ဝူယန်နန်းတော်
Vol. 13 Ch. 2.35
"သူ အဆင့်တက်သွားပြန်ပြီလား?"
လုရွှမ်၏ တိုက်ခိုက်မှုကို မြင်လိုက်ရတော့ တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော ဟန်ရွှယ်မျက်ခုံးတို့ ပင့်သွားသည်။
လုရွှမ်ရဲ့ အဝေးတိုက်ခိုက်မှုကို သူမအရင်က မြင်ဖူးပြီးသားဖြစ်ပြီး စွမ်းအား ၄၀၀၀ လောက်သာ ရှိသေးသည်။ အခု တစ်ကြိမ်မှာတော့ ၈၀၀၀အထိ ရောက်ရှိသွားကာ အဆက်မပြတ် တိုက်ခိုက်နေတာ အသက်ရှူချိန်ပင် မရပေ။
ချင်ဟွာသည် သန်မာသော ခွန်အားပေါင်း တစ်သောင်းကို ပိုင်ဆိုင်ထားသော်လည်း ဤတိုက်ခိုက်မှုမျိုးကို သူ မခံနိုင်ပါ။
ဝုန်း!
ချင်ဟွာသည် သွေးအန်သည်အထိ လက်ဖဝါးကို ဆက်တိုက်ရိုက်လိုက်သည်။ လက်ငါးချောင်းကို ဖြန့်လျက် သူ့အား ထပ်မံဖမ်းယူကာ လည်ပင်းကို ဆုပ်ကိုင်ထားလိုက်၏။
"အစ်ကိုကြီးလု.....ငါမှားသွားပါတယ်"
ထိုလူငယ်သည် ယခင်ရက် အနည်းငယ်ကထက်ပင် ရက်စက်ကြမ်းကြုတ်ပြီး ပို၍ပင် သန်မာလာသည်ကို မြင်လိုက်ရသဖြင့် ချင်ဟွာ၏ အမူအရာမှာ ထိတ်လန့်သွားကာ အလျင်စလို အော်ဟစ်လိုက်သည်။
ရိုးရိုးသားသား ပြောရရင် ဒီကောင်လေး အရိုက်ခံရမှာကို စိုးရွံ့နေခဲ့တာပင်။ ကလေးဘဝကနေ အရွယ်ရောက်တဲ့အထိ အရာရာဟာ ချောချောမွေ့မွေ့ ဖြစ်ခဲ့ပေမဲ့ ကောင်လေး ရောက်လာတဲ့အခါ အရာအားလုံးက ဗြောင်းဆန်ကုန်လေသည်။
ဝုန်း ဝုန်း!
တစ်ဖက်လူရဲ့ အဖြေကတော့ ပြတ်သားတဲ့ ရိုက်သံတွေသာ ဆက်တိုက်ထွက်နေ၏။
ဒီကောင်က သူ့ဘာသာ ပြဿနာ လာရှာတဲ့အတွက် လုရွှမ်ဟာလည်း သက်ညှာနေဖို့ စိတ်မဝင်စားပေ။ ချင်ဟွာ၏ လက်အရိုးနဲ့ ခြေအရိုးအားလုံးကို ရိုက်ချိုးပစ်လိုက်သည်။
ခရက်!
အားလုံးပြီးတဲ့အခါ ခွေးသေတစ်ကောင်ကို ပစ်ချပစ်သကဲ့သို့ ပေါ့ပေါ့ဆဆ လွှင့်ပစ်လိုက်သည်။
"လုရွှမ်.... သူက ချင်မိသားစုရဲ့ သခင်လေးပါ....ရှင်သူ့ကို ဒီလိုလုပ်ရင် ချင်မိသားစုက လက်စားချေရမှာကို မကြောက်ဘူးလား?"
ကောင်လေး၏ အပြုအမူကို မြင်လိုက်ရတော့ ဟန်ရွှယ်ရဲ့ နှုတ်ခမ်းတွေလည်း တုန်ယင်သွားသည်။
ပြိုင်ဘက်ရဲ့ အင်အားက ရှင့်လောက်မစွမ်းဘူးဆိုရင်တောင် ပြိုင်ဘက်နောက်က စွမ်းအားကို သတိထားသင့်တယ်။ သူ့လက်တွေ ခြေတွေကို ချိုးပြီး ချင်မိသားစုဆီ အပ်လိုက်တာက ချင်မိသားစုရဲ့ မျက်နှာကို ပါးရိုက်တာနဲ့ ညီမျှတယ်။
ဂုဏ်သိက္ခာရှိတဲ့ ချင်မိသားစုက ဘယ်လိုလုပ် ဒီဝေဒနာကို မျိုသိပ်ထားပါ့မလဲ?
"ချင်မိသားစုက ဒါကို ခံနိုင်ရည်ရှိဖို့ ကောင်းတယ်... ခံနိုင်ရည် မရှိဘူး သည်းမခံဘူးဆိုရင်တော့ အဲဒီမိသားစုကို ဝူယန်အင်ပါယာကနေ ပျောက်ကွယ်သွားအောင် လုပ်ပစ်ဖို့ ဝန်လေးမနေဘူး!"
လုရွှမ်က ပေါ့ပေါ့ပါးပါးပဲ ပြောလေသည်။
ဘယ်လို မိသားစုမျိုးနဲ့ ပါရမီရှင်မျိုးလဲဆိုတာ သူ့အတွက် အရေးမကြီးပါဘူး။
ချင်မိသားစုက သူ့ကိုပြဿနာ လာရှာမယ်ဆိုရင်တောင် အဲဒီမိသားစု လုံးလုံးပျောက်ကွယ် သွားရလိမ့်မယ်။
"ရှင်"
ဟန်ရွှယ် ခဏတာ စကားမပြောနိုင်ဘဲ ဆွံ့အသွားတော့သည်။
ရူးသွားပြီလား? ချင်မိသားစုကို ပျောက်ကွယ်သွားအောင် လုပ်ချင်ရအောင် နောက်ခံအင်အား ဘယ်လောက် ကောင်းလဲရော သိရဲ့လား။ အဓိပတိနယ်ပယ်က ဘိုးဘေးကို ထည့်မတွက်ဘဲ ဂိုဏ်းဆရာနယ်ပယ်က လူတွေကိုပဲ တွက်မယ်ဆိုရင်တောင် အယောက်၃၀ လောက် ရှိတယ်လေ။
အဲဒီအယောက်၃၀နဲ့ တိုက်ခိုက်ရင် မသေဘူးဆိုရင်တောင် အရမ်း ရူးသွားလိမ့်မယ်။
"သခင်ငယ်လေး!"
စိတ်ဓာတ်ကျနေချိန်တွင် အပြင်ဘက်မှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး ခေါင်းကို လှည့်ကြည့်လိုက်သောအခါ ကျောင်းအုပ်ကြီးဟန် ဖြတ်လျှောက်လာသည်ကို တွေ့လိုက်ရသည်။
"အဘိုး"
ဟန်ရွှယ် ရုတ်တရက် သူ့စိတ်ထဲ မဆုံးဖြတ်နိုင် ဖြစ်သွားသည်။
သူ့အဘိုးက ဒီကောင်လေးကို သခင်ငယ်လေးလို့ ဘာလို့ခေါ်တာလဲ?
"ရွှယ်အာ...သမီးကရော ဒီကို ဘာဖြစ်လို့ ရောက်နေတာလဲ ဒါကရော ဘယ်လိုဖြစ်တာလဲ?"
ဟန်ရောင်သည် ပတ်ဝန်းကျင်ကို သံသယဖြင့် တစ်ချက်ဝေ့ ကြည့်လိုက်သည်။
အင်္ကျီတစ်ထည်သာ ဝတ်ထားသည့် မြေပြင်ပေါ်တွင် လဲလျောင်းနေသော မိန်းကလေးတစ်ဦးနှင့် ရွှံ့နွံကဲ့သို့ ဖြစ်နေသော ချင်ဟွာ။
"အဲဒီချင်ဟွာပေါ့! လုရွှမ်ကို အမြတ်ထုတ်ချင်နေတာ!"
ဟန်ရွှယ်က ရှင်းပြပြီးနောက် သူမအဘိုးကို မယုံကြည်နိုင်စွာ ကြည့်နေသေးသည်။
"အဘိုး....ဘာလို့ သူ့ကို သခင်ငယ်လေးလို့ ခေါ်တာလဲ?"
"ဘာလို့လဲ မမေးနဲ့....မင်းလည်း နောက်ဆို သခင်ငယ်လေးလို့ပဲ ခေါ်ရမယ်!"
ဟန်ရောင်က ဘာဖြစ်သွားတာလဲ ဆိုတာ သိလိုက်ကာ ဟန်ရွှယ်ကို စကားတစ်ခွန်းပြောပြီး လုရွှမ်ကို ပြန်ကြည့်လိုက်ကာ။
"ဒီငယ်သားက နောက်ကျသွားတဲ့အတွက် သခင်ငယ်လေးက ခွင့်လွှတ်ပေးပါ!"
လုရွှမ်သည် သူ့လက်ကိုသာ ဝှေ့ယမ်းလိုက်သည်။
"သခင်ငယ်လေး!"
အဘိုး၏ သဘောထားကို ကြည့်ပြီး ဟန်ရွှယ်မှာ မလိုလားသော်လည်း သူမ သွားများကို အံကြိတ်ကာ ကြည့်နေလိုက်သည်။
ကျန်းဝူအကယ်ဒမီက ဒီကောင်လေးဟာ ရုတ်တရက် အဘိုးရဲ့ သခင်ငယ်လေး ဘယ်လိုဖြစ်သွားမှန်း သူမ နားမလည်နိုင်သေးပေ။
"သခင်ငယ်လေး....ချင်ဟွာကို ဘယ်လို ဖြေရှင်းလိုက်ရမလဲ"
"ခင်ဗျားကိုယ်တိုင်ပဲ ဖြေရှင်းလိုက်! မနေ့က ခင်ဗျားပြောတဲ့အတိုင်း လုပ်ပြီးပြီလား?"
"ပြီးပါပြီ.... ဘုရင်မင်းမြတ်က နန်းတော်ထဲမှာ သခင်ငယ်လေးကို စောင့်နေပါတယ်!" ဟန်ရောင်မှ အလျင်စလို ပြန်ပြောလိုက်သည်။
"ကောင်းပြီ....သွားရအောင်!"
ဒါကိုကြားတော့ လုရွှမ်လည်း ခေါင်းညိတ်ပြီး ထွက်သွားတော့သည်။
ကျောင်းအုပ်ကြီးဟန်ရောင်လည်း နောက်ကနေ အနီးကပ် လိုက်လာခဲ့သည်။ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ဟန်ရွှယ်ကို လှည့်ကြည့်၍
"ရွှယ်အာ.... ဒီနေရာကို ရှင်းလိုက်....ချင်ဟွာကို ချင်မိသားစုကို ပြန်ပို့ပေးလိုက်!"
"ဟုတ်"
ဟန်ရွှယ် မျက်ခုံးတွေ လှုပ်ခတ်သွားကာ အမြန်သဘောတူခိုက်သည်။
ချင်မိသားစုနှင့် ဟန်မိသားစုသည် အမြဲတမ်း ဆက်ဆံရေး ကောင်းမွန်နေသော်လည်း လက်ရှိအခြေအနေကို ကြည့်လျှင် ပြောင်းလဲတော့မည်မှာ သေချာလေပြီ။
"သခင်ငယ်လေး....ချင်ဟွာက ချင်မိသားစုရဲ့ မြေးပါ.... သူဒဏ်ရာရရင် ချင်မိသားစုက လက်တုံ့ပြန်လိမ့်မယ်...လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း မလိုအပ်တဲ့ ဒုက္ခမဖြစ်အောင် သခင်ငယ်ဘေးမှာ ကျုပ်အနီးကပ် နေပေးပါ့မယ်"
အကယ်ဒမီကနေ ထွက်လာတော့ ဟန်ရောင်မှ အသံကို လျှော့ပြီး ပြောလိုက်သည်။
"အင်း!"
လက်ရှိ ချင်မိသားစုသည် သူ့အတွက် အင်အား ကြီးမားဆဲဖြစ်ပြီး တစ်ဖက်သားကို စိတ်ပိုင်းဆိုင်ရာအရ မထီမဲ့မြင် ပြုခဲ့သောကြောင့် သူ၏ အပြုအမူများကို သတိထားရန် လိုအပ်နေသေးသည်။
ဒါပေမယ့် အရေးမကြီးပါဘူး။ အခု နန်းတော်ထဲ ရောက်သွားရင် ထူးဆန်းတဲ့ ရတနာရဲ့ သဲလွန်စတွေကို ရှာတွေ့ပြီး သန့်စင်တဲ့ နည်းလမ်းကို ရှာလိုက်တဲ့အခါ သူ့ရဲ့ အစွမ်းသတ္တိဟာ ခုန်တက်သွားပြီး ဂိုဏ်းဆရာဖြစ်ပါစေ အဓိပတိနယ်ပယ် ဖြစ်စေ သူ့အတွက် အရေးမကြီးတော့ချေ။
နှစ်ယောက်သား တစ်ခေါက်လောက် လမ်းလျှောက်ကြရင်း လမ်းကျွမ်းပြီး အရှိန်က အရမ်းမြန်လာရာ မနေ့က နှစ်နာရီနီးပါး ကြာတဲ့ခရီးကို ဒီနေ့ နာရီဝက်တောင် မပြည့်ဘဲ ခမ်းနားထည်ဝါတဲ့ နန်းတော် ပေါ်လာတာကို မြင်ရလေသည်။
"ဒါ ဘုရင့်နန်းတော်ရဲ့ အရေးကြီးတဲ့နေရာပဲ....လာတဲ့သူတွေ ရပ်လိုက်စမ်း!"
နန်းတော်သို့ ရောက်သောအခါ အစောင့်အကြပ်များစွာ ရောက်လာ၍ တားဆီးကြသည်။
"ကျုပ်က ဝူယန်အကယ်ဒမီက ကျောင်းအုပ်ကြီးဟန်ရောင်ပါ...ဒီက ဘုရင်မင်းမြတ် တွေ့ချင်နေတဲ့ သူပဲ....မဖယ်ပေးသေးဘူးလား?"
ဟန်ရောင်က ဟစ်အော်လိုက်သည်။
"ကျောင်းအုပ်ကြီး... ကြွပါ!"
အစောင့်က သတိပြုမိပြီး လမ်းကြောင်းကနေ အမြန်ဖယ်ပေးလေ၏။
လမ်းမတစ်လျှောက် လျှောက်လာရင်း ပတ်ပတ်လည်ကို ကြည့်လိုက်တော့ လုရွှမ်မျက်ခုံးတွေ တဖြည်းဖြည်း တွန့်ချိုးသွားသည်။
ကံကောင်းထောက်မစွာ အရင်က နန်းတော်ထဲကို ခိုးဝင်ဖို့ နည်းလမ်းကို မတွေးခဲ့မိလို့ တော်သေးသည်။ တကယ်လို့သာ လုပ်ခဲ့မယ်ဆိုရင် အဝေးကြီး မရောက်သေးဘဲ ဖမ်းမိမှာကို ကြောက်မိသည်။
အစောင့်အကြပ်တွေ အများကြီးရှိပေမယ့် သူ့ရဲ့လက်ရှိအင်အားနဲ့ တုံ့ပြန်မှုတွေကြောင့် သူလွတ်မြောက်နိုင်မှာ သေချာပါ၏။ သို့သော်လည်း ဒီမှာက အခင်းအကျင်း ဖွဲ့စည်းပုံတွေက အရမ်းများနေတယ်လေ။
အဆောက်အဦများစွာသည် ကြီးမားသောဖွဲ့စည်းမှုအဖြစ် ပေါင်းစည်းထားကြပြီး လမ်းဘေးသစ်ပင်များသည် သေးငယ်သော အုတ်မြစ်ကို ဖြစ်ပေါ်စေပါသည်။ ဝင်ရောက်သွားသမျှ ကာလပတ်လုံး ၎င်းကို ထိမိမည်ဖြစ်ပြီး အစောင့်များ၏သတိကို နှိုးဆွပေးလိမ့်မည်။
"ဒီနန်းတော်မှာ အခင်းအကျင်း ဆရာကြီးတစ်ယောက် ရှိနေတာလား?"
၎င်းကိုကြည့်ပြီးနောက် ဤအခင်းအကျင်း ဖွဲ့စည်းပုံ အားလုံးနီးပါးသည် အဆင့်ခြောက်အထက်တွင် ရှိနေတာကြောင့် လုရွှမ် မတတ်နိုင်ဘဲ မေးလိုက်သည်။
အခင်းအကျင်း မှော်ပညာရှင်သည် အခင်းအကျင်းကို စီစဉ်ပေးရုံသာမက အထူးသဖြင့် အဆောက်အဦရှိ အခင်းအကျင်းများကို ထိန်းသိမ်းရန်လည်း လိုအပ်ပါသည်။
တခါတရံ သစ်ပင်တစ်ပင်သည် မီတာအနည်းငယ် မြင့်လာသောအခါ ဖွဲ့စည်းမှု၏ အုတ်မြစ်ကို ပြောင်းလဲသွားကာ အခင်းအကျင်း အလံများကြား အကွာအဝေးကို ပြောင်းလဲရပေမည်။ တစ်ခါတစ်ရံတွင် အိမ်တစ်လုံးကို ပြန်လည်တည်ဆောက်သည့် အခါတွင်လည်း ပုံစံပြောင်းသွားမည် ဖြစ်သည်။
တစ်နည်းဆိုရသော် နန်းတော်အတွင်း ကြီးမားသော ဖွဲ့စည်းမှုကို ထိန်းသိမ်းလိုပါက ၎င်းသည် အဆင့်၆ သို့မဟုတ် အဆင့်၆နှင့်အထက် ဆရာတစ်ဦးရှိရပါမည်။ မဟုတ်ရင် နှစ်အနည်းငယ် ကြာတဲ့အထိ အခင်းအကျင်းကို ထိန်းသိမ်းထားဖို့ မဖြစ်နိုင်ဘူး။
"နန်းတော်မှာ အခင်းအကျင်း ဆရာသခင်မရှိပေမယ့်"
"ဘုရင်မင်းမြတ် ကိုယ်တိုင်က အခင်းအကျင်း မှော်ပညာရှင်ပါ....အခုအဆင့်၇ကို ရောက်နေပြီလို့ ကြားမိတယ်.... အဲဒါကြောင့် နန်းတော်တစ်ခုလုံးကို အခင်းအကျင်းတွေနဲ့ ဖန်တီးထားနိုင်ခဲ့တာပါ...!"
"အဆင့်၇ အခင်းအကျင်းဆရာ?"
လုရွှမ် အံ့အားသင့်သွားသည်။
အံ့သြစရာ မရှိတော့ပါဘူး။ အခင်းအကျင်း မှော်ပညာရှင်က ဘုရင်မင်းမြတ်ကိုယ်တိုင် ဖြစ်နေတာပဲကိုး။
အဆင့်၇ အခင်းအကျင်း မှော်ပညာရှင်သည် သူ၏ယခင်ဘဝတွင် ဘာမှမဟုတ်သော်လည်း ဝူယန်အင်ပါယာကဲ့သို့ နေရာမျိုးတွင် သူသည် ထိပ်တန်းဖြစ်သည်ဟု သေချာပေါက် ထင်မြင်နိုင်သည်။
"သခင်ငယ်လေး... ရှေ့ကဟာက ဘုရင်မင်းမြတ်ရှိနေတဲ့ ချန်ဟယ်ခန်းမဆောင်ပါ..."
သူတို့နှစ်ယောက် စကားပြောနေစဉ် စင်္ကြံများစွာကို ဖြတ်ကျော်သွားပြီးနောက် မြင့်မားပြီး ခမ်းနားထည်ဝါသော နန်းတော်တစ်ခု သူတို့ရှေ့တွင် ပေါ်လာခဲ့သည်။