← Chapters

လေးလွှာ

Vol. 14 Ch. 2.58

လေးလွှာ

Vol. 14 Ch. 2.58

တိမ်ဆွဲမျှော်စင် တံခါးဝကို ဝင်လိုက်တာနဲ့ တစ်ဒါဇင်ကျော်ရှိတဲ့ လမ်းကြောင်းတစ်ခုက သူ့ရှေ့မှာ ချက်ချင်းပေါ်လာ၏။

တစ်စုံတစ်ယောက် ဝင်လာသရွေ့တော့ လမ်းကြောင်းရဲ့ အ၀င်ဝက အလိုအလျောက် ပိတ်သွားမှာဖြစ်ပြီး သူ့ရှေ့က လမ်းကြောင်းသုံးခုကို ပိတ်သွားပြီမို့ ဟန်ရွှယ် ဝင်သွားပြီဆိုတာ သိသာလေ၏။

လမ်းကြောင်းတစ်ခုကို အမှတ်တမဲ့ ရွေးချယ်ပြီးနောက် လုရွှမ်သည်လည်း ဝင်လာခဲ့သည်။

ဗုန်း!

အထဲသို့ ဝင်လိုက်သည်နှင့် အသံနက်ကြီး တစ်သံထွက်လာပြီး မျက်လုံးများ မှောင်သွားသည်။

ဝှစ်!

ဘာ့ကြောင့် အလင်းမရှိတာလဲလို့ တွေးနေတုန်း သူ့မျက်နှာကို လေပြင်းတွေ တိုက်နေသလို တစ်စုံတစ်ယောက်က သူ့ကို တိုက်ခိုက်လာတော့သည်။

တစ်ဖက်လူ၏ ချွန်ထက်သော လက်သီးကို ရှောင်ရင်း သူ့ခန္ဓာကိုယ်ကို ယိမ်းနွဲ့လျက် လုရွှမ် မော့ကြည့်လိုက်သည်။

အနက်ရောင်ဖြစ်နေလျှင် အခြားသူသည် မည်သည့်အရာကိုမျှ မမြင်နိုင်သော်လည်း သူ၏ နတ်မျက်စိအမှတ်က ပွင့်သွားပြီးပြီ။ သူ၏ စစ်မှန်သော စွမ်းအင် အလှည့်အပြောင်းဖြင့် သူ့မျက်လုံးများသည် တောက်ပနေစွာဖြင့် ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရပါသည်။

နတ်မျက်စိအမှတ်သည် မျက်စိအမြင်ကို ကောင်းစွာ မြှင့်တင်ပေးနိုင်ကာ မြင့်မားသော အဆင့်ထိ လေ့ကျင့်ထားလျှင် သာမန်လူများ မမြင်နိုင်သမျှကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပါ၏။

"လတ်စသတ်တော့ ရုပ်သေးရုပ်ကိုး"

အလင်းတဖျပ်ဖျပ်ဖြင့် သူအား ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လာသူကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။

အတုတံဆိပ်နယ်ပယ်က ရုပ်သေးရုပ်ပင်။

ကြည့်ရသည်မှာ ကျင့်ကြံသူများ၏ ကျင့်ကြံမှုကို အလိုအလျောက် ပိုင်းခြားနိုင်သော ရုပ်သေးရုပ်များကို လွှတ်ထားပုံရသည်။ သူ့ရှေ့ရှိ ရုပ်သေးသည် အတုတံဆိပ်နယ်ပယ်၏ အစောပိုင်းအဆင့်တွင် ဖြစ်ကာ သူကိုယ်တိုင်နှင့် တူညီသည်။

အတုတံဆိပ်နယ်ပယ်၏ အစောပိုင်းကာလများတွင် အမှောင်ထဲရှိ မိမိနှင့် အဆင့်တူသော ရုပ်သေးရုပ်ကို ရုတ်တရက် တွေ့မိပါက သင်သည် အလျင်လိုနေပြီး ကိုယ့်ကိုယ်ကို ထိန်းချုပ်ရန် အခက်တွေ့နေမည် ဖြစ်သည်။

သို့သော် လုရွှမ်ကတော့ ကွဲပြားသည်။ နတ်မျက်စိအမှတ်ကို ဖွင့်ဖို့မပြောနှင့် တိုက်ခိုက်ရေးစွမ်းအားအကြောင်း ပြောရုံဖြင့် အတုတံဆိပ်နယ်ပယ် အစောပိုင်းအဆင့်က ရုပ်သေးရုပ်လေး တစ်ရုပ်ကို ဂရုစိုက်မည် မဟုတ်ချေ။

အနည်းငယ် ပြုံးကာ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး လေပြင်းလက်ဝါးကို ထုတ်သုံးလိုက်သည်။

ဗုန်း!

သူ့ရှေ့က ရုပ်သေးရုပ်က အေးခဲသွားပြီး ရင်ဘတ်ကို ထိမှန်ကာ လွင့်ပျံသွားတော့သည်။

တောက်ပသော အလင်းရောင် တစ်ခုသည် သူ့မျက်လုံးရှေ့တွင် ပေါ်လာပြီး လမ်းကြောင်းတစ်ခု ပေါ်လာသည်။

"ပြီးသွားပြီလား?"

လမ်းကြောင်းကို မြင်လိုက်ရတော့ လုရွှမ်သည် ခဏတာ ကူကယ်ရာမဲ့ ဖြစ်သွားသည်။

ဒီပထမအဆင့်က အရမ်းကောင်းတာပဲ။

လမ်းကြောင်း၏ အဆုံးသည် ယခင်အတိုင်းပင်။မျက်စိရှေ့တွင် အမှောင်သာရှိ၍ ဘာမျှမမြင်နိုင်ပေ။

ဝူး ဝူး ဝူး ဝူး !

ယခုအကြိမ်သည် လက်သီး လေသံများ တိုက်ခိုက်ာခြင်း သို့မဟုတ် ရုပ်သေးတိုက်ခိုက်ခြင်း မဟုတ်ဘဲ လျှို့ဝှက်လက်နက်များ ဖြစ်သည်။

လျှို့ဝှက်လက်နက် ဒါဇင်ပေါင်းများစွာသည် တစ်ချိန်တည်းမှာပင် နေရာပေါင်းစုံမှ ပစ်ခတ်လာပြီး လေထဲသို့ ထိုးဖောက် ဝင်ရောက်လာသော လျင်မြန်သော အသံတစ်ခုကြောင့် ဆံပင်များပင် လွင့်မျောသွား၏။

"လျှို့ဝှက်လက်နက်တွေကို တုံ့ပြန်မှုအရှိန်နဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုကို လေ့ကျင့်ဖို့ သုံးတာပဲ!"

လုရွှမ်၏ နှလုံးခုန်သံကြောင့် ဤအဆင့်၏ တီထွင်မှု ရည်ရွယ်ချက်ကို သူချက်ချင်းနားလည် သဘောပေါက်သွားပြီး အဓိပ္ပါယ်မဲ့စကားများကို ချက်ချင်း ရပ်လိုက်သည်။

ဝူး......ဝူ.....

သူသည် ရှေ့တစ်ခြမ်းနှင့် အနောက်ဖက်သို့ အပြန်ပြန် အလှန်လှန် လှုပ်ရှားရင်း သူပုံစံက သိပ်မဟန်သလိုဖြင့် ပစ်ခတ်လိုက်သော လျှို့ဝှက်လက်နက်များစွာမှာ ဤယိမ်းထိုးမှုအောက်တွင် ဆင်းသက်သွားကြသည်။

"နည်းနည်းတော့ အားနည်းနေသေးတယ်.... အရှိန်က ပိုမြန်ပြီး အရေအတွက် များနေရင်တော့ အခြေအနေက ပြောင်းသွားနိုင်တယ်"

ရှေ့တစ်လျှောက်လုံးတွင် လျှို့ဝှက်လက်နက်များ ဆက်လက် ရောက်ရှိလာသော်လည်း လုရွှမ်က ၎င်းတို့ကို အလွယ်တကူ ရှောင်တိမ်းသွားခဲ့သည်။

သူ၏ လက်ရှိအင်အားကို ချန်ထားခဲ့ကာ တစ်သက်တာတွင် သူ၏ တိုက်ခိုက်ရေး အတွေ့အကြုံနှင့် အန္တရာယ်များကို ထိန်းချုပ်နိုင်မှုအကြောင်း ပြောရုံမျှဖြင့် ဤလျှို့ဝှက်လက်နက်များက သူ့ကို မထိခိုက်စေနိုင်ပေ။

မကြာခင်မှာပဲ ဒုတိယအဆင့်ကို လွယ်လွယ်ကူကူနဲ့ ကျော်ဖြတ်ပြီး တတိယအထပ်ကို ရောက်သွားခဲ့သည်။

သူတတိယအဆင့်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် လုရွှမ်သည် ရုတ်တရတ် ကွဲပြားသွားသည်ကို ခံစားလိုက်ရသည်။

အခင်းအကျင်း တစ်ခု အသက်ဝင်လာခဲ့သည်။ ဤအခင်းအကျင်းထဲတွင် သူ၏အာရုံများနှင့် ထိတွေ့မှု အားလုံးသည် ပျောက်ကွယ်သွားသလို ခံစားလိုက်ရသည်။

"ခန္ဓာကိုယ် လေ့ကျင့်မှု?"

လုရွှမ်၏ မျက်လုံးများ တောက်ပလာပြီး ကြောက်ရွံ့နေမည့်အစား ပီတိပင် ဖြစ်လာသည်။

တတိယအချီမှာ ထူးထူးခြားခြား ဘာမှဖြစ်မလာနိုင်ဘူးလို့ သူထင်ခဲ့ပေမဲ့ ဒီလိုပုံစံဖြစ်ဖို့တော့ မမျှော်လင့်ထားပါဘူး။ အာရုံခြောက်ပါးကို ကွယ်ဝှက်ထားနိုင်သော ဤအခင်းအကျင်း ဖွဲ့စည်းပုံမျိုးသည် အသင့်တော်ဆုံးညဖြစ်သည်။

အာရုံခြောက်ပါး ပိတ်သွားမှသာလျှင် လေ့ကျင့်သူသည် ခန္ဓာကိုယ်ကို မျက်စိအဖြစ်သုံး၍ မိမိပတ်ဝန်းကျင်ရှိ အရာခပ်သိမ်းကို စောင့်ကြည့်နိုင်မှာ ဖြစ်သည်။

ဒီလိုပုံစံမျိုးနဲ့ မျက်လုံးဖွင့်ကြည့်တာတောင် အသုံးမဝင်ဘူးဆိုတာ သိလိုက်ရတော့ လုရွှမ် သူ့မျက်လုံးတွေကို မှိတ်ထားပြီး သူ့စိတ်ဖြန့်ကျက်၍ ပတ်ဝန်းကျင်က အရာအားလုံးကို ခံစားလိုက်သည်။

မကြာမီ သူ့တစ်ကိုယ်လုံး ပတ်ဝန်းကျင်နှင့် ပေါင်းစပ်သွားပြီး ထိတွေ့နေရသော အရေပြားသည် သူ့မျက်လုံးများ ဖြစ်လာကာ ပတ်ဝန်းကျင် အခြေအနေကို ရှင်းရှင်းလင်းလင်း ခံစားနိုင်စေခဲ့သည်။

ဟူ!

မျက်ခုံးပင့်ကာ လက်ဖဝါးဖြင့် ရှေ့သို့ လှမ်းဆွဲလိုက်သည်။ လေပြင်းလက်ဝါးသည် သူ့လက်ဖဝါးမှ ဖြန့်ထွက်လာပြီး ဖြည်းညှင်းစွာ လျှောက်နေသော ရုပ်သေးရုပ်ကို မိသွားသည်။

ဤရုပ်သေးသည် အရှိန်သည် မမြန်သလို တိတ်တဆိတ် လှုပ်ရှားသော်လည်း ၎င်းကို ရှာမတွေ့ပါက ခိုးဝင်တိုက်ခိုက် လာနိုင်ချေ ရှိလေသည်။

ရုပ်သေးရုပ်ကို ဖမ်းဆွဲလိုက်သည်နှင့် သူ့နောက်ကျောမှ ကြွက်သားများ တုန်လှုပ်သွားပြီး လုရွှမ်သည် အခြားလက်ဖဝါးဖြင့် နောက်သို့ ရိုက်ချလိုက်သည်။

ဝုန်း!

နောက်ထပ်ရုပ်သေးရုပ် တစ်ရုပ် နောက်ပြန်လွင့်သွားသည်။

ဒီရုပ်သေးက သူ့ဆီကို ခိုးဝင်တိုက်ခိုက်ဖို့ အချိန်ကို အခွင့်ကောင်းယူခဲ့တာပဲ။

"ဒီရုပ်သေးတွေက ပြင်းထန်တဲ့ တိုက်ခိုက်နိုင်စွမ်း မရှိပေမယ့် ရှောင်လွှဲလို့မရအောင် လှုပ်ရှားနေကြတာ!"

သူ့မျက်လုံးများကို မှိတ်ထားရင်း လုရွှမ်သည် သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ခံစားနေသည်။

အခုလေးတင် လုပ်ကြံမှုနှစ်ခုကနေ တစ်ဆင့် ဒီရုပ်သေးတွေဟာ တိုက်ခိုက်ရေး စွမ်းအားမပြင်းထန်ဘူး။ ထုံးရွှမ်နယ်ပယ် အဆင့်လောက်သာ ရှိတယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခံရရင်တောင် ထိခိုက်မှာ မဟုတ်ဘူး။

သို့သော်လည်း စိန်ခေါ်မှုဖြစ်တာကြောင့် သဘာဝကျကျ ၎င်းတို့ကို အနိုင်ယူခွင့် မပေးနိုင်ပါ။ ဤသည်မှာ အန္တရာယ်ကို ရင်ဆိုင်ရာတွင် ခန္ဓာကိုယ်၏ ဗီဇကို လေ့ကျင့်ခြင်းပင် ဖြစ်သည်။

မှန်မှန်ကန်ကန် လေ့ကျင့်မှသာလျှင် ခန္ဓာကိုယ်သည် အချိန်တိုင်း နိုးကြားနေနိုင်မည် ဖြစ်သည်။ စိတ်၏ တုံ့ပြန်မှု မပြုနိုင်လျှင်ပင် အန္တရာယ်ဖြစ်လျှင်လည်း ခန္ဓာကိုယ်သည် အသင့်လျော်ဆုံး ခုခံကာကွယ်နိုင်မည် ဖြစ်သည်။

ဒုန်းဒုန်း ဒုန်းဒုန်း!

ဆယ်မိနစ်မပြည့်မီတွင် တိုက်ခိုက်မှု လှိုင်းလုံးပေါင်း တစ်ဒါဇင်ကျော် ရှိနေပြီဖြစ်ပြီး တစ်ခုစီကို အောင်မြင်စွာ တားဆီးနိုင်ခဲ့သည်။ တိုက်ခိုက်မှု ဆယ်ကြိမ်ထက်မနည်းတွင် ရုပ်သေးများသည် သူ့အဝတ်အစားများကို မထိနိုင်ခဲ့ဘဲ အနည်းငယ်မျှသာ နာကျင်စေ၏။

ဗုန်း!

ဆယ့်ငါးခုမြောက် ရုပ်သေးလှိုင်းလုံးကြီး ပြီးဆုံးသွားသည့်အခါ တံခါးပွင့်သွားပြီး အာရုံခြောက်ပါးကို ဖုံးကွယ်ထားသည့် အသွင်သဏ္ဌာန်လည်း ပျောက်ကွယ်သွားသည်။ မျက်စီရှေ့တွင် အလင်းတန်းများ မှိတ်တုတ်မှိတ်တုတ်ဖြင့် ပေါ်လာသည်။

တတိယအထပ်ကို ကျော်၍ စတုတ္ထအထပ်သို့ အောင်မြင်စွာ ဝင်ရောက်ခဲ့သည်။

စတုတ္ထအဆင့်သည် တိမ်ဆွဲမျှော်စင်၏ စတုတ္ထထပ်ဖြစ်သည်။ လုရွှမ် ခြေထောက်ကို မြှောက်ကာ ဖြည်းညှင်းစွာ လျှောက်ဝင်လာခဲ့သည်။

ပထမအဆင့် သုံးဆင့်က သူ့အတွက် သိပ်မခက်ပါဘူး။ ဒါပေမဲ့ စတုတ္ထအဆင့်က ဒီလောက်မလွယ်နိုင်ဘူး။ မဟုတ်ရင် တိမ်ဆွဲမျှော်စင်က ဒီလောက် သန်မာတဲ့သူတွေကို ထောင်ချောက်ဆင်ဖို့ မဖြစ်နိုင်ဘူးလေ။

နှစ်ရာနဲ့ချီတဲ့ ဝူယန်အကယ်ဒမီမှာတောင် ၇၇ယောက်ပဲ အောင်မြင်ခဲ့သေးတာ မဟုတ်ပါလား။

တိမ်ဆွဲမျှော်စင် အပြင်ဘက်တွင်။

ဟန်လင်၊ ဟန်ရွှယ်နှင့် ကျောက်ကောင်းတို့ ပါရမီရှင် သုံးယောက်တို့သည် ပြင်းပြင်းထန်ထန် ရုန်းရင်းဆန်ခတ် ဖြစ်ကုန်လျက် မျှော်စင်ထဲသို့ ဝင်သွားကြသည့်နောက် ကျောင်းသားများ တစ်ယောက်ပြီး တစ်ယောက် လာခဲ့ကြရုံ သာမက ဆရာ၊ဆရာမ အများအပြားလည်း ရောက်လာကြသည်။

ပါရမီရှင် သုံးယောက် ဝင်သွားနိုင်သည်က ဟိုးအရင်တုန်းက ကျန်ခဲ့တဲ့ စံချိန်ကို ချိုးဖျက်နိုင်ပါ့မလား။

"နတ်ဘုရားမဟန်ရွှယ်က စတုတ္ထထပ်ကို သေချာပေါက် ဝင်နိုင်မယ်ထင်တယ်!"

"ကျွန်တော်လည်း ထင်ပါတယ်.... ဒါပေမဲ့ စီနီယာကျောက်ကောင်းကိုလည်း ပိုထင်တယ်... သူက မြောက်ပိုင်းစစ်မြေပြင်မှာ လွန်ခဲ့တဲ့ ခြောက်လလောက်က တိုက်ပွဲဝင်ခဲ့တယ်လို့ ကြားတယ်။ ရန်သူ တစ်ထောင်ရှစ်ရာထက် မနည်းကို ကိုယ်တိုင်သတ်တာ ဒီအချက်နဲ့တင် တခြားနဲ့ ယှဉ်လို့မရတော့ဘူး!"

"စီနီယာကျောက်ကောင်းက စစ်မြေပြင်ကို သွားတယ်...စီနီယာဟန်လင်ရဲ့ အတွေ့အကြုံကရော ရိုးရှင်းတယ်လို့ မင်းထင်နေလား....သူတစ်ယောက်တည်း ရေခဲချိုင့်ဝှမ်း အောက်ခြေကို သွားပြီး သားရဲမျိုးစုံကို တစ်ယောက်တည်း အမဲလိုက်ခဲ့တယ်လို့ ကြားတယ်....အဆင့်၈ ဂိုဏ်းဆရာနယ်ပယ် သားရဲတွေကို သတ်ပစ်တာ ခေါင်းသုံးလုံးထက် မနည်းဘူးတဲ့လေ!"

"တိမ်ဆွဲမျှော်စင်က ခွန်အားကို မကြည့်ဘဲ ကိုယ်ခန္ဓာရဲ့ ချုပ်ကိုင်မှုနဲ့ အရည်အချင်းတွေကိုပဲ ကြည့်တာ.... နတ်ဘုရားဟန်ရွှယ် အဝေးဆုံးကို ရောက်သွားပြီလို့ ထင်နေတုန်းပဲ.... မျက်စိစုံမှိတ် ကိုးကွယ်ပြီး တုံးအနေစရာ အကြောင်းမရှိဘူး!"

"......"

ပရိတ်သတ်များအကြား ဆွေးနွေးမှုများစွာ ရှိလာခဲ့သည်။

ပါရမီရှင် သုံးယောက်က အရမ်းနာမည်ကြီးပြီး အဆုံးထိ အောင်နိုင်သူတိုင်းကို ကျော်ကြားသူအဖြစ် မြင်ချင်ကြသည်။ လုရွှမ်လို့ အမည်ပေးထားတဲ့ ကောင်လေးကတော့ ကိန်းဂဏန်းတွေကို စုဆောင်းထားသူ တစ်ယောက်သာဖြစ်လို့ ဖော်ပြဖို့ပင် မထိုက်တန်ပေ။

All Chapters