မျှော်စင်ထဲသို့
Vol. 14 Ch. 2.57
"အဲဒီကျောက်ကောင်းက မှတ်တမ်းတချို့ကို ဖန်တီးထားနိုင်ခဲ့တယ်.... သိုင်းပညာသင် အဆင့်မှာကွင်း၈ကွင်း....ဖိရွှယ်နယ်ပယ်မှာ အမှတ်၂၃ခုနဲ့ ထုံးရွှမ်နယ်ပယ်မှာ သွေးကြော၄ခုဖွင့်ပြီး ချိတ်ဆက်ထားနိုင်ခဲ့တာ... သေသေချာချာ ပြောရရင် သူက ချင်ဟွာထက်တောင် တော်တဲ့ ပါရမီရှင်ပဲ... အတုတံဆိပ်နယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်ကို ဖြတ်ကျော်သွားလို့ မရတော့တာ သနားစရာပါပဲ....အဲဒါကြောင့် ချင်ဟွာက ဦးဆောင်သွားခဲ့တာ!"
ဟန်ရွှယ်က တိတ်တဆိတ် အသံတစ်သံဖြင့် ပြောလာ၏။
"အိုး....အဲ့လိုလား?"
လုရွှမ်သည် မလှမ်းမကမ်းမှ လူငယ်ကို လှမ်းကြည့်ကာ ခေါင်းယမ်းလိုက်သည်။
ချင်ဟွာက ဦးဆောင် သွားခဲ့တာလား။ အဲ့လိုလည်း မဟုတ်လောက်ဘူး!
သူ့ရှေ့က လူငယ်သည် ဂိုဏ်းဆရာနယ်ပယ်သို့ မရောက်သေးသော်လည်း သူသည် အတုတံဆိပ်နယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်တွင် သူသည် အလွန်အစွမ်းထက်လှပါသည်။
ရံဖန်ရံခါတွင် သူသည် ရက်စက်ကြမ်းကြုတ်ပြီး လူသတ်နိုင်သော အသွင်အပြင်ကို ထုတ်ဖော်ပြသနေ၏။ သူသည် ချင်ဟွာနှင့် မယှဉ်နိုင်သော်လည်း ဘဝနှင့် သေခြင်းရှင်ခြင်း တိုက်ပွဲများတွင် မည်သူနိုင်သည် ရှုံးသည်ကိုတော့ မသိနိုင်ပေ။
ဤနေရာမှနေ၍ ထိုလူငယ်သည် မရေမတွက်နိုင်သော တိုက်ပွဲများနှင့် သေခြင်းတရား ရုန်းကန်မှုများကို တွေ့ကြုံခံစားခဲ့ရသည်ကို တွေ့မြင်နိုင်ပေသည်။
ချင်ဟွာကဲ့သို့ ကျော်ကြားသော ပါရမီရှင်တစ်ဦး၏ မျှော်လင့်ထားသည့်အတိုင်း သူသည် အမှန်တကယ်ပင် ထူးထူးခြားခြားပင်။
သူဘယ်သူလဲဆိုတာ သိလိုက်ရတော့ တိမ်ဆွဲမျှော်စင် ရှေ့မှာ ပိတ်ဆို့နေတဲ့ ကျောင်းသားတော်တော် များများဟာ တစ်ချိန်တည်းမှာပဲ နှစ်ဖက်စလုံး နောက်ပြန်ဆုတ်သွားပြီး လမ်းကြောင်းတစ်ခုကို ဖောက်ပေးလိုက်သည်။
ဤသည်မှာ ခွန်အားသန်မာ ခိုင်ခံ့သူများအတွက် လေးစားအားကျစရာပင် ဖြစ်သည်။
"ဟားဟား....ကျောက်ကောင်း မင်း တိမ်ဆွဲမျှော်စင် ထဲကို ဝင်ချင်ရင်တောင် မင်းငါ့ကို စောင့်သင့်တယ်လေ!"
မျှော်စင်တံခါးသို့ မရောက်မီတွင် ရယ်သံတစ်သံ ထွက်ပေါ်လာပြီး အားလုံးက အသံနောက်သို့ လှည့်ကြည့်လိုက်ရာ အခြားလူငယ် တစ်ယောက် ဖြတ်လာသည်ကို တွေ့လိုက်ရသည်။
အခြားသူများကို စိတ်အနှောင့်အယှက် ဖြစ်စေသော အသွင်အပြင်ဖြင့် နဂါးနှင့်ကျားကဲ့သို့ သွားလာနေသော ဤလူငယ်လေးသည် ကျောက်ကောင်းနှင့် သိပ်မကွာပေ။
"ဟန်မိသားစုက ဟန်လင်ပဲ!"
"အဓိက မိသားစုသုံးစုထဲက ဟန်မိသားစုရဲ့ ထူးချွန်ထက်မြက်သူ ဟန်လင်ပဲ!"
"သူတို့နှစ်ယောက်ပါ လာမယ်လို့ မမျှော်လင့်ထားဘူး"
ဒီလူငယ်ကိုတွေ့တော့ အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြန်သည်။
ချင်ဟွာ၊ ကျောက်ကောင်း နှင့် ဟန်လင်တို့ကို ဝူယန်ကြယ်သုံးပွင့်ဟု ခေါ်တွင်ကြပြီး ဝူယန်အင်ပါယာတွင် အထူးချွန်ဆုံးလူငယ် သုံးဦးသည် ယခင်က တန်းတူရည်တူ ကျော်ကြားခဲ့သည်။ ချင်ဟွာသည် ဂိုဏ်းဆရာနယ်ပယ်ကို မကျော်ဖြတ်ခဲ့ပါက သူတို့သည်လည်း အားနည်းလိမ့်မည် မဟုတ်ပါ။
တိမ်ဆွဲမျှော်စင်ကို အရင်တစ်ခါ ဖွင့်တုန်းက သာမန်ကျောင်းသားတွေသာ ဝင်ရောက်ကြပြီး အတွင်းခန်းက တပည့်တွေ များများစားစား မရောက်ခဲ့ကြချေ။ အခုတစ်ခါမှာ ပါရမီသုံးပါးထဲက နှစ်ယောက် လာမယ်လို့ မမျှော်လင့်ထားပေ။
"ညီအစ်ကိုဟန်ကလည်း စိန်ခေါ်ချင်လို့လား?"
ကျောက်ကောင်းသည် သူ့ခြေရာကို ရပ်လိုက်ပြီး စူးစူးဝါးဝါး မျက်လုံးများဖြင့် ဖြတ်သွားနေသည့် လူငယ်ကို ကြည့်လိုက်သည် ။
"ဒါပေါ့.... မင်းငါနဲ့ ပြိုင်ပွဲတစ်ခုလုပ်ဖို့ စိတ်ဝင်စားလား?"
ဟန်လင်လည်း ဖုံးကွယ်မထားဘဲ တစ်ဖက်လူကို စိန်ခေါ်လိုက်သည်။
နှစ်ယောက်စလုံးဟာ ပါရမီရှင်တွေဖြစ်ပြီး သူတို့ဟာ ရွယ်တူချင်းတွေရဲ့ အထွတ်အထိပ်မှာ ရပ်တည်နေပြီး တကယ်ကို ယှဉ်ပြိုင်လိုကြသည်။
"အလွှာအရေအတွက် အမြင့်ဆိုးကို ရောက်တဲ့သူက အနိုင်ရမယ်!"
ကျောက်ကောင်းသည် အပိုစကားတွေ မပြောတော့ဘဲ သူ့ရှေ့က တိမ်ဆွဲမျှော်စင်ကို မျှော်ကြည့်ကာ သူ့ခန္ဓာကိုယ်သည် တိုက်ခိုက်ရေး စိတ်ဓာတ်များ ပြည့်နှက်လာလေသည်။
"ဒီလိုပဲ သဘောတူလိုက်မယ်...ငါအရင်ဝင်ပြီ!"
ဟန်လင်က တစ်ချက်ရယ်ပြီး သူ့ရှေ့က တံခါးကို ပြေးဝင်လိုက်သည်။
"မင်းကငါ့ရှေ့ကို ရောက်ချင်တယ်ပေါ့....ငါမင်းကို ခွင့်မပြုဘူးကွ!"
သူ အမြန်ထွက်သွားတာကို မြင်တော့ ကျောက်ကောင်းကလည်း အလျှော့မပေးဘဲ အေးစက်တဲ့ လေထုကို ထုတ်လွှတ်လိုက်ပြီး အနီးကပ် လိုက်သွားလေ၏။
နှစ်ယောက်သား တံခါးရှေ့မှာ တစ်ပြိုင်နက် ပျောက်ကွယ်သွားကြသည်။
"ပါရမီရှင် နှစ်ယောက်စလုံး တိမ်ဆွဲမျှော်စင်ထဲကို ဝင်ကြပြီ.... ဒီလိုအခြေအနေမျိုးက မြင်ရဖို့မလွယ်ဘူးကွ!"
"ဟုတ်တယ်!"
"မင်းပြောကြည့်....ကျောက်ကောင်းနဲ့ ဟန်လင်မှာ ဘယ်သူက အနိုင်ရနိုင်လဲ"
"ဒါတော့ မသိဘူး....ဒါပေမဲ့ သူတို့ အထပ်၉ထပ်မှာ ၄ထပ်လောက်ကိုတော့ ဝင်နိုင်လိမ့်မယ်"
"ဒါတော့ ဟုတ်တယ်လေ....ဝူယန်အကယ်ဒမီကို တည်ထောင်ပြီး နှစ်ပေါင်း ရာနဲ့ချီပြီးကတည်းက အတုတံဆိပ်နယ်ပယ်ကို ရောက်သူထဲမှာ စတုတ္ထထပ်ကို လူပေါင်း ၇၇ယောက် ဝင်ရောက်နိုင်တယ် ပဉ္စမထပ်မှာ ၂၃ ယောက်ရှိပြီး ၆ထပ်မြောက်ကို ၅ယောက်နဲ့ ၇ထပ်မြောက်ကစပြီး ဘယ်သူမှ မဝင်နိုင်တော့ဘူး....ချင်ဟွာ၊ ကျောက်ကောင်းနဲ့ ဟန်လင်က ပါရမီရှင်ပဲလေ ပထမလေးထပ်ကို ချိုးဖျက်ဖို့ မခက်ပါဘူး!"
"စီနီယာ ချင်ဟွာ တိမ်ဆွဲမျှော်စင်ကို စိန်ခေါ်တုန်းက အထပ်ဘယ်နှစ်ထပ်ထိ ထိုးဖောက်ခဲ့တာလဲ"
"သူ ဖြတ်သွားတာက ခြောက်ထပ်အထိလို့ ကြားတယ်...၇လွှာကိုတော့ မရောက်ခဲ့ဘူး!"
"၆လွှာကတင် ကြောက်စရာ ကောင်းနေပြီလေ... ငါဆို ပထမထပ်မှာတင် သေမလိုဖြစ်သွားတာ..."
သူတို့နှစ်ယောက် တိမ်ဆွဲမျှော်စင်ထဲကို ဝင်လာတာကို မြင်တော့ အားလုံးက ဖြည်းညှင်းစွာ ဆွေးနွေးကြပါတော့သည်။
မျှော်စင်ကို ဖြတ်ကျော်ခြင်းသည် လေ့ကျင့်ရေးသမားများအတွက် ကြီးကျယ်ခမ်းနားသော ဖြစ်ရပ်တစ်ခုဖြစ်သည်။ အထပ်အနည်းငယ်ကို မဖြတ်နိုင်သော်လည်း ပါရမီရှင်တစ်ဦး၏ စံချိန်ကို ကိုယ်တိုင်မျက်စေ့ဖြင့် ချိုးဖျက်လိုက်သည်ကို မြင်တွေ့ရသည်မှာ လူအများ စိတ်လှုပ်ရှားစေပါသည်။
လူတိုင်း ဆွေးနွေးနေကြစဉ်တွင် လူအိုတချို့သည် ကြီးမားသော ခြေလှမ်းများဖြင့် လျှောက်လာကြသည်။
ဒီလူတွေကိုမြင်တော့ လူတိုင်းက စကားမပြောရဲဘဲ တစ်ချိန်တည်းမှာ တိတ်ဆိတ်သွားကြသည်။
အကယ်ဒမီ၏ အကြီးအကဲနှင့် ဒုကျောင်းအုပ်တို့ ရောက်လာကြခြင်း ဖြစ်ပေသည်။
"သူတို့နှစ်ယောက် တစ်ပြိုင်နက် ဝင်သွားပြီဆိုတော့ စံချိန်သစ် တင်နိုင်မှာပဲ!"
"သူတို့ ခြောက်ထပ်ကိုသာ ဖြတ်ကျော်သွားနိုင်ရင် ငါ့ရဲ့ ဝူယန်အကယ်ဒမီကို ကောင်းကင်ဘုံက ကောင်းချီးပေးမယ်လို့ မျှော်လင့်ပါတယ်!"
"ခြောက်ထပ်က ခက်မှာကို ကြောက်ရတယ်... ဒါပေမယ့် ငါးထပ်က နှစ်ယောက်လုံးအတွက် မျှော်လင့်ချက် ရှိသေးတယ်"
အကြီးအကဲတချို့သည် မုတ်ဆိတ်မွေးများကို လက်ဖြင့်ပွတ်သပ်ကာ မဝေးလှသော နေရာက မျှော်စင်ကို စိုက်ကြည့်ကာ တစ်ယောက်ပြီးတစ်ယောက် ရယ်မောနေကြသည်။
ထင်ရှားသည်မှာ ပါရမီရှင် နှစ်ယောက်သည် မျှော်စင်ထဲသို့ ဖောက်ထွင်း ဝင်ရောက်လာပြီမို့ သူတို့ကို စိတ်လှုပ်ရှားနေစေခဲ့သည်။
"ညီလေးလု.....ဟန်ရွှယ်! မင်းတို့လည်း ရောက်နေပြီလား?"
ဟွာချောင်သည် လုရွှမ်နှင့် ဟန်ရွှယ်တို့ကို မလှမ်းမကမ်းတွင် မြင်လိုက်ရပြီး အပြုံးဖြင့် လျှောက်လာခဲ့သည်။
"အင်း ငါလည်း လာစမ်းကြည့်တာ!" ဟန်ရွှယ်က ခေါင်းညိတ်သည်။
"ကောင်းပြီ....ကြိုးစားထား!! ငါတော့ စတုတ္ထထပ်ကို မရောက်နိုင်ဘူး ထင်တယ်.... မင်းနဲ့ ညီလေးလုအတွက်က ပြဿနာမရှိမှာ သေချာတယ်!"
ဟွာချောင်က ရယ်လျက်ဆို၏။
"ဘယ်သူသိမှာလဲ? စတုတ္ထထပ်က အရမ်းခက်ခဲတယ်...အောင်မြင်မယ်လို့ မထင်ဘူး ဒါပေမဲ့ အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည် ဖြစ်စေ ငါကြိုးစားရမှာပဲ!"
ဟန်ရွှယ်သည် သူမအား စိတ်ပိုင်းဖြတ်ထားသည့် တိမ်ဆွဲမျှော်စင်၏ တံခါးဆီသို့ လျှောက်သွားလိုက်သည်။
တိမ်ဆွဲမျှော်စင်တွင် လမ်းကြောင်းများစွာရှိပြီး လူဒါဇင်ပေါင်း များစွာကို တစ်ချိန်တည်းတွင် အကဲဖြတ် စစ်ဆေးပေးရန် ပြဿနာ မရှိပေ။
"ငါလည်း သွားစမ်းကြည့်ရမယ်"
သူမထွက်သွားတာကို မြင်တော့ လုရွှမ်နှင့် ဟွာချောင်လည်း တစ်ချိန်တည်းမှာ ပြေးဝင်သွားကြသည်။
လေပြင်းလက်ဝါးတံဆိပ်ကို လေ့ကျင့်ရန် ဤကဲ့သို့သော အကဲဖြတ်မှုအတွက် တိမ်ဆွဲမျှော်စင် သည် အခွင့်အရေး ဖြစ်တာမို့ သဘာဝအတိုင်း သူသည်လည်း အခွင့်အရေးကို လက်လွှတ်ခံမည် မဟုတ်ပေ။
"နင် တိမ်ဆွဲမျှော်စင်ထဲကို တစ်ခါမှ မဝင်ဖူးဘူးမလား? ဘယ်လိုလဲ? ငါနဲ့ပြိုင်ကြည့်မလား?"
ဟန်ရွှယ်သည် အလွန်ကျော်ကြားသူ ဖြစ်သည်။ သူမ၏ကိုယ်ပိုင် အစွမ်းသတ္တိအပြင် လူအများက သူမအား နည်းလမ်းများ ပေးခဲ့သည််အတွက် လုရွှမ်က သေချာပေါက် နောက်မှာကျန်ခဲ့မှာ ဖြစ်သည်။
မျှော်စင်တံခါးရှေ့ ရောက်တော့ ဟန်ရွှယ်က သူမမျက်လုံးတွေထဲ ယုံကြည်မှုအပြည့်နဲ့ ခေါင်းလှည့်လိုက်သည်။
တိမ်ဆွဲမျှော်စင်သည် သန်မာတိုင်း အထပ်မြင့်ကို ရောက်နိုင်မည်ဟု မဆိုလိုပါ။ ၎င်းသည် ခန္ဓာကိုယ်တစ်ခုလုံး၏ အကဲဖြတ်မှု တစ်ခုဖြစ်သည်။ ဟန်ရွှယ်သည် ယင်းနှင့်ပတ်သက်၍ အလွန်ယုံကြည်မှု ရှိထားသည်။
"ကောင်းပြီ!" လုရွှမ်က ပေါ့ပေါ့ပါးပါးပဲ တုံ့ပြန်လိုက်သည်။
"ဟုတ်ပြီ... ဘယ်သူက ပိုမြင့်မလဲ စမ်းကြည့်ရအောင်!"
အနည်းငယ် ပြုံးကာ ဟန်ရွှယ် ပြေးဝင်သွားလေ၏။ လုရွှမ်လည်း အနီးကပ်လိုက်လာပြီး လူတိုင်းရှေ့မှာ ပျောက်သွားသည်။
"အဲဒီကောင်လေးက ဘယ်သူလဲ? ဘယ်လိုလုပ် စီနီယာရွှယ်ဟန်နဲ့ ပြိုင်ရဲတာလဲ?"
"ကြားမိတာတော့ လုရွှမ်လို့ ခေါ်တယ်တဲ့... သူက ငါတို့ အကယ်ဒမီရဲ့ ကျောင်းသားမဟုတ်ဘူး!"
"အိုး.. ငါတို့ အကယ်ဒမီ ကျောင်းသား မဟုတ်ဘူးလား? ဒါဆို သူ ဘယ်လိုလုပ် ဝင်နိုင်မှာလဲ? သူ့ရဲ့ ခွန်အားက ဘယ်လိုလဲ?"
"သူ့ရဲ့ ခွန်အားက စီနီယာဟန်ရွှယ်နဲ့ သိပ်မကွာဘူးတဲ့....ငါလည်းသူနဲ့ မတိုက်ဖူးတော့ မပြောတတ်ဘူး...."
"ခန့်မှန်းစရာ မလိုပါဘူး... သူတို့ရဲ့ ရလဒ်တွေကိုပဲ ကြည့်လိုက်ရအောင်"
"မှန်တယ်"
"ဒါပေမယ့် မင်း အဲဒါကို မကြည့်ဘဲ ခန့်မှန်းလို့တောင် ရတယ်... သူက အရှက်ခွဲခံရဖို့ တောင်းဆိုနေတာပဲ ဖြစ်ရမယ်"
"ပါရမီရှင်သုံးယောက် ဖြစ်တဲ့ ဟန်ရွှယ်၊ ကျောက်ကောင်းနဲ့ ဟန်လင်တို့ အတူတူ ဝင်သွားမှတော့ ရလဒ်က ရှင်းနေပြီလေ"
"စီနီယာဟန်ရွှယ် အစောက ပြောလိုက်တယ်မလား? သူအရင်က တစ်ခါမှ မရောက်ဖူးဘူးတဲ့ အဲ့တော့ အတွေ့အကြုံ မရှိဘူးပေါ့ သန်မာတယ် ဆိုရင်တောင် အသုံးမဝင်ဘူး...."
နှစ်ယောက်သား ဝင်သွားပြီးနောက် လူအများ၏ အာရုံကို ဖမ်းစားလိုက်ပြန်သည်။
ဝူယန်ရဲ့ နံပါတ်တစ် အလှလေးဖြစ်တဲ့ ဟန်ရွှယ်ဟာ သူမ ဘယ်သွားသွား ဘယ်အကြောင်းအရာ တွေကိုပဲဖြစ်ဖြစ် သဘာဝကျကျ ထုတ်ဖော်ပြသနိုင်လေသည်။ လုရွှမ်ဟာ ဒီတစ်ကြိမ်မှာလည်း လူအများရဲ့ အာရုံစိုက်မှုကို ခံနေရ၏။