ထိတ်လန့်ခြင်း
Vol. 14 Ch. 2.59
"ကျောင်းအုပ်ကြီးဟုန်ချန်း... ခင်ဗျားရော ဘယ်လိုထင်လဲ?"
လူအုပ်ကြီး၏ နောက်တွင် လူအိုအများအပြား မတ်တပ်ရပ်နေကြပြီး ၎င်းတို့အနက်မှ တစ်ဦးက မလှမ်းမကမ်းမှ ဆံပင်နီရောင်နှင့် လက်နက်ကိုင်ထညးသူ အဘိုးအိုတစ်ဦးကို လှမ်းကြည့်လိုက်သည်။
ဝူယန်အကယ်ဒမီ၏ ပထမ ဒုကျောင်းအုပ် ဟုန်ချန်းပင်တည်း။
ဟုန်ချန်းသည် ဟန်ရောင်ကဲ့သို့ ဂိုဏ်းဆရာနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်ဖြစ်ပြီး သူ၏ ကျင့်ကြံမှုမှာ အဆင့်မတက်နိုင်အောင် ဖြစ်နေသည်။ သူ ငယ်ငယ်က မတော်တဆမှု တစ်ခုကြောင့် လက်မောင်းတစ်ဖက်ကို ဖြတ်ခဲ့ရပြီး ဒီနေ့အထိ ပြန်လည်ကောင်းမွန်လာခြင်း မရှိခဲ့ပေ။
သူ့မှာ ရိုးရိုးရှင်းရှင်း ကိုယ်ရည်ကိုယ်သွေးရှိပြီး သူပြောစရာရှိတာကို ပြောတတ်ပြီး ဘယ်တော့မှ ဖုံးကွယ်မထားတတ်သူပင်။ ကျောင်းအုပ်ကြီးဟန်အပေါ် သူအမှားလုပ်မိတဲ့အခါ သူ့ကို သတ္တိရှိရှိ ရင်ဆိုင်ရဲ၏။ ဒါကြောင့် သူ့ကို လူအများက လေးစားခဲ့ကြသည်။
"ကျောက်ကောင်းနဲ့ ဟန်လင်တို့ရဲ့ အသက်ရှူသံတွေက ပြင်းပြပြီး အတုတံဆိပ်နယ်ပယ် အထွတ်အထိပ် အဆင့်မှာ အချိန်အကြာကြီး နေခဲ့ကြတယ်....ဂိုဏ်းဆရာနယ်ပယ်နဲ့လည်း ခြေတစ်လှမ်းပဲ ကွာတော့တယ် ၄ထပ်အထိ တက်နိုင်ဖို့က ပြဿနာကြီး မဟုတ်နိုင်ဘူး... ဟန်ရွှယ် ကတော့ သူမဟာ အသန်မာဆုံး မဟုတ်ပေမယ့် အရမ်းတော်ပါတယ်။ စိတ်စွမ်းအား၊ ရုပ်ခန္ဓာနဲ့ စစ်မှန်တဲ့ ဝိညာဥ်ချီ ပမာဏကိုတော့ တူညီတဲ့အဆင့်မှာ ထိပ်တန်းအဆင့်လို့ ယူဆထားပေမယ့် ပထမနှစ်ယောက်ထက် ပိုဝေးဝေး သွားနိုင်မယ်လို့ ထင်တယ်!"
ဒုကျောင်းအုပ်ကြီး ဟုန်ချန်းက ဘာသိဘာသာနဲ့ ပြော၏။
သူပြောသည့်စကားသည် အဓိပ္ပာယ်ရှိပြီး ချဲ့ကားခြင်းမရှိဘဲ အခြားလူများကို ခေါင်းညိတ်စေခဲ့သည်။
"တိမ်ဆွဲမျှော်စင်မှာ ဘက်ပေါင်းစုံက ဟန်ချက်ညီနေဖို့ လိုအပ်တယ်.... ခုခံနိုင်စွမ်းနဲ့ တုံ့ပြန်နိုင်စွမ်းကလည်း အလွန်ပြင်းထန်နေဖို့ လိုတယ်... ဟန်ရွှယ်ရဲ့ ဝိညာဉ်စွမ်းအား အတိုင်းအတာ၊ ရုပ်ခန္ဓာနှင့် စစ်မှန်သော စွမ်းအင်တွေက ကောင်းမွန်ပေမယ့် ကျောင်းအုပ်ဟန်က သူမကိုအရမ်း အလိုလိုက်ထားတော့ အန္တရာယ် အတွေ့အကြုံက အရမ်းနည်းလွန်းတယ်.... ငါ့အမြင်အရတော့ ကျောက်ကောင်းကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး!"
အဘိုးအိုသည် သူ့စကားကို သဘောမတူသဖြင့် ခေါင်းယမ်းသည်။
"ဟန်လင်က ရနိုင်ချေ ပိုများမယ်ထင်တယ်.... ရေခဲမြစ်ဝှမ်းရဲ့ အောက်ခြေက မှောင်မည်းတဲ့နေရာတစ်ခုပဲ.... ရှင်သန်ချင်တယ်ဆိုရင် မင်းခန္ဓာကိုယ်ရဲ့ဗီဇ စွမ်းအားတွေက ကြီးမားတဲ့အခန်းကဏ္ဍကနေ ပါဝင်နေရမယ်....တိမ်ဆွဲမျှော်စင်ရဲ့ စတုတ္ထထပ်ကို ဝင်ဖို့က ပိုခက်တယ် ငါကတော့ သူတစ်ဦးတည်းကပဲ ဝေးဝေးသွားနိုင်မယ်လို့ ထင်တယ်"
ဟန်လင်ကို ထောက်ခံတဲ့ လူကြီးတွေလည်း ရှိလေသည်။
"ဟုတ်သားပဲ... ဟန်ရွှယ်နဲ့ ဝင်သွားတဲ့ ကောင်လေးက ဘယ်အထပ်ကို တက်နိုင်မယ်လို့ မင်းထင်လဲ?"
အဘိုးကြီးတစ်ယောက်က ရုတ်တရက် ထမေးလိုက်သည်။
"အဲဒီလူရဲ့နာမည်က လုရွှမ်တဲ့... သူက ကျန်းဝူအင်ပါယာကလာတာ အရင်တစ်ခါက ဟွာချောင်၊ ဟန်ရွှယ်နဲ့ တခြားသူတွေကို တောထဲမှာ ကယ်တင်ခဲ့တာတဲ့.... သူ့ရဲ့ ခွန်အားက အတုတံဆိပ်နယ်ပယ်မှာပဲ ဘယ်အဆင့်လဲတော့ မသိဘူး....ကျောင်းအုပ်ကြီးဟန်က သူ့ကို မျက်နှာသာပေးပြီး ခြံဝန်းကိုတော့ ခွဲဝေပေးခဲ့တယ်တဲ့!"
"ဒီကလေးအကြောင်း ငါလည်းကြားဖူးတယ်.... သူက သိပ်သန်မာတာ မဟုတ်ပါဘူး!"
လုရွှမ် အကြောင်းပြောရင်း လူအိုတချို့က အေးစက်စွာ ဟစ်အော်နေကြသည်။
ဟန်ရောင်က သူ့ကို သခင်လေးလို့ ခေါ်တဲ့အချက်က ပျံ့နှံ့မသွားပါဘူး။ ချင်ဟွာဟာ အစပိုင်းမှာ အရိုက်ခံရတဲ့အခါ အလွန် အရှက်ရခဲ့တဲ့အတွက် စကားကို ဝှက်ထားတာကြောင့် သတင်းက လူတိုင်းနားကို မရောက်ခဲ့ပေ။
ဒါကြောင့် သူတို့ရဲ့အမြင်မှာ လုရွှမ်ဟာ ကံကောင်းတဲ့ကလေး တစ်ယောက်သာ ဖြစ်ပြီး သူ့ရဲ့ တကယ့်အင်အားက သိပ်မကောင်းပေဘူး။
ထို့အပြင် ကျောင်းသားတစ်ဦးသည် ဆရာများနေထိုင်ရန် အရည်အချင်း ပြည့်မီသော အိမ်ကြီးတွင် ပွင့်ပွင့်လင်းလင်း နေထိုင်ခဲ့တဲ့အတွက် လူဟောင်းများစွာ၏ ဒေါသကို နှိုးဆွပေးသလို ဖြစ်သွားတဲ့အတွက် လူတိုင်းက သူ့အပေါ် အကောင်းမြင်စိတ် မရှိကြတော့ပေ။
"ကြည့်စမ်း.... လူတစ်ယောက် ပထမထပ်သုံးထပ်ကို ကျော်ပြီး စတုတ္ထထပ်ကို ဝင်သွားပြီ!"
ရုတ်တရက် လူအုပ်ထဲက တစ်ယောက်က အော်လိုက်သည်။
အော်ဟစ်သံများ ထွက်ပေါ်လာပြီး အားလုံးက တညီတညွတ်တည်း ခေါင်းကို မော့လိုက်ရာ တိမ်ဆွဲမျှော်စင်၏ စတုတ္ထထပ်က မီးလင်းလာသည်ကို တွေ့လိုက်ရသည်။
အဆင့်မကျော်ရင် မှောင်နေလိမ့်မည်။ ဖြတ်သန်းပြီးတာနဲ့ မီးတွေက လင်းထိန်နေပါလိမ့်မယ်။ မျှော်စင်အပြင်ဘက်က လူတွေက အထပ်ဘယ်နှစ်ထပ်လောက် ဖောက်ဝင်သွားကြလဲ ဆိုတာကို မှန်းဆနိုင်ပါတယ်။
ထိုအချိန်တွင် စတုတ္ထထပ် မီးလင်းလာပြီ ဖြစ်လို့ တတိယထပ်ကို တစ်စုံတစ်ယောက် ဖြတ်သွားကာ အထဲသို့ ဝင်သွားကြောင်း ညွှန်ပြနေသည်။
"ဟန်လင်ပဲ ဖြစ်ရမယ်.... သူက တိမ်ဆွဲမျှော်စင်ထဲကို ပထမဆုံး ဝင်တဲ့သူလေ စတုတ္ထထပ်ကို ပထမဦးဆုံး ဖောက်ဝင်တဲ့သူက သူပဲ ဖြစ်ရမယ်"
"တိမ်ဆွဲမျှော်စင်ကို ပထမဆုံး ဝင်တာနဲ့ စတုတ္ထထပ်ကို ပထမဆုံး ရောက်သွားရောလား? ငါတော့ မထင်ပါဘူး....ကျောက်ကောင်း ဖြစ်ရမယ်"
"ဒါ နတ်ဘုရားမ ဟန်ရွှယ် ဖြစ်ရမယ်"
စတုတ္ထထပ်ရှိ မျှော်စင်ကြီး မီးလင်းနေပြီး အောက်ခြေတွင် ရုတ်ရုတ်သဲသဲဖြစ်ကာ အားလုံးက ရင်ခုန်စိတ်လှုပ်ရှားနေကြသည်။
တိမ်ဆွဲမျှော်စင်ကို ရက်အနည်းငယ်ကြာ ဖွင့်လှစ်ထားသော်လည်း ယခုအချိန်အထိ အမြင့်ဆုံးသည် တတိယထပ်သို့ ရောက်ရှိနေပြီဖြစ်ပြီး စတုတ္ထထပ်သို့ အောင်မြင်စွာ ဝင်ရောက်နိုင်သူများကို ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရခြင်းဖြစ်သည်။
မည်သူမည်ဝါပင် ဖြစ်ပါစေ ၎င်းတို့သည် ဤကာလအတွင်း စံချိန်ချိုးခဲ့ပြီး စတုတ္ထထပ်သို့ ချိုးဖျက်ခဲ့သော ၇၈ဦးမြောက် ဖြစ်သည်ဟု ယူဆကြသည်။
"မဆိုးဘူး!"
ကျောင်းအုပ်ကြီး ဟုန်ချန်းလည်း ကျေနပ်စွာ ခေါင်းညိတ်ပြပြီး စကားပြောခါနီးတွင် ရုတ်တရက် အေးခဲသွားသည်။
သူ့ရှေ့က စတုတ္ထထပ်က မီးမလင်းတာကြာပြီ။ ဒါပေမဲ့ ပဉ္စမထပ်က ဘာလို့ ရုတ်တရက် မီးလင်းသွားတာလဲ?
"ပဉ္စမထပ်... ပဉ္စမထပ်ကို တစ်စုံတစ်ယောက်က ဖောက်ထွင်းဝင်ရောက် သွားတာလား? နှစ်ပေါင်းရာချီကြာအောင် ဒီအချိန်အထိ လူ ၂၈ ယောက်ပဲ လုပ်နိုင်ခဲ့တာလေ"
"တိမ်ဆွဲမျှော်စင်ကို စိန်ခေါ်ရင် အထပ်အရေအတွက်တင် မကဘဲ အချိန်ကိုပါ မှတ်တမ်းတင်ထားတယ်.... ပဉ္စမထပ်ကို ဖြတ်ဖို့ အချိန်အနည်းဆုံး အချိန်ယူခဲ့တဲ့သူက လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်က ချန်ချင့်မလား.... ဒီတစိယောက်က ကောင်းကင်ကို အံတုလွန်းတဲ့ ပဉ္စမထပ်ကို ပြေးဖို့ ဆယ်မိနစ်လောက်ပဲ ကြာတယ်ရော!”
"ကြောက်စရာကြီး! ငါကတော့ သေချာပေါက် ကျောက်ကောင်းဖြစ်မယ်လို့ ထင်တယ်!"
ပဉ္စမထပ်မှာလည်း မီးတောက်နေတာကို တွေ့လိုက်ရတော့ အားလုံး အံ့ဩသွားကြ၏။
အံ့ဖွယ် ပါရမီရှင်တစ်ဦး၏ အသွင်အပြင်ကို ထပ်မံ သက်သေပြရဦးမည်လား။
ဝူ!
စိတ်လှုပ်ရှားမှုက မပြီးသေးခင်မှာဘဲ မျှော်စင်ရဲ့ ခြောက်လွှာကို မီးက လင်းထိန်သွားပြန်၏။
"ဒီလောက်မြန်နိုင်ပါ့မလား"
"ငါ့ရဲ့ ဝူယန်အကယ်ဒမီကို ကောင်းကင်က ကောင်းချီးပေးနေတာပဲ.... နောက်ဆုံးတော့ ထူးချွန်တဲ့ ပါရမီရှင်တစ်ယောက် ပေါ်လာပြီ!"
"မြန်မြန်... ကျောင်းအုပ်ကြီးကို သွားရှာလာခဲ့!"
ပဉ္စမထပ်ကို မီးထွန်းဖို့ သုံးမိနစ်တောင် မကြာလိုက် ခြောက်ထပ်က ချက်ချင်း လင်းသွားပြီ။ အားလုံးမှာ တစ်ချိန်တည်း ရူးသွားကြတော့သည်။
ဝူယန်အကယ်ဒမီကို နှစ်ပေါင်းရာနှင့်ချီ တည်ထောင်ခဲ့ပြီး ကျောင်းသားငါးဦးသာ ဤထပ်သို့ ရောက်ရှိလာခဲ့ပြီး အတိုဆုံးအချိန်သည် သုံးနာရီကျော်သာ ရှိသည်။ ဆယ်မိနစ်အတွင်း ဤအထပ်သို့ အပြေးအလွှား သွားနိုင်ခြင်းမှာ စိတ်အားထက်သန်ပြီး အံ့အားသင့်စရာ ဖြစ်လာလေသည်။
မျှော်စင်ထဲကို တစ်စုံတစ်ယောက် ဝင်သွားတာကို မတွေ့ခဲ့ရင် တကယ် သံသယဝင်မိမှာပဲ။
"သူ့နာမည်က သမိုင်းမှာ မှတ်တမ်းတင်ပြီးသား ဖြစ်သွားပြီ....အဲဒီလူက ဘယ်သူပဲ ဖြစ်ဖြစ် ဝူယန်အင်ပါယာ တစ်ခုလုံးမှာ ကျော်ကြားလာလိမ့်မယ်"
ဒုကျောင်းအုပ် ဟုန်ချန်း၏ မျက်နှာသည် စိတ်လှုပ်ရှားမှုဖြင့် နီရဲသွားသည်။
"မြန်မြန်လေး ကျောင်းအုပ်ကြီး ဟန်ရောင်နဲ့ ကျောက်ကန်းတို့ကို ဖိတ်ခေါ်လိုက်...ပြီးတော့ သူတို့ရဲ့ အကြီးအကဲတွေရော ကျေးဇူးပြုပြီး ဒီကို အတူတူ လာခဲ့ပါလို့"
"မှန်တယ်.... မြန်မြန် ဖိတ်လိုက် ခြောက်ထပ်ကို ဖောက်ဝင်တဲ့သူက ဟန်မိသားစုက ဟန်ရွှယ်နဲ့ ဟန်လင် ဒါမှမဟုတ်ရင် ကျောက်မိသားစုက ကျောက်ကောင်းပဲ.... သူတို့ နှစ်ယောက်က အံ့ဖွယ်အမှုကို သက်သေပြဖို့ ဒီကို ရောက်လာတာပဲ ဖြစ်ရမယ်"
"အကယ်ဒမီက အကြီးအကဲတွေကိုလည်း ဖိတ်ခေါ်လိုက်.... အကယ်ဒမီ၏ သာယာဝပြောမှုကို လက်မလွတ်စေနဲ့"
"ဝူယန်ခေါင်းလောင်းကို တီးပြီး ကျောင်းသားအားလုံးကို လာကြည့်ခိုင်းလိုက်....အဲဒီပါရမီရှင် ထွက်လာတဲ့အခါ သူ အရမ်းစိတ်လှုပ်ရှားသွားပြီး ဒီမြင်ကွင်းကို မြင်လိုက်တာနဲ့ အကယ်ဒမီကို ပိုပြီး မြတ်နိုးသွားလိမ့်မယ်!"
ဒုကျောင်းအုပ် ဟုန်ချန်းသည် အမိန့်အများအပြားကို ဆက်တိုက်ထုတ်ခဲ့ပြီး သူ့နောက်တွင် လူအိုအများအပြား၏ ရုပ်ပုံများသည် တစ်ချိန်တည်းတွင် ပြေးထွက်လာခဲ့သည်။
သူတို့ရှေ့ကလူက ငါးထပ်ကို အရှိန်ပြင်းပြင်းနဲ့ ချိုးဖျက်ပြီး ခြောက်ထပ်ကို မရောက်ခင် အနည်းငယ်သော အချိန်ပဲရှိသေးတာကို သိလိုက်ရသည်။
ဟန်မိသားစု သို့မဟုတ် ကျောက်မိသားစုမှ လူတိုင်းသည် ဒီသတင်းကို မည်သူမဆို သိလိုက်သည်နှင့် တက်နိုင်သမျှ မြန်မြန် ရောက်လာကြမှာ ဖြစ်သည်။
ဗုန်း! ဗုန်း! ဗုန်း!
အဘိုးကြီး ထွက်သွားဖို့ အချိန်သိပ်မကြာလိုက်။ ဝူယနိခေါင်းလောင်းသံ ထွက်ပေါ်လာပြီး မရေမတွက်နိုင်တဲ့ ကျောင်းသားတွေ ဒီအသံကို ကြားပြီးတာနဲ့ နေရာကို အမြန်ရောက်လာကြပါတော့သည်။
နာရီဝက်လောက် ကြာတော့ မုတ်ဆိတ်ဖြူ အဘိုးကြီး တော်တော်များများ ပျံသန်းလာကြသည်။
"ကျောက်ကောင်းက ပဉ္စမထပ်ကို ချိုးဖျက်ပြီး ခြောက်ထပ်ကို ဝင်သွားတာလား? အခု ဘယ်မှာလဲ?"
ဝှစ်....
ထိုလူမလာမီတွင် တိုးညှင်းသော လေသံတစ်ခု ထွက်ပေါ်လာသည်။
"ဟန်ရွှယ်နဲ့ ဟန်လင်လည်း တိမ်ဆွဲမျှော်စင်ထဲကို ဝင်သွားတာပဲလေ.....နှစ်ယောက် တစ်ယောက်...၆ထပ်ကလူက ကျောက်ကောင်းလို့ ပြောရအောင် ကျောက်အိမ်တော်သခင်က ဝမ်းသာစောမနေဘူးလား?"
ဟန်မိသားစု၏ အကြီးအကဲသည် တစ်ဖက်မှ ဖြတ်လျှောက်လာ၏။