ဝိညာဉ်စွမ်းအား ၀.၉၈
Vol. 13 Ch. 2.40
ဤအရန်ဖွဲ့စည်းမှု အခင်းအကျင်းသည် တိုက်ပွဲတွင် ရန်သူများကို အနိုင်ယူရန် မကူညီနိုင်သကဲ့သို့ အသက်ကိုလည်း မကယ်တင်နိုင်သော်လည်း ၎င်းသည် အမှန်တကယ်ပင် သာမန်အချိန်မှာ လေ့ကျင့်မှုအတွက် ရတနာတစ်ခုဖြစ်သည်။
၎င်းသည် ကျန်းဝူအင်ပါယာရှိ မုရှန့်အစီအရင်ဖွဲ့စည်းပုံနှင့် ဆင်တူလေသည်။
"အရိပ်မဲ့ဓားအခင်းအကျင်းမှာ စုစုပေါင်းဖွဲ့စည်းပုံ ပုံစံ ၈၀၀၀ ကျော်ရှိတယ်....အဲဒါကြောင့် ဂရုတစိုက်နဲ့ ပုံဖော်ရမယ်"
သူ့လက်ထဲက ဖရဲသီး အရွယ်အစားရှိတဲ့ တံဆိပ်ပြားကို ကြည့်လိုက်ပြီး လုရွှမ် သူ့စိတ်ထဲမှာ အရိပ်မဲ့ဓားအခင်းအကျင်း ဖွဲ့စည်းပုံကို အကြိမ်ပေါင်းများစွာ တွေးပြီး ဘယ်လို ပုံဖော်ပြရမလဲဆိုတာ ဖြည်းဖြည်းချင်း ကောက်ချက်ချလိုက်သည်။
"စကြရအောင်!"
မျက်ခုံးနှစ်ဖက်ကို ပင့်တင်ကာ ဓားနှစ်ချောင်းသည် တစ်ချိန်တည်းတွင် ပျံသန်းလျက် ဝိညာဉ်စွမ်းအား ၀.၉၏ စွမ်းအင်များ ဖြည်းညှင်းစွာ ထွက်ပေါ်လာကာ တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာသည်။
နှစ်နာရီ မပြည့်မီတွင် အခင်းအကျင်း တံဆိပ်ပြားပေါ်တွင် ပါးလွှာသော မျဉ်းကြောင်းများ ပေါ်လာပြီး အထူးပင် လှပစေသည်။
"ဟုတ်ပြီ....တောင့်ခံထား!"
ယခုအချိန်တွင် လုရွှမ်၏ မျက်နှာသည် ဖြူဖျော့နေပြီး သူ့တစ်ကိုယ်လုံး ချွေးများဖြင့် ရွှဲနေသည်။
အဆင့်၈နှင့် အဆမတန် နီးစပ်တဲ့ အခင်းအကျင်း တစ်ခုဆိုပေမယ့် ထူးဆန်းလွန်းသည်။ သူ့အတွက်ကတော့ အခုအချိန်မှာတော့ အနည်းငယ် ခက်ခဲနေပါသေးသည်။
ဗုန်း!
အချိန်မည်မျှ ကြာသွားသည်မသိ သူ့အတွေးထဲတွင် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး နောက်ဆုံး ဝိညာဉ်စွမ်းအား ကုန်ဆုံးသွားသည်။
ဝုန်း!
ဝိညာဉ်စွမ်းအား၏ ပံ့ပိုးမှု ဆုံးရှုံးသွားသောအခါ အခင်းအကျင်းသည် ဆက်လက် မထိန်းနိုင်တော့ဘဲ အလယ်မှ ပေါက်ကွဲသွားသည်။
ကျရှုံး!
အခင်းအကျင်းကို ပုံဖော်ခြင်း သည် ချောချောမွေ့မွေ့ နှင့် တစ်ပြိုင်နက်တည်း လုပ်ဆောင်ရန် လိုအပ်ပါသည်။ စိတ်ဝိညာဉ်စွမ်းအား ပျက်သွားသည် သို့မဟုတ် အခြားပြောင်းလဲမှုများ ဖြစ်ပေါ်လာပါက ၎င်းသည် ကျရှုံးသွားမည် ဖြစ်သည်။
ဝိညာဉ်စွမ်းအား အားနည်းခြင်းကြောင့် ဖြစ်ပေါ်လာသော ပျက်စီးမှုသည် ဆုံးရှုံးမှုကို ဖြစ်စေမည်။
"စိတ်ပျက်စရာပဲ!"
ဒီလိုကျရှုံးမှုမျိုးဟာ ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ လုရွှမ်ဟာ ဒီအတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးသား ဖြစ်သည်။ သူ သက်ပြင်းချပြီး စိတ်ထဲက ပင်ပန်းနွမ်းနယ်မှုကို ထိန်း၍ မျက်လုံးကိုမှိတ်ကာ ခဏကြာတော့ လေ့ကျင့်မှုကို ပြန်စတင်လိုက်သည်။
နေ့တစ်ဝက် ကြာပြီးနောက်။
ဝိညာဉ်စွမ်းအား လုံး၀ ပြန်လည်ကောင်းမွန်လာခဲ့ပြီး လူတစ်ကိုယ်လုံး၏ စွမ်းအင်နှင့် စိတ်ဓာတ်သည်လည်း များစွာ တိုးတက် ကောင်းမွန်လာခဲ့သည်။
အခင်းအကျင်းပုံစံ ထပ်ဆွဲသည်။
ဝုန်း!
မအောင်မြင်ပြန်!
ပြန်ကျင့်ကြံလိုက် အခင်းအကျင်းကို ပြန်လည် ရေးဆွဲလိုက်ဖြင့် လုရွှမ် အကြိမ်ကြိမ် ကြိုးစားရင်းဖြင့် ၃ရက် ကြာသွားခဲ့သည်။
ဗုန်း!
ပြိုးပြိုးပြက်ပြက် ရှိသော အဖြူရောင်အလင်းတန်းတစ်ခု တောက်ပလာပြီး ငါးကြိမ်ဆက်တိုက် ကျရှုံးပြီးနောက် အရိပ်မဲ့ဓားအခင်းအကျင်းသည် နောက်ဆုံးတွင် အောင်မြင်ခဲ့ပြီး သူ၏ဝိညာဉ်စွမ်းအား အတိုင်းအနာသည်လည်း ၀.၉၁ ဝန်းကျင်သို့ ရောက်ရှိသွားခဲ့သည်။
"ဆက်တောင့်ထားရမယ်!"
ပြောင်းလဲမှုများနှင့် တိုးတက်မှုကို ခံစားသိရှိလိုက်ရာ လုရွှမ် ပြုံးကာ မျက်ခုံးပင့်၍ အခင်းအကျင်းကို ဆက်လက်ပုံဖော်လေသည်။
ဒါပေမယ့် ဒီတစ်ခါမှာတော့ အရိပ်မဲ့ဓားအခင်းအကျင်း မဟုတ်တော့ဘဲ လေတံဆိပ်ခတ်အခင်းအကျင်း ဖြစ်ပေ၏။
အရိပ်မဲ့ဓားအခင်းအကျင်း ကဲ့သို့ပင် ၎င်းသည် အရန်ဖွဲ့စည်းမှု တစ်ခုလည်း ဖြစ်သည်။ သို့သော်ယခင်အရာနှင့် နှိုင်းယှဉ်ပါက ပို၍ပင် အသုံးမဝင်ပေ။
လေတံဆိပ်ခတ်အခင်းအကျင်း ဟုခေါ်သော အခင်းအကျင်း ဖွဲ့စည်းမှုသည် ရိုးရိုးရှင်းရှင်းပြောရလျှင် လေကာမှန် တစ်မျိုးသာ ဖြစ်သည်။
ပျံသန်းနေသော သားရဲကြီးတစ်ကောင်၏ အရှိန်သည် မြန်လွန်းလျှင် ပြင်းထန်သော လေတိုက်ခတ်ခြင်းကို ကြုံရလိမ့်မည်။ အဆင့်မြင့် ကျင့်ကြံသူများအတွက် ဝိညာဥ်စွမ်းအင်ကို သုံး၍ အပြင်မှလေကို အလွယ်တကူ ပိတ်ဆို့နိုင်သော်လည်း ခွန်အားနည်းသော သူများအတွက်မူ မှုတ်ချ သေခြင်းတရားကိုသာ မိတ်ဆက်သွားရလိမ့်မည်။
လေပြင်း တိုက်ခတ်မှုကြောင့် သားရဲကြီးများ၏ ကျောပြင်မှ ပြုတ်ကျ၍ နှစ်စဉ်သေဆုံးကြသူ အနည်းငယ်မျှ ရှိသည်။
လေတံဆိပ်ခတ်အခင်းအကျင်း ဖွဲ့စည်းပုံသည် ဤအခြေအနေအတွက် အတိအကျ ဖန်တီးထားသော ဖွဲ့စည်းမှုဖြစ်သည်။ အသက်သွင်းပြီးသည်နှင့် တင်းကျပ်သော လေကာမှန်ကို ဖွဲ့စည်းနိုင်သည်။ သို့မှသာ အတွင်း၌ ထိုင်နေသောလူများသည် လေပြင်းတိုက်ခတ်မှုကို အနည်းငယ်မျှ မထိခိုက်နိုင်ဘဲ ဖြစ်လိမ့်မည်။
လုရွှမ်သည် ယခုဤ အခင်းအကျင်းများကို ဆွဲရခြင်း၏ ရည်ရွယ်ချက်မှာ သူ့ကိုယ်သူကာကွယ်ရန် မဟုတ်ဘဲ သူ၏ဝိညာဉ်စွမ်းအားကို တိုးတက်လာ စေရန်အတွက် ဖြစ်သည်။
ခုနစ်ရက်ကြာသော်
ဘုန်း ဘုန်း!
ထွင်းထုထားသော ဓားသည် ဗလာတံဆိပ်ပြားကို ဖြတ်၍ စမ်းချောင်းကဲ့သို့ ပေါ့ပါးသွားကာ ကျောက်စိမ်းနှင့်တူသော ပြတ်သားသည့် အသံကို ထုတ်ပေးနေသည်။ တိတ်ဆိတ်သောအခန်း၏ အလယ်တွင် ရပ်နေသော လုရွှမ်သည် အထူးအနုပညာ ဖန်တီးမှုတစ်ခုထဲတွင် နှစ်မြှုပ်နေသလိုပင် ဖြစ်နေ၏။
မလောရဘူး။ ဒေါသမထွက်ရဘူး။ စိတ်ငြိမ်ငြိမ်ထားရမယ်။
ယခင်ရက် အနည်းငယ်၏ အားသွန်ခွန်စိုက် ကြိုးပမ်းမှုများကြောင့် နောက်ပိုင်းတွင် စိတ်ဝိညာဉ်စွမ်းအား အတိုင်းအတာ တိုးလာသဖြင့် အခင်းအကျင်း ဖွဲ့စည်းခြင်း တံဆိပ်ပြားကို ဖော်ပြရန် ပိုမိုလွယ်ကူလာသည်။
ထို့အတွက်ကြောင့် ဤထူးဆန်းသော အခင်းအကျင်း နည်းလမ်းများသည် သူ့အတွက် ခက်ခဲလွန်းသည် မဟုတ်ကြောင်း သိသောကြောင့် အဆင့်၈အခင်းအကျင်း ဖွဲ့စည်းခြင်းကို စတင်စိန်ခေါ်ခဲ့သည်။
အစပိုင်းမှာ အဆင့်၈ အခင်းအကျင်းကို ပြုလုပ်ဖို့ ခက်ခဲမယ် မအောင်မြင်နိုင်ဘူးလို့ ထင်ခဲ့ပေမယ့် ဒီလိုအတွေးအမြင်မရှိခြင်း နယ်ပယ်အထိ ဝင်ရောက်လာနိုင်မယ်လို့ မထင်ထားခဲ့ချေ။
အတွေးအမြင် မရှိခြင်း သည် ဝိညာဥ်စွန့်ခွာသွားခြင်းနှင့် မတူပေ။ ဝိညာဥ်စွန့်ခွာခြင်းသည် ဝိညာဥ်စွမ်းအင်များ ရုတ်တရက် ရွေ့လျားမှု၊ ကိုယ်ခံပညာ စသည်တို့ကို နားလည်မှုအား လွန်စွာ တိုးလာစေ၏။ ၎င်းသည် ပေါက်နေသော ဆည်တစ်ခုကဲ့သို့ ဖြစ်သည်။
စုစည်းနိုင်သည့် အကန့်အသတ်ကို ရောက်ရှိသောအခါ ခွန်အားသည် သဘာဝကျကျ ခုန်ပျဲကျော်လွှားပြီး တက်သွားလိမ့်မည်။
သို့သော်လည်း အတွေးအမြင် မရှိခြင်းသည် သတိလစ်နေတဲ့ အခြေအနေနဲ့ တူပေ၏။
သူ အိပ်ပျော်သွားပုံရပေမယ့် သူ့လက်တွေရဲ့ လှုပ်ရှားမှုတွေက ရပ်တန့်မသွားဘဲ ထွင်းထုထားတဲ့ ဓားထက်က ဝိညာဉ်စွမ်းအားရဲ့ အလင်းရောင်ဟာ အမှောင်ညမှာ ဖယောင်းတိုင်မီးလို အဆက်မပြတ် ထွန်းလင်းတောက်ပနေပြီး အလွန်ကို ပြိုးပြိုးပြက်ပြက် လင်းလတ်နေသည်။
ဤအခြေအနေတွင် အပျက်သဘောဆောင်သော စိတ်ခံစားချက်မရှိ၊ ကြောက်ရွံ့ခြင်းမရှိ၊ စိုးရိမ်စရာမရှိ၊ ထိတ်လန့်မှုလည်း မရှိဘဲ မှတ်တမ်းတွေထဲက အတိုင်း လူတစ်ကိုယ်လုံးသည် မောပန်းနွမ်းနယ်နေသော စက်တစ်လုံးနှင့် တူလာသည်။
ဇိဇိဇိဇိဇိ
ဓားထိပ်ပေါ်ရှိ တွေးခေါ်မှုစွမ်းအားသည် ပါးလွှာသောပုံစံများ လျင်မြန်စွာ ပေါ်လာပြီး လောင်ကျွမ်းသွားသော ဝိညာဉ်စွမ်းအားသည်လည်း မသိစိတ်ကတစ်ဆင့် တိုးတက်လာသည်။
စိတ်စွမ်းအား တိုးမြှင့်ထားသော အရှိန်သည်ပင် သုံးစွဲမှုထက် ကျော်လွန်သွားခဲ့သည်။
ဟူ!
ထွင်းထုနေသောဓားသည် ရပ်တန့်သွားပြီး အလင်းတန်းများ လင်းလက်ကာ အစွမ်းထက်သော ရောင်ဝါကို ဖြာထွက်သွားစေသည်။
အောင်မြင်ပြီ!
"အောင်မြင်ပြီလား?"
လုရွှမ်သည် သူ့မျက်လုံးများကို ဖွင့်လိုက်ပြီး အထူး အရေးကြီးသော အခြေအနေမှ နိုးထလာသည်။
"ငါ့ရဲ့ ဝိညာဉ်စွမ်းအား အတိုင်းအတာက တိုးတက်လာနေပြီ"
နိုးလာပြီးနောက် လုရွှမ်သည် သူ၏ ဝိညာဉ်စွမ်းအား အတိုင်းအတာကို ဦးစွာကြည့်ရှုခဲ့သည်။ ၎င်းကိုမြင်သောအခါ အံ့အားသင့်စွာ ပါးစပ်ပွင့်သွားကာ မေးပင်ပြုတ်ကျ လုမတတ်ဖြစ်သွားသည်။
"၀.၉၈? ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? "
သူ၏ စိတ်ဝိညာဉ်စွမ်းအား အတိုင်းအတာသည် ၀.၉၅ ကို ကျော်လွန်ရုံသာမက ၀.၉၈ သို့ပင် ရောက်ရှိလာခဲ့သည်။
စိတ်စွမ်းအား အတိုင်းအတာ ၀.၉ သို့ရောက်ပြီးနောက် လူသားများ၏ ကန့်သတ်ချက်သို့ ချဉ်းကပ်လာပြီ။ ၀.၁ တိုးလာတိုင်း မရေမတွက်နိုင်သော ဝီရိယစိုက်ထုတ်မှုများ လိုအပ်သည်။ လုရွှမ်သည် ၀.၉၅ ကိုရောက်ရန် တစ်လကြာမည်ဟု ထင်ထားခဲ့သော်လည်း မထင်မှတ်ဘဲ တစ်ရှိန်ထိုး ဖြတ်ကျော်ပြီး တက်သွားခဲ့သည် ။
၀.၉၈ကို ရောက်ရှိသွားပြီ!
ဤအဆင့်သည် အဆင့်၉ အဂ္ဂိရတ်ဆရာတွေကြားမှာတောင် ထိပ်တန်းဟု သေချာပေါက် ယူဆနိုင်သည်။
ဤမတိုင်မီတွင် သူ၏ဝိညာဉ်စွမ်းအား အတိုင်းအတာသည် ၀.၉၃ သို့ ရောက်ရှိနေပြီဖြစ်ပြီး ၀.၉၈သို့ ရောက်ရန် ခရီးအလှမ်းဝေးနေသေးသည်ကို သိရမည်ဖြစ်သည်။
"နတ်စွမ်းအင် အမှတ်ကို ဖွင့်လိုက်တာနဲ့ တစ်ခုခုတော့ ပတ်သက်နေရမယ်!"
လုရွှမ်လည်း စိတ်လှုပ်ရှားစွာဖြင့် အကြောင်းပြချက်ကို မှန်းဆလိုက်သည်။
နတ်စွမ်းအင်အမှတ်!
ထိုအမှတ်ကိုဖွင့်ဖို့ သူအတော်လေး ကြိုးစားခဲ့ရသည်။ အစက ထိုအမှတ်ကသူ့ကို အများကြီး အကူအညီ မပေးနိုင်လောက်ဘူးလို့ ထင်ခဲ့မိသည်။ သေချာပြန်စဥ်းစားကြည့်မှ ဤအမှတ်ကို ဖွင့်လိုက်ခြင်းကြောင့် အတွေးအမြင် မရှိခြင်း နယ်ပယ်ထဲကို ဝင်ရောက်နိုင်ခဲ့တာ ဖြစ်နိုင်၏။
ဖတ်ခဲ့ဖူးတဲ့ ရှေးစာအုပ်တွေ အရဆိုရင် ဒီအမှတ်ဟာ ကောင်းကင်နဲ့ မြေကြီးကို ချိတ်ဆက်ပြီးတာနဲ့ လူတွေကို အတွေးအမြင် မရှိခြင်း နယ်ပယ်ထဲကို လွယ်လွယ်ကူကူနဲ့ ဝင်ရောက်လာစေသည်။
"စိတ်ဝိညာဥ်စွမ်းအား အတိုင်းအတာ ၀.၉၈ကို ရောက်ပြီဆိုတာ ၀.၂သာ တိုးလာရင် လူသားတွေရဲ့ ကန့်သတ်ချက် အဆင့်ကို ကျော်လွန်ပြီး သာမန်အဆင့်ကို ရောက်ပြီ....တကယ်လို့ အဓိပတိနယ်ပယ်က လူနဲ့တွေ့ရင်တောင် အလွယ်တကူ သတ်ပစ်နိုင်ပြီ!"
လုရွှမ် စိတ်လှုပ်ရှားစွာ တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။
ဝိညာဉ်စွမ်းအား အတိုင်းအတာ ၁သို့ ရောက်ရှိသောအခါ ၎င်းသည် သေမျိုးကိုယ်ခန္ဓာ၏ ကန့်သတ်ချက်ကို ဖြတ်ကျော်ကာ တစ်ရှိန်ထိုး သာမန်အဆင့် သို့မဟုတ် သေမျိုးအဆင့် နယ်ပယ်သို့ ရောက်ရှိလေပြီ။
သေမျိုးအဆင့်နယ်ပယ်သည် ဝူအဆင့်၉ကို ကျော်လွှားနိုင်တဲ့ စွမ်းအင်ရှိပေ၏။
ဝိညာဉ်စွမ်းအား အတိုင်းအတာ ၁အောက်ဖြင့် တစ်စုံတစ်ဦးကို တိုက်ခိုက်လိုလျှင်ပင် တစ်ဖက်လူက အကာအကွယ်မဲ့ပြီး ၎င်းတို့၏ဝိညာဉ်ကို ဖွင့်ထားမှသာ သင်လုပ်နိုင်မည် ဖြစ်သည်။ ထို့ပြင် စွမ်းအင် ထုတ်လွှင့်ရန်အတွက် ကြားခံတစ်ခုရှိရမည်။
သို့သော် ၁၏ အထက်သို့ ရောက်သောအခါတွင် ကွဲပြားသွားသည်။ ဝိညာဉ်စွမ်းအားသည် မီတာအနည်းငယ်အကွာတွင်ပင် ပျံ့နှံ့သွားစဥ်အတွင်း မည်သူမျှ သတိမပြုမိဘဲ ရန်သူကို အလွယ်တကူ သတ်နိုင်သည်။
ထို့အတွက်ကြောင့် ၁ ထက်ကျော်လွန်သော ဝိညာဉ်စွမ်းအား အတိုင်းအတာသည် လူတိုင်း၏ ရင်သပ်ရှုမောဖွယ်ရာ အရာဖြစ်ပြီး ၎င်းတို့ကို ဝိညာဉ်စွမ်းအား၏ အရှင်သခင်များဟု ခေါ်နိုင်သည်။
သာမာန် အဂ္ဂိရတ်ပညာရှင် များသည် ကိုယ်ခံပညာ မကျွမ်းကျင်သော်လည်း စစ်မှန်သော အဆင့်မြင့် အဂ္ဂိရတ် ပညာရှင်များကိုတော့ အလွယ်တကူ ရန်မစဝံ့ကြပေ။