← Chapters

အောင်မြင်မှု

Vol. 14 Ch. 2.54

အောင်မြင်မှု

Vol. 14 Ch. 2.54

ယွမ်ယန် ဝိညာဥ်ချီသည် မီးတောက်ကဲ့သို့ လောင်ကျွမ်းသွားပြီး လုရွှမ်၏ လက်ထဲမှတစ်ဆင့် အဖိုးတန် ဆေးပင်ပစ္စည်းများထံ ဖြည်းညှင်းစွာ စီးဆင်းသွားကာ တေးဂီတသံများ ကဲ့သို့ ထွက်ပေါ်လာသည်။

အဂ္ဂိရတ်ပညာရှင်တွေ လက်မလွှတ်နိုင်တဲ့ လျှို့ဝှက်နည်းတွေထဲက တစ်ခုကတော့ ကောင်းကင်ဖြေသံ လက်စည်းတံဆိပ်ပဲ ဖြစ်သည်။

ဒဏ္ဍာရီအရ ဆိုရင်တော့ အမြင့်ဆုံးအဆင့်ကိုရောက်ရင် ဖျော်ဖြေပွဲတစ်ခုလို အဂ္ဂိရတ်ပညာကို နားထောင်နိုင်ပေ၏။ သန့်စင်နေစဥ်အတွက် ထွက်ပေါ်လာသော အသံများသည် ဂီတသံကဲ့သို့ ပျံ့လွင့်လာသည်။

ဝိညာဉ်စွမ်းအား အတိုင်းအတာ မမြင့်မီက အသုံးပြုရန် ခက်ခဲခဲ့သော်လည်း ယခုအခါ ဝိညာဉ်စွမ်းအား ၀.၉၈ သို့ ရောက်ရှိသွားခဲ့သည်။ ၎င်းသည် အသုံးပြုရန် အနည်းငယ် ခက်ခဲနေသေးသော်လည်း ချောမွေ့စွာ လုပ်ဆောင်နိုင်နေပြီ ဖြစ်သည်။

လက်ဆယ်ချောင်းဖြင့် ပွတ်သပ်ခြင်းသည် ဂီတကြိုးများကို ကြိုးညှိခြင်းနှင့် တူသည်။ အဖြေနှစ်မျိုးကို ပေါင်းစပ်လိုက်တိုင်း မတူညီသောအသံများ ထွက်လာမည် ဖြစ်သည်။ မကြာမီတွင် ရာနှင့်ချီသော သန့်စင်ထားသည့် ဆေးပင် အားလုံးကို ပေါင်းစပ်ပြီး အဂ္ဂိရတ်မီးဖိုထဲတွင် ဖြည်းညှင်းစွာ စုစည်းမိသွားပါသည်။

ဗုန်း!

မည်မျှ ကြာသွားသည်မသိ။ ဆေးမီးဖိုသည် "ဗုန်းကနဲ" ပွင့်လာပြီး တိမ်ဖြူဖြူကဲ့သို့ အငွေ့များ ထွက်လာကာ ဆေးလုံး၏ အမွှေးအကြိုင် ရနံ့များ သင့်ပျံ့လာ၏။

"ပြီးပြီ!"

ကြည့်စရာမလိုဘဲ သန့်စင်မှုအောင်မြင်ကြောင်း လုရွှမ်လည်း သိလေသည်။

လက်ဖဝါးကို ဆန့်လိုက်သည်နှင့် ဆေးလုံး အနည်းငယ်သည် လွင့်ထွက်ပြီး သူ့လက်ဖဝါးထဲသို့ ကျဆင်းသွားသည်။ နွေးထွေးပြီး တောက်ပမှုရှိသော ဆေးလုံးကြီးသည် တစ်ငုံသောက်ပြီးနောက် လူကို လန်းဆန်းသွားစေနိုင်သည်။

"ခြောက်လုံး! ခြောက်လုံးတောင် အောင်မြင်သွားတာပဲ!"

လုရွှမ်၏ မျက်လုံးများ တောက်ပသွားသည်။

စောစောက ပြင်ဆင်ထားသည့် ဆေးပင် ပစ္စည်းများအားလုံးကို အသုံးပြုပြီးနောက် မီးဖိုကိုဖွင့်လိုက်သော် အဓိပတိအဂ္ဂိရတ်ဆေး ခြောက်လုံးပေါ်လာမယ်လို့ သူပင် မမျှော်လင့်ထားပေ။

အဂ္ဂိရတ်ပညာရှင်သည် ဆေးလုံးများကို တူညီသော နည်းလမ်းများ၊ အဆင့်များနှင့် ပါဝင်ပစ္စည်းများဖြင့် သန့်စင်ပေးသော်လည်း ဆေးလုံး အရည်အသွေးကတော့ မတူညီနိုင်ချေ။

လုရွှမ်သည် သူ၏ယခင်ဘဝက အဂ္ဂိရတ် သူတော်စင်အဆင့်သို့ ရောက်ရှိသွားသော်လည်း ဆေးလုံးများ၏ အရည်အသွေးနှင့် ပမာဏကို ကြိုတင်ပြီး ထိန်းချုပ်၍မရပေ။

ဒီတစ်ကြိမ်မှာ ဆေးသုံးလုံးထက် မနည်းရှိတော့မယ် ဆိုတာ သိထားပေမယ့် ဆေးခြောက်လုံးလောက် အောင်မြင်သွားလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားပါဘူး။

အဓိပတိအဂ္ဂိရတ်ဆေး ခြောက်လုံးသည် အဓိပတိနယ်ပယ် စွမ်းအားရှင် ၆ယောက်နှင့် ညီမျှလေသည်။

ပြန်လည်မွေးဖွားပြီးနောက် အဆင့်၉ ဆေးလုံးကို ပထမဦးဆုံး အကြိမ်အဖြစ် ပြန်လည်သန့်စင်ခြင်းဘဖြစ်ပြီး အလွန်အောင်မြင်ခဲ့သဖြင့် လုရွှမ်သည် အနည်းငယ်မျှ အံ့သြသွားခဲ့ရသည်။

ကြိုတင် ပြင်ဆင်ထားသော ကျောက်စိမ်းပုလင်းပေါင်း များစွာကို ထုတ်ယူပြီး ဆေးလုံးများ အသီးသီး ထည့်သိမ်းလိုက်သည်။ လုရွှမ်သည် သူ့စိတ်ခံစားချက်ကို ချိန်ညှိကာ လက်ဖဝါးကို ဝေ့ယမ်းလိုက်သော် ဆေးပင်များ တစ်ပုံကြီး သူ့ရှေ့တွင် ပေါ်လာပြန်သည်။

"အဓိပတိအဂ္ဂိရတ်ဆေးရဲ့ အဆင့်က အရမ်းမြင့်ပေမယ့် ဂိုဏ်းဆရာနယ်ပယ်ကို ဖြတ်သွားတော့မှ ထိရောက်မှု ရှိတယ်...ဒါက မုယန်ဖုန်းကို အရမ်းကြီး မကူညီနိုင်ဘူး... သူ့အတွက် အသုံးဝင်တဲ့ ဆေးတချို့ကို သန့်စင်ပေးရမယ်"

မုယန်ဖုန်းသည် သစ္စာရှိပြီး သူ၏ ခွန်အားကို လျင်မြန်စွာ မြှင့်တင်လိုပါက အခြားနည်းလမ်းများကိုသာ အသုံးပြုနိုင်သည်။

"သူလေ့ကျင့်နေတဲ့ ကျင့်စဥ်က ရွှမ်ချင်ဂိုဏ်းရဲ့ ထင်ရှားတဲ့ လျှို့ဝှက်စာအုပ်ဖြစ်တဲ့ ကောင်းကင်ဒြပ်စင်ငါးပါး ကျင့်စဥ်ပဲ...သူတော်စင် အဆင့်ကို မရောက်သေးပေမယ့် ဝိညာဉ်အဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်သွားပြီး တိမ်ပင်လယ် နယ်မြေကြီး တစ်ခုလုံးမှာတော့ ထိပ်တန်းအဆင့်လို့ သတ်မှတ်လို့ရတယ်!"

မုယန်ဖုန်းရဲ့ အရင်က လေ့ကျင့်ခဲ့တဲ့ လေ့ကျင့်ရေး နည်းလမ်းတွေက သိပ်မကောင်းပါဘူး။ သူ့အပေါ် လုံးလုံး သစ္စာစောင့်သိတဲ့ အခါမှာတော့ သူတို့ကို ပြောင်းလဲခိုင်းရမည်။

လျောက်ချင်းကို ပေးခဲ့သော လေ့ကျင့်ရေး နည်းလမ်းကတော့ မတူချေ။ လုရွှမ်သည် သူ၏မှတ်ဉာဏ်များထဲ ရှာဖွေပြီး ၎င်းတို့နှစ်ဦး၏ အခြေအနေပေါ် မူတည်၍ ကိုယ်တိုင်ကိုယ်ကျ ရှာဖွေခဲ့ခြင်း ဖြစ်သည်။

ကောင်းကင်ဒြပ်စင်ငါးပါး ကျင့်စဥ်သည် ထိုခေတ်က ရွှမ်ချင်ဂိုဏ်းတွင် ရရှိခဲ့သော ကျင့်စဥ်တစ်ခုဖြစ်သည်။ ၎င်းသည် မြင့်မြတ်သော သူတော်စင် အဆင့်သို့ မရောက်ရှိသေးသော်လည်း အားမနည်းပေ။

မုယန်ဖုန်း၏ ခန္ဓာကိုယ်အတွက် အသင့်တော်ဆုံးဖြစ်သည်။ သူသည် ဒြပ်စင်ငါးပါးလုံးကို စုဆောင်းထားသရွေ့ အလွန်လျင်မြန်စွာ တိုးတက်လာနိုင်သည်။

"မုယန်ဖုန်းက သူ့ခန္ဓာကိုယ်ရဲ့ ပြဿနာကို ဆယ်စုနှစ်လောက် ခံစားခဲ့ရတာ သူက သူ့ခန္ဓာကိုယ်ကို အထူး တည်ငြိမ်စေဖို့ သတ္တုစွမ်းအင်ကို အပြင်းအထန် စုပ်ယူခဲ့တာ.... ဆိုလိုတာက သူရဲ့ လက်ရှိ ကိုယ်ခန္ဓာက အရမ်းမြင့်မားတဲ့ သတ္တုပါဝင်မှု ရှိနေတယ်"

အဆုတ်ယင်းဖြတ်ခြင်းသည် ပြင်းထန်သော ဒဏ်ရာတစ်ခုဖြစ်ကာ ဒဏ်ရာရသူသည် ခွန်အားများ ရပ်တန့်မနေဘဲ ကျဆင်းနေမှာ ဖြစ်သည်။ ဤအခြေအနေကို သက်သာစေရန်အတွက် မုယန်ဖုန်းသည် ရွှေဝိညာဥ်ရေကန်ကို ကာကွယ်ရန်အတွက် ကျန်းဝူအကယ်ဒမီသို့ တလိုတလား ပြန်လာခဲ့ရသည်။

အဘယ်ကြောင့်ဆိုသော် သတ္တုစွမ်းအင်ကသာ သူ၏စွမ်းအားကို လျင်မြန်စွာ မကျဆင်းအောင် ထိန်းထားနိုင်သောကြောင့် ဖြစ်သည်။

နှစ်များစွာကြာအောင် သူသည် ရွှေဝိညာဥ်ရေကန်၏ စွမ်းအားကို စုပ်ယူခဲ့ပြီး အထူးသတ္ထုကိုယ်ထည်ကို ဖန်တီးနိုင်ခဲ့သည်။

ရွှေ၊ ဒြပ်စင်ငါးပါးထဲကတစ်ခု။

"ဒီသတ္တု အရည်အသွေးတွေကို နှိုးဆွနိုင်ရင် သူ့ခွန်အားက ခုန်တက်သွားပြီး ဟန်ရောင်ကို ကျော်တက်သွားဖို့တောင် ပြဿနာရှိမှာ မဟုတ်တော့ဘူး"

မုယန်ဖုန်း ကိုယ်တိုင်က ပါရမီရှင် တစ်ယောက်ပင်။ ဒဏ်ရာတွေကြောင့်သာ မဟုတ်ရင် သူဒီလိုနှစ်ပေါင်းများစွာ လေ့ကျင့်ပြီးနောက် အဓိပတိနယ်ပယ် အဆင့်ကိုရောက်ဖို့ ဖြစ်နိုင်ချေရှိပြီး သေမျိုးအဆင့် လူတစ်ယောက် ဖြစ်လာဖို့လည်း ဖြစ်နိုင်ချေ ရှိလေသည်။

ဤအရည်အချင်းမျိုးနှင့် ကျင့်ကြံခြင်းကို ဘယ်သောအခါမှ မရပ်တန့်ဘဲ ဆက်ကြိုးစားလျှင် သူ့ခန္ဓာကိုယ်တွင် အံ့ဩဖွယ်ရာ သတ္တုဓာတ် ပမာဏ ရှိခြင်းကြောင့် ကောင်းကင်ဒြပ်စင်ပါးပါးကျင့်စဥ်ကို ကောင်းစွာ အသုံးချနိုင်ပါက အရှိန်အဟုန်ဖြင့် တိုးတက်သွားမည်မှာ အံ့ဩစရာပင် မဟုတ်တော့ချေ။

"ငါအခု မြေကမ္ဘာစွမ်းအင်ဆေးကို သန့်စင်မယ်... ဆေးပင်ပစ္စည်းတွေ အားလုံးက ပြင်းထန်တဲ့ မြေစွမ်းအင်နဲ့ ရှင်သန်လာတာ... ဒြပ်စင်ငါးမျိုးက တစ်ခုနဲ့တစ်ခု ထိန်းချုပ်နိုင်ပြီး မြေဆီလွှာက ရွှေထွက်လာနိုင်တယ်...ဒီဆေးကိုသုံးပြီးရင် ခန္ဓာကိုယ်ထဲက သတ္တုဓာတ်ကပါ အသက်ဝင်လာလိမ့်မယ်"

သူ့အတွေးတွေကို စိတ်ထဲမှာ ပြန်လှည့်ကြည့်လိုက်တော့ ပြဿနာမရှိဘူးလို့ ခံစားလိုက်ရပြီး လုရွှမ် အဂ္ဂိရတ်ဆေး သန့်စင်ခြင်းကို စတင်လိုက်သည်။

မြေကမ္ဘာစွမ်းအင်ဆေးလုံးသည် ဒြပ်စင်ငါးခုတွင်ရှိသော မြေစွမ်းအင် ဆေးလုံးဖြစ်ကာ သောက်သုံးပြီးနောက် လူ့ခွန်အားကို မြေကြီးကဲ့သို့ ထူထဲလာစေသည်။

မုယန်ဖုန်းသည် ဤကဲ့သို့ လေ့ကျင့်ထားသူ မဟုတ်သော်လည်း ကောင်းကင်ဒြပ်စင်ငါးပါး ကျင့်စဥ်ကို လေ့ကျင့်ခဲ့ပြီး သူ၏ခန္ဓာကိုယ်ရှိ ဒြပ်စင်ငါးပါး၏ စွမ်းအားသည် အရှိန်အဟုန်မြင့်လာသည်။

ဆေးပင်ပစ္စည်း အမျိုးမျိုးတို့သည် လုရွှမ်၏လက်ထဲတွင် ပျံဝဲသွားကြသည်။

မြေကမ္ဘာစွမ်းအင် ဆေးလုံးသည် အဆင့်၉ ဆေးလုံး တစ်မျိုးဖြစ်သော်လည်း အဓိပတိအဂ္ဂိရတ်ဆေးထက် များစွာပိုမို လွယ်ကူပါသည်။ ယခင်အချိန်၏ လေးပုံတစ်ပုံမျှသာကြာမြင့်ပြီး ဆေးမီးဖိုကို ပြန်ဖွင့်လိုက်တာနဲ့ ဆေးလုံးရနံ့က မွှေးကြိုင်နေ၏။

ဆေးလုံးများစွာသည် သူ့ဆီသို့ တည့်တည့် ပျံသန်းလာကြသည်။

ငါးလုံး!

အရင်က အဓိပတိအဂ္ဂိရတ်ဆေးကို သန့်စင်တာလောက် ကံကောင်းတာတော့ မဟုတ်ပေ။

သို့သော်လည်း မီးဖိုတစ်ခုတွင် ဆေးငါးလုံးထုတ်ရန်မှာ ကောင်းကင်နှင့် ဆန့်ကျင်ဘက် ဖြစ်နေပြီ။ ဝူယန်အင်ပါယာရှိ ထူးဆန်းသော အဘိုးအိုနှင့် ကူယသာမက ပေရွှီးအင်ပါယာရှိ အထွတ်အထိပ်ဆုံးသော အဂ္ဂိရတ်ပညာရှင်ပင်လျှင် မီးဖိုတစ်ခုတွင် ဆေးသုံးလုံးသာ ထုတ်နိုင်သည်။

ဤသည်ကပင် အလွန်မြင့်မားသော အဆင့်ဟု ခေါ်နိုင်သည်။

"အောင်မြင်ပြီ!"

ကျောက်စိမ်းပုလင်း တစ်လုံးထဲတွင် အဂ္ဂိရတ်ဆေးများကို ထည့်ကာ လုရွှမ်သည် ဝမ်းသာအားရ မတ်တပ်ထရပ်လိုက်သည်။

"သခင်လေး!"

အခန်းထဲက ထွက်လာတော့ မုယန်ဖုန်း နဲ့ ဟန်ရောင်က တချိန်တည်းမှာ ဦးညွှတ်လိုက်ကြသည်။

"ဟန်ရောင်....ခင်ဗျားရဲ့ ကျင့်ကြံမှုကို ထပ်ပြီးထိုးဖောက်ချင်လား?"

လုရွှမ်သည် သူ့ရှေ့တွင်ရှိ ကျောင်းအုပ်ကြီးဟန်ကို ကြည့်ကာ တိုက်ရိုက်ပဲ မေးခွန်းထုတ်လိုက်သည်။

"ကျင့်ကြံမှုကို ထပ်ပြီးထိုးဖောက်မယ်?"

ဟန်ရောင် ခဏလောက် ထိတ်လန့်သွားပြီး သူ့မျက်နှာ နီရဲလာ၏။

သူသည် ဂိုဏ်းဆရာနယ်ပယ် အထွတ်အထိပ် အဆင့်သို့ ရောက်နေပြီဖြစ်၍ ဖြတ်ကျော်လိုပါက ထိုအဆင့်သို့ ရောက်တော့မှာ မဟုတ်ပါလား။

ကျင့်ကြံသူ ဖြစ်နေသရွေ့ ဘယ်သူက မထိုးဖောက်ချင်ဘဲ နေပါ့မလဲ?

"သခင်လေးသာ ကျုပ်ကို နောက်တဆင့် တက်နိုင်အောင် ကူညီပေးရင် ကျုပ်ဟန်ရောင်က အခုကစပြီး သခင်လေးအတွက် မီးနဲ့ရေကို ဖြတ်လျှောက်ဖို့ ဆန္ဒရှိပါတယ်... သစ္စာဖောက်ခဲ့ရင် လူရော နတ်ဘုရားရော စွန့်လွှတ်ပါစေ!"

မြေပြင်ပေါ်တွင် တိုက်ရိုက် ဒူးထောက်နေသော ဟန်ရောင်သည် သူ့မျက်နှာပေါ်တွင် တင်းမာသော အမူအရာကို ပြသထားလျက် ရှိသည်။

သူသည် ဂိုဏ်းဆရာနယ်ပယ် အထွတ်အထိပ်တွင် ဆယ်နှစ်ကျော် ပိတ်မိနေခဲ့ပြီး ဘယ်သောအခါမှ မဖြတ်ကျော်နိုင်ခဲ့ပါ။ အခွင့်အရေး မရှိလျှင် သူ့ဘဝသည် ဤနေရာတွင် ရပ်သွားနိုင်သည်။ အောင်မြင်မှု တစ်ခုကို ဘယ်လိုမှ မရရှိနိုင်တော့ဘူး။

"အရမ်းကောင်းတယ်... ဒါက အဓိပတိအဂ္ဂိရတ်ဆေးပဲ....ခင်ဗျားရဲ့အဆင့်ကို ရှေ့ဆက်နိုင်ခြေ ၂၀% တိုးအောင် ကူညီပေးနိုင်တယ် အောင်မြင်ပြီးရင် ကျုပ်ကိုလာတွေ့ပါ..."

လက်ဖဝါးကို ဝေ့ယမ်းရင်း အဓိပတိဆေးလုံးကို ဟန်ရောင်ဆီသို့ ပေးလိုက်သည်။

"အဓိပတိအဂ္ဂိရတ်ဆေး!! ကျေးဇူးတင်ပါတယ် သခင်လေး!"

ဟန်ရောင်သည် မုယန်ဖုန်းနဲ့ စကားပြောရင်း ဒီပစ္စည်းအကြောင်း သူသိထားပြီးသား ဖြစ်သည်။ အဲဒါကို ရောင်းပြီးတာနဲ့ စျေးအရမ်းမြင့်သွားမှာ သေချာလေ၏။

ယခု သခင်လေးသည် ဤမျှလောက် အဖိုးတန်သော အရာကို သူ့အား ပေါ့ပေါ့ပါးပါး ပေးလာခဲ့သည့်အတွက် ဟန်ရောင်၏ မျက်လုံးများ နီရဲလာပြီး လက်သီးများကို အလိုအလျောက် ဆုပ်ကိုင်ကာ နှလုံးသားထဲတွင် တိတ်တဆိတ် ကျိန်ဆိုခဲ့သည်။

"အခုချိန်ကစပြီး သခင်လေးကို နာကျင်အောင်လုပ်ဖို့ သတ္တိရှိတဲ့သူဟာ ငါ့ကို ကျော်သွားရမယ်လို့ ငါဟန်ရောင် ကျိန်ဆိုတယ်!"

All Chapters