← Chapters

ကူယ

Vol. 14 Ch. 2.46

ကူယ

Vol. 14 Ch. 2.46

ဘဏ္ဍာထိန်းသည် ကြောက်လန့်နေသော်လည်း လုရွှမ်၏ မေးမြန်းမှုအောက်တွင် ထူးဆန်းသော အဘိုးအိုနေထိုင်သည့် နေရာအား နောက်ဆုံးတွင် ပြောပြလိုက်ရသည်။

သူ့ရဲ့မိတ်ဆက် စကားများကနေ တစ်ဆင့် ဒီထူးဆန်းတဲ့ အဘိုးအိုအကြောင်း နည်းနည်း သိလာခဲ့သည်။ တစ်ဖက်လူ ပြောသည့်အတိုင်းပင် ထူးဆန်းလှသည်။

ထိုလူသည် မဝေးလှသော ခြံဝင်းတစ်ခုတွင် နေထိုင်ပြီး တစ်နှစ်ပတ်လုံး ထွက်ခဲသော်လည်း ဝူယန်တော်ဝင်မြို့တွင် အဖိုးတန် ဆေးဖက်ဝင်ပစ္စည်းများ ရှိလာသည့်အခါတိုင်း သူသည် ၎င်းတို့ကို ဝယ်ယူသွားတတ်သည်။

အသက်မွေးဝမ်းကြောင်းအတွက် သူဘာလုပ်မှန်း မသိပေမယ့် သူ့ပိုက်ဆံတွေက ကုန်ခန်းလုနီးပါး ဖြစ်တဲ့အထိ ဆေးပင်တွေ အများကြီးဝယ်ပေမယ့် အဂ္ဂိရတ်ဆေးလိုမျိုး ပစ္စည်းတွေရောင်းတာကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။

အဂ္ဂိရတ်ဆရာအသင်း၏ အဖွဲ့မှူးဖြစ်သည့် အဂ္ဂိရတ်ပညာရှင် ဆရာကြီးကူယသည် အဂ္ဂိရတ်ဆေးကို သန့်စင်ရန် ဆေးပင်ပစ္စည်း တချို့ သူ့တွင် ရှိနေသည်ကို သိသဖြင့် အထူးအလည်အပတ် သွား၍ အံ့သြနိုင်လောက်တဲ့ ဈေးတစ်ခု ပေးခဲ့သည်။

ထိုလူက ဆေးလဲလှယ်ခြင်းကို သဘောမတူတဲ့အပြင် လူတွေ ဝင်မလာစေရန် တံခါးကို တိုက်ရိုက်ပိတ်သွားခဲ့သည်။

အဆင့်၈ အဂ္ဂိရတ်ဆေးဆိုတာ ငွေနဲ့ဝယ်လို့မရတဲ့ ရတနာတစ်ခုပဲဲ ဖြစ်သည်။ ဆေးပင် ဝယ်ရုံနဲ့ကို တစ်ဖက်လူက ရူးသွားနိုင်သည်။ သူ အဘိုးအိုနာမည်ကို အပြစ်မတင်တော့ဘဲ ခေါင်းညိတ်လိုက်သည်။

"သူ့မှာ ရှားပါးတဲ့ ဆေးဖက်ဝင်ပစ္စည်းတွေ အများကြီး ရှိတယ်ဆိုတာ မင်းသိရဲ့သားနဲ့ ဘာလို့အချိန်ကုန်ခံပြီး သွားမဝယ်တာလဲ?"

တစ်ဖက်မှ မုယန်ဖုန်းလည်း သိချင်စိတ်ဖြင့် မေးလိုက်သည်။

သူပြောတာက သွေးထွက်သံယို ဖြစ်စေနိုင်ပေမယ့် ဒါက ရတနာသိုက်ပဲ မဟုတ်လား။

သူ၏စည်းစိမ်ဥစ္စာကို ထုတ်ဖော်ပြသခြင်း မရှိသည့်အပြင် သူ့တွင် ရှားပါးဆေးဝါး များစွာရှိကြောင်း လူတို့အား မက်မောစိတ် ဖြစ်ပေါ်လာရန် လွယ်ကူလေသည်။

"သူလည်း အဂ္ဂိရတ်ပညာရှင်လည်း ဟုတ်တယ်... ပြီးတော့ အဖွဲ့မှူးလို အဆင့်၈ကို ရောက်နေပြီလေ အဆင့်၈ အဂ္ဂိတ်ရတ်ပညာရှင် တစ်ယောက်ဆီကနေ ပစ္စည်းသွားလုပ်ရမယ်ဆိုတာ အသက်၁၀ခု ရှိရင်တောင် မလုပ်ရဲပါဘူး...."

ဘဏ္ဍာထိန်းက ခါးသက်စွာ ပြုံးလိုက်သည်။

"အဆင့်၈ အဂ္ဂိရတ် ပညာရှင်လား?"

လုရွှမ် နားလည်သွားသည်။

အဂ္ဂိရတ်ပညာရှင် များကို အဂ္ဂိရတ်ပညာရှင် အဖွဲ့မှ ကာကွယ်ထားသည်။ ၎င်းတို့တွင် လေးစားဖွယ်ကောင်းသော အဆင့်အတန်း ရှိပြီး တိုက်ခိုက်ဝံ့ပါက သူ့အတွက် ထိုလူအား မရေမတွက်နိုင်သော ကျင့်ကြံသူများက ဝိုင်းရံထားလိုက်မှာ ဖြစ်သည်။

အဂ္ဂိရတ်ပညာရှင်၏ အထောက်အထား ရှိခြင်းသည် သဘာဝကျကျ အကာအကွယ် သင်္ကေတတစ်ခုဟု ဆိုနိုင်သည်။

သူ့အား စံနမူနာ ယူကြည့်ရရင် ယခု သူသည် အဆင့်၉ အဂ္ဂိရတ်ပညာရှင်တစ်ဦး အဖြစ် အရည်အချင်း ပြည့်မီပါက သူအောင်မြင်သည်နှင့် ဝူယန် ဘုရင်မင်းမြတ်ပင်လျှင် သူ့အား ဘာမှလုပ်ဝံ့မည် မဟုတ်ပေ။ သူ့ကိုပင် လေးစားပြီး သူ့စကားကို နည်းနည်းလေးမှ ငြင်းပယ်ဝံ့မည်မဟုတ်။

အဆင့်၉ အဂ္ဂိရတ်ပညာရှင် များသည် အစွမ်းအထက်ဆုံး သူများကို နောက်လိုက်များအဖြစ် အလွယ်တကူ ခေါ်ဝေါ်နိုင်သည်။ ဝူယန်အင်ပါယာသည် အလွန်အားကောင်း နေသော်လည်း ၎င်းတို့အား စော်ကားဝံ့မည် မဟုတ်ပေ။

အဆင့်၈ အဂ္ဂိရတ်ပညာရှင် များသည် အဆင့်၉ မှော်ဆေးဆရာများနှင့် အမှီမလိုက်နိုင်သော်လည်း ၎င်းတို့သည် ကြီးမားသော အားသာချက်ရှိပြီး အဂ္ဂိရတ်ပညာရှင် အဖွဲ့၏ အကာအကွယ်ဖြင့် သူ့ကိုထိရဲသူ ရှိမည်မဟုတ်ချေ။

"ဒီကသခင်လေး.... မင်းတို့သူ့ကို တကယ်သွားရှာမလို့လား? ဒါဆို သတိထားပါ... သူ့ကိုမစော်ကားမိစေနဲ့!"

သူ့ရှေ့ကလူက စိတ်ပိုင်းဖြတ်ထားပြီး ဖျောင်းဖျလို့မရကြောင်း ဘဏ္ဍာထိန်းမှာ ခန့်မှန်းမိသွားတဲ့အတွက် သူ့ကို သတိပေးလိုက်သည်။

"သတိပေးလို့ ကျေးဇူးတင်ပါတယ်!"

လုရွှမ်က ပြုံးကာ ခေါင်းညိတ်ပြရင်း စကားမပြောတော့ဘဲ ဆေးပင်ပစ္စည်းများကို ယူ၍ မုယန်ဖုန်းနှင့်အတူ ၎င်းပြောခဲ့သည့် လမ်းကြောင်းဆီသို့ လျှောက်သွားသည်။

အဂ္ဂိရတ်ပညာရှင်အဖွဲ့မှ ထွက်သွားပြီးနောက် လုရွှမ်သည် အခွင့်အရေးရှာဖို ကျောက်စိမ်းပြားထဲသို့ ဆေးပင်များကို ပစ်ထည့်လိုက်သည်။

မုယန်ဖုန်းသည် သခင်လေးတွင် မတူညီသော နည်းလမ်းများ ရှိသည်ကို သိရှိပြီး သူ့နေရာကိုလည်း နားလည်တာကြောင့် ဘာမှ မမေးခဲ့ပေ။

အဘိုးအိုနေထိုင်ရာ နေရာသည် မနီးမဝေးတွင် တည်ရှိပြီး အရှေ့စူးစူးကို ခဏမျှ လမ်းလျှောက်ပြီးနောက် သူတို့ရှေ့တွင် ခြံဝင်းငယ်တစ်ခုကို တွေ့လိုက်ရသည်။

ခြံဝင်းတံခါးကို တင်းတင်းကြပ်ကြပ် ပိတ်ထားပြီး တံခါးပိတ် ဧည့်သည်များကို ကျေးဇူးတင်ကြောင်း ဆိုင်းဘုတ်တစ်ခုကိုပါ ထောင်ထားရာ အိမ်ရှင်၏ ဂရုမစိုက်မှုကို ပြသနေသည်။

"ခေါက်လိုက်!"

ရှေ့ကိုရောက်လာတော့ လုရွှမ်က အမိန့်ပေးလိုက်သည်။

"သခင်လေး.... ဘဏ္ဍာထိန်းက ဒီအဘိုးအိုက ထူးဆန်းတယ်လို့ ပြောဖူးတယ်.... ညသန်းခေါင်မှာ တံခါးလာခေါက်ရင် သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေပြီး ဆေးပစ္စည်းတွေ မရောင်းတော့ဘဲ ဖြစ်သွားရင်"

မုယန်ဖုန်း အနည်းငယ် စိုးရိမ်သွားသည်။

တစ်ဖက်လူက အရမ်းထူးဆန်းနေပြီး တစ်ယောက်ယောက်က ညနက်သန်းခေါင်မှာ တံခါးလာခေါက်တဲ့အခါ တစ်ဖက်က ဒေါသတကြီး တုံ့ပြန်လာရင် ဘယ်လိုလုပ်မလဲ။

"မင်းတံခါး ခေါက်လိုက်ရင် ရပြီ!"

လုရွှမ် ပြန်မဖြေဘဲ ပြုံးလိုက်သည်။

ထူးဆန်းသည်ဖြစ်စေ မထူးဆန်းသည်ဖြစ်စေ လူသားတစ်ဦး ဖြစ်သရွေ့ လိုချင်တပ်မက်မှုများနှင့် လိုက်စားမှုများ ရှိနိုင်သည်။ ဤလူသည် အဂ္ဂိရတ်ပညာရှင် ဖြစ်သောကြောင့် တစ်ဖက်လူအား နာခံမှုရှိရှိဖြင့် ဆေးပင်များ ထုတ်ယူခွင့်ပြုရန် လုံလောက်သော ယုံကြည်မှုရှိသည်။

"ကောင်းပြီ!"

သခင်လေးသည် အကြံဥာဏ်ကို နားမထောင်သည်ကို မြင်လိုက်ရသဖြင့် မုယန်ဖုန်းလည်း ခေါင်းခါကာ ရှေ့သို့လှမ်း၍ တံခါးကို ခေါက်လိုက်သည်။

ဒုန်း ဒုန်းဒုန်း

တိတ်ဆိတ်သောညတွင် အသံသည် အလွန်ကျယ်လောင်ပြီး ကြည်လင် ပြတ်သားစွာ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး ပဲ့တင်သံ ထပ်သွားစေသည်။

ထူးဆန်းတဲ့ အဘိုးကြီးရဲ့ ခြံတံခါးက မပွင့်လာဘဲ တစ်ဖက် ခြံဝင်းတစ်ခုက ဖြည်းညှင်းစွာပွင့်လာပြီး အဘိုးကြီးနဲ့ မီးပုံးကိုင်ထားတဲ့ အစောင့်တစ်ယောက် အထဲမှ ထွက်လာ၏။

"ညလယ်ကြီးမှာ မင်းဒီကိုဘာလုပ်ဖို့ တံခါးခေါက်နေတာလဲ? ကိစ္စရှိရင် မနက်ဖြန်မှ လာပေါ့!"

အဘိုးအိုသည် လုရွှမ်တို့ နှစ်ယောက်ကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

"အိုး? ခင်ဗျားက ထူးဆန်းတဲ့ အဘိုးကြီးလား"

လုရွှမ်က တစ်ချက်ကြည့်လိုက်သည်။

"သေချာပေါက် ငါက ထူးဆန်းတဲ့ အကြီးအကဲ မဟုတ်ဘူးပေါ့"

အဖိုးအိုက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

"မဟုတ်ရင်... သူ့တံခါးကို ကျုပ်ခေါက်နေတာ ခင်ဗျားနဲ့မဆိုင်ဘူး"

လုရွှမ် ဒီလာရှုပ်တဲ့လူကို ဂရုမစိုက်ဘဲ မုယန်ဖုန်းကို တံခါး ဆက်ခေါက်ဖို့ လှုံ့ဆော်လိုက်သည်။

"မင်း"

မထင်မှတ်ပဲ ဒီကောင်လေးက ဒီလိုပြောလာတော့ အဘိုးကြီးရဲ့ မျက်နှာက ဒေါသတကြီး နီရဲလာတော့သည်။

မီးပုံးကိုင်ဆောင်သူသည် ရှေ့သို့ စူးစူးဝါးဝါး စိုက်ကြည့်လျက်

"ငါတို့သခင်ကို ဒီလိုပြောရဲတယ်ပေါ့...ငါတို့သခင်က ဘယ်သူလဲ သိလား?"

တစ်ဖက်ကို ကြည့်လိုက်ပြီး လုရွှမ် ဂရုမစိုက်တော့ချေ။

မင်းဘယ်သူပဲဖြစ်ပါစေ မင်းကိုရှာဖို့ ငါလာခဲ့တာ မဟုတ်ဘူး။

ဒုန်းဒုန်းဒုန်း!

မုယန်ဖုန်း တံခါးထပ်ခေါက်ပြန်သည်။

တိုက်ရိုက် လျစ်လျူရှုခံရဖို့ မမျှော်လင့်ထားတဲ့ အစေခံက ဒေါသမျက်နှာနဲ့ ရှေ့ကို တိုးသွားကာ

"ငါတို့ သခင်က အဂ္ဂိရတ်ဆရာအသင်းရဲ့ ခေါင်းဆောင် အဖွဲ့မှူး ဆရာကြီးကူယပဲ!! သူ့စကားတွေကို ချေပရဲရအောင် မင်းတို့က သေချင်နေတာလား!"

"ဆရာကြီးကူယ?"

လုရွှမ် အနည်းငယ် ထိတ်လန့်သွားသည်။

အဂ္ဂိရတ်ပညာရှင် အဖွဲ့ရှိ ဘဏ္ဍာထိန်းထံမှ ယခုလေးတင် ကြားသိခဲ့ရသော်လည်း ခဏအတွင်း မြင်တွေ့ရမည်ဟု မမျှော်လင့်ထားပေ။

ဤအဘိုးအိုသည် ဝူယန် တော်ဝင်မြို့တော်ရှိ အဂ္ဂိရတ်ပညာရှင် အဖွဲ့၏ဥက္ကဌဖြစ်ပြီး အဆင့်၈ အဂ္ဂိရတ်ပညာရှင် ဖြစ်သည်။

ဒီလူက ထူးဆန်းတဲ့ အဘိုးကြီးဆီက ဆေးဝယ်ချင်ပေမယ့် မအောင်မြင်တာကြောင့် လမ်းတစ်ဖက်မှာ နေထိုင်ဖို့ တိုက်ရိုက်ပြောင်းရွှေ့ နေထိုင်ခဲ့သည်။ သူ့မှာ ဘာအစီအစဉ်ရှိလဲတော့ မသိပါ။

မည်သို့ပင်ဆိုစေကာမူ သူသည် ထိုကိစ္စများကို ဂရုမစိုက်ပေ။ လုရွှမ် သူ့ခေါင်းကို လှည့်ကာ မုယန်ဖုန်းကို ဆက်လက်ကြည့်ကာ

"တံခါးခေါက်နေ!"

"ဟုတ်!" မုယန်ဖုန်းက မရပ်ဝံ့ဘဲ တံခါးကို လက်သီးနဲ့ထိုးလိုက်ရာ "ဗုန်း"ကနဲ ဖြစ်သွားသည်။

"မင်း"

လုရွှမ်၏ လုပ်ရပ်ကို ကြည့်ရင်း အစေခံများနှင့် အဘိုးကြီးကူယမှာ အနည်းငယ် ရူးသွပ်သွားခဲ့သည်။

ဝူယန်အင်ပါယာရဲ့ အဂ္ဂိရတ်ပညာရှင် အဖွဲ့မှူးနေရာသည် ဘုရင်မင်းမြတ်ထက် မဆိုးလှချေ။ ဝူယန်အင်ပါယာထဲမှာ ရှိတဲ့ လူတိုင်းဟာ သူ့အဆင့်အတန်းကို မလေးစားဘူးဆိုတာ မရှိဘူး။ ရိုင်းစိုင်းတဲ့ စကားတစ်ဝက်ကိုတောင် မပြောရဲကြဘူး။

သူ့ရှေ့က လူငယ်လေးက ကောင်းပါ၏။ ၎င်းကချက်ချင်းပဲ သူ့ကို လျစ်လျူရှုသွားသည်။

"ငါပြောတာကို မင်းတို့ကြားလား? ငါတို့သခင်က အဆင့်၈ အဂ္ဂိရတ်ဆရာပဲ!"

အစောင့်က တစ်ဖက်က နားမလည်ဘူးလို့ ထင်ပြီး ထပ်ပြီး ကြိမ်းမောင်းလေ၏။

"ငါကြားတယ်လေ.... အဆင့်၈ အဂ္ဂိရတ်ဆရာက အဂ္ဂိရတ်ဆရာပဲ မလား... ငါနဲ့ဘာဆိုင်လို့လဲ? ငါက ထူးဆန်းတဲ့ အဖိုးအိုကို ရှာနေတာ သူ့ကို မဟုတ်ဘူး!"

လုရွှမ် ခေါင်းယမ်းလိုက်သည်။

"မင်း"

ဒါကိုကြားတော့ အစေခံက မူးလဲလုမတတ် ဖြစ်သွားသည်။

အဆင့်၈ အဂ္ဂိရတ်ဆရာကြီး။ သူသွားလေရာရာ နေရာတိုင်းက လူတွေ ကြည်ညိုလေးစားသော အဂ္ဂိရတ်ဆရာကြီးကို ဤလူသည် သူနှင့် ဘာမှမဆိုင်ဟု အမှန်ပင် ပြောခဲ့သည်။

ကောင်လေး မင်းမှာ အသိတရား ရှိရဲ့လား။

အဂ္ဂိရတ်ပညာရှင်နှင့် မိတ်ဖွဲ့ခြင်းမှ ရရှိမည့် အကျိုးကျေးဇူးများကို မသိလေသလား။ အဂ္ဂိရတ်ပညာရှင်ကို စော်ကားပါက မည်ကဲ့သို့ ပေးဆောင်ရမည်ကိုရော မသိတာလား။

တစ်ခုခုကို ပြောချင်နေသေးတော့ ဆရာကြီးကူယက သူ့ကို တားဖို့ လက်ကို ဆန့်တန်းပြီး သူ့မျက်လုံးတွေကို ရှေ့ကို လှမ်းကြည့်လိုက်သည်။

"သူငယ်ချင်းလေး...မင်းက ဘယ်သူလဲ မသိဘူး ငါ့ရဲ့ အဆင့်၈ အဂ္ဂိတ်ရတ်ပညာရှင် အဆင့်အတန်းကိုတောင် မင်း ဂရုမစိုက်ဘူး.... ဒါပေမဲ့ အခုက မှောင်နေပြီ... အကြီးအကဲလည်း အနားယူနေလောက်ပြီ ဘာကိစ္စရှိရှိ နောက်နေ့မှ ပြောရအောင်လား"

All Chapters