ဝိညာဥ်မြွေနီ
Vol. 14 Ch. 2.49
ကူယမှာ တကယ်ကို ရူးတော့မလို ဖြစ်နေပါပြီ။
ထူးဆန်းသော အဘိုးအို၏ မောက်မာမှုကို သူကောင်းကောင်း သိသည်။ ဝူယန်အင်ပါယာ၏ အဂ္ဂိရတ်ပညာရှင် အဖွဲ့မှူးအနေဖြင့် နေ့တိုင်း ဂရုတစိုက် ရိုသေလေးစားပြီး သူ့အား အစေခံတစ်ဦးကဲ့သို့ ကျွေးမွေးပြုစုခဲ့သည်။ ရလဒ်မှာ တစ်ဖက်လူမှာ မခံချိမခံသာ ဖြစ်နေပြီး သူ့ကိုကြည့်ဖို့တောင် ပျင်းနေ၏။
ဒီကလေးက တစ်စုံတစ်ယောက်ရဲ့ အိမ်တံခါးကို ဖြိုချလိုက်တာကြောင့် ဒေါသတကြီးနဲ့ အိမ်အပြင်ကို မောင်းထုတ်ပစ်မယ်လို့ ထင်ခဲ့ပေမယ့် သူတို့က စကားနည်းနည်းပြောပြီး လက်ဖက်ရည်သောက်ဖို့ ဝင်ချသွားမယ်လို့ ဘယ်သူကထင်မှာလဲ။
အဲဒါက ထားပါတော့ အခုက ဒူးထောက်နေတာကရော ဘယ်ကသရဲလဲ။
ဒီလောက် စိတ်လှုပ်ရှားစရာ လိုလို့လား?
သူ့ထက်သာလွန်၍ မာနကြီးပြီး အစွမ်းထက်သော အဂ္ဂိရတ်ဆရာကြီးသည် ဘုရင်မင်းမြတ်ပင် ဂရုမစိုက်ခဲ့ဘဲ ကောင်လေးရှေ့မှာတော့ ဒူးထောက်နေပါလား။
ကူယက သူသိတဲ့ကမ္ဘာကြီး ပြိုကျပြီး သူ့နှလုံးသား ပေါက်ကွဲလုနီးနေပြီ ဆိုတာကိုပဲ ခံစားလိုက်ရတော့သည်။
"မင်းဘာလုပ်မလို့လဲ?"
သူက တစ်ဖက်လူကို တမင်ဆွဲဆောင်ပြီး အရောင်းအဝယ် လုပ်ခွင့်ပေးချင်ပေမယ့် ဒီလူကို တိုက်ရိုက် ဒူးထောက်ချပစ်ဖို့ သူ မမျှော်လင့်ထားပါဘူး။ လုရွှမ်လည်း ခဏလောက် ထိတ်လန့်သွားပေမယ့် ချက်ချင်း သဘောပေါက်သွားသည်။
အဂ္ဂိရတ်ပညာရှင် တစ်ယောက်အတွက် ဂုဏ်ယူအရှိဆုံး အရာမှာ သူ၏ဝိညာဉ်စွမ်းအား အတိုင်းအတာ ဖြစ်သည်။ ယခုအချိန်တွင် သူ၏ဝိညာဉ်စွမ်းအား အတိုင်းအတာသည် အဆက်မပြတ် ပြိုကျနေပြီး ကျင့်ကြံမှုအဆင့်သည် ကျဆင်းနေပြီ ဖြစ်သည်။
"ဆရာကြီး....ကျေးဇူးပြုပြီး ကုသနည်းလေး ပြောပြပါ!"
ထူးဆန်းသော အဖိုးအိုက ကမန်းကတန်း ပြောလိုက်သည်။
"ဒါက……"
"မင်းလိုချင်တဲ့ ဆေးပင်ပစ္စည်းတွေ ရှိသမျှကို ငါအလကား ပေးလို့ရတယ်...ကျေးဇူးပြုပြီး ကျုပ်ရဲနာကျင်မှုကို သက်သာရာရစေမယ့် နည်းလမ်း ပေးမယ်လို့ မျှော်လင့်ပါတယ်!"
ထူးဆန်းတဲ့ အဘိုးအိုက သူ့သွားတွေကို ကြိတ်ရင်း ဆိုလိုက်သည်။
လုရွှမ် မြင်လိုက်ရတဲ့အတိုင်း သူ့ရဲ့ ဝိညာဉ်စွမ်းအားက တကယ်ပဲ ပြိုလဲသွားခဲ့သည်။ အကြောင်းပြချက်က အရမ်းရိုးရှင်းပါ၏။ သူက ရန်သူတွေကို စော်ကားပြီး တစ်ဖက်လူကို စက်ဆုပ်ဖွယ် နည်းလမ်းတွေနဲ့ သတ်ပစ်ခဲ့သည်။
အတိအကျ ပြောရရင် သူ့ရဲ့စွမ်းအင်တွေကို ပြန်လည်လေ့ကျင့်ဖို့ ဒီဝေးလံခေါင်သီတဲ့ နိုင်ငံကို ရောက်လာခဲ့တာ။ သူသည် အဂ္ဂိရတ်ဆေး အများအပြားကိုလည်း ဖြုန်းတီးခဲ့ရပြီးပြီ။
ဤနှစ်များတွင် အိမ်တွင်း၌ ပုန်းနေခြင်းသည် စွမ်းအင်ကို ဖြည့်စွက်စားသုံးနှင့် အမျိုးမျိုးသော စိတ်စွမ်းအားကို သန့်စင်ရန် နည်းလမ်းများ ရှာဖွေရင်း ကြိုးစားနေခဲ့ခြင်းသည်။
သူ့စိတ်ဝိညာဉ်စွမ်းအားကို ထိန်းသိမ်းထားနိုင်စေရန်အတွက် အရာအားလုံးကို ငြင်းဆန်ခဲ့ပြီး သူ့ခြံထဲမှာ နေ့တိုင်းလိုလို အဂ္ဂိရတ်ပညာကို လေ့ကျင့်လာခဲ့သည်။ သူဒီလိုလုပ်နေတာကြောင့် တခြားသူတွေရဲ့အမြင်မှာ "ထူးဆန်း" လာခဲ့ရာ ထူးဆန်းသော အဘိုးအို ဖြစ်လာခဲ့သည်။
စိတ်စွမ်းအားတွေ ဘယ်လောက်ပဲ တိုးနေပါစေ မလုံလောက်သေးပါဘူး။ ဒီလိုလုပ်ခြင်းဟာ ရောဂါလက္ခဏာတွေကို ကုသခြင်းနဲ့ တူပေမယ့် မူလဇစ်မြစ်ကို မဖြေရှင်းနိုင်တာကြောင့် အများကြီး အကျိုးသက်ရောက်မှု မရှိချေ။
ဒီအကြောင်းအရာက သူ့လျှို့ဝှက်ချက် ဖြစ်ပြီး ဘယ်တုန်းကမှ မကြေညာဖူးဘူး။ နေ့တိုင်းလာလာတဲ့ ကူယတောင်မှ အဲဒီအကြောင်းကို မသိဘဲ အဂ္ဂိရတ်အရူးတစ်ယောက်လို့ ထင်နေခဲ့တာ။
ယနေ့ လူငယ်လေးသည် ထိုသို့သော လျှို့ဝှက်ကိစ္စတစ်ခုကို ပြောထွက်လာပြီး ဖြေရှင်းရန်နည်းလမ်း အနည်းဆုံး ၁၈ ခု ရှိကြောင်းပြောသောအခါ သူမည်သို့စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။
သူသည် သူ၏ ဝိညာဉ်စွမ်းအား ပျောက်ကွယ်သွားခြင်း၏ နာကျင်မှုကို အမှန်တကယ် မခံစားချင်ခဲ့ပါ။
"ဆေးပင်ပစ္စည်း ရှစ်မျိုးထဲမှာ ခင်ဗျားမှာ ဘယ်နှစ်မျိုးရှိလဲ"
လုရွှမ်က အလျင်စလို သဘောမတူဘဲ အရင် မေးလိုက်သည်။
"စုစုပေါင်း ခြောက်မျိုးရှိတယ်.... တစ်မျိုးက လိုချင်သလောက် သုံးရက်အတွင်း ရှာတွေ့နိုင်တယ်.....၇မျိုးမြောက် [ရေခဲသွေးမြက်]က တစ်ပင်ပဲ ရှိတယ်!"
အဘိုးအိုက ပြောသည်။
"ရေခဲသွေးမြက်က တစ်ပင်ပဲ ရှိတာလား?"
လုရွှမ် မျက်မှောင်ကြုတ်လိုက်သည်။
ရေခဲသွေးမြက်သည် ရေခဲသွေးဆေး သန့်စင်ရာတွင် အရေးအပါဆုံးသော ဆေးပင်ဖြစ်သည်။ သို့သော် ဤနေရာတွင်ပါ မရှိမည်ဟု မမျှော်လင့်ခဲ့ချေ။
သို့သော် တခြားဆေးပင် ပစ္စည်းများကို စုစည်းနိုင်လျှင် ဦးစွာစုစည်း၍ ရေခဲသွေးမြက်ပင်များကို ရပါက တစ်ရှိန်ထိုး သန့်စင်သွားနိုင်အောင် ရေခဲသွေးမြက်ကို တွေ့ရှိသည်အထိ စောင့်ခြင်းက ပိုကောင်းပါ၏။
"ဆေးပင်တွေကို တစ်ယောက်ယောက်ကို ပြင်ခိုင်းပေးပါ!"
ဒါကိုစဉ်းစားရင်း လုရွှမ်က ခေါင်းညိတ်လိုက်တယ်။
"ဟုတ်ကဲ့!"
ထူးဆန်းတဲ့ အဘိုးအိုက တစ်ဖက်လူက သဘောတူကြောင်း သိလိုက်ရပြီး သူ့မျက်လုံးတွေကလည်း စိတ်လှုပ်ရှားစွာ တောက်ပလာကာ အလျင်စလို ထရပ်၍ အစေခံကောင်လေးဆီ သွားကာ စကားအနည်းငယ်ဖြင့် ရှင်းပြလိုက်သည်။
ဒီကောင်လေးတွေက သူနဲ့ နှစ်အတော်ကြာ တွဲနေခဲ့တာ အဂ္ဂိရတ်ပညာကို မတတ်နိုင်ပေမယ့် ဆေးပင်စုဆောင်းပြီး သန့်စင်အောင် လုပ်တတ်ကြသည်။
"ကျုပ် လုံးဝတိတ်ဆိတ်တဲ့ အခန်းကို လိုချင်တယ်!"
တစ်ဖက်လူကလည်း လက်ခံလိုက်သောအခါ လုရွှမ်သည် အဓိပ္ပါယ်မဲ့ စကားများပြောရန် အလွန်ပျင်းရိကာ တိုက်ရိုက် ပြောပြခဲ့သည်။
"ဒီဘက်ကိုကြွပါ.... ဒီတိတ်ဆိတ်တဲ့ အခန်းက ကျုပ်လေ့ကျင့်တဲ့ အခန်းပါ.... အဲဒီပတ်ဝန်းကျင်မှာ အဆင့်၉ အခင်းအကျင်း တစ်ခုရှိတယ်....ဝူယန် ဘုရင်မင်းမြတ် လူကိုယ်တိုင်ကြွလာရင်တောင် ဖြတ်ကျော်ဖို့ လွယ်မှာမဟုတ်ဘူး!"
ထူးဆန်းသော အဘိုးအိုသည် မျက်လုံးများ တောက်ပလျက် လုရွှမ်ကို ဤနေရာသို့ ခေါ်ဆောင်လာခဲ့သည်။ လျှို့ဝှက်ခန်းတံခါး ရှေ့တွင် သူ ဂုဏ်ယူစွာ ပြောလိုက်သည်။
လျှို့ဝှက်ခန်းထဲဝင်ပြီး အခင်းအကျင်းကိုပါ ဖွင့်လိုက်သည်။
အခန်းထဲမှာ ရပ်နေတဲ့ လုရွှမ်က သူ့ရှေ့ရှိ မျက်လုံးတွေ တောက်ပနေတဲ့ အဘိုးအိုကို ကြည့်လိုက်ပြီ။
"အဲဒီ ဝိညာဉ်မြွေနီ ရှိသေးတယ် မဟုတ်လား"
"ဝိညာဥ်မြွေနီ? ဘာဝိညာဥ်မြွေနီလဲ?"
ထူးဆန်းသော အဘိုးအိုသည် တုံ့ဆိုင်းသွားဟန် ပြလာသည်။
"မင်းရဲ့ ဝိညာဉ်စွမ်းအားတွေ ပြိုကျရတဲ့ အကြောင်းရင်းက ဝိညာဉ်နီမြွေရဲ့ အကိုက်ခံရတာကြောင့်လေ.... မင်းကိုကိုက်တဲ့ မြွေနီကို မသတ်ခဲ့ဘဲ အဆိပ်ကို လေ့လာဖို့ မင်းအနားမှာ ထားထားတာလို့တော့ မပြောနဲ့နော်"
လုရွှမ်က ထိုအဘိုးကြီးအား အနီးကပ် စိုက်ကြည့်နေ၏။
"ကျုပ်...."
ထူးဆန်းသော အဖိုးအိုသည် တုန်လှုပ်သွားသည်။
အကယ်၍ လူငယ်သည် သူ့ပြဿနာကို ကုစားနိုင်မည်ဟု သူထင်ခဲ့သော်လည်း ပေါ့ပေါ့တန်တန် ပြောရုံမျှမက မျှော်လင့်ချက်များစွာလည်း မထားခဲ့ပေ။ ယခု သူ့ကို တစ်ဖက်လူက ကုသပေးနိုင်ကြောင်း ၁၀၀% သေချာနေပြီ ဖြစ်သည်။
"မြွေနီက ကျုပ်နဲ့အတူ ရှိနေပါတယ်.... ဒါပေမဲ့ သေသွားပါပြီ.... ဆရာကြီးက ဒါကိုတောင် မြင်နိုင်တယ်ဆိုတော့ အခုယူလာပေးပါ့မယ်"
အဘိုးအိုက ပြောသည်။
သူ၏ လက်ရှိအခြေအနေသည် ရန်သူက သူ့ကို လုပ်ကြံရန် ဝိညာဥ်မြွေနီကို အသုံးပြုရသည့် အကြောင်းရင်း အတိအကျပဲ ဖြစ်သည်။
ဝိညာဥ်မြွေနီသည် သေမျိုးအဆင့် ဝိညာဉ်သားရဲ တစ်မျိုးဖြစ်ပြီး ထူးဆန်းပြီး သွက်လက်သည်။ ၎င်း၏ အဆိပ်သည် လူတစ်ဦး၏ ဝိညာဉ်စွမ်းအားအပေါ် ကြီးမားသော သက်ရောက်မှုရှိလေသည်။
၎င်း၏ အဆိပ် အနည်းငယ်ကပင် သေမျိုးအဆင့် သန်မာသောလူကို ဝိညာဥ်စွမ်းအားများ တဖြည်းဖြည်း လျော့ကျလာစေသည်။
အခင်းအကျင်း ပညာရှင်တို့ရဲ့ မဟာရန်သူဟုလည်း လူသိများလေသည်။
လုရွှမ်သည် ထူးဆန်းသော အဘိုးအို၏ အခြေအနေကို စိုက်ကြည့်ရင်း ဝိညာဥ်မြွေနီ အကိုက်ခံရမည်ကို သဘောပေါက်သွား၏။ မဟုတ်ပါက သူသည် ဤကဲ့သို့ ဖြစ်သွားရန် မဖြစ်နိုင်ပေ။
ဝိညာဥ်မြွေနီသည် လူကိုကိုက်ပြီးနောက် အဆိပ်များ ပျောက်ကွယ်သွားတတ်သည်။ ပျားကဲ့သို့ ခန္ဓာကိုယ်သည် ချက်ခြင်း အားပျော့သွားသည်။ မိမိကိုယ်ကို ကုသခြင်းအတွက်သာ မဟုတ်ရင် ထူးဆန်းတဲ့ အဘိုးကြီးက ဝိညာဥ်မြွေနီကို သိမ်းထားခဲ့မှာ မဟုတ်ချေ။
"သွားယူလိုက်ပါ!"
လုရွှမ်သည် အဘိုးအို အခန်းမှ ထွက်လာပြီးနောက် သူ့မျက်လုံးများမှာ မတောက်ပနိုင်တော့ဘဲ သူ့လက်သီးများကို တိတ်တဆိတ် ဆုပ်ထားလိုက်သည်ကို မြင်လိုက်ရသည်။
ဝိညာဥ်မြွေနီသည် အဂ္ဂိရတ်ပညာရှင်များ အတွက်လည်း အဆိုးဆုံး ရန်သူဖြစ်ပြီး ၎င်း၏အဆိပ်သည် ဝိညာဉ်စွမ်းအားကို ကြီးမားစွာ ထိခိုက်စေနိုင်သည်။ သို့သော် ၎င်းသည် အဂ္ဂိရတ်ပညာရှင်၏ ဝိညာဉ်စွမ်းအား ထိခိုက်မှုကို ပြေပျောက်စေကာ ကောင်းမွန်စွာ အသုံးပြုနိုင်ပါက သဘာဝကျကျ အကူအညီ ဖြစ်လိမ့်မည်။
အထူးသဖြင့် မြွေသည်းခြေအိတ်ပင်။ ၎င်းကို ဆေးဝါးအဖြစ် သန့်စင်ခြင်းသည် အဂ္ဂိရတ်သမားများအတွက် အစွမ်းထက်သော ဆေးနည်းဖြစ်သည်။
သူသည် သူ၏စိတ်ဝိညာဉ် စွမ်းအား အတိုင်းအတာကို ၁ အထက်သို့ ရောက်အောင် တစ်ရှိန်ထိုး ချိုးဖျက်သွားနိုင်သည်။
ဟုတ်ပါသည်။ ပြင်ဆင်ထားရတဲ့ ဆေးပင်ဟာ ရေခဲသွေးမြက်ပင် ထက်တောင် ရှားပါးပါလိမ့်မည်။
သို့သော် ဤအရာနှင့် ကြုံတွေ့ရလောက်အောင် ကံကောင်းနေသောကြောင့် လုရွှမ်သည် လက်ဗလာဖြင့် ပြန်မသွားနိုင်ပေ။
ထူးဆန်းသော အဘိုးအိုကို ကုသရန် သဘောတူခဲ့ခြင်းက အတိအကျပင် ဖြစ်ပေသည်။ ထိုဆေးပင်အနည်းငယ်သည် အဖိုးတန်သော်လည်း အခြားအရာများနှင့် လဲလှယ်နိုင်ကာ တခြားသူ ဖုံးကွယ်ထားသော အန္တရာယ်များကို လုံးဝဖြေရှင်းရန် မလိုအပ်ပေ။
သိပ်မကြာခင်မှာပဲ ထူးဆန်းတဲ့ အဖိုးအိုဟာ သူ့လက်ထဲမှာ ကျောက်စိမ်းသေတ္တာကို ကိုင်ဆောင်လာပြီး အထဲမှာ နီမြန်းတဲ့ မြွေရဲ့ အလောင်းကို တွေ့ရလေ၏။
မြွေကြီးက အနီတွတ်တွတ်နေပြီး အချိန်အတော်ကြာ လည်ပင်းကို လှီးဖြတ်ခံရပြီး သေသွားခဲ့ပုံ ပေါ်သည်။
"ကျုပ်ကိုပေးလို့ရလား?"
မြွေ၏ခန္ဓာကိုယ်သည် နဂိုအတိုင်းဖြစ်ပြီး မြွေ၏သည်းခြေအိတ်မှာ သေချာပေါက် မပျက်စီးကြောင်းကို တွေ့လိုက်ရသဖြင့် လုရွှမ်သည် စိတ်လှုပ်ရှားမှုကို ထိန်းကာ ပြောလိုက်သည်။
"ဆရာကြီးသာ ကျုပ်ရောဂါကို ကုသနိုင်ရင် ဒီပစ္စည်းကို ယူသွားနိုင်ပါတယ်!"
ထူးဆန်းတဲ့ အဖိုးအိုက အနီရောင် မြွေသည်းခြေရည်ရဲ့ အရေးပါပုံကို သတိမထားမိပုံရပြီး တစ်ခါတည်း ပြောလာသည်။
"ကောင်းပြီ!"
လုရွှမ်သည် ကျောက်စိမ်း သေတ္တာကိုယူကာ ခေါင်းညိတ်ပြကာ တစ်ဖက်ကို ကြည့်လိုက်သည်။
"မင်းခန္ဓာကိုယ်ထဲက အဆိပ်တွေက သွေးထဲကို ထိုးဖောက် ဝင်ရောက်သွားပြီ ညတွင်းချင်း ပျောက်ကင်းမှာ မဟုတ်ဘူး... မင်းအဆိပ်တွေ သက်သာစေဖို့ အထူးနည်းလမ်းကို သုံးမယ် .... အချိန်တိုလေး အတွင်းမှာ အဆိပ်ပြန်မထဘူးလို့ အာမခံတယ် ပြီးတော့ မင်း အဂ္ဂိရတ်ဆေးကို အချိန်မှန်သောက်လိုက်..... သုံးလလောက်နေရင် ခင်ဗျား ပြန်ကောင်းလာလိမ့်မယ်!"