← Chapters

ပူးပေါင်းကြံစည်မှု

Vol. 13 Ch. 2.34

ပူးပေါင်းကြံစည်မှု

Vol. 13 Ch. 2.34

တံခါးဖွင့်အဆင့်တွင် အတုတံဆိပ်နယ်ပယ် အဆင့်ရဲ့ လက်ဝါးစွမ်းအင်ကို မီတာ ၂၀ အကွာအဝေးထိ ရိုက်ပစ်နိုင်ပြီး ယခုအခါ မီတာ ၃၀ သို့ တိုက်ရိုက်ရောက်ရှိနိုင်ပြီ ဖြစ်သည်။

မီတာသုံးဆယ် အကွာအဝေး ဆိုသည်မှာ အတုတံဆိပ်နယ်ပယ်၏ နှောင်းပိုင်းအဆင့်တွင် အားကောင်းသော သူများသာ ရောက်ရှိနိုင်သည့် တိုက်ခိုက်ရေး အကွာအဝေး ဖြစ်သည်။ စွမ်းအား ၈၀၀၀ကို ရေတွက်ပါက သာမန် ဂိုဏ်းဆရာနယ်ပယ်ကို ခြေတစ်လှမ်း ဝင်နေသူများပင်လျှင် သူ့ပြိုင်ဘက် မဟုတ်တော့ပေ။

အကယ်၍ သူသည် ရွှေသံချပ် မီးဝံပုလွေဆီသို့ ထပ်မံ ပြေးဝင်သွားပါက အလျင်စလိုနေရန် မလိုအပ်ဘဲ အဝေးမှရပ်ကာ လေပြင်းလက်ဝါးတံဆိပ်ဖြင့် ပြင်းထန်စွာ ရိုက်ချပစ်နိုင်သည်။

ခွန်အားက နှစ်ဆတိုးလာသလို စစ်မှန်တဲ့စွမ်းအင် သုံးစွဲမှုကလည်း ထပ်ပြီးတိုးလာပါ၏။

မြင့်မြတ်သော နန်းတော်ပင်လယ် ပထမအဆင့်တွင် စစ်မှန်သော ဝိညာဥ်ချီက ၃၀၀၀ ကျော်ရှိပြီး လက်ဖဝါးတံဆိပ်ကို တစ်ဒါဇင်လောက်ပင် အများဆုံး အသုံးပြုပါက ကုန်ဆုံးသွားမည်ဖြစ်သည်။

သို့သော် လုရွှမ်သည် ဤကဲ့သို့ ရိုင်းစိုင်းသော တိုက်ခိုက်မှုမျိုးအတွက် အလွန်ကျေနပ်နေပြီ ဖြစ်သည်။ ဒီအားနဲ့သာ လက်ဝါး၁၀ချက်လောက် ဆင့်ရိုက်လိုက်ရင် ဂိုဏ်းဆရာနယ်ပယ် အစောပိုင်းအဆင့်က လူပင်လျှင် ရိုက်နှက်ခံရပြီး သေသွားမှာကို ကြောက်ရသည်။

ပြတင်းပေါက်ကို လှမ်းကြည့်လိုက်တော့ အပြင်မှာ အလင်းရောင်က တောက်ပနေပြီ။

တစ်ညတာ လေ့ကျင့်ပြီးနောက်တွင် လေပြင်းလက်ဝါးကို ကျွမ်းကျင်မှုအဆင့်သို့ တိုးမြှင့်လိုက်ရုံသာမက ခန္ဓာကိုယ်တွင်းရှိ ခွန်အားများလည်း တိုးလာခဲ့သည်။ အတုတံဆိပ်နယ်ပယ်၏ အလယ်အလတ် အဆင့်နှင့် ဝေးကွာသေးသော်လည်း အစောပိုင်းအဆင့်ကတော့ လုံးဝတည်ငြိမ်သွားပြီ။

ဒေါက် ဒေါက် ဒေါက်!

မတ်တပ်ထရပ်ပြီး အပြင်ကို ထွက်သွားတော့မယ့် အချိန်မှာ တံခါးခေါက်သံ ထွက်ပေါ်လာသည်။

"ဟန်ရောင်က အဲဒီကိစ္စကို ပြေလည်အောင် လုပ်ပြီးသွားပြီထင်တယ်...."

လုရွှမ် အနည်းငယ် ပြုံးလိုက်သည်။

ဟန်ရောင် ထိုကိစ္စကို ပြီးအောင် လုပ်ပြီးရင်တော့ ဘုရင်မင်းမြတ်က သူ့ကို ခေါ်တွေ့တော့မည်။

အဝတ်အစားလဲပြီး တံခါးကို ချက်ချင်း ဖွင့်လိုက်တော့။

"အမ်?"

တံခါးပွင့်လာပြီး လုရွှမ်သည် အပြင်ဘက်တွင် ရပ်နေသော လူကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါတွင် အလိုလို မျက်မှောင်ကြုတ်သွားသည်။

သူ့ရှေ့ကလူက ကျောင်းအုပ်ကြီးဟန် မဟုတ်ဘဲ အသိအကျွမ်းဟောင်း တစ်ယောက်ဖြစ်တဲ့ ဆူးယာပဲ ဖြစ်နေပါ၏။

ဤအခိုက်အတန့်တွင် ဆူးယာ၏ မျက်လုံးများသည် နီမြန်းနေပြီး သူမတစ်ကိုယ်လုံး သစ်တော်ပွင့်များဖြင့် ဖုံးလွှမ်းနေသည်။ သူမ၏ ပိန်လှီသော ခန္ဓာကိုယ်သည် အခန်းအပြင်ဘက်တွင် မတ်တပ်ရပ်နေပြီး အနည်းငယ် နုနယ်နေပုံပေါ်၏။

အဲဒီတုန်းက ကျန်းဝူအကယ်ဒမီမှာ သခင်လေးချင်ဟွာက သူမကို လေ့ကျင့်ဖော် အဖြစ် ရွေးချယ်ခံရတယ်ဆိုတာ သိလိုက်ရတော့ စိတ်အားထက်သန်လွန်းပေမယ့် အခု နှစ်လသုံးလလောက်ကြာတော့ သူမရဲ့ ဒီအသွင်အပြင်က လုံးဝ ပြောင်းလဲသွားသလိုပင်။

"လုရွှမ်... ငါအထဲကို ဝင်ထိုင်လို့ရမလား?"

ဆူးယာက အသနားခံသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

"ဝင်ခဲ့ပါ..."

သူသည် ဤမိန်းကလေး၏ ရွေးချယ်မှုကို လွန်စွာမှ မထီမဲ့မြင်ပြုလိုသော်လည်း နောက်ဆုံးတွင် သူမသည် မူလပိုင်ရှင်၏ ချစ်သူဖြစ်ခဲ့ပြီး ထိုကဲ့သို့ သနားစရာကောင်းသည့် အခြေအနေတွင် မမြင်ချင်ပေ။

အခန်းထဲဝင်လာတော့ ဆူးယာက တံခါးကို ပိတ်လိုက်သည်။

"လုရွှမ်... ငါတို့... အတိတ်ကို ပြန်သွားလို့ရမလား"

အခန်းထဲ၌ မတ်တပ်ရပ်နေသော ဆူးယာသည် သူမ၏ မျက်လုံးများကို မျှော်လင့်ချက်ကလေးဖြင့် လှမ်းကြည့်လာသည်။

"မင်း ဒီကိစ္စကို ပြောနေမယ်ဆိုရင် ထွက်သွားတော့!"

လုရွှမ် သူ့လက်ကို ဝှေ့ယမ်းလိုက်ပေ၏။

အဲဒီနေ့တွေကို ပြန်သွားမလို့လား? ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?

မူလလုရွှမ်သာ အဲဒီတုန်းက မသေခဲ့ဘူးဆိုရင် သူ့နှလုံးသားက ပျော့ပျောင်းသွားပြီး သဘောတူသွားလိမ့်မယ်။ ဒါပေမယ့် ဒီလို အစွမ်းထက်တဲ့ မိန်းကလေးမျိုးကို သူကတော့ လုံးဝမကြိုက်ဘူးလေ။

လူတစ်ယောက်က ဆင်းရဲတယ်ဆိုတဲ့ အမြင်နဲ့ ဆုံးဖြတ်ခဲ့ပြီး အလှအပကို အရင်းအနှီးလုပ်ကာ အဆင့်အတန်းမြင့်တဲ့ လူတွေကို တွယ်ကပ်ဖို့ ကြိုးစားနေတာ သူမပဲ မဟုတ်ပါလား။

"လုရွှမ် နင်ဘာလို့ အဲ့လိုပြောရတာလဲ?...မဟုတ်မှ ငါတို့ကြားက သံယောဇဉ်ကို တကယ်မေ့သွားပြီလား"

ကောင်လေးရဲ့ စကားကြားတော့ ဆူယာရဲ့မျက်လုံးတွေသာ နီရဲလာတော့သည်။

အချစ်အကြောင်း ပြောနေတာကို ကြားတော့ လုရွှမိက ခေါင်းခါလိုက်ပြီး ဂရုမစိုက်ဟန် ဖော်ပြလိုက်သည်။

ရိုးရိုးသားသား ပြောရရင် သူမရဲ့ မိုက်မဲတဲ့မျက်လုံးကြောင့်သာ မဟုတ်ရင် မူလပိုင်ရှင်က မှောင်ခိုဈေးကွက်ကို ဘယ်လိုသွားတိုက်ခိုက်ပြီး သေတဲ့အထိ ရိုက်နှက်ခံခဲ့ရမှာလဲ။

အဲဒီတုန်းက အချစ်အကြောင်း ဘာလို့ မပြောခဲ့တာလဲ?

"လုရွှမ်....."

လူငယ်က သူမကို လျစ်လျူရှုတာကို မြင်တော့ ဆူးယာက ဆုံးဖြတ်ချက်တစ်ခုခု ချလိုက်သလို အနီရောင်နှုတ်ခမ်းကို ကိုက်လိုက်ပြီး သူမခါးပတ်ကို ဆွဲချွတ်လိုက်သည်။

အပြင်ဘက်သို့ လွင့်ထွက်သွားသော အဝတ်များသည် ကျောက်စိမ်းမှ ထွင်းထားသကဲ့သို့ ဖြူစင်သော ခန္ဓာကိုယ်ကို ပေါ်လွင်လာစေသည်။

သူမ အစကတည်းက ဆုံးဖြတ်ချက်တစ်ခု ချလာခဲ့တာကြောင့် အဝတ်ပါးတစ်ထည်ပဲ ဝတ်လာပြီး အထဲတွင် ဘာမှဝတ်မလာပေ။

ဒီကောင်မလေးက အသက်မပြည့်သေးပေမယ့် ဂုဏ်ယူစရာ အရင်းအနှီးရှိလို့ သူ့အသားအရည်က ဖြူစင်တဲ့ ကျောက်စိမ်းတုံးလို ဖြူဖွေးပြီး ကိုက်ချင်စဖွယ် ဖြစ်နေသည်။ သူမရဲ့ ခါးက ပိန်ပါးတဲ့ ရေမြွေတစ်ကောင်လို နှင့် သူမ၏ ဖြောင့်တန်းသော ခြေထောက်များ အလယ်ကလည်း ပြီးပြည့်စုံလှသည်။

ဘယ်ကိုကြည့်ကြည့် အပြစ်အနာအဆာမရှိ။ မရေမတွက်နိုင်တဲ့ အမျိုးသားတွေရဲ့ အိပ်မက်တစ်ခုလို့ မှတ်ယူနိုင်၏။

"လုရွှမ်.... ငါက အပျိုပါ.....ဘယ်သူ့ကိုမှ မထိဖူးဘူး အခုငါ့ကိုယ်ငါ နင့်ဆီပေးပါ့မယ်...."

ဆူးယာသည် သူမ၏အဝတ်အစားများကို ချွတ်ပြီးနောက် လုရွှမ်ထံသို့ လျှောက်သွားပြီး ပွေ့ဖက်ထားလိုက်သည်။

နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်သည် လုရွှမ်၏ ခန္ဓာကိုယ်တွင် အရိုးမဲ့နေသလို တွယ်ကပ်နေလေ၏။

"လွှတ်စမ်း!"

နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်နှင့် သွေးဆောင်ခံရသောအခါ လုရွှမ်၏အမူအရာမှာ မည်းမှောင်သွားသည်။

"မလွှတ်ဘူး..."

ဆူးယာ အံကြိတ်ကာ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ထားလိုက်သည်။

ဖြောင်း!

တစ်ဖက်နှင့် အငြင်းပွားရန် ပျင်းလွန်းသဖြင့် လုရွှမ်သည် လက်ဖဝါးကို မြှောက်ကာ တစ်ဖက်လူကို ရိုက်ချပစ်လိုက်သည်။

ဆူးယာ မတုံ့ပြန်နိုင်ခင်မှာ မြေပြင်ပေါ်ကို တိုက်ရိုက်လွှင့်ထွက်သည်။ လက်ဖဝါးကို ဆန့်တန်းကာ မြေပြင်ပေါ် သူမချွတ်ထားတဲ့ ၀တ်စုံကို ဆွဲယူလိုက်ပြီး တစ်ဖက်လူပေါ်ကို ပေါ့ပေါ့တန်တန် တင်ထားလိုက်၏။

ဆူးယာသည် သူ့လက်ဝါး တစ်ချက်တည်းနဲ့ ခွေလဲကျသွားလေသည်။

သူ့ရဲ့ ခံစားချက်အပေါ် စိတ်ဝင်စားမှုနဲ့ ဝါသနာက ပုံမှန်ဆိုပေမယ့် ဒီလိုတိုက်ရိုက် ပစ်ပေးလာတာကို မကြိုက်ပေ။

ဤအရာအားလုံးကို ကိုင်တွယ်ပြီးနောက် လုရွှမ်သည် သူ့လက်ကို ကျောနောက်သို့ ထားကာ လျှပ်စီးလက်သလို တစ်ချက်ကြည့်လိုက်သည်။

"ထွက်လာခဲ့! ငါ မင်းတို့ကို ဖိတ်ဖို့ မလိုဘူးထင်တယ်!"

ဝုန်း

စကားအဆုံးတွင် တံခါး ပွင့်သွားပြီး အရိပ်နှစ်ခါ ထွက်လာသည်။ တစ်ခုမှာ ချင်ဟွာဖြစ်ပြီး နောက်တစ်ခုမှာ ဟန်ရွှယ် ဖြစ်သည်။

"ညီအစ်ကိုလု....ငါကဆူးယာ ထွက်သွားတာတွေ့လို့ လိုက်လာခဲ့တာပါ.... မင်းကိစ္စကို စူးစမ်းဖို့ မရည်ရွယ်ပါဘူး..."

ချင်ဟွာက မြန်မြန်ပြောလိုက်သည်။

"မင်းက လိုက်လာတာလား.... သူမကရော?"

လုရွှမ် ဟန်ရွှယ်ကို ညွှန်ပြလိုက်သည်။

တခြားသူဆိုရင် အရူးလုပ်တာ ခံသွားရနိုင်တယ်။ ဒါပေမဲ့ သူ့အတွက်တော့ ချင်ဟွာလုပ်နေတာတွေက ကလေး ကစားစရာသာ ဖြစ်လေသည်။

မနေ့က မူလပိုင်ရှင်နဲ့ ဆူးယာတို့ကြားက ဆက်ဆံရေး အကြောင်းကို ဒီကောင်လေးက သိပြီး ဆူးယာကို ဒီကိုလာစေခဲ့သည်။ ထို့အပြင် ဟန်ရွှယ်ကိုပါ ခေါ်လာကာ သူတို့နှစ်ယောက်ကြားက အရူးအလုပ်တွေကို တွေ့စေချင်ပုံပင်။

အောင်မြင်ပြီးတာနဲ့ ဟန်ရွှယ်က သူ့ကို မုန်းသွားမှာ သေချာတာမို့ ချင်ဟွာအတွက်က အခွင့်အရေး ရသွားလိမ့်မည်။

နည်းဗျူဟာ ကောင်းပေမယ့် သူ့စမှတ်က မှားနေတယ်။ အရင်ဆုံး ပြောရရင် သူနဲ့ဟန်ရွှယ်ဆိုတာ ဘာဆက်ဆံရေးမှ မရှိပေ။ သူမသူ့ကို မုန်းသည်ဖြစ်စေ မမုန်းသည်ဖြစ်စေ သူနဲ့ဘာမှမဆိုင်ဘူး။

ဒုတိယအနေနဲ့ သူဟာ နှစ်ဘဝအသက်ရှင်လာတဲ့ ကျောက်တုံးလို လူသားဖြစ်သည်။ ဆူးယာ ဘယ်လောက်ပဲ သန့်ရှင်းနေပါစေ အကြည့်တစ်ချက် စွန့်ကျဲပြီး သဘောကျလာဖို့ လုံးဝ မဖြစ်နိုင်ဘူး။

"သူ...ဟန်ရွှယ်နဲ့က လမ်းမှာတွေ့လာတာပါ..."

ချင်ဟွာ တုန်လှုပ်သွားပြီး အလျင်စလို ပြောလိုက်သည်။

"ငါ မင်းကို အခွင့်အရေး ပေးခဲ့တယ်.... ဒါပေမဲ့ ကံမကောင်းတာက မင်းက အဲဒါကို ဘယ်လို တန်ဖိုးထားရမှန်း မသိဘူးပဲ!"

တခြားသူနဲ့ စကားဆက်ပြောဖို့ ပျင်းလွန်းတဲ့ လုရွှမ်က သူ့လက်ဝါးကို မြှောက်လိုက်ပေ၏။

ဝုန်း!

ကြီးမားသော လက်ဖဝါးပုံရိပ်ကြီး ထွက်ပေါ်လာသည်။

လေပြင်းလက်ဝါးတံဆိပ်!

"အား!"

ဤလက်ဖဝါးမှ သယ်ဆောင်လာသော ခြိမ်းခြောက်မှုကို သတိပြုမိသောအခါ ချင်ဟွာ လက်လျှော့ကာ အလျင်စလို နောက်ပြန်ဆုတ်၍ လက်ဖဝါးဖြင့် ပြန်ခုခံထား လိုက်သည်။

သို့သော် သူ၏လက်ဖဝါး ခွန်အားကို အပြည့်အဝ အသုံးမပြုရသေးခင် လုရွှမ်သည် သူ၏လက်ဖဝါးကို ထပ်မံရိုက်ချလိုက်သည်။

ဝုန်း ဝုန်း ဝုန်း!

သူ၏ စွမ်းအားသည် အဆုံးမရှိ ပေါက်ထွက်လာသလို နောက်ထပ် လက်ဖဝါးသုံးချက်ကို ဆက်တိုက် ရိုက်လိုက်သည်။

လက်ဖဝါးတစ်ခုစီတွင် ခွန်အားပေါင်း ၈၀၀၀ ပါရှိပြီး လက်ငါးချောင်းကို အုပ်လိုက်သောအခါ ချင်ဟွာသည် ရုတ်တရက် လှိုင်းလုံးကြီးအလယ်တွင် ရှိနေသကဲ့သို့ ခံစားလိုက်ရကာ ခုခံနိုင်စွမ်း ကင်းမဲ့သွားသည်။

ပါးစပ်က သွေးများ ဖိတ်စင်ကျလာပြီး ခန္ဓာကိုယ်ကလည်း အလိုအလျောက် လွင့်ထွက်သွားလေ၏။

All Chapters