တိမ်ဆွဲမျှော်စင်
Vol. 14 Ch. 2.56
"ပထမနည်းလမ်းကို အောင်အောင်မြင်မြင် မသန့်စင်ခင် အဲဒါကို လုပ်ဖို့ဆိုတာ သေချာပေါက် မဖြစ်နိုင်ဘူး... ဒုတိယနည်းလမ်းကို စမ်းကြည့်ရမယ်"
မကြာခင်မှာပဲ လုရွှမ်သည် သူ့စိတ်ထဲတွင် ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်ပေ၏။
ခန္ဓာကိုယ်ကို တတိယအဆင့်အထိ ထိန်းချုပ်လိုပါက ပထမနည်းလမ်းမှာ လုံးဝအလုပ် မဖြစ်တော့ဘဲ အချိန်များစွာ ယူရမည်ဖြစ်ပြီး လေပြင်းလက်ဝါးတံဆိပ်ကို အသေးစား အောင်မြင်မှု အဆင့်အထိ လေ့ကျင့်မှုကိုသာ စဥ်းစားရလိမ့်မည်။
ဒါပေမယ့် ဒါက ရိုးရှင်းတယ်လို့လည်း ထင်ရပေမယ့် တကယ်တမ်းကျတော့ အရမ်းခက်လေသည်။
"အဲဒီတုန်းက လေမိုးကြိုးဂိုဏ်းမှာ ပါရမီရှင်တွေ မရေမတွက်နိုင်အောင် ရှိခဲ့ပြီး နှစ်၁၀၀၀အတွင်း သေမျိုးအဆင့် နယ်ပယ်အောက်မှာ လေပြင်းလက်ဝါး အသေးစား အောင်မြင်မှုအဆင့်ကိုတော့ တက်နိုင်တဲ့သူ လူဆယ်ယောက်ထက် မပိုခဲ့ဘူး.... ပြီးတော့ သူတို့အားလုံးက အဓိပတိနယ်ပယ်ကို ရောက်သွားကြပြီ....ငါက အတုတံဆိပ်နယ်ပယ်ပဲ ရှိသေးတယ်...အချိန်တိုအတွင်း ရောက်ချင်ရင်တော့ အဲ့လောက်မရိုးရှင်းမှာကို ကြောက်ရတယ်"
"ဘယ်နည်းကိုသုံးရမှာလဲ"
လုရွှမ်သည် မျက်မှောင်ကြုတ်ပြီး လေးလေးနက်နက် တွေးတောနေ၏။
နယ်ပယ်ငါးပါးကို ထိန်းချုပ်ရန်က ကျင့်ကြံမှု အဆင့်မြင့်လေ လွယ်ကူလေ ဖြစ်သည်။
အကယ်၍ သူသည် ယခင်ဘဝက ကျင့်ကြံမှုအဆင့်သို့ ရောက်ရှိပြီး သူ့စိတ်စွမ်းအားသည် ခန္ဓာကိုယ်အနှံ့ ပျံ့လွင့်သွားပြီး နတ်ဘုရားအမြင် အဆင့်သို့ ရောက်ရှိနေမှာ ဖြစ်သည်။
ယခုမူ အတုတံဆိပ်နယ်ပယ် သာရှိတော့လို့ ကွာခြားချက်မှာ အနည်းငယ် သာလွန်သည်။
လေပြင်းလက်ဝါးသည် ယခင်ဘဝက လေမိုးကြိုးဂိုဏ်း၏ ထူးခြားသော စွမ်းရည်တစ်ရပ် ဖြစ်သည်။ သူသိသလောက်တော့ အသေးစားအောင်မြင်မှု အဆင့်ထိ လေ့ကျင့်နိုင်သူမှာ ဆယ်ဦးထက် မပိုပေ။
ဒါက အခက်အခဲကို ပြနေတာပင်။
သူသည် ယခုအခါ ကျွမ်းကျင်မှုအဆင့်အထိ လေ့ကျင့်ထားခဲ့သည်။
ကျွမ်းကျင်အဆင့်နှင့် အသေးစား အောင်မြင်မှုသည် အတားအဆီး တစ်ခုသာ ခြားနေပုံရသော်လည်း တကယ်တော့ ဖြတ်ကျော်ရန် အလွန်ခက်ခဲသည်။
"လုရွှမ်!"
အတွေးဝင်နေစဥ် စူးရှသော အသံသည် အဝေးမှ ထွက်ပေါ်လာ၏။
လှည့်ကြည့်လိုက်တော့ ဟန်ရွှယ်သည် မနီးမဝေးမှ လမ်းလျှောက်လာနေတာကို တွေ့ရသည်။
ယခုအချိန်တွင် ဟန်ရွှယ်သည် တင်းတင်းကျပ်ကျပ် အနီရောင် ၀တ်စုံကို ၀တ်ဆင်ထားပြီး သူမ၏ အပြစ်အနာအဆာ ကင်းသော အသွင်အပြင်၊ ဖောင်းကားနေသော ရင်သားလုံးဝိုင်းများ၊ ဖြောင့်စင်းသွယ်လျသော ပေါင်များ၊ ချွတ်ယွင်းချက်ကင်းသော တင်ပါးများနှင့် ပေါင်းစပ်ထားသောကြောင့် လူအများက သူမကို ကြည့်လိုက်ရုံဖြင့် မက်မောသွားနိုင်လောက်သည်။
သူမဟာ တကယ့်ကို အလှတရားတစ်ခုလို့ ပြောရမည်။
သူမ ပေါ်လာသည်နှင့် တပြိုင်နက် မရေမတွက်နိုင်သော လူများ၏ အာရုံကို ချက်ချင်း ဖမ်းစားနိုင်ခဲ့သည်။
"မိန်းမလှလေးဟန်က ဘယ်တုန်းက ဒီလောက် စိတ်အားထက်သန်သွားတာလဲ"
"အဲဒီကောင်လေးက ဘယ်သူလဲ? ငါ သူ့ကို တိုက်ချင်တယ်"
ဝူယန်အင်ပါယာရဲ့ နံပါတ်တစ် အလှလေးကို မြင်လိုက်ရပေမယ့် သူမဟာ လူငယ်လေးတစ်ယောက်ကို လှမ်းခေါ်ဖို့ အစပြုနေခဲ့သည်။ ဟန်ရွှယ်အပေါ် အထင်ကြီး လေးစားမှုတွေက ဒေါသအဖြစ် ပြောင်းလဲသွားကာ မျက်လုံးတွေ နီရဲလာပြီး သူ့ကို အစွမ်းကုန် တွန်းလှန်ပစ်ချင်လာကြသည်။
"ရှင်လည်း တိမ်ဆွဲမျှော်စင်ကို ဝင်ဖို့ စီစဉ်နေတာလား?"
လူတိုင်း၏အကြည့်ကို လျစ်လျူရှုပြီး ဟန်ရွှယ်သည် ခြေလှမ်းအနည်းငယ်ဖြင့် လုရွှမ်ထံသို့ ရောက်ရှိလာပြီး အပြုံးဖြင့် ပြောလိုက်သည်။
"တိမ်ဆွဲမျှော်စင်?"
လုရွှမ်မှာ အံ့သြမှုအပြည့်ဖြင့်။
"ရှင်မသိဘူးလား? အကယ်ဒမီရဲ့ တိမ်ဆွဲမျှော်စင်က ဒီနေ့ဖွင့်တယ်လေ... အတွင်းခန်းကဖြစ်ဖြစ် အပြင်စည်းက ကျောင်းသားဖြစ်ဖြစ် ဝူယန်အကယ်ဒမီက ကျောင်းသားဖြစ်နေသရွေ့ ဝင်သွားနိုင်တယ်....အခန်း၄အထိ ဝင်နိုင်ရင်တော့ ဆုကြီးကြီး တစ်ခုရလိမ့်မယ် ရှင် မကြိုးစားကြည့်ချင်ဘူးလား"
ဟန်ရွှယ်က ဆို၏။
"ဝင်ရမယ်?" လုရွှမ် ခေါင်းခါလိုက်သည်။
ယခု သူသည် လေပြင်းလက်ဝါးကို အသေးစား အောင်မြင်မှု အဆင့်အထိ လေ့ကျင့်ရန် ရုန်းကန်နေရပြီး အတားအဆီးများနှင့် မျှော်စင် မားကို ဖြတ်ကျော်ရခြင်းကို သူစိတ်မ၀င်စားပါ။
"ဒါဆိုရင်တော့ နှမြောစရာပဲ... ဒါက အခွင့်အရေးကောင်းပဲကို ငါ အရင်တစ်ခေါက်က တိမ်ဆွဲမျှော်စင်ထဲကို တစ်ကြိမ်ဝင်ခဲ့ပေမဲ့ တတိယထပ်ကို ရောက်ပြီး မအောင်မြင်ခဲ့ဘူး။ အထဲကို ဝင်လိုက်တာနဲ့ ငါ့ရဲ့ စွမ်းအားနဲ့ တုံ့ပြန်မှုအရှိန်ကို မြှင့်တင်ဖို့ အမျိုးမျိုးသော တိုက်ခိုက်မှုတွေ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာတယ်။ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်းအတွက် ကြီးမားတဲ့ လိုအပ်ချက်တွေတောင် ရှိနေသေးတယ် ခံနိုင်ရည် မရှိတော့ ဖယ်ရှားပစ် ခံရတယ်"
လူငယ်လေး ခေါင်းခါယမ်းနေတာကို မြင်လိုက်ရတော့ ဟန်ရွှယ်က သူမမျက်နှာမှာ နောင်တနည်းနည်းနဲ့ ရှင်းပြပေမယ့် မရှင်းပြခင်မှာ တစ်ဖက်က စူးစူးဝါးဝါး စိုက်ကြည့်နေတာကို တွေ့လိုက်ရ၏။
"အဲဒီတိမ်ဆွဲမျှော်စင်က ဘယ်မှာလဲ? ငါ့ကို ကြည့်ဖို့ ခေါ်သွားပေး!"
"ဟင်?"
သူ့ရဲ့ စိတ်အားထက်သန်မှုကို မြင်တော့ ဟန်ရွှယ် လန့်သွားသည်။
အခုနကပဲ ခေါင်းခါနေပြီး မျက်လုံးတစ်မှိတ်အတွင်းမှာ ဘယ်လိုလုပ် စိတ်ပြောင်းသွားပြီး သွားကြည့်မယ် ဖြစ်သွားတာလဲ?
ဒီကောင်လေးက ကျင့်ကြံမှုကလွဲလို့ တခြားဘာကိုမှ စိတ်မဝင်စားဘူးလား။
"ဟိုဘက်မှာ"
ထူးဆန်းသလို ခံစားရရင်း လက်ညှိုးကို တစ်ချက်ညွှန်ပြသည်။
"သွားကြည့်ရအောင်...ငါအစောကတည်းက တိမ်ဆွဲမျှော်စင်ကို ကြည့်ချင်နေတာ!"
ကောင်လေးက ရေရွတ်လိုက်ပြီး နောက်အခိုက်အတန့်မှာ သူ ဆယ်မီတာကျော် အကွာအဝေးကို လျှောက်လှမ်းသွားလေပြီ။
"......." ဟန်ရွှယ်။
ကြည့်ချင်နေတာ ကြာပြီ? နင့်ညီမကို ကြည့်ချင်နေတာ ကြာပြီဆိုပြီး ခေါင်းခါနေတာလား?
ဒါ့အပြင် သွားကြည့်ချင်တယ် ဆိုရင်တောင် ဒီလောက်အမြန်ကြီး ပြေးစရာမလိုဘူး မလား။ အလှလေး ငါ့ကိုတောင် စောင့်လို့မရဘူးလား။
"ဒီကောင်တော့!"
ဒေါသတကြီး ခြေထောက်ကို နင်းစောင့်ရင်း ဟန်ရွှယ်လည်း သူ့နောက်သို့ အနီးကပ် လိုက်လာခဲ့သည်။
သိပ်မကြာခင်မှာပဲ နှစ်ယောက်သား မြင့်မားတဲ့ မျှော်စင်ရှေ့မှာ ရပ်လိုက်ကြသည်။ ယခုအချိန်တွင် မျှော်စင်၏ အရှေ့ဘက်တွင် လူများပြည့်ကျပ်နေပြီ ဖြစ်သည်။
"ဒီတိမ်ဆွဲမျှော်စင်က ရုပ်သေးပင်လယ်ဂိုဏ်းက ကောင်းကင်တက်မျှော်စင်နဲ့ တူတယ်"
လုရွှမ်သည် နေရာတွင် ရပ်လျက် သူ့ရှေ့က မျှော်စင်ကို ကြည့်ပြီး စိတ်ထဲတွင် တွေးနေမိသည်။
သူ့ရဲ့ရှေ့က တိမ်ဆွဲမျှော်စင်ဟာ အထပ် ကိုးထပ်ရှိပြီး မြေပြင်အထက် မီတာ ၁၀၀ နီးပါးမြင့်လေသည ခမ်းနားတဲ့လေထုနဲ့ လူတွေကို တန်ခိုးအာနုဘော်ကို ပေးစွမ်းထားလေသည်။
ဤမျှော်စင်တောင်တက်ခြင်း အကဲဖြတ်ခြင်းမျိုးအား ယခင်ဘဝက ရုပ်သေးပင်လယ်ဂိုဏ်းမှာ တွေ့မြင်ခဲ့ဖူးသည်။ ထိုအချိန်က ရုပ်သေးပင်လယ်ဂိုဏ်းက မျှော်စင်ကို ကောင်းကင်တက်မျှော်စင်ဟု ခေါ်တွင်ခဲ့သည်။
အမြင့်ဆုံးအဆင့်သို့ တက်လှမ်းနိုင်သူများသည် နတ်ဘုရားများနှင့် ညီမျှသည့် တောက်ပသောအနာဂတ်ကို ပိုင်ဆိုင်ကြပြီး ဂိုဏ်းအားလုံးက အပြိုင်အဆိုင် လိုချင်နေကြသည့် ပါရမီရှင်များ ဖြစ်လာလိမ့်မည်ဟု ဆိုကြသည်။
ကောင်းကင်မျှော်စင်ပေါ်သို့ ခြေတစ်လှမ်း တက်လိုက်တာက ကောင်းကင်ပေါ်ကိုတက်ကာ ဤနေရာမှ ဆင်းသက်လာခြင်းပင် ဖြစ်ပေသည်။
သူ့ရှေ့ရှိ တိမ်ဆွဲမျှော်စင်သည် ကောင်းကင်မျှော်စင် ကဲ့သို့ ကြီးကျယ်ခမ်းနားခြင်း မရှိသော်လည်း အလားတူ အကျိုးသက်ရောက်မှုများ ရှိပုံရသည်။
၎င်းတွင် မရေမတွက်နိုင်သော စက်ယန္တယားများနှင့် အခင်းအကျင်းများရှိပြီး အတွေးများ၊ လေ့ကျင့်မှု၊ ခန္ဓာကိုယ် ကြံ့ခိုင်မှု၊ တုံ့ပြန်မှုနှင့် ရုပ်ပိုင်းဆိုင်ရာများကို ထိန်းချုပ်နိုင်သည်။ အဆင့်ကို ဖြတ်သွားသူတွေရဲ့ အကျိုးသက်ရောက်မှုတွေ ထိန်းချုပ်မှုဆိုင်ရာ အကဲဖြတ်မှုတွေ ရှိလေသည်။
မြင့်တဲ့ အဆင့်တစ်ခု ရောက်မှသာလျှင် ခွန်အားကလည်း ပိုမိုမြင့်မား လာနိုင်သည်။
လေပြင်းလက်ဝါးကို အသေးစား အောင်မြင်မှု အဆင့်ထိ ဘယ်လို လေ့ကျင့်လိုက်ရမလဲ ဆိုတာ တွေးနေတုန်း တိမ်ဆွဲမျှော်စင် အကြောင်းကို ကြားတဲ့အခါမှာတော့ ဒီနေရာဟာ လေ့ကျင့်ဖို့ အကောင်းဆုံးနေရာလို့ ချက်ချင်းဆိုသလို သိလိုက်သည်။
ဖိနှိပ်မှုသာလျှင် လှုံ့ဆော်မှုရှိပြီး စိန်ခေါ်မှုများရှိသည့် ဤနေရာမျိုးမှသာလျှင် သူ၏ စိတ်ဝိညာဉ်စွမ်းအား အတိုင်းအတာ၊ စစ်မှန်သော စွမ်းအင်နှင့် ရုပ်ခန္ဓာကို တစ်ခုနှင့်တစ်ခု မခွဲခြားဘဲ စုံလင်စွာ ပေါင်းစပ်နိုင်မည် ဖြစ်သည်။
"ဟေး! နှမြောစရာကြီးကွာ"
"စီနီယာဟွာချောင်တောင် တတိယထပ်ကိုပဲ ဖောက်ထွက်နိုင်မယ်လို့ မမျှော်လင့်ထားဘူး!"
"ဒါက တိမ်ဆွဲမျှော်စင်လေ...စီနီယာ ချင်ဟွာတစ်ယောက်ပဲ စတုတ္ထထပ်ကို ချိုးဖောက်နိုင်တာ... ငါကတော့ သူကလွဲလို့ ဘယ်သူမှ မရောက်နိုင်ဘူးလို့ ထင်တယ်"
"မှန်တယ်.... စတုတ္ထထပ်က အရမ်းခက်ခဲတယ် ကျွန်တော့်ရဲ့ ကျင့်ကြံမှုအဆင့်နဲ့ ပထမထပ်ကိုတောင် မကျော်နိုင်ဘူး"
မျှော်စင်တံခါး ပွင့်လာပြီး ဟွာချောင် ထွက်လာသည်။ သူ့ကိုတော့ လူတိုင်းက နှမြောစွာဖြင့် သက်ပြင်းချနေကြလေသည်။
မျှော်စင်ကို တက်လိုက်တာနဲ့ အထပ်အရေအတွက် များလေ အကျိုးအမြတ်တွေ ပိုများလေပါပဲ။ ဟွာချောင်ဟာ အတွင်းခန်းထဲက ကျောင်းသားတွေ ကြားထဲမှာ အဆင့်အတန်းမြင့်စွာ ရပ်တည်နေပေမယ့် တတိယအထပ်ကိုပဲ ရောက်ခဲ့တာကြောင့် အားလုံးက နှမြောနေကြလေသည်။
"ငါစမ်းကြည့်မယ်...."
အားလုံး တစ်ယောက်ပြီး တစ်ယောက် သက်ပြင်းချနေ ကြစဉ်မှာပင် အသံတစ်ခု ထွက်ပေါ်လာပြီးနောက် အဖြူရောင်ဝတ် လူငယ်တစ်ယောက် ရောက်လာသည်။
ဤလူငယ်သည် အရပ်ရှည်ပြီး မျက်ခုံးစောင်းဖြင့် ယောက်ျားပီသသော အသွင်အပြင်ကို ထုတ်လွှတ်လျက် ရှိသည်။
"သူကဘယ်သူလဲ?"
"မင်း သူ့ကို မသိဘူးလား? မင်း မျက်ကန်းသွားတာလား"
"အဲဒါက အဓိက မိသားစုသုံးစုထဲက ကျောက်မိသားစုရဲ့ ကျောက်ကောင်းပဲ!"
"သူက သခင်လေးချင်ဟွာ နဲ့ တိုက်ခဲ့တဲ့သူပဲ... သခင်လေးချင်ဟွာက ခြေတစ်လှမ်း စောပြီး ဂိုဏ်းဆရာနယ်ပယ်ကို ကျော်ဖြတ်ခဲ့တာကြောင့် သူ့ကိုရိုက်ထုတ်ပစ်တယ်လေ.. အဲဒီနောက်တော့ သူတံခါးပိတ် လေ့ကျင့်နေတာ... အကယ်ဒမီကို မရောက်တာ နှစ်ဝက်လောက်ရှိပြီ!"
"မရောက်တာ နှစ်ဝက်လောက်ရှိပြီ? ဆိုတော့ ဒီတစ်ခါ ပြန်ရောက်လာတာ ဂိုဏ်းဆရာနယ်ပယ်ကို ဖြတ်ကျော်သွားလို့လား?"
"အဲဒါတော့ မသိဘူး"
ထိုလူငယ်ကို မြင်လိုက်တဲ့ လူတိုင်း အံ့အားသင့်သွားကြပြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
မိသားစုသုံးစုထဲက ပါရမီအရှိဆုံး လူငယ်လို့သိကြတဲ့ ချင်ဟွာနဲ့ပြိုင်ဘက် ကျောက်ကောင်းပဲ ဖြစ်လေသည်။