← Chapters

လေပြင်းလက်ဝါး ကျွမ်းကျင်အဆင့်

Vol. 13 Ch. 2.33

လေပြင်းလက်ဝါး ကျွမ်းကျင်အဆင့်

Vol. 13 Ch. 2.33

"အကြီးအကဲရှန်....."

ချင်ဟွာနဲ့ မော့ချန်တို့သည် မူလကတော့ အကြီးအကဲရှန်ဟာ လုရွှမ်ကိုအစွမ်းပြပြီး သင်ခန်းစာပေးတော့မယ့် မြင်ကွင်းကို မြင်ရတော့မယ်လို့ ထင်လိုက်တဲ့ အချိန်မှာပဲ အားလုံး ထိတ်လန့်တုန်လှုပ်သွားခဲ့ကြသည်။

သူတို့ရဲ့ ဂိုဏ်းဆရာနယ်ပယ် နှောင်းပိုင်းအဆင့်က တစ်ဖက်လူရဲ့ နောက်လိုက်တစ်ယောက်ကို ရှုံးနိမ့်သွားခဲ့လေ၏။

ဘာဖြစ်သွားတာလဲ?

သူ့အစေခံက ဘယ်တုန်းက ဒီလောက်တောင် ခွန်အားရှိသွားတာလဲ။

ဆူးယာတစ်ယောက်လည်း ပိုလို့တောင် မှင်တက်သွားခဲ့သည်။

ဒီလုရွှမ်က ဘယ်သူလဲ။ သူ့ဘေးမှာ အစေခံတစ်ယောက် ဘယ်တုန်းက ပေါ်လာတာလဲ။ လုရွှမ်အကြောင်းကို သူမ အတိအကျ သိထားတယ်လေ။ သခင်လေးချင်ဟွာတောင် အရမ်းလေးစားရတဲ့ အကြီးအကဲရှန်တောင် သူ့ပြိုင်ဘက် မဟုတ်ဘူးတဲ့လား။

"ခင်ဗျားက.....ကျောင်းအုပ်ကြီးဟန်?"

သူ့စိတ်ထဲတွင် ထိတ်လန့်သွားပြီး ချင်ဟွာသည် လုရွှမ်အနားရှိ အစေခံကို ဂရုတစိုက်ကြည့်မိသွားမှ နောက်ဆုံးတွင် သူ့ကို မှတ်မိသွားသည်။

သတိမထားမိခဲ့ရင် ကောင်းသား။ သတိထားမိသွားမှ တစ်ဖက်လူရဲ့ အရှိန်အဝါကြောင့် ပိုလို့တောင် အံ့သြရပြီး မူးမေ့လဲမတတ် ဖြစ်သွားတော့သည်။

ပြီးပြည့်စုံပြီး ကြံ့ခိုင်သန်မာသော ဟန်မိသားစု အကြီးအကဲ (၃)ပါးမှ ကျောင်းအုပ်ကြီးဟန်မှာ ဂိုဏ်းဆရာနယ်ပယ် ပြီးပြည့်စုံခြင်းအဆင့် ခွန်အားရှိသူဖြစ်ပြီး အခြားသူများကို သခင်အဖြစ် အသိအမှတ်ပြုကာ တစ်စုံတစ်ဦး၏ အစေခံဖြစ်လိုစိတ် မည်သို့ရှိနိုင်မည်နည်း။

ဒါ့ထက် သူသခင်အဖြစ် အသိအမှတ် ပြုထားတဲ့လူဟာ ကျန်းဝူအင်ပါယာက လူသေးသေးလေး ဖြစ်နေတယ်တဲ့လေ။

"လုရွှမ်က ငါ့သခင်လေး... မင်းတကယ် သူ့ကို တစ်ခုခုလုပ်ချင်နေတယ် ဆိုရင်တော့ သေဖို့စဥ်းစားသလိုပဲ ဖြစ်နေလိမ့်မယ်"

ကျောင်းအုပ်ကြီးဟန်သည် တစ်ဖက်လူ သူ့အပေါ် မှတ်မိသွားတာကို ဂရုမစိုက်ပါဘူး။ ဘာပဲဖြစ်ဖြစ် သူ ဒီကိစ္စကို အချိန်အကြာကြီး ဖုံးကွယ်ထားဖို့ မရည်ရွယ်ထားတာကြောင့် ချက်ချင်း မျက်ခုံးပင့်ပြီး အေးစက်စွာ ကြည့်နေလိုက်သည်။

"ကျွန် ကျွန်တော် မဝံ့ရဲပါဘူး!"

ချင်ဟွာ တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။

ကျောင်းအုပ်ကြီးဟန်၏ ခွန်အားသည် အဓိပတိနယ်ပယ်အောက်ရှိ အပြင်းထန်ဆုံး အဆင့်သို့ ရောက်ရှိသွားပြီ။ သူမပြောနှင့် မျိုးနွယ်စုရှိ သခင်များစွာ ရောက်လာလျှင်ပင် သူ့ကို အနိုင်မယူနိုင်ပေ။

ထို့အပြင် ပြဿနာကြီးမားလာလျှင် မိသားစုကြီးနှစ်ခု မလွဲမသွေ ပါဝင်လာရမည် ဖြစ်သည်။ သူသည် သခင်လေး တစ်ယောက်သာဖြစ်ပြီး အိမ်တော်သခင် မဟုတ်သည့်အပြင် မိသားစု၏ အကြီးအကဲလည်း မဟုတ်ပေ။

တစ်နည်းဆိုရသော် သူ မည်သည့်နေရာမှ စတင်ခဲ့ပါစေ ကျောင်းအုပ်ကြီးဟန်သည် လုရွှမ်၏ နောက်လိုက် အစေခံဖြစ်ကြောင်း သူသိလိုက်သောအခါတွင် သူသည် လက်စားချေရန် အရည်အချင်း မရှိတော့တာကို သဘောပေါက်သွားသည်။

"သခင်လေး.... သူဘယ်လိုလုပ်မှာလဲ"

ထိတ်လန့်တုန်လှုပ်နေသော ချင်ဟွာနှင့် မော့ချန်တို့ကို လျစ်လျူရှုကာ ကျောင်းအုပ်ကြီးဟန်သည် ကောင်လေးကို ကြည့်လိုက်သည်။

သူသည် နောက်လိုက် အစေခံတစ်ဦးသာ ဖြစ်ပြီး သူ့ကျောထောက် နောက်ခံက အားကောင်းနေရင်တောင် ဘာမျှမလုပ်ဆောင်နိုင်ဘဲ သခင်ငယ်လေးကသာ ဆုံးဖြတ်ချက်များကို ချပေးနိုင်သည်။ .

"ခြေလက်တွေကို ချိုးပြီး ပစ်ချလိုက်!"

လုရွှမ် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

၎င်းသည် သတ်ပစ်ရန် မထိုက်တန်သူသာ ဖြစ်သည်။

"ဟုတ်ကဲ့!"

ကျောင်းအုပ်ကြီးဟန် ခေါင်းညိတ်လိုက်တဲ့ အချိန်မှာတော့ ချင်ဟွာရဲ့ဒူးတွေ ပျော့လာပြီး မြေပြင်ပေါ်မှာ ချက်ချင်း ဒူးထောက်လိုက်၏။

"သခင်လေးလုရွှမ်....သခင်လေးက တကယ်ကို အင်အားကြီးပါတယ် ကျွန်တော် မျက်စိကန်းနေလို့ အခုလိုလုပ်မိတာပါ....ကျေးဇူးပြုပြီး ကျွန်တော့်ကို ချမ်းသာပေးပါ...."

ကျောင်းအုပ်ကြီးဟန်သည် မကြာသေးခင်ကမှ အကြီးအကဲရှန်ကို ခြေတွေလက်တွေ ချိုးပြီး ပစ်ထုတ်ပစ်လိုက်တာ တကယ်လို့သာ သူ့ကိုတိုက်ခိုက်လာရင် လုံးဝ မတားနိုင်ဘဲ သူသေသွားလိမ့်မည်။

"လုရွှမ်....."

ဒီမြင်ကွင်းကို မြင်လိုက်ရတော့ ဆူးယာရဲ့ မျက်နှာကလည်း ဖြူဖျော့သွားခဲ့သည်။

မြင့်မြတ်တဲ့ သခင်လေးချင်ဟွာက နိမ့်ကျပြီး လူသေးသေးလေးလို့ ထင်ရတဲ့ လုရွှမ်ရှေ့မှာ အမှန်တကယ် ဒူးထောက်လိုက်လေပြီ။

ဘာတွေဖြစ်ကုန်တာလဲ တွေးပင်မတွေးဝံ့တော့ပါ။ မျက်စိရှေ့မှာ ဖြစ်ပျက်နေတာတွေကိုလည်း မယုံလို့ မရတော့ပေ။

"ငါတကယ် ကန်းနေခဲ့တာပဲ...."

မင်းသမီးလော့ရုံ နဲ့ အလောင်းအစား လုပ်တုန်းက အကြောင်းကို တွေးကြည့်တော့ သူမ အရမ်း ဝမ်းနည်းသွားတော့သည်။

မင်းသမီးလော့ရုံက သူမကို မျက်စိကန်းနေသည်ဟု ပြောခဲ့စဥ်က သူမ စော်ကားခံနေရတယ်လို့ ခံစားရသော်လည်း ယခုတော့ ဒါဟာ စော်ကားမှုတစ်ခု မဟုတ်တဲ့ ချီးကျူးစရာတစ်ခု ဖြစ်ကြောင်း သူမ သိလိုက်ပါပြီ။

မျက်စိကန်းသူတွေဟာ အကောင်း အဆိုးကို မမြင်နိုင်ပေမယ့် အနည်းဆုံးတော့ တခြားသူတွေရဲ့ အကြံဥာဏ်တွေကို နားထောင်ပြီး သူတို့ရဲ့ အမှားတွေကို ပြင်ပေးနိုင်သည်။

လုရွှမ်ဟာ အရင်ကနဲ့ မတူဘူးဆိုတာ သူမသိတယ်။ ဒါပေမယ့် သူမ မယုံသေးဘူး။ ချင်ဟွာက သူ့ထက် အဆတစ်ရာ ပိုကောင်းတယ်လို့ မျက်စိစုံမှိတ်ပြီး တွေးလိုက်မိတာလေ။

"ထွက်သွား!"

ဝူယန်အင်ပါယာတွင် နံပါတ်တစ်ဟု လူသိများသော အနှိုင်းမဲ့ ထက်မြက်တဲ့ သခင်လေးချင်ဟွာသည် တိုက်ရိုက် ဒူးထောက်လျက် လုရွှမ်ထံမှ အသနားခံနေ၏။ လုရွှမ်သည်လည်း သူ့အား သင်ခန်းစာပေးရန် ရည်ရွယ်ချက်မရှိဘဲ ပေါ့ပေါ့ပါးပါး လက်ယမ်းပြလိုက်သည်။

ကျင့်ကြံသူများသည် ပိုမိုမြင့်မားသော ခွန်အားကိုရရှိရန်အတွက် ၎င်းတို့တွင် ဂုဏ်သိက္ခာရှိရမည်။

သူကဲ့သို့ပင်။ ဒဏ်ရာရမည်ကို ကြောက်ပြီး ဒူးထောက်၍ အသနားခံသူသည် မည်မျှပင် ထက်မြက်ပြီး ပြီးပြည့်စုံနေပါစေ မြဲမြံသော သခင်တစ်ယောက် မဖြစ်လာနိုင်ပါ။

လုရွှမ်အတွက်ကတော့ ဒီလိုမျိုး လူသေးသေးလေးတွေနဲ့ ငြင်းခုံနေစရာ မလိုပါဘူး။

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်...သခင်လေးလုရွှမ် ကျွန်တော်အခုပဲ ထွက်သွားပါတော့မယ်!"

သက်ညှာပေးတာတဲ့ စကားကိုကြားတော့ ချင်ဟွာက သက်ပြင်းတစ်ချက်ချကာ တစ်ခါတည်း လှည့်ပြေးသွားတော့သည်။ မော့ချန်လည်း အနောက်ကနေ အနီးကပ် လိုက်သွား၏။

ဆူးယာသည် လုရွှမ်ကို စိုက်ကြည့်ပြီးနောက် ချင်ဟွာကို တစ်ဖနလကြည့်ကာ နောက်ဆုံးတွင် သူမ၏ သွားများကို အံကြိတ်၍ နဂါးပျံနန်းဆောင်မှ ထွက်ခွာသွားလေ၏။

ဒီလမ်းကို အစကတည်းက သူမကိုယ်တိုင် ရွေးချယ်ခဲ့တာဖြစ်လို့ အခုအချိန်မှာ နောက်ဆုတ်မယ်ဆိုလည်း အသုံးမဝင်တော့ပေ။

"သခင်လေး...သခင်လေးရဲ့ စားသောက်ချိန်ကို နှောက်ယှက်မိလို့ တောင်းပန်ပါတယ်!"

ချင်ဟွာ ထွက်သွားသောအခါ ကျောင်းအုပ်ကြီးဟန်လည်း ရှက်ကိုးရှက်ကန်းဖြင့် လက်သီးဆုပ်ထားလိုက်၏။

"ကိစ္စမရှိပါဘူး!" လုရွှမ်က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး

"ကျွန်တော်လည်း စားလို့ပြီးသွားပြီ... ပြန်ရောက်မှ ဆက်ပြောရအောင်!"

ချင်ဟွာ မရောက်ခင်ကတည်းက သူ ထမင်းစားပြီးခါနီးပါပြီ။ နှစ်ယောက်သား ငွေရှင်းပြီး အကယ်ဒမီသို့ ပြန်လာခဲ့ကြသည်။

အကယ်ဒမီကို ပြန်ရောက်တော့ မှောင်နေလေပြီ။

"သခင်လေး..ဒီနေ့ ချင်ဟွာနဲ့ကိစ္စ မနက်ဖြန် သေချာပေါက် သတင်းပျံ့သွားမှာ သေချာတယ်.... ကျုပ် ထပ်ပြီး လည်ပတ်ပြောလိုက်မယ်....မနက်ဖြန်ကျရင်တော့ ဘုရင်မင်းမြတ်က သခင်လေးကို ဆင့်ခေါ်ပြီး တွေ့လာလိမ့်မယ်!"

နေအိမ်သို့ ပြန်ရောက်သောအခါ ကျောင်းအုပ်ကြီးဟန်က သူ၏ သုံးသပ်ချက်ကို ပြောပြ၏။

ချင်ဟွာသည် ဝူယန်အင်ပါယာရှိ နံပါတ်တစ် ပါရမီရှင်ဖြစ်သည်။ ယနေ့ နဂါးပျံနန်းဆောင်တွင် ဤမျှကြီးမားသော ဂယှက်ထမှုကို ကြုံတွေ့ခဲ့ရသည်။ လူအများကလည်း ၎င်းတို့မျက်စိဖြင့် မြင်ခဲ့ကြသည်။

ထိုသတင်းမှာ သေချာပေါက် ပျံ့နှံ့သွားလိမ့်မည်။ ယခုလို ပါရမီရှင်မျိုးကို ဘုရင်မင်းမြတ်ကလည်း ရှေ့တော်မှောက်ကို ခေါ်ယူ တွေ့ဆုံမလိမ့်ည်ဖြစ်သည်။

ထိုအချိန် နန်းတော်ထဲသို့ ဝင်ရမည့်ကိစ္စကို တွေးထားရမည်။

"ကောင်းပြီ....ခင်ဗျားလက်ထဲ အပ်ထားလိုက်ပါမယ်"

လုရွှမ် ခေါင်းညိတ်လိုက်သည်။

နန်းတော်ထဲဝင်ပြီး ရှားပါးရတနာကို ရှာနိုင်သရွေ့တော့ ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် အဆင်ပြေပါသည်။ ဘာပဲဖြစ်ဖြစ် ရှားပါးရတနာကို ရပြီးတာနဲ့ သူလှည့်ထွက်သွားမှာပါပဲ။ဒီမှာ အကြာကြီးနေဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။

"ဟုတ်!"

ကျောင်းအုပ်ကြီးဟန် ထွက်သွားပြီးနောက် လုရွှမ်သည် အနားယူခြင်းမရှိဘဲ ဆက်လက်လေ့ကျင့်ခဲ့သည်။

ကျင့်ကြံခြင်းသည် ရေထဲနစ်နေသော ကျောက်တုံးနဲ့ တူလေသည်။ သူ့တွင် အရင်ဘဝက အသိပညာနှင့် လေ့ကျင့်ရေး နည်းလမ်းများစွာ ရှိသော်လည်း ပေါ့ပေါ့ဆဆ မနေရဲပေ။

ဤစိတ်ဓာတ်ကြောင့် သူသည် သူ၏ယခင်ဘဝတွင် ထိုကဲ့သို့ခွန်အားကို ရရှိခဲ့ပြီး တိမ်ပင်လယ် နယ်မြေကြီး တစ်ခုလုံး၏ အထွတ်အထိပ်တွင် ရပ်တည်နေခဲ့ခြင်းမှာ ဖြစ်သည်။

ဝူ ဝူ ဝူ

ဝိညာဥ်ချီသည် ခန္ဓာကိုယ်အတွင်း လျင်မြန်စွာ ပျံ့နှံ့သွားပြီး စွမ်းအင်လှိုင်းသံများ ထွက်လာသည်။

ဟူ!

အချိန်အနည်းငယ် ကြာပြီးနောက် လုရွှမ်သည် မျက်လုံးဖွင့်ကာ လက်ကောက်ဝတ်ကို လှည့်ကာ ရှေ့သို့ ပစ်သွင်းလိုက်သည်။

သူ၏လှုပ်ရှားမှုများသည် ပေါ့ပါးပြီး ခွန်အားလုံးဝ မရှိပုံရသော်လည်း ပြင်းထန်သော ဝိညာဥ်စွမ်းအင် စီးဆင်းမှုအောက်တွင် ကြီးမားသောလက်ဖဝါးပုံနှိပ်ကို လေထဲသို့ ချက်ချင်းဖန်တီးကာ ရှေ့တည့်တည့်သို့ ပျံသန်းသွားစေခဲ့သည်။

ဝုန်း ဗုန်း!

လက်ဖဝါး ပုံရိပ်သည် ရှေ့သို့ ဖြည်းညှင်းစွာရွေ့လျားသွားသည်။ ဖိသိပ်ထားသော လေသည် ပေါက်ကွဲသွားပြီး နောက်အခိုက်အတန့်တွင် ပြတင်းပေါက်တစ်လျှောက် ပျံထွက်သွားကာ ဖြည်းဖြည်းချင်း မပျောက်ကွယ်မီ မီတာ ၃၀ ကျော်အထိ ပျံသန်းသွားသည်။

"လေပြင်းလက်ဝါး... နောက်ဆုံးတော့ ကျွမ်းကျင်မှုအဆင့်ကို ရောက်သွားပြီ... တိုက်ခိုက်မှုစွမ်းအားက စွမ်းအားကို တိုက်ရိုက်နှစ်ဆတိုးပေးတဲ့ နဂါးဆင်ရွှေလက်ဝါး ဒုတိယအဆင့်နဲ့ တူတယ်...."

လက်ဖဝါးပုံတွေရဲ့ အကွာအဝေးနဲ့ ခွန်အားကို မြင်လိုက်ရတော့ လုရွှမ်ထံမှ ပြင်းထန်သော အသက်ရှုသံ ထွက်လာပြီး သူ့မျက်လုံးတွေက စိတ်လှုပ်ရှားမှုတွေကြောင့် တောက်ပလာခဲ့သည်။

သူသည် အနီးကပ် တိုက်ခိုက်မှုများကို အမြဲတမ်း အားကောင်းပြီး သူ့ခန္ဓာကိုယ်နှင့် အနီးကပ် တိုက်ခိုက်မှသာ အနိုင်ယူနိုင်သည်။ လေပြင်းလက်ဝါး ကျွမ်းကျင်မှုအဆင့်တွင် ဤအခြေအနေသည် များစွာ သက်သာသွားနိုင်သည်။

လေပြင်းလက်ဝါးသည် လေမိုးကြိုးဂိုဏ်း၏ အထူးရွေ့လျားမှု သိုင်းပညာသည် အကွာအဝေး တိုက်ခိုက်မှုစွမ်းအားကို တိုးမြှင့်ပေးသလောက် မရိုးရှင်းပါ။ တံခါးဖွင့်အဆင့်မှာ တိုက်ခိုက်မှုစွမ်းအားက အကွာအဝေးကိုသာ တိုးမြှင့်နိုင်ပေမယ့် ကျွမ်းကျင်မှုအဆင့်မှာ တိုက်ခိုက်မှုအကွာအဝေး သာမက ခွန်အားလည်း နှစ်ဆတိုးလာသည်။

ဆိုလိုသည်မှာ လုရွှမ်သည် သူ၏စစ်မှန်သော ဝိညာဥ်စွမ်းအင် တစ်ခုတည်းဖြင့် အဝေးမှတိုက်ခိုက်မည် ဆိုပါက စွမ်းအား ၈၀၀၀ကို ပြင်းထန်စွာ ရိုက်ချနိုင်နေပြီ ဖြစ်သည်။

All Chapters