူမသည် အပျိုစင်ဖြစ်ဆဲဖြစ်ပြီး တစ်ဖက်ကိုလည်း အမှန်အတိုင်းပြောခဲ့သည်။
တခဏအတွင်းမှာပင် ရွှေပေါင်လုံးရှာရန် မူလမျှော်လင့်ချက် ပြိုပျက်သွားကာ ပြောမပြနိုင်လောက်အောင် ဝမ်းနည်းလာသည်။
သူမသည် လုရွှမ် လက်ခံရန် အမြဲငြင်းဆန်ခဲ့ပြီး ဤကဲ့သို့သော သေးငယ်သော နေရာတွင် နစ်မြုပ်လိုစိတ်မရှိပါ။ လူသေးသေးလေးကို လက်ထပ်ကာ ထာဝရ ထိုနေရာ၌ပင် သေမသွားချင်ပေ။
ဒီအကြံအစည်ကြောင့် မော့ချန်ကိုရှာတွေ့ပြီး ချက်ချင်း သဘောတူလိုက်ပါသည်။ သူမရဲ့ရုပ်ရည်သွင်ပြင်နဲ့ ရုပ်ရည် ကောင်းမွန်တာကြောင့် ဒီသခင်လေးချင်ကို သူမအပေါ် စွဲလမ်းစေလိမ့်မယ်လို့ ထင်မှတ်ခဲ့ပြီး အဲဒီအချိန်ကစပြီး စိတ်အားထက်သန်လာခဲ့သည်။
ဒီလိုမျိုး ဖြစ်သွားလိမ့်မယ်လို့ တစ်ခါမှ စိတ်ကူးမယဉ်ဖူးပါဘူး။
အခုတော့ သူမသည် မြက်ပင်ကဲ့သို့ ဆက်ဆံခံရပြီး ဖိနပ်ကဲ့သို့ စွန့်ပစ်လိုက်ရသည်။ ကောင်းကင်သို့ ပျံတက်သွားနိုင်သည့် ဝေးကွာနေသော သခင်လေးချင်ဟွာကိုပင်လျှင် သူမ မဖမ်းနိုင်တော့ပေ။
"ကောင်းပြီ ထတော့!"
ဆူးယာ တိတ်တိတ်လေး ဝမ်းနည်းနေချိန်မှာပဲ ချင်ဟွာက ရုတ်တရက် သူ့လက်ကို ဆန့်လိုက်သည်။ သူမကို ခုနက ပစ်ပေါက်ခဲ့တဲ့လူ မဟုတ်သလိုပဲ။
"ငါ အခုမှ စိတ်မြန်သွားလို့ နည်းနည်းတော့ မဆင်မခြင် ဖြစ်သွားတယ်!" ချင်ဟွာက တစ်ချက်ကြည့်လာ၏။
"လုရွှမ်နဲ့ မင်းက ငယ်သူငယ်ချင်းတွေ ဆိုတော့ မင်းက သူ့အကြောင်း ကောင်းကောင်းသိရမယ်... သူ့အခြေအနေအကြောင်း အသေးစိတ် ပြောပြရင် မင်းကိုငါ့မယားငယ်လေး အဖြစ် ခွင့်လွှတ်ဖို့ စဉ်းစားပေးလို့ရတယ်.... မဟုတ်ရင် မင်းကိုငါ ပြည့်တန်ဆာအိမ်မှာ ရောင်းပြီး အားလုံး မြည်းစမ်းကြည့်ရအောင် လုပ်ပစ်မယ်!"
"ကျွန်မ....."
ဆူးယာ၏ တစ်ကိုယ်လုံး တုန်တုန်ယင်ယင်နှင့် ဖြစ်သွားသည်။
တစ်ဖက်သားရဲ့ နှလုံးသားထဲမှာ သူမရှိနေတယ်လို့ ထင်ခဲ့ပေမယ့် အခုလိုလုပ်တာက လုရွှမ်အကြောင်း သိချင်နေလို့ဆိုတာ သိလိုက်ရသည်။
ချင်ဟွာမှာ ဆူးယာကို သင်ခန်းစာ ပေးနေတာကို မျက်စိရှေ့မှာ တွေ့ရပေမယ့် လုရွှမ်က ဒါကို လျစ်လျူရှုထားလေသည်။
ကောင်းသောလမ်းများနှင့် မကောင်းသောလမ်းများသည် မိမိရွေးချယ်မှု၏ ရလဒ်ဖြစ်ပြီး အခြားမည်သူမှ ဝင်ရောက် စွက်ဖက်ခြင်း မပြုနိုင်ပေ။
ချင်ဟွာက သူ့ထက်သာလွန်နေတာကို မြင်ပြီး မူလပိုင်ရှင်ရဲ့ ငယ်ချစ်လေးက ယခင်ကကြင်နာမှု မှန်သမျှကို စွန့်လွှတ်ပြီး အတိတ်ကို ဖြတ်ပစ်လိုက်သည်။ ဒါက ဆူးယာ၏ ရွေးချယ်မှုသာ ဖြစ်သည်။
ဒီနေရာမှာ အရိုက်ခံရလို့ သေသွားလည်း လုရွှမ်အတွက် ဘာမှမထူးခြားတာမို့ ဂရုစိုက်နေမှာ မဟုတ်ချေ။
သူ့အပေါ် ကြင်နာရင် ကြိုးစားမှုအပြည့်နဲ့ သေသွားရင်တောင် ပြန်ဆပ်မှာဖြစ်ပြီး တစ်ဖက်လူမှာ ကြင်နာမှု မရှိရင်တော့ သူ့မျက်စိရှေ့မှာ သေနေရင်တောင် အရာရာကို ဂရုစိုက်ခွင့်ပေးပြီး ကယ်တင်နေမည် မဟုတ်။
"ကောင်လေး.....မင်းကတော့ သေကြောင်း ရှာနေတာပဲ!"
ဘေးနားရှိ အဘိုးကြီးရှန်က သူ့ရဲ့အရှိန်အဝါတွေ အပြေးအလွှား သွားနေတာကို မြင်နေရတာတောင် လူငယ်က သူ့ကိုဆက်ပြီး လျစ်လျူရှုထားလေ၏။ ချင်ဟွာက ဆူးယာကို ရိုက်နေတာတောင် သူ့မျက်နှာက တစ်ချက် မပြောင်းသွားခဲ့ချေ။
သူသည် သန်မာသော ဂိုဏ်းဆရာနယ်ပယ် နှောင်းပိုင်းအဆင့်က ဖြစ်ပြီး ဝူယန်အင်ပါယာ တစ်ခုလုံးကို တုန်လှုပ်စေသော အသွင်အပြင် ရှိသည်။ သူကတစ်ဖက်လူကို သတ်ဖို့ ပြေးလာသော်လည်း ရလဒ်ကတော့ သူ့ကို လှည့်ပင် မကြည့်လာပေ။
ထိုအကြောင်းကို တွေးလေလေ ဒေါသပိုထွက်လေ ဖြစ်သည်။ တစ်ကိုယ်လုံးမှ ဝိညာဥ်စွမ်းအင်မိား ပြန်လည်ထွက်ရှိလာကာ အားပြင်းသော အရှိန်အဟုန်၏ ဖိနှိပ်မှုအောက်တွင် ပတ်ဝန်းကျင်လေထုသည် တဟုန်ထိုးမြည်ကာ မှိုင်းခနဲ အသံထွက်လာသည်။
ဂိုဏ်းဆရာနယ်ပယ်၏ နှောင်းပိုင်းအဆင့်တွင် သန်မာသောလူသည် ကြီးမားသော ခွန်အားသုံးသောင်းရှိပြီး ၎င်းတို့အားလုံးကို ထုတ်သုံးလိုက်ပါက တောင်ငယ်လေးကို ဖြိုဖျက်နိုင်သည်အထိ သူ၏အငွေ့အသက်သည် ကြောက်မက်ဖွယ် ကောင်းပေ၏။
အကြီးအကဲရှန် ဒေါသထွက်လာသည်ကို မြင်လိုက်ရသည်နှင့် ချင်ဟွာသည် ဆူးယာကို လျစ်လျူရှုပြီး သူ့မျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့် တောက်ပလာသည်။
အကြီးအကဲရှန် လှုပ်ရှားလိုက်ပြီ ဆိုရင်တော့ ထိုကောင်လေးသည် ကျိန်းသေပေါက် ချက်ချင်းသေသွားလိမ့်မည်ဟု မှန်းဆနိုင်၏။
"သခင်လေး!"
သူ လှုပ်ရှားလာသည်နှင့်အမျှ လုရွှမ်၏ ဆန့်ကျင်ဘက်တွင် ထိုင်နေသော မီးခိုးရောင်၀တ် အမျိုးသားသည် မတ်တပ်ရပ်လိုက်သည်။
"လက်ခြေကို ချိုးပစ်လိုက်!"
လုရွှမ်က သူ့လက်ကို ဂရုမစိုက်ဟွာ ဝှေ့ယမ်းလိုက်သည်။
"ဟုတ်!"
ကျောင်းအုပ်ကြီးဟန်လည်း ခေါင်းညိတ်လိုက်သည်။
"ဟားဟား....လူကြီးမင်းမော့ မင်းကြားတယ်မလား? ဒီကောင်က အကြီးအကဲရှန်ရဲ့ ခြေလက်တွေကို ချိုးပစ်ဖို့ သူ့အစေခံကို ခိုင်းနေတယ်တဲ့...သူ့ဦးနှောက်က တစ်ခုခုတော့ မှားနေပြီ မဟုတ်လား!"
ချင်ဟွာက အသံကျယ်ကျယ် ရယ်မောကာ မတတ်နိုင်ဘဲ ခေါင်းခါရမ်းလိုက်သည်။
လုရွှမ်ရဲ့ အစေခံကို သူအရင်က တစ်ခါမှ မမြင်ဖူးပေမယ့် သူ့ရဲ့ ခွန်အားက သူ့ထက်မမြင့်လောက်ဘူး။ ဒီလိုလူမျိုးကို အကြီးအကဲရှန်ရဲ့ ခြေလက်တွေကို ချိုးပစ်ဖို့ စေခိုင်းတယ်ပေါ့။ လာနောက်နေတာလား။
ကျောင်းအုပ်ကြီးဟန်ကို သူ့ဖက်ကနေ ဘေးတစ်စောင်း မြင်နေရတဲ့အတွက် မုယန်ဖုန်းလို့ ထင်နေမိသည်။
"နည်းနည်းတော့ ရူးကြောင်ကြောင် နိုင်သားပဲ... ကောင်းကင်အမြင့်နဲ့ မြေကြီးရဲ့ အနက်ကို နားမလည်တဲ့ကောင်တွေ!"
မော့ချန်ကလည်း ရယ်မောလိုက်သည်။
လုရွှမ်အစေခံ၏ ခွန်အားကို သူ မသိသော်လည်း အကြီးအကဲရှန်၏ ခွန်အားကိုတော့ သူသိထားသည်။ သူ့မိသားစု၏ ကိုယ်ခံပညာ နှင့် ကျင့်ကြံမှုတွင် အစွမ်းထက်ဆုံး ဂိုဏ်းဆရာနယ်ပယ်များပင် သူ့ပြိုင်ဘက် မဟုတ်ပေ။
ဘယ်လိုလုပ် အစေခံငယ် တစ်ယောက်က သူ့က်ု အနိုင်ယူနိုင်ပါ့မလဲ။
"စိတ်ပျက်စရာပဲ!"
သူ့အား လျှော့တွက်ထားသည်ဟု ခံစားရသဖြင့် အကြီးအကဲရှန်၏ မျက်နှာသည် ဒေါသနှင့် နီရဲလာပြီး ဟောက်သံနှင့်အတူ လက်သီးကို ဆုပ်လျက် ကျောင်းအုပ်ကြီးဟန်ထံ တည့်တည့် ထိုးချလိုက်သည်။
"ဟူး!"
တစ်ဖက်လူက သူ့ကို အခုအချိန်အထိ မမှတ်မိသေးတာကို မြင်လိုက်ရတော့ ကျောင်းအုပ်ကြီးဟန်လာ်း ခေါင်းကို ကူကယ်ရာမဲ့ ခါယမ်းလိုက်ပြီး သူ့လက်ဖဝါးကို ဆန့်ထုတ်လိုက်သည်။
ဝုန်း!
အကြီးအကဲရှန်၏ ရိုင်းစိုင်းသော တိုက်ခိုက်မှုကို ဂွမ်းနှင့် ထိလိုက်သကဲ့သို့ တိုက်ရိုက် ပိတ်ဆို့သွားခဲ့ပြီး တစ်ဝက်တစ်ပျက်ဖြင့် သက်ရောက်မှု မရှိခဲ့ချေ။
"အာ?"
အကြီးအကဲရှန် ခဏမျှ အံ့အားသင့်သွားကာ သခင်တစ်ဦးနှင့် တွေ့လိုက်ပြီဖြစ်ကြောင်း ရိပ်မိလိုက်သည်။ သူ့မျက်နှာ မည်းမှောင်သွားကာ ကျောင်းအုပ်ကြီးဟန်ကို ပြင်းပြင်းထန်ထန် ကန်ထုတ်လိုက်သည်။
ကျောင်းအုပ်ကြီးဟန်က မရှောင်ဘဲ သူ့ဘယ်လက်ဖြင့် ပေါ့ပေါ့ပါးပါး ပြန်ရိုက်ထုတ်လိုက်သည်။
ဝုန်း!
စူးရှသော နာကျင်မှုသည် သူ့နှလုံးသားထဲသို့ ထိုးဖောက် ဝင်ရောက်သွားပြီး အကြီးအကဲရှန်၏ လက်အရိုးများနှင့် ခြေထောက်အရိုးများသည် တိုက်ရိုက်ကွဲအက်သွားသည်။
"အား......"
ထအော်ရပြန်သည်။
"ထွက်သွားလိုက်ပါ!"
ကြိမ်ဖန်များစွာ ဆက်တိုက် တိုက်ခိုက်လိုက်ရာ အကြီးအကဲရှန်၏ လက်ခြေတို့သည် အကောင်းပကတိ မဟုတ်တော့ဘဲ ကျောင်းအုပ်ကြီးဟန် လက်ထဲကနေ ဘောလုံးကဲ့သို့ပင် ပြတင်းပေါက်မှ ပျံထွက်သွားပြီး လမ်းမပေါ်တွင် လဲကျသွားလေသည်။
ဂိုဏ်းဆရာနယ်ပယ် နှောင်းပိုင်းအဆင့်နှင့် ဂိုဏ်းဆရာနယ်ပယ် အထွတ်အထိပ် အဆင့်တွင် အဆင့်ငယ် နှစ်ဆင့်သာ ကွာခြားသော်လည်း တိုက်ခိုက်ရေးစွမ်းအား ကွာဟချက်မှာ ကြီးကြီးမားမား ရှိနေဆဲဖြစ်ပြီး လုံးဝ ပြိုင်ဘက်များ မဟုတ်ကြပေ။