← Chapters

ညအမှောင်တိုက်ခိုက်မှု (ဒုတိယပိုင်း)

Vol. 13 Ch. 2.42

ညအမှောင်တိုက်ခိုက်မှု (ဒုတိယပိုင်း)

Vol. 13 Ch. 2.42

တစ်စုံတစ်ယောက်ကတော့ ခိုးဝင်တိုက်ခိုက်နေပြီ။

မုယန်ဖုန်း၏ မျက်နှာမှာ မည်းမှောင်သွားတော့သည်။

စုစုပေါင်း ဓားအလင်း သုံးစင်းပင်။ ပထမတစ်စင်းမှာ ဖြောင့်ဖြောင့်ဖြူးဖြူးပြီး ကမ်းပါးမှ ပြိုကျလာသော ရေလျှံသကဲ့သို့ လူတို့အား မတားမဆီးနိုင်သော စိုးရိမ်စိတ်ကို ဖြစ်ပေါ်လာစေသည်။

ဂိုဏ်းဆရာနယ်ပယ် အထွတ်အထိပ် အဆင့်။

ဒုတိယဓားအလင်းနှင့် တတိယ ဓားအလင်းဆို့သည် ပထမလမ်းကဲ့သို့ ကြောက်မက်ဖွယ် မကောင်းသော်လည်း လေပြင်းများ ပြည့်နှက်နေသေး၍ ဓားအလင်းတို့ မရောက်မီတွင် ပြင်းထန်သော ဝိညာဥ်ချီသည် လေထဲတွင် ပေါက်ကွဲသွားကာ ရထားလုံးသည် အချိန်မရွေး ကွဲအက်သွားနိုင်သည်။

ဂိုဏ်းဆရာနယ်ပယ် နှောင်းပိုင်းအဆင့်။

ဂိုဏ်းဆရာနယ်ပယ် အထွတ်အထိပ် အဆင့်က လူတစ်ယောက်နဲ့ နှောင်းပိုင်းအဆင့်က လူနှစ်ယောက်က ပူပေါင်းပြီး ခိုးဝင်တိုက်ခိုက်တဲ့ ဒီတိုက်ပွဲက ကြီးလွန်း၏။

ဗုန်း!

မုယန်ဖုန်းသည် ခဏတုံ့ဆိုင်းနေပါက သူ၏ခန္ဓာကိုယ်သည် အစိတ်စိတ် အမွှာမွှာကွဲကြေသွားနိုင်ကြောင်း သဘောပေါက်တာကြောင့် ဂိုဏ်းဆရာနယ်ပယ် ဖြစ်တဲ့ သူ၏လေ့ကျင့်မှုကို ဖုံးကွယ်မထားဘဲ ကြမ်းတမ်းသော ဝိညာဥ်စွမ်းအင် သည် သူ့ခန္ဓာကိုယ်မှ ထိုးထွက်လာကာ ရထားလုံးပေါ်တက်၍ တားဆီးလိုက်သည်။

ရထားလုံးသည် သာမန်အရာဝတ္ထု တစ်ခုမျှသာဖြစ်ပြီး သူ၏ခွန်အားကို မည်သို့ ခံနိုင်ရည်ရှိနိုင်သနည်း။ ၎င်း၏ အပိုင်းအစများသည် နေရာတိုင်းတွင် ပြန့်ကျဲသွားသည်။

"သခင်ငယ်လေး....မြန်မြန် ပြေးတော့"

ရှည်လျားစွာ ဟစ်အော်သံနှင့်အတူ သူသည် လုရွှမ် ရှေ့မှာ ပိတ်ရပ်ထားလိုက်သည်။

ပြိုင်ဘက်သုံးယောက်က တကယ်ကို ပြင်းထန်လွန်း၏။ သူတို့ အသီးသီးက သူ့ထက် သန်မာကြတဲ့အတွက် မုယန်ဖုန်းအနေနဲ့ အနိုင်မယူနိုင်မှန်း သိလေသည်။ ထို့ကြောင့် တစ်ခုတည်းသော နည်းလမ်းက မြန်မြန်ဆန်ဆန် ထွက်ပြေးဖို့ပဲ။

သူ့ဘဝသည် နှမြောစရာ မဟုတ်ပေ။ သခင်ငယ်လေးသည် ဤတိုက်ပွဲကြောင့် သူ့အသက်ဆုံးရှုံးသွားခဲ့ပါက နောင်တရနေမိမှာ ဖြစ်သည်။

"ကိုယ့်အစွမ်းအစကို မသိဘူးပဲ!"

အမှောင်ထဲတွင် ခိုးဝင်တိုက်ခိုက်သူများသည် မုယန်ဖုန်း၏ ခွန်အားကို မြင်တွေ့လိုက်ပြီး အေးစက်သော နှာမှုတ်သံနှင့်အတူ ဓားအလင်း မီးတောက်သည် မလျော့ပါးသွားဘဲ သူ့ထံသို့ တည့်တည့်ရောက်လာ၏။

"ကျားဟိန်းသံလက်သီး!"

မုယန်ဖုန်းမှာ ဘာလက်နက်မှ မရှိချေ။ လက်နက်သုံးပြီး သိုင်းပညာ မလေ့ကျင့်ဖူးတာကြောင့် သူ့မျက်လုံးတွေ ပြူးကျယ်လာပြီး လက်သီးကိုထုတ်၍ ထိုးချလိုက်သည်။

ဝုန်း!

လက်သီးနှင့် ဓားစွမ်းအင်တို့ တိုက်မိသွားရာ မုယန်ဖုန်းသည် တခဏချင်း နောက်ပြန်လွင့်သွားကာ သစ်ပင်ကြီးတစ်ပင်ကို ကျောနှင့်ထိမှန်ကာ လူတစ်ယောက် ပွေ့ဖက်ထားနိုင်သည့် ပင်စည်မှာ နှစ်ပိုင်း ကျိုးသွားခဲ့သည်။

ဖူး!

သွေးတွေ တဟုန်ထိုး စီးကျလာသည်။

ဂိုဏ်းဆရာ အစောပိုင်းအဆင့်အတွက် အထွတ်အထိပ်နှင့် နှောင်းပိုင်းအဆင့်တို့ အကြား ကွာခြားချက်မှာ အလွန်ဝေးကွာသည်။ ၎င်းတို့သည် တူညီသောအဆင့်တွင် လုံးဝမရှိသည့်အပြင် တစ်ပြိုင်နက်တည်း လှုပ်ရှားမှုလာသည်ကိုပင် တွန်းလှန်ရန် ခက်ခဲသည်။

"သခင်ငယ်လေး……"

ပစ်ထုတ်ခံရပြီးနောက် မုယန်ဖုန်း၏ မျက်နှာသည် ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။ အဝေးက လူသုံးယောက် ဝိုင်းနေသော လုရွှမ်ကိုကြည့်ရင်း မကျေမနပ်ဖြစ်ကာ ရှည်လျားစွာ ဟစ်အော်ရင်း မြေပြင်ပေါ် ခြေချစောင့်၍ သူ့ဆီပြန်ပြေးလာခဲ့သည်။

ထောင်ချောက်ထဲ မိမိဘာသာ ဝင်ချလတာကို မြင်တော့ ဂိုဏ်းဆရာနယ်ပယ် သုံးယောက်က သူ့ကို မတားဘဲ သေနေတဲ့လူကို ကြည့်နေသလို သနားစိတ်ဖြင့် သူတို့နှစ်ယောက်ကို ဝိုင်းထားလိုက်၏။

သူတို့သုံးယောက် ဝိုင်းရံထားတဲ့ လူက ဂိုဏ်းဆရာနယ်ပယ် အစောပိုင်းအဆင့်လေးသာ ဖြစ်ပေသည်။ သူတို့မျက်လုံးထဲမှာတော့ မကြာခင် သေရတော့မယ့် လူတစ်ယောက်လိုပဲ ဖြစ်လေသည်။

"ချင်မိသားစုက ပို့လိုက်တာမလား"

ထိုလူသုံးယောက်၏ စွမ်းအားကို ခံစားမိပေမယ့် လုရွှမ်သည် စိတ်မပူဘဲ သူ့လက်ကို နောက်သို့ပစ်လျက် အေးစက်စွာ ကြည့်လိုက်သည်။

"ကောင်လေး....အပိုစကားတွေ ပြောမနေနဲ့.... မင်းအပြစ်တင်ချင်ရင် စကားပြော မဆင်ခြင်ဘဲ ကိုယ့်သေလမ်းကို ရှာတဲ့ မင်းကိုယ်မင်းပဲ အပြစ်တင်လိုက်တော့!"

အထွတ်အထိပ် အဆင့်နဲ့လူက အော်ဟစ်လိုက်သည်။

အသံသည် တမင် ဖိနှိပ်ထားပုံပေါ်ပြီး အနည်းငယ် ဘဝင်မြင့်တဲ့ အသံမျိုးလည်း ပါဝင်ပေ၏။

"မင်းတို့နှစ်ယောက် ဒီဂိုဏ်းဆရာနယ်ပယ်ကို ရှင်းထား.... ဒီကလေးကို ငါနဲ့ထားခဲ့လိုက်.... ငါ သူ့ကို ဖြည်းဖြည်းချင်း သတ်ပစ်လိုက်မယ်....ပြီးတော့ စီးပွားရေးလုပ်ဖို့ ပြန်ခေါ်သွားရမယ်"

အထွတ်အထိပ် အဆင့်လူက ထပ်ပြောလေ၏။

သူ့အမြင်အရတော့ သူတို့ရှေ့မှာ နှစ်ကောင်ပိတ်မိနေပြီဖြစ်တဲ့ သိုးတွေကို အလိုအလျောက် သတ်ပစ်နိုင်သည်။

နည်းနည်းလေး သတိထားထိုက်တာက သူ့ရှေ့က အစေအပါးဖြစ်တဲ့ ဂိုဏ်းဆရာနယ်ပယ်ပဲ။ ဒီကလေးကတော့ အတုတံဆိပ်နယ်ပယ်ရဲ့ အစောပိုင်းအဆင့်မှာပဲ ရှိသေးသည်။ ဂိုဏ်းဆရာနယ်ပယ်ကို အစေခံအဖြစ် သိမ်းသွင်းထားနိုင်တာက အနည်းငယ် အံ့သြစရာ ကောင်းပေသည်။

"သခင်ငယ်လေး....ကျုပ် သူတို့ကို အပြင်းအထန် ခုခံထားပေးမယ်... သခင်လေး လွတ်မြောက်ဖို့ နည်းလမ်းရှာလိုက်ပါ...နောက်မှ ကျုပ်အတွက် လက်စားချေပေးလို့လည်း ဖြစ်တယ်..."

ထိုလူသုံးယောက်၏ ဖိနှိပ်မှုကို ခံစားရင်း သွားများကိုကြိတ်ကာ လက်သီးကို တင်းတင်း ဆုပ်ထားရင်း မုယန်ဖုန်းသည် သူ့ခန္ဓာကိုယ်တွင် ပြင်းထန်သော နာကျင်မှုကို ထိန်းထားလျက် လုရွှမ်ထံသို့ အသံတစ်ခု အမြန်ပို့လိုက်သည်။

"သူတို့သုံးယောက်က.... ကျုပ်တို့ရဲ ရန်ဘက်တွေ မဟုတ်ဘူး.... တားလို့လည်း မလွယ်ဘူး...သခင်လေး မြန်မြန် မလှုပ်ရှားရင် လွတ်မြောက်နိုင်မှာ မဟုတ်ဘူး"

"မလွတ်မြောက်နိုင်ဘူးလား? မလွတ်မြောက်နိုင်မှတော့ အားလုံးကို သတ်ပစ်လိုက်တာပေါ့!"

လုရွှမ်က ထွက်လာပြီး သူ့ဘေးနားက လူသုံးယောက်ကို ကြည့်ကာ အေးစက်စွာ ပြုံးလိုက်သည်။

"သူတို့အားလုံးကို သတ်လိုက်မယ်? သခင်လေး!"

ဒါကိုကြားတော့ မုယန်ဖုန်း အံ့အားသင့်သွားကာ သူ့မျက်နှာက တုန်လှုပ်သွားပြီး ရူးလုမတတ် ဖြစ်သွားသည်။

သခင်လေး ဒါကသုံးယောက်နော်။ အဆိုးဆုံးက အားလုံးဟာ နှောင်းပိုင်းအဆင့်ကို ရောက်နေပြ ငါတို့နှစ်ယောက် ပေါင်းပြီး တိုက်ခိုက်ရင်တောင် မလွတ်မြောက်နိုင်ဘူး။ ဘယ်လိုသတ်ကြမှာလဲ?

"ငါတို့အားလုံးကို သတ်မယ်? ဒီကလေးက ရူးနေတာလား"

"သူ ကြောက်ပြီး တုံးသွားတာ ထင်တယ်....သူက သူ့ကိုယ်သူ ဂိုဏ်းဆရာနယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်က သခင်ကြီးလို့ ထင်နေတာလား?"

"ကောင်လေး....မင်းက အရမ်းရူးနေတာပဲ မူလက မင်းကို စီးပွားရေးလုပ်ဖို့ ဖမ်းချင်ပေမယ့် အခု စိတ်ပြောင်းသွားပြီ။ မင်းကို ဖြည်းဖြည်းချင်း ညှဉ်းပန်းနှိပ်စက်ပြီး မာနကြီးတဲ့ အရသာနဲ့ နောက်ဆက်တွဲတွေကို မင်းသိအောင် ပြောပြရမယ်"

သခင်သုံးယောက်သည် မူလက လူငယ်လေးသည် စကားမပြောနိုင်လောက်အောင် ထိတ်လန့်သွားသည်ဟု ထင်ခဲ့ကြကာ တစ်ဖက်လူက မကြောက်ရုံသာမက မောက်မာလွန်းသဖြင့် သူတို့အားလုံးသည် ကျေနပ်နေသော မျက်နှာထားနှင့် ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။

"မင်းတို့ရဲ့ ချင်မိသားစုကို ငါအခွင့်အရေးပေးခဲ့တယ်....မင်းတို့နဲ့ ပြဿနာဖြစ်ရဖို့ ငါစိတ်တောင် စိတ်မ၀င်စားခဲ့ဘူး!"

လုရွှမ်က လူသုံးယောက်ကို လက်နှစ်ဖက် နောက်ပစ်လျက် ကြည့်လိုက်နေရင်း တစ်ဖက်လူတွေရဲ့ ဇစ်မြစ်နှင့် အထောက်အထားများကို သူခန့်မှန်းပြီးပြီ ဖြစ်သည်။

အရင်က မမြင်ဖူးပေမယ့် အဓိက မိသားစုသုံးခုနှင့် တော်ဝင်မိသားစုကလွဲရင် ဝူယန်အင်ပါယာမှာ ဒီလိုမျိုးပေါ်ထွက်လာနိုင်တာ တခြားသူ မရှိနိုင်ဘူးလေ။

တော်ဝင်မိသားစုက သူ့ကို ဘုရင်ရွှမ်လို့ အမည်အပ်နှင်းထားတာမို့ ဘာမှလုပ်လို့ မရဘူး။ ဟန်မိသားစုနဲ့ ဟန်ရောင်တို့ဟာ သူ့ရဲ့ အခြွေအရံတွေ ဖြစ်နေကြတာ ကြာပါပြီ။ ကျောက်မိသားစုက သူနဲ့ ပဋိပက္ခ မရှိထားပါဘူး။

ချင်မိသားစုကသာ လှုပ်ရှားနိုင်တာမို့ မတွေးဘဲနှင့်ပင် သိနိုင်သည်။

"မောက်မာနေချက်!! မင်းက သေချင်နေပြီဆိုတော့လည်း ငါမင်းကို ဖြည့်ဆည်းပေးရတာပေါ့!"

ထိုလူငယ်ကို သူတို့သုံးယောက်ဟာ ဘယ်သူလဲ မဖော်ပြထားသော်လည်း ချင်မိသားစုကို တိုက်ရိုက်ရည်ညွှန်းသည့် အသံကိုကြားတော့ သူ့ရှေ့တည့်တည့်တွင် ရပ်နေသော နှောင်းပိုင်းဆရာကြီး တစ်ဦးက သည်းမခံနိုင်တော့ပေ။

ဟိန်းဟောက်သံနှင့်အတူ ဒါဇင်နှင့်ချီကာ ဓားအလင်းများသည် သူ့လက်ထဲက ဓားရှည်ကြီးကနေ တည့်တည့် ပြေးထွက်သွားသည်။ တစ်ချိန်တည်းမှာပင် ထိုလူက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပါ၏။

ဓားအလင်းသည် သူ့ရှေ့တွင် ကြီးမားသော လှိုင်းလုံးကြီး တစ်ခုကဲ့သို့ ပေါ်လာသည်။ သူသည် ဓားစွမ်းအင်ဖြင့် အထိုးခံလိုက်ရလျှင် နေရာတွင်ပင် မလွဲမသွေ သေသွားရမည်မှာ သေချာလေ၏။

သေမျိုးအဆင့်မြင့် သိုင်းပညာ၊ လေပွေဓား။

ဓားတစ်ချောင်း ထုတ်လိုက်သဖြင့် လေသည် ကြီးမားသော လေစီးကြောင်းထဲသို့ စိမ့်ဝင်သွားပြီး ထွက်ပေါက်လမ်းကြောင်းအားလုံးကို ပိတ်ဆို့ကာ တူညီသော အဆင့်ရှိ လူများကိုပင် ခုခံရန် ခက်ခဲသွားစေသည်။

ဝှစ်!

ဓားသွား လာတာမြင်ပေမယ့် လုရွှမ် မရှောင်တိမ်းဘဲ တစ်ဖက်လူက သူသေတော့မယ်လို့ တွေးလိုက်ချိန်မှာပဲ သူ့မျက်လုံးရှေ့မှာ လေတွေ တဟုန်းဟုန်း တိုက်ခတ်လာပြီး အလင်းတန်းတွေ ရုတ်တရက် လင်းထိန်သွားသည်။

ဗုန်း!

မျက်စိတစ်မှိတ်အတွင်း မီတာရာနှင့်ချီသော အကွာအဝေးအထိ တိမ်တိုက်များက ဖုံးလွှမ်းသွားကာ မူလနေရာကို မမြင်နိုင်တော့ပေ။

"ဒါ အခင်းအကျင်း ဖွဲ့စည်းမှုတစ်ခုပဲ!"

ရုတ်တရက် ပတ်ဝန်းကျင်က ပြောင်းလဲသွားတာကြောင့် သူတို့ သုံးဦး၏ မျက်နှာများ ထိတ်လန့်အံ့သြသွားသည်။

လူငယ်ရဲ့လက်ထဲမှာ အဆင့်၈ အထက် အစွမ်းထက်တဲ့ အခင်းအကျင်းတစ်ခု ရှိနေမယ်လို့ မထင်ထားခဲ့ချေ။

ဤအခိုက်အတန့်တွင် လူငယ်သည် ဘာကြောင့် သူတို့ကို စိတ်အနှောင့်အယှက် ဖြစ်စေရန် မောက်မာသော စကားလုံးများကို တမင်သုံး၍ ပြောဆိုနေခြင်းကို နားလည်သွားသည်။

အခင်းအကျင်း တံဆိပ်ပြားကို အသက်သွင်းရန် အချိန်ယူရပြီး တစ်ဖက်လူက သူတို့ကို တမင်နှောင့်နှေးစေကာ တစ်ရှိန်ထိုး အသက်သွင်းခြင်းသာ ဖြစ်သည်။

သူ့ခွန်အားက သိပ်မကောင်းပေမယ့် အခင်းအကျင်း ထိန်းသိမ်းမှု အကူအညီနဲ့ သူတို့ကို တိုက်ခိုက်ဖို့ လူငယ်ကသူ့ဘာသာ လှုပ်ရှားနိုင်ပြီ။

"အားလုံး စိတ်မလှုပ်ရှားကြနဲ့! ဒါက ဝင်္ကပါ အခင်းအကျင်းတစ်ခုပဲ... ငါတို့ကို အန္တရာယ် မပေးနိုင်ဘူး လူတိုင်း ဓားစွမ်းအင်ကို ထုတ်ပြီး သတ်ဖို့ လက်ချင်းချိတ်ထားသရွေ့ အခင်းအကျင်း ဖွဲ့စည်းမှုဟာ သူ့အလိုလို ပျက်စီးသွားမှာပဲ!"

လူသုံးယောက်သည် တခဏမျှသာ အံ့အားသင့်သွားပြီး တစ်ယောက်က ကျယ်လောင်စွာ အော်လိုက်သည်။

အခင်းအကျင်းကို ချိုးဖျက်ရန် အကောင်းဆုံးနည်းလမ်းမှာ အခင်းအကျင်းကို အသက်သွင်းပေးခဲ့သော လူကို သတ်ပစ်ရန် ဖြစ်သည်။ ဤလူသေဆုံးသွားသည်နှင့် ဝိညာဥ်စွမ်းအင် ပံ့ပိုးမှုမရှိဘဲ သဘာဝကျကျ ကွယ်ပျောက်သွားမည်ဖြစ်သည်။

All Chapters