← Chapters

ဝိညာဥ်လဲလှယ်ဆေး

Vol. 14 Ch. 2.48

ဝိညာဥ်လဲလှယ်ဆေး

Vol. 14 Ch. 2.48

ထူးဆန်းသော အဘိုးအို၏ အပြုအမူကို မြင်တော့ လုရွှမ်က အနည်းငယ် ပြုံးလိုက်သည်။

"ဒါကို မင်းဘယ်လိုသိတာလဲ? သူလား ဒါမှမဟုတ် သူလား?"

အခန်းထဲသို့ လျှောက်လာရင်း ထူးဆန်းသော အဖိုးအိုသည် မဝေးလှသော နေရာမှ ကောင်လေးနှစ်ယောက်ကို စိုက်ကြည့်နေသည်။

အစက ဒီလူငယ်လေးဟာ သူ့ဆေးပင်တွေကို လာဝယ်တာလို့ ခံစားခဲ့ရပြီး အခုအချိန်မှသာ သူ ရှင်းရှင်းလင်းလင်း သိသွားခဲ့သည်။

"သခင်....ကျွန်တော်တို့ မဟုတ်ပါဘူး.... "

သူ့သံသယတွေကို မြင်လိုက်ရတော့ ကောင်လေးနှစ်ယောက်က ကြောက်ရွံ့ထိတ်လန့်တဲ့ အမူအရာတွေနဲ့ မြေပြင်ပေါ် ကမန်းကတန်း ဒူးထောက် ထိုင်ချလိုက်သည်။

သခင်ကို သစ္စာဖောက်ခြင်းသည် ကြီးလေးသော ရာဇ၀တ်မှုဖြစ်ပြီး သူတို့ကို နေရာတွင်ပင် သတ်ပစ်နိုင်သည်။

"သူတို့ကို အပြစ်မတင်ပါနဲ့!"

လုရွှမ်က သူမရှင်းပြရင် တစ်ဖက်လူက ရိုင်းစိုင်းစွာ တွေးနေလိမ့်မည်။ တခြားသူတွေကို အသုံးချမိရင် မကောင်းဘူးလို့ ခံစားရတာကြောင့် သူက ချက်ချင်း ပြုံးလိုက်ပြီး

"ခြံထဲကို ဝင်လိုက်တာနဲ့ မီးလောင်ထားတဲ့ အနံ့သင်းသင်းလေး ရလိုက်တာ... နဂါးပွဲတော်မြက်ရဲ့ ထူးခြားချက်ပဲ ဆေးမီးဖိုက အဝေးမှာရှိနေပေမယ့် အပြာနုရောင် အခိုးအငွေ့နဲ့ ဖုန်မှုန့်တွေ ထွက်လာတာကို ရှင်းရှင်းလင်းလင်း တွေ့မြင်ရတယ်လေ...အဲဒါကလည်း ကျဲ့လန်ဆေးပင်ရဲ့ ထူးခြားချက်ပဲ.... ပြီးတော့ အငွေ့က အရမ်းပါးလွှာတယ် အဲဒါက နှစ်မပြည့်သေးတဲ့ အတွက်ပဲ မဟုတ်လား?"

"ကျဲ့လန်တွေနဲ့ နဂါးပွဲတော်မြက်တွေကို ဆေးအဖြစ် ရောနှောသန့်စင်လို့ မရဘူး....ကြားခံအနေနဲ့ သုံးတာကလွဲလို့ပေါ့ နောက်ပြီး သက်တမ်းက မမြင့်ဘူးတာမို့ ရေခဲဝိညာဉ်ကို ချေဖျက်ပေးဖို့ မစွမ်းနိုင်ဘူးလေ ဒါကြောင့် ကောက်ချက်ချရတာ သိပ်မခက်ပါဘူး"

"ဒီဆေးပင်ပစ္စည်းနှစ်ခုကို တပြိုင်နက်တည်း ပေါင်းထည့်ပြီး သန့်စင်ရတဲ့ ဆေးလုံးက အများကြီး မရှိပါဘူး.... သူတို့အားလုံးက သေမျိုးအဆင့်ကို ရောက်သွားပြီ မင်းရဲ့ စိတ်စွမ်းအား အတိုင်းအတာက ဘာကြောင့် ပြန်ကောင်း မလာသေးတာလဲဆိုတော့ အတင်းအကြပ် သန့်စင်နေလို့ဆိုတာ ရိုးရှင်းပါတယ်... မီးလောင်ထားတဲ့ အရေပြားလို အနံ့ဆိုးပဲဖြစ်ဖြစ် ကျဲ့လန်ရဲ့ မီးခိုးကြောင့်ပဲ ဖြစ်ဖြစ် အားလုံး ပေါင်းစည်းနေဖို့ လိုတယ်.. အဂ္ဂိရတ်ပညာရှင်တိုင်းက အဆင့်မြင့် ဆေးလုံးတွေကို သန့်စင်ချင်ကြတယ်...ဒါပေမဲ့ အရေးကြီးဆုံး အချက်က ဆေးဖက်ဝင် ဂုဏ်သတ္တိတွေကို ထိန်းသိမ်းထားဖို့ပဲ ခင်ဗျားရဲ့ စိတ်ဝိညာဉ်စွမ်းအား ပြန်လည်ကောင်းမွန် မလာရင် ဆေးတွေကို ဘယ်လိုမှ သန့်စင်ဖို့ မဖြစ်နိုင်ဘူး....ဒါ့အပြင် ကျုပ်လည်း ခင်ဗျားဘာကို သန့်စင်နေလဲ ခန့်မှန်းနိုင်မှာ မဟုတ်ဘူး...."

လုရွှမ်က ရှင်းပြလေသည်။

"မင်း မင်း……"

ဆက်ရှင်းပြဖို့ အဆင်ပြေပေမယ့် အခုရှင်းပြတာကို ကြားလိုက်တာနဲ့ အဖိုးအိုရဲ့ မျက်လုံးတွေက မြေပြင်ပေါ်ကို ကျသွားတော့မလို ဖြစ်နေပြီး သူ့မျက်နှာမှာ မယုံကြည်နိုင်စရာတွေနဲ့ ပြည့်နှက်နေပါ၏။

ကောင်လေးက ရိုးရိုးရှင်းရှင်း ပြောသွားပေမယ့် ကမ္ဘာပေါ်မှာ ဆေးဖက်ဝင်ပစ္စည်းတွေ အများအပြား ရှိတယ်ဆိုတာ သူသိထားပါ၏။ သန်းတစ်ရာမက ဆယ်သန်းကျော်မှာ သေချာလေသည်။

အပြာဖျော့ဖျော့ မီးခိုးနှင့် မီးလောင်နေသောအသား အနံ့ထွက်စေနိုင်သော အပင်ကလည်း ၁၈၀၀ခန့် ရှိပါသည်။ တစ်ချက်ကြည့်ရုံဖြင့် မှန်းဆချက်သည် အလွန်တိကျနေသည်။ သူ့ရှေ့မှလူသည် ဆေးပင်ပစ္စည်းများ ဂုဏ်သတ္တိများကို ကျွမ်းကျင်စွာ တတ်မြောက်မှုမှာ သူ့ထက် သာလွန်နေသကဲ့သို့ပင်။

ဒါက ဘယ်လိုဖြစ်ရတာလဲ!

တစ်ဖက်လူ၏ အံ့အားသင့်နေသည့် အကြည့်ကို မြင်လိုက်ရတော့ လုရွှမ်က ဘာမှ မပြောတော့ဘဲ ပေါ့ပေါ့ပါးပါး ပြုံးပြလိုက်သည်။

ခုနက သူပြောခဲ့တဲ့စကားက သူဝေဖန်လိုက်တဲ့ အခြေခံတစ်ခုပါပဲ။ ဟုတ်ပါတယ် သူပြောမထားတဲ့အရာတွေ ရှိနေတုန်းပါပဲ။ အဲဒါက သူအရင်က အစွမ်းထက်တဲ့ အဂ္ဂိရတ်ဆရာ ဖြစ်ခဲ့ဖူးလို့ပင်။

ဒါ့အပြင် နတ်မျက်စိအမှတ်ကိုလည်း ဖွင့်ထားတာကြောင့် အဂ္ဂိရတ်မီးဖိုပတ်လည်က မီးအရှိန်နဲ့ အပူချိန်ကစလို့ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်လေ၏။

တစ်ဖက်လူ၏ အသက်ရှုသံနှင့် ပတ်ဝန်းကျင် ဖွဲ့စည်းပုံများကို ပေါင်းစပ်လိုက်သောကြောင့် ယင်းတို့ကို ရှာဖွေရန် မခက်ခဲတော့ပေ။

၁၅ နှစ်သား ကျဲ့လန်ရွက်၊ နဂါးပွဲတော်မြက်နဲ့ ရေခဲဝိညာဥ်အပင်တို့ဟာ ဝူယန်အင်ပါယာတွင် သေမျိုးအဆင့်ကို ရောက်ရှိနေကြသော သီးသန့်ဆေးပင်များ ဖြစ်သည်။

"ဒီကိုလာတာ... ဒီမှာ ဘာလိုချင်လို့လဲ"

အံ့သြသွားပြီးနောက် အဘိုးအိုသည် သူအရင်ကလို မောက်မာမှု မရှိတော့ပေ။

အချိန်တိုလေးအတွင်းမှာ သူလုပ်ခဲ့တာတွေကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်တဲ့ ဒီကောင်လေးက ငယ်ရွှယ်ပေမယ့် သူ့မျက်လုံးထဲမှာတော့ သာမန်အသိတရားထက် ကျော်လွန်နေပြီ ဖြစ်ပြီး ကြီးကြီးမားမား ဟန်မဆောင်ရဲတော့ချေ။

"ကျုပ်အဂ္ဂိရတ်ဆေးလုံး သန့်စင်ဖို့အတွက် ပါဝင်ပစ္စည်း အနည်းငယ် လိုနေတယ်....ခင်ဗျားဆီမှာ အဲဒါတွေ ရှိတယ်လို့ ကြားတယ်...ကျုပ်ဝယ်ချင်လို့!"

လုရွှမ်က သူ့ရည်ရွယ်ချက်ကို ရှင်းပြသည်။

"ဆေးပင်တွေ ဝယ်ချင်လို့?"

ထူးဆန်းသော အဘိုးအိုက မျက်မှောင်ကြုတ်ကာ

"ဘယ်အမျိုးအစားလဲ"

"ဒီမှာ"

လုရွှမ်က ရေးထားတဲ့ စာရင်းကို လွှဲပေးလိုက်တယ်။

ထူးဆန်းသော အဘိုးအိုသည် စာရင်းကိုကြည့်၍

"ငါ့မှာ ဒီဆတေပင်တွေ ရှိပေမယ့် ငါအသုံးလိုနေတုန်းပဲ....အဲဒါတွေကို ရောင်းလို့မရဘူး!"

ဒီလူက အခုနကသူ့ကို လေးစားအားကျ နေတုန်းပဲ။ ဒါပေမဲ့ ဆေးပင်တွေကို ဝယ်မယ်လို့ ဆိုလိုက်တာနဲ့ သူ့မျက်နှာထားက ပြောင်းသွားတော့တာပဲ။ လုရွှမ်မှာ ကူကယ်ရာမဲ့ ခေါင်းယမ်းလိုက်ရသည်။

တကယ်ကို ထူးဆန်းပါဘိ။

တခြားသူဆိုရင် မရောင်းချင်ရင် မရှိဘူးလို့ ပြောလိုက်မှာပင်။ ဤလူကြီးကတော့ ရှိတယ်လို့ပြောပြီး မရောင်းချင်ပေ။

"ခင်ဗျားမှာ ဘယ်ဆေးပင်တွေ ရှိတာလဲ ကျုပ်ကိုအရင်ပြောပါ ခင်ဗျားအတွက် ဈေးကောင်းကောင်းနဲ့ ကမ်းလှမ်းမယ်.... ကမ်းလှမ်းမှုပြီးရင် ခင်ဗျားစိတ်ပြောင်းလာလိမ့်မယ်!"

"ဘယ်ဈေးနဲ့မှ မရောင်းဘူး.....ကျဲ့လန်အရွက်၊ နဂါးပွဲတော်မြက်၊ ရေခဲဝိညာဥ်အပင်ကို ဒီအတိုင်းလေး ခန့်မှန်းနိုင်လိုက်တာက မင်းရဲ့ အဂ္ဂိရတ်ပညာက မဆိုးဘူးဆိုတာ သေချာပါတယ်.... ဒါပေမဲ့ ဘယ်လောက်ပဲ မြင့်နေပါစေ ငါလောက် မဟုတ်ရင် မရောင်းနိုင်ဘူး.... အတင်းပြောလို့ ဒီကိစ္စကို အဂ္ဂိရတ်ပညာရှင် အဖွဲ့ကို တိုင်ကြားရင်တောင် မင်းငါ့ကို ဘာမှလုပ်လို့မရဘူး!"

အဘိုးအိုကို ပလုတ်တုတ်ကဲ့သို့ ခေါင်းယမ်းရင်း အပြစ်တင် ပြောဆိုနေ၏။

မင်းစကားတွေ ဘယ်လောက်ပဲ နားထောင်လို့ ကောင်းနေပါစေ မရောင်းပါဘူး။

မင်းရဲ့ရာထူးက ငါ့ထက်မြင့်တယ် ဆိုရင်တောင် ရောင်းမှာမဟုတ်ဘူး။

"စိတ်မပူပါနဲ့ ကျုပ်စျေးနှုန်းကို နားထောင်ပြီးမှ စကားပြောရအောင်!"

လုရွှမ်သည် တစ်ဖက်သား၏ မဆင်မခြင်ပုံပန်းသဏ္ဌာန်ကို မြင်တွေ့ရသည့်အတွက် မအံ့သြပါ။

ဒီလူနဲ့ ပေါင်းသင်းရတာ လွယ်ရင် စာကြောင်း နှစ်ကြောင်းလောက်နဲ့ သဘောကျနိုင်ပြီး "ထူးဆန်းတဲ့ အဘိုးကြီး" လို့ ခေါင်းစဉ်တပ်ထားမှာ မဟုတ်ဘူးလေ။

ကိုင်တွယ်ရ အလွန်ခက်ခဲပြီး ဆီနှင့်ဆားလိုပင်။

"ဟုတ်ပြီ ရှင်းရှင်းပြောမယ်.... ငါရဲ့ ဒီဆေးပင်တွေကို ငါအကုန်သုံးတယ်..တယ် အဲဒါက ငါနဲ့ သက်ဆိုင်တယ်။ စျေးနှုန်းက ကိစ္စမှ မဟုတ်ဘူး စျေးဘယ်လောက်ပဲရှိရှိ...ရောင်းဖို့က လုံးဝ မဖြစ်နိုင်ဘူး!"

ထူးဆန်းသော အဘိုးအိုသည် မတ်တပ်ထရပ်ပြီး လက်ကို ဝှေ့ယမ်းကာ

"အဂ္ဂိရတ်ပညာရှင် တစ်ယောက်အနေနဲ့ ငါ့တံခါးကိုဖျက်စီးတာကို ငါမေ့ထားလိုက်မယ်....ငါ့ဆေးပင်တွေ ဝယ်ဖို့ကိစ္စကိုတော့ ထပ်မပြောတော့နဲ့... ကောင်လေးတို့ ဧည့်သည်ကို ပြန်ပို့လိုက်...."

"လူကြီးမင်း.....ကြွပါ!"

ကောင်လေးနှစ်ယောက် လုရွှမ်အား လမ်းပြဖို့ပြင်လိုက်သည်။

"သခင်ငယ်လေး……"

အဘိုးအိုသည် ဆက်ဆံရန် အလွန်ခက်ခဲသည်ကို မြင်လိုက်ရသဖြင့် မုယန်ဖုန်းသည် မျက်ခုံးပင့်၍ လုရွှမ်ကို ကြည့်လိုက်သည်။

အမိန့်ရှိသရွေ့ သူသည် အပြေးအလွှားသွားပြီး သခင်ငယ်ကို ကူညီကာ ဆေးပင်ပစ္စည်းများကို ယူဆောင်သွားမည် ဖြစ်သည်။

အဂ္ဂိရတ်ပညာရှင် အဆင့်သည် အလွန်မြင့်မားသော်လည်း ၎င်းတို့၏ တိုက်ခိုက်ရေး စွမ်းအားသည် အလွန်ပြင်းထန်မည် မဟုတ်ပေ။ ဝိညာဉ်စွမ်းအား အတိုင်းအတာ ၁ သို့မဟုတ် ၎င်းထက်မကျော်လွန်ပါက ကြောက်စရာမရှိပါ။

လုရွှမ်က သူ့လှုပ်ရှားမှုတွေကို ရပ်တန့်လိုက်ပြီး မတ်တပ်ရပ်လိုက်သည်။

"သူ မရောင်းတော့မှတော့ သွားကြရအောင်!"

"သွားမယ်?"

မုယန်ဖုန်း အံ့သြသွားသည်။ ဤသည်မှာ သခင်လေး၏ ပုံစံနှင့် မတူပေ။

သူတို့နှစ်ယောက် အတူမရှိတာကြာပြီ ဖြစ်ပေမဲ့ သခင်လေးဟာ သူလုပ်ချင်နေသမျှတော့ ဘယ်လောက် ခက်ခဲနေပါစေ ဘယ်တော့မှ အရှုံးမပေးပါဘူး။ အခုက မရောင်းဘူးဆိုတာနဲ့ ထွက်သွားတော့မှာလား။

"ဟုတ်တယ်.... သူမရောင်းတာက [ဝိညာဥ်လဲလှယ်ဆေး]ကို သန့်စင်ပြီး ဝိညာဉ်စွမ်းအားကို ဖြည့်သွင်းချင်တာကြောင့်ပဲ.... ဒါက အမိုက်မဲဆုံး နည်းလမ်းဖြစ်ပေမဲ့ သူ အခိုင်အမာ ငြင်းနေတော့ ငါလည်းမတတ်နိုင်တော့ဘူး"

လုရွှမ်က သက်ပြင်းချလိုက်ပြီး

"သွားရအောင်!"

ပြောပြီးရင် အရင်ထွက်လိုက်သည်။

"အင်း……"

လူငယ်လေးသည် ပညာရှိစွာ ထွက်ခွာသွားသည်ကို မြင်တော့ ထူးဆန်းသော အဘိုးအိုသည် သက်ပြင်းတစ်ချက် ချကာ စကားစလုဆဲဆဲတွင် လူငယ်၏ပါးစပ်မှ [ဝိညာဥ်လဲလှယ်ဆေး] ဆိုတဲ့ စကားလုံးကို ကြားလိုက်ရသောအခါတွင် ခေတ္တမျှ အေးခဲသွားပြီး တုန်လှုပ် ချောက်ချားသွားလေသည်။

"မင်းတို့နှစ်ယောက် ခဏနေပါဦး..."

ရှေ့ကို အမြန်ပြေးပြီး သူတို့ရှေ့မှာ ရပ်လိုက်တယ်။

"ခင်ဗျားမရောင်းချင်လို့ ကျုပ်တို့မဝယ်ဘူး... သဘောတူညီချက်က အလုပ်မဖြစ်ဘူးပဲလေ...ဧကန္တ ခင်ဗျားက ကျုပ်တို့ကို အတင်းအကြပ် ထိန်းသိမ်းထားချင်သေးတယ်လို့ မပြောနဲ့နော်"

လုရွှမ်က ပြုံးတစ်ဝက်နဲ့ ကြည့်နေလိုက်တယ်။

"ငါ...အဲ့လို မဟုတ်ပါဘူး!"

ထူးဆန်းတဲ့ အဘိုးအိုက သူ့ခေါင်းကို အမြန်ကုတ်လိုက်ပြီး စိုးရိမ်တကြီးနဲ့

"မင်းပြောတာ... အမိုက်ဆုံးနည်းလမ်း?... ဝိညာဥ်လဲလှယ်ဆေးကလွဲရင် ပိုကောင်းတဲ့ နည်းလမ်း ရှိသေးလို့လား"

"ဒါက ပြင်းထန်တဲ့ ဒဏ်ရာတစ်ခုကြောင့် ဝိညာဉ်စွမ်းအင်က ကွဲအက်သွားတာ...အဲဒီအတွက် အနည်းဆုံး နည်းလမ်း ၁၈ ရှိတယ်... ဒါပေမဲ့ စိတ်မကောင်းပါဘူး...ခင်ဗျားက ဆေးပင်တွေကို မရောင်းချင်တော့ ကျုပ်လည်း မပြောချင်ဘူး...မုယန်ဖုန်း သွားကြရအောင်!"

လုရွှမ်သည် သူ့လက်များကို ဝှေ့ယမ်းကာ ထွက်သွားသည်။

"မသွားပါနဲ့..."

ထူးဆန်းတဲ့ အဘိုးအိုက သူ့ရှေ့မှာ ထပ်ရပ်ပြီး ရုတ်တရက် သူ့သွားတွေကို အံကြိတ်လိုက်ကာ ဒူးထောက်ချလိုက်ပေ၏။

"ဆရာကြီး...ကျေးဇူးပြုပြီး ကျုပ်ကို ကူညီပေးပါ!"

ခွမ်း!

လက်ဖက်ရည်အိုး သွားယူပြီး ပြန်ရောက်လာတဲ့ ကူယက တံခါးထဲဝင်လိုက်တာနဲ့ ဒီမြင်ကွင်းကို မြင်လိုက်ရတဲ့အခါ ထိတ်လန့်သွားပြီး လက်ဖဝါးတွေ တုန်သွားတာကြောင့် လက်ဖက်ရည်ခွက်က မြေပြင်ပေါ် ကျကွဲသွားတော့သည်။

All Chapters