အရိပ်မဲ့ဓားအခင်းအကျင်း
Vol. 13 Ch. 2.39
လုရွှမ်၏ ယခင်ဘဝတွင် သူ့ကို အဂ္ဂိရတ်ဆေးဆရာများကြားတွင် ထိပ်တန်းအဆင့်အဖြစ် သတ်မှတ်ခဲ့သည်။ အတွေ့အကြုံနှင့် အသိပညာကို အားကိုး၍ ရေခဲသွေးဆေးများကို သန့်စင်ခြင်း၏ အောင်မြင်မှုနှုန်းမှာ များစွာတိုးလာသော်လည်း အနည်းဆုံးတော့ အဆင့်၉ အဂ္ဂိရတ်ပညာရှင် အဆင့်သို့ ရောက်အောင်သွားရမည် ဖြစ်သည်။
အဆင့်၉ အဂ္ဂိရတ် ပညာရှင်အတွက် စိတ်ဝိညာဉ်စွမ်းအား အတိုင်းအတာသည် ၀.၉၅ အထက်ဖြစ်ရမည်။
သူ၏လက်ရှိ စိတ်ဝိညာဉ်စွမ်းအား အတိုင်းအတာသည် ၀.၉သာ ရှိသည်။ ၀.၅ သာကွာဟသော်လည်း ဖြတ်ကျော်ရန် ခက်ခဲမှု အတိုင်းအတာသည် ၀.၂ မှ ၀.၉ သို့ တိုးလာသည် ထက်မနည်းပေ။
ဝိညာဉ်စွမ်းအား အတိုင်းအတာ ၁.၀ သည် လူသားတို့၏ ကန့်သတ်ချက် ဖြစ်သည်။ ၎င်းရောက်ရှိသွားသည်နှင့် ၎င်းသည် ချက်ချင်း သာမန်အဆင့်သို့ ရောက်သွားမည် ဖြစ်လေ၏။
ထို့ကြောင့် ကန့်သတ်ချက်သို့ နီးကပ်လေ ရှေ့ကိုတိုးရန် ခက်ခဲလေ ဖြစ်သည်။
မရေမတွက်နိုင်သော ပါရမီရှင်များသည် အဆင့်၈ အဂ္ဂိရတ်ပညာရှင်၏ နယ်ပယ်တွင် ပိတ်မိနေတတ်ကြပြီး ၎င်းတို့ ဖြတ်ကျော်လိုလျှင်ပင် ဘဝအတွက် မျှော်လင့်ချက် မရှိတော့သယောင် ဖြစ်နေတတ်သည်။
"ကြည့်ရတာ အခုတလော အခင်းအကျင်း ပုံစံတွေကို မကြာခဏ ဆွဲပေးရတော့မယ့်ပုံပဲ!"
လုရွှမ် မျက်ခုံးမွှေးများကို ပွတ်သပ်လိုက်သည်။
လက်ရှိသူသည် ဝိညာဉ်စွမ်းအား အတိုင်းအတာ ၀.၉ သို့ရောက်ရှိသွားပါပြီ။ ယခင် ကိုးမှတ်ဝိညာဥ် နည်းလမ်းနှင့် ဝိညာဥ်သုံးသွယ် နည်းလမ်းကို အသုံးမပြုနိုင်တော့ပါ။ အဆင့်တစ်ဆင့်ပြီးတစ်ဆင့်သာ လေ့ကျင့်နိုင်မည် ဖြစ်သည်။
အကယ်၍ တခြားအဂ္ဂိရတ်ဆရာများ သုံးသည့် နည်းလမ်းတွေကိုသာ အသုံးပြုပါက နှစ်အနည်းငယ်အတွင်း ၀.၅ တက်သွားရန် မဖြစ်နိုင်ပေ။
တစ်ခုတည်းသော နည်းလမ်းမှာ ဝိညာဉ်စွမ်းအားကို လျင်မြန်စွာ တိုးမြှင့်ရန်အတွက် အခင်းအကျင်း ဖွဲ့စည်းခြင်း တံဆိပ်ပြားကို ထွင်းထုရန် ဓားနှစ်လတ်စီးဆင်းခြင်း နည်းလမ်းကို အသုံးပြုရန်ဖြစ်သည်။
"အချိန်ရရင် အခင်းအကျင်း ပညာရှင်အဖွဲ့ကို သွားပြီး အလွတ်အခင်းအကျင်း တံဆိပ်ပြားတွေကို ရှာရမယ်"
ဒါကိုစဉ်းစားရင်း လုရွှမ် တိတ်တိတ်လေး ခေါင်းညိတ်လိုက်သည်။
လောလောဆယ်မှာ အဖြေကောင်းတစ်ခုမှ မစဉ်းစားနိုင်သေးတာမို့ ဒါက တစ်ခုတည်းသော နည်းလမ်း ဖြစ်လာသည်။
"သခင်ငယ်လေး....ကျုပ်တို့ ပြန်ကြရအောင်!"
တွေးနေစဉ် အတွင်း ကျောင်းအုပ်ကြီးဟန်၏ အသံသည် သူ့နားထဲတွင် ထွက်ပေါ်လာသည်။
ထိုမှသာလျှင် လုရွှမ်သည် သူ၏အတွေးများမှ ပြန်လည် သတိဝင်လာခဲ့သည်။ ဘုရင်မင်းမြတ် ဟန်ချီသည် သူ့ကို ဘုရင်ရွှမ်အဖြစ် သတ်မှတ်ကာ ထိုကဲ့သို့ ပြင်းထန်သော ပံ့ပိုးကူညီမှုဖြင့် အဘိုးကြီးချင်ရှောင်းသည်လည်း ဘာမှ ထပ်မပြောဝံ့တော့ပေ။
လုရွှမ်သည် ထိုအကြောင်းအရာများကို ဂရုမစိုက်ဘဲ ရတနာဆီသာ အာရုံပြောင်းသွားခဲ့သည်။ ကျောင်းအုပ်ကြီးဟန်က သူ့အတွက် ဖြေရှင်းခိုင်းရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။
ရိုးရိုးသားသား ပြောရလျှင် ကျောင်းအုပ်ကြီးဟန်သည် ဤသခင်ငယ်နှင့် ပတ်သက်၍ အလွန်အမင်း စကားမပြောနိုင် ဖြစ်နေရသည်။
ဘုရင်ခံကဲ့သို့သော ရာထူးကို ရသွားတဲ့အခါ တခြားသူများမှာ စိတ်လှုပ်ရှားစွာ ခုန်ပေါက်သွားပေလိမ့်မည်။ သို့မဟုတ် တွေးကြည့်ရုံဖြင့် ရူးသွပ်သွားနိုင်သည်။
သူသည် အသက်ကြီးလာသည်နှင့်အမျှ နေရာများစွာသို့ ခရီးထွက်ကာ ပါရမီရှင် အမျိုးမျိုးကို မြင်တွေ့ခဲ့ရသော်လည်း သခင်ငယ်ကဲ့သို့ပင် သူ့နှလုံးသားထဲတွင် ကျင့်ကြံခြင်းမှတစ်ပါး ဘာကိုမျှ ဂရုမစိုက်သူကို မတွေ့ဖူးခဲ့ပေ။
ဒီအရွယ်မှာ သူ့မှာ ဒီလို ခွန်အားတွေ ရှိနေတာ အံ့သြစရာ မဟုတ်တော့ပါဘူး။ ဒီလို အာရုံစူးစိုက်မှု နဲ့ ကိုယ်ခံပညာ လိုက်စားမှုမျိုးက သာမန်လူတွေ လုပ်နိုင်တဲ့အရာ မဟုတ်ဘူးလေ။
ဒါကိုတွေးပြီး ဟန်ရောင်သည် သူ့ရှေ့က လူငယ်ကို နည်းနည်းလေး ပိုသဘောကျသွားပြန်၏။
"ဟန်ရောင် အခင်းအကျင်း ပညာရှင်အဖွဲ့က ဘယ်မှာလဲ"
နန်းတော်မှ ထွက်လာပြီးနောက် လုရွှမ် ချက်ချင်း မေးလိုက်သည်။
"အခင်းအကျင်း ပညာရှင်အဖွဲ့? ဒီကနေ သိပ်မဝေးပါဘူး....ကျုပ်ခေါ်သွားပေးမယ်"
တစ်ဖက်လူသည် အဆင့်၆ အခင်းအကျင်း ပညာရှင် ဖြစ်မှန်းသိခဲ့သူ ဟန်ရောင်သည် အံ့ဩစရာ မရှိသဖြင့် ဦးစွာလမ်းလျှောက်ခဲ့သည်။
ဝူယန် တော်ဝင်မြို့တော်တွင် ဖွဲ့စည်းတည်ထောင်ထားသော အခင်းအကျင်း ပညာရှင်အဖွဲ့သည် ဟန်ယန်မြို့ကထက် များစွာပို၍ ကြီးကျယ်ခမ်းနားသည်။ ဝင်ရောက်လိုက်သည်နှင့် ထူထပ်သော ပုံစံများဖြင့် ထွင်းထုထားသော နံရံကြီးတစ်ခုက ကြိုဆိုနေလေ၏။
ဤတံတိုင်းသည် ခုခံခြင်း တိုက်ခိုက်နိုင်ခြင်း မရှိသော်လည်း အပူချိန်ထိန်းညှိရန် အထူးဖွဲ့စည်းထားသည့် အခင်းအကျင်းသည် ယ နံရံလေးခု၏ တစ်ခုစီတွင် ရှိသည်။
ဤကြီးမားသော ဖွဲ့စည်းမှုတံဆိပ်ပြား လေးခုသည် အနီးအနားတွင် တည်ရှိသောကြောင့် အခင်းအကျင်း ပညာရှင်အဖွဲ့၏ အဆောက်အဦ တစ်ခုလုံးကို အပူချိန်ပြောင်းလဲမှု အနည်းငယ်ဖြင့် ဖြစ်ပေါ်စေသည်။ ဆောင်းရာသီတွင် နွေးထွေးစေပြီး နွေရာသီတွင် အေးမြစေနိုင်သည်။
ဒီလိုအခင်းအကျင်း ဖွဲ့စည်းတာက အပူချိန်ကို ထိန်းထားဖို့ပဲ ဆိုသော်လည်း တကယ်ကို ကြီးကျယ်ခမ်းနားပြီး ဇိမ်ခံပစ္စည်းတစ်ခုလို့ ပြောရလေသည်။
ကျင့်ကြံသူများသည် ရုပ်ပိုင်းဆိုင်ရာ သန်မာပြီး အပူချိန်နှင့် လိုက်လျောညီထွေ ဖြစ်အောင်နေနိုင်သည့် သန်မာသော စွမ်းရည်များရှိသည်။ ဤဖွဲ့စည်းမှုကို အသုံးမပြုရင်တောင် ၎င်းတို့အပေါ် များစွာ သက်ရောက်မှုရှိမည် မဟုတ်ပေ။
ကြီးကျယ်ခမ်းနားပြီး ဇိမ်ခံပစ္စည်းတွေကြောင့် အထဲကိုရောက်သွားတဲ့ လူတိုင်းကို အခင်းအကျင်းရဲ့ အဆင့်အတန်းကြောင့် သူတို့ရဲ့ အဆင့်အတန်းလည်း ရုတ်တရက် တိုးလာသလို ခံစားရစေမှာပဲ ဖြစ်သည်။
လှမ်းကြည့်လိုက်တော့ အထဲမှာ လူတွေနဲ့ ပြည့်နေတဲ့ ခန်းမကျယ်ကြီး တစ်ခုရှိနေတာ တွေ့ရ၏။
လုရွှမ် နဲ့ ဟန်ရောင်တို့လည်း တည့်တည့် လျှောက်သွားလိုက်သည်။
ဗလာအခင်းအကျင်း တံဆိပ်ပြားတစ်ခု၏ စျေးနှုန်းသည် မြင့်မားခြင်း မရှိသည့်အပြင် ရှုပ်ထွေးသော အဆင့်များမရှိဘဲ ဝယ်ယူရန် အလွန်ရိုးရှင်းသည်။ အချိန်သိပ်မကြာဘဲ ကျောင်းအုပ်ကြီးဟန်၏ အကူအညီဖြင့် လုရွှမ်သည် အဆင့်မြင့် အခင်းအကျင်း တံဆိပ်ပြားအလွတ် ၂၀ ကျော်ကို ဝယ်ယူခဲ့သည်။
ဤတံဆိပ်ပြား အမျိုးအစားများသည် ပစ္စည်းတစ်မျိုးတည်း၏ အရည်အသွေးအရ အဆင့်၇ နှင့် အဆင့်၈ အခင်းအကျင်း ပုံစံများကို ရေးဆွဲနိုင်သည်။
ဟုတ်ပါတယ် ပိုမြင့်မားတဲ့ အခင်းအကျင်း ပုံစံတွေကိုတော့ ရေးဆွဲလို့ မရပါဘူး။
ပစ္စည်းတစ်ခု ဖြစ်သောကြောင့် ၎င်းတွင် ကန့်သတ်ချက်ရှိ၍ သဘာဝကျပေသည်။ အခင်းအကျင်းက ပို၍ရှုပ်ထွေးလေ ၎င်း၏စွမ်းအားသည် ပိုမိုအားကောင်းလေ ဖြစ်သည်။
ပစ္စည်းဂုဏ်သတ္တိများ မလုံလောက်ပါက အခင်းအကျင်း ရေးဆွဲနေစဥ်အတွင်း လုံးလုံးလျားလျား ပျက်စီးသွားနိုင်သည်။
"ဒါက လူကြီးမင်း လိုချင်တဲ့ တိတ်ဆိတ်တဲ့အခန်းပါ"
ဗလာ အခင်းအကျင်း တံဆိပ်ပြားကို ဝယ်ပြီးနောက် လုရွှမ်သည် အကယ်ဒမီအထိ ပြန်သွားရန် စိတ်မ၀င်စားသောကြောင့် ဤနေရာတွင်ပင် တိတ်ဆိတ်သော အခန်းကို တိုက်ရိုက်ငှားရမ်းခဲ့သည်။
ငွေအမြန်ဆုံးရနိုင်သော အခင်းအကျင်း ပညာရပ်မှာ မျှော်လင့်ထားသည့်အတိုင်း တိတ်ဆိတ်သော အခန်း၏ အငှားစျေးနှုန်းမှာလည်း အံ့သြလောက်အောင် မြင့်မားသည်။ တစ်ရက်အတွက် ရွှေစတစ်သိန်း ပေးရ၏။
သို့သော် လုရွှမ်အတွက် ငွေသည် ပြဿနာမဟုတ်သောကြောင့် ဆယ်ရက်လုံးအတွက် ရွှေစ တစ်သန်းကို လွှဲပေးပြီး ဝင်လာခဲ့သည်။
"ကျွန်တော် ခဏလောက် လေ့ကျင့်ရမှာမလို့....ခင်ဗျား အရင်ပြန်သွားလိုက်ပါ ကျွန်တော် လေ့ကျင့်လို့ပြီးရင် ခင်ဗျားကို လာရှာမယ်!"
တိတ်ဆိတ်သော အခန်းထဲသို့ ဝင်လာတော့ လုရွှမ်သည် ဟန်ရောင်ကို ကြည့်ကာ ဆိုသည်။
သူသည် သူ၏စိတ်ဝိညာဉ်စွမ်းအားကို တတ်နိုင်သမျှ တိုးမြှင့်ရန် ရည်ရွယ်ထားပြီး အချိန်တိုအတွင်း သူထွက်မလာနိုင်မှာ သေချာသည်။
"ဟုတ်ကဲ့ပါ...သခင်လေး!"
တိတ်ဆိတ်သော အခန်းတံခါးကို ပိတ်ပြီးနောက် လုရွှမ်သည် အကောင်းဆုံး အခြေအနေသို့ရောက်ရန် ခဏတာ ပြင်ဆင်ပြီးနောက် ဗလာအခင်းအကျင်း တံဆိပ်ပြားကို ထုတ်လိုက်သည်။
ဘယ်ညာ လက်နှစ်ဖက်က ဓားတစ်ချောင်းစီကို ထုတ်လျက် အလျင်စလို မလှုပ်ရှားသေးဘဲ လေးလေးနက်နက် တွေးလိုက်သည်။
"အဆင့်၇ အခင်းအကျင်း ပုံစံကိုရေးဆွဲဖို့က ငါ့အတွက် ပြဿနာကြီး မဟုတ်ဘူး... ဒါပေမဲ့ အဆင့်၈ကတော့ နည်းနည်း ခက်လိမ့်မယ် ငါရဲ့စိတ်ဝိညာဥ်စွမ်းအားက အခုထိ မပြည့်စုံသေးသလို ဒီဗလာတံဆိပ်ပြားရဲ့ အရည်အသွေးက ညံ့တော့ အန္တရာယ်များတယ်"
ဝိညာဉ်စွမ်းအား အတိုင်းအတာက ၀.၉ သို့ ရောက်ရှထားလို့ အဆင့်၈ အခင်းအကျင်း ပညာရှင် အဆင့်သို့ ရောက်ရှိသွားသော်လည်း ဝူယန်အင်ပါယာရှိ ဗလာအခင်းအကျင်းများမှာ ပြဿနာရှိနေတာကြောင့် အဆင့်၈ အခင်းအကျင်းကို ရေးဆွဲဖို့ မဖြစ်နိုင်လောက်ပေ။ ပျက်စီးလွယ်လိမ့်မည်။
မကြာသေးခင်ကမှ မြှင့်တင်ထားသော စိတ်စွမ်းအား အတိုင်းအတာကို လုံလောက်အောင် မထိန်းချုပ်နိုင်လျှင်ပင် ဗလာအခင်းအကျင်း တံဆိပ်ပြားပေါ်တွင် ထွင်းထုထားလျှင် ပြဿနာမရှိနိုင်သော်လည်း ပျက်စီးလွယ်သော အခင်းအကျင်းပေါ်တွင် ရေးသားသည့်အခါ သတိထားရန် လိုအပ်ပါသည်။
ရှုံးနိမ့်သွားသည်နှင့် တပြိုင်နက် စိတ်ဝိညာဉ်ကလည်း အနှောင့်အယှက် သွားလိမ့်မည်။
ကီလိုဂရမ် ၁၀၀ လေးသော တွန်းလှည်းကို ဆွဲလိုက်ရသလိုပင်။ ၁၂၀လေးသော အလေးချိန်က လူတစ်ယောက်ရဲ့ ခွန်အားကို တိုးတက်စေနိုင်မယ် ဆိုရင်တောင် ၁၀၀၀လေးတဲ့ အလေးချိန်က ခွန်အားကိုမတိုးလာစေဘဲ ဒဏ်ရာပြန်ရသွားနိုင်သည်။
"ဟုတ်သားပဲ.... ရုပ်သေးပင်လယ်ဂိုဏ်းရဲ့ လျှို့ဝှက်စာအုပ် တစ်အုပ်မှာ အဆင့်နိမ့်ပေမယ့် ဝိညာဉ်စွမ်းအားကို ထိန်းချုပ်နိုင်တဲ့ အရမ်းထူးဆန်းတဲ့ ပုံစံတွေကို မှတ်တမ်းတင်ထားတာ ရှိတာပဲ.... အရင်ဘဝတုန်းကတော့ မသုံးခဲ့ရဘူး... အခုတော့ သုံးကြည့်လို့ရပြီ!"
တစ်ချက် စဥ်းစားလိုက်သည်။
အဲဒီတုန်းက ရုပ်သေးပင်လယ်ဂိုဏ်းမှာ သူတို့ရဲ့ ဂိုဏ်းဖွဲ့စည်းပုံ အားလုံးကို ဖတ်ပြီး ဇောက်ထိုး လှန်ပစ်လိုက်ဖူးသည်။ အဲဒီအထဲမှာ ထူးဆန်းတဲ့ အခင်းအကျင်း ပုံစံတွေ ပါလေ၏။ အဆင့်မမြင့်ပေမယ့် မယုံနိုင်လောက်စရာ အကျိုးသက်ရောက်မှုတွေ ရှိပေသည်။
ထိုအချိန်တွင် သူ၏ ခွန်အားသည် တိမ်ပင်လယ် နယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ပြီး အရာအားလုံးကို ခွန်အားဖြင့် ချေမှုန်းပစ်နိုင်ခဲ့သည်။ ဤကျွမ်းကျင်မှုမျိုးသည် အလွန်ထက်မြက်သဖြင့် ၎င်းအခင်းအကျင်းကို ဂရုမစိုက်ဘဲ နေခဲ့သည်။
သို့သော် ယခု သူ့အတွက် အသုံးဝင်လာခဲ့ပြီ။
ဤအခင်းအကျင်းသည် အဆင့်၇နှင့် အဆင့်၈ကြားတွင် ရှိပြီး စိတ်ဝိညာဉ်စွမ်းအားကို လေ့ကျင့်ဖို့အတွက် အသုံးပြုနိုင်သည်။
"အရိပ်မဲ့ဓား အခင်းအကျင်းကို အရင်စမ်းကြည့်ရအောင်!"
စဉ်းစားပြီးတာနဲ့ လုရွှမ်၏ အတွေးပင်လယ်ထဲတွင် အခင်းအကျင်း ဖွဲ့စည်းတည်ဆောက်ပုံ မြေပုံတစ်ခု ပေါ်လာလေသည်။
အရိပ်မဲ့ဓားအခင်းအကျင်းသည် တိုက်ခိုက်ရေး အခင်းအကျင်း မဟုတ်သလို အိပ်ပျော်စေသည့် အခင်းအကျင်း၊ လျှိုဝှက်မှော်အခင်းအကျင်းများ ကဲ့သို့ မဟုတ်ပေ။ ၎င်းသည် လူများကိုတိုက်ခိုက်နိုင်သော စွမ်းအားမရှိသည့် အရန်ဖွဲ့စည်းမှုလည်း ဖြစ်သည်။
အခင်းအကျင်းကို စတင်လိုက်သည်နှင့် ၎င်းသည် လေ့ကျင့်သူများအား ခိုးဝင်တိုက်ခိုက်နိုင်သည့် အရိပ်မဲ့ဓားကွင်းတစ်ခုအဖြစ် ဖန်တီးနိုင်ပြီး ၎င်းထဲတွင် မကြာခဏ လေ့ကျင့်နိုင်သလို တုံ့ပြန်မှုအရှိန်နှင့် ဓားရေးစွမ်းရည်ကို မြှင့်တင်ပေးနိုင်သည်။