← Chapters

၈ထပ်

Vol. 14 Ch. 2.60

၈ထပ်

Vol. 14 Ch. 2.60

"ကျောက်ကောင်းက မြောက်ပိုင်းနယ်မြေ တိုက်ပွဲမှာ ပါဝင်ခဲ့တယ်.... အတုတံဆိပ်နယ်ပယ်က စစ်သူကြီး ၂၀ ကျော်ကိုလည်း သတ်နိုင်ခဲ့တယ်...သူက ထောင်ချီတဲ့ စစ်သည်တွေကြားမှာ အသက်အန္တရာယ်ရဲ့ အတွေ့အကြုံကို ရယူခဲ့ပြီးသား....တိမ်ဆွဲမျှော်စက်က အားမနည်းတဲ့ စိန်ခေါ်မှုကြီး ဖြစ်ပေမယ့် သူ့အတွက်က ဘာခြိမ်းခြောက်မှုမှ မဟုတ်ဘူး... ပဉ္စမထပ်ကို ဖောက်ထွင်းဝင်ရောက်သူက သူပဲဖြစ်ရမယ်"

ကျောက်အိမ်တော်သခင်သည် ယုံကြည်မှုအပြည့် ရှိနေသည်။

"စစ်တပ်မှာ သေခြင်းတရားနဲ့ တွေ့ကြုံခဲ့ရပေမယ့် ပြုစုစောင့်ရှောက်ရမယ့် အဖွဲ့တစ်ဖွဲ့ အမြဲရှိနေတာပဲလေ သူ့နှလုံးသားထဲမှာ မှီခိုအားထားမှုလည်း ရှိနေမယ်မလား... ဟန်လင်က ရေခဲမြစ်ဝှမ်းထဲကို တစ်ယောက်တည်း ဝင်ရောက်ပြီး တောရိုင်းသားရဲတွေနဲ့ တိုက်ခိုက်ခဲ့တာ... ဒါ့အပြင် ဟန်ရွှယ်ကလည်း ကြိုးစားသူတွေထဲမှာ ပါတယ်။ ရွှယ်အာက ဟန်ရောင်လက်ထဲမှာ ကြီးပြင်းလာခဲ့ပြီး သူမရဲ့တိုးတက်မှုဟာ ဘက်ပေါင်းစုံမှာ ဟန်ချက်ညီခဲ့တယ်။ သူမရဲ့ စိတ်ဝိဥာဉ်စွမ်းအား ပမာဏဟာ ၀.၆ အထက်ကို ရောက်ရှိနေပြီ... ပထမငါးထပ်ကို ကျော်သွားဖို့က လုံးဝ ပြဿနာ မရှိနိုင်ဘူး!"

ဟန်မိသားစုမှ အကြီးအကဲကလည်း ပြန်ပြောသည်။

ကွင်းပြင်ပေါ်တွင် မိသားစုနှစ်စုကြား ပြိုင်ဆိုင်မှုများ ရှိနေပြီး အမှောင်ထဲတွင် ပြိုင်ဆိုင်မှုများလည်း ရှိနေပါသည်။ ယခုအခါ တစ်စုံတစ်ဦးသည် ငါးလွှာသို့ အမြန်ပြေးတက်သွားကာ ရာစုနှစ်တစ်ခုအတွင်း ဝူယန်အကယ်ဒမီတွင် အလျင်မြန်ဆုံး စံချိန် ဖြစ်လာရန် မျှော်လင့်ထားကြသည်။

မိမိပိုင်သည်နှင့် တစ်ပြိုင်နက် တစ်ဖက်သားကို လုံးလုံး နှိပ်ကွပ်သွားလိမ့်မည်။

"ရယ်စရာကောင်းလိုက်တာ...ကျောက်ကောင်းပဲ ဖြစ်မယ်ထင်တယ် မယုံရင် စောင့်ကြည့်ရအောင်!"

ကျောက်အိမ်တော်သခင်က သူ့ဝတ်ရုံလက်ကို ဝေ့ယမ်းလိုက်လေသည်။

"ကောင်းပြီ....စောင့်ကြည့်ကြတာပေါ့!"

ဟန်မိသားစုမှ လူကြီးကလည်း ခေါင်းညိတ်လိုက်သည်။

ဘုန်း!

မိသားစုနှစ်စု၏ အကြီးအကဲများ ငြင်းခုံနေကြစဥ် သူတို့ရှေ့ရှိ တိမ်ဆွဲမျှော်စင်မှ နောက်ထပ် အသံတစ်ခု ထွက်ပေါ်လာပြီးနောက် ခြောက်ထပ်တွင် ရုတ်တရက် လင်းထိန်သွားသည်။

"အောင်မြင်ပြီကွ! သေချာပါတယ်...ခြောက်ထပ်ကို ဝင်နိုင်အောင် ငါတို့ကျောက် မိသားစုကို နတ်ဘုရားတွေ ကောင်းချီးပေးနေတာပဲ!

ပထမငါးထပ်ရဲ့ အဝင်အထွက်အရှိန်က လွန်ကဲနေတယ်ဆိုတာ ကြားသိရပေမယ့် ခြောက်ထပ်က မီးရောင်တွေကို သူ့မျက်လုံးနဲ့ မြင်လိုက်ရချိန်မှာတော့ ကျောက်အိမ်တော်သခင်ဟာ သူ့ကိုယ်သူတောင် မထိန်းနိုင်တော့ချေ။

နှစ်ရာနှင့်ချီ၍ ပဉ္စမထပ်သို့ ဝင်ကြသူ ၂၃ ယောက်ရှိသော်လည်း ခြောက်ထပ်သို့ ငါးယောက်သာ ဝင်ရောက်နိုင်ခဲ့သည်။ သမိုင်းမှတ်တမ်းတွေအရ ၅ထပ်ကို ကျော်ဖြတ်နိုင်သူများဟာ အဓိပတိနယ်ပယ်တွေ ဖြစ်လာခဲ့ကြသည်။

တစ်နည်းဆိုရသော် သူသည် ခြောက်ထပ်သို့ ချိုးဖျက်နိုင်သရွေ့ ပြုတ်ကျပါကလည်း အဓိပတိနယိပယ် ဖြစ်လာနိုင်သည်မှာ သေချာပါသည်။

"ငါတို့ ဟန်မိသားစုက အနာဂတ်မှာ ပိုကောင်းတဲ့ အဓိပတိနယ်ပယ် တစ်ယောက်ရှိလာတော့မှာပဲ..."

ဟန်မိသားစု၏ အကြီးအကဲသည်လည်း စိတ်လှုပ်ရှားမှုဖြင့် မျက်လုံးများ နီရဲနေသည်။

"ဟေး နွေဦးနဲ့ ဆောင်းဦးအိပ်မက်ကို မင်းက အိပ်မက်မက် နေသေးတာလား? အထွတ်အထိပ် သန်မာတဲ့ ခြောက်ထပ်ကို ချိုးဖျက်ခဲ့တာ ငါတို့ကျောက်မိသားစုက ကျောက်ကောင်းပဲ...ငါမင်းကို မြန်မြန်ပြန်သွားပြီး အနားယူဖို့ အကြံပေးတယ်... အိပ်မက်တွေ မက်မနေနဲ့တော့"

ကျောက်အိမ်တော်သခင်က လှောင်ပြောင်လေသည်။

"မင်းကသာ အိပ်မက်မက်နေတာ"

လူကြီးနှစ်ယောက် ရန်ဖြစ်ကြလေသည်။

"ကောင်းပြီ!"

ဒုကျောင်းအုပ်ဟုန်ချန်းလည်း သူတို့နှစ်ယောက်ကို ဝင်နှောင့်ယှက် ရတော့သည်။

"ဘယ်သူပဲ ဖြစ်ပါစေ... ငါတို့ ဝူယန်အကယ်ဒမီရဲ့ ကျောင်းသားတစ်ယောက် ဖြစ်ပြီး ဝူယန်အင်ပါယာရဲ့ အစိတ်အပိုင်း တစ်ခုပါပဲ... ဘာအတွက် ရန်ဖြစ်နေကြတာလဲ? တခြားသူတွေရဲ့ လှောင်ပြောင်ခံရမှာကို မကြောက်ဘူးလား... အားလုံးပဲ စိတ်အေးအေးထားပြီး တိတ်တိတ်လေး စောင့်ကြည့်ရအောင်....တိမ်ဆွဲမျှော်စင်ရဲ့ စံချိန်ကို ထပ်ချိုးနိုင်မလား မသိဘူး!"

"အင်း!"

ဤနေရာ၌ ငြင်းခုံရန် အကြောင်းမရှိဟု သခင်ကြီး နှစ်ဦးလည်း သိကြပြီး အများစုမှာ ရွှင်လန်းတက်ကြွနေကြသောကြောင့် ချက်ချင်းပင် ဟစ်အော်ကာ တစ်ယောက်ကိုတစ်ယောက် လျစ်လျူရှု၍ သူတို့ရှေ့ရှိ မျှော်စင်ကို တိုက်ရိုက် စိုက်ကြည့်နေကြသည်။

နာရီဝက်ကြာပြီးနောက်။

ဝုန်း!

တိမ်ဆွဲမျှော်စင် ခုနစ်ထပ်တွင်ရှိ မီးသည် မှိတ်တုတ်မှိတ်တုတ်ဖြင့် လင်းထိန်သွားသည်။

"အောင်မြင်ပြီ! ကျောက်ကောင်းက စံချိန်ကိုချိုးဖျက်ပြီး ခုနစ်ထပ်ကို ရောက်သွားပြီ!"

ကျောက်မိသားစုခေါင်းဆောင်က ရယ်မောလိုက်ပါသည်။

တိမ်ဆွဲမျှော်စင်ရဲ့ ခုနစ်ထပ်မှာ မီးထွန်းထားတယ်ဆိုတော့ ဆိုလိုတာကတော့ တစ်စုံတစ်ယောက် အဲဒီကို ရောက်ရှိသွားပြီပေါ့။ ဒါက ဝူယန်အကယ်ဒမီ တည်ထောင်ပြီး နှစ်ရာချီကတည်းက တစ်ခါမှ မမြင်ဖူးတဲ့ အရာပဲ။

အကယ်ဒမီသည် လက်ရှိဘုရင်မင်းမြတ်နှင့် မိသားစုသုံးစု၏ အကြီးအကဲများ အပါအဝင် မရေမတွက်နိုင်သော ပါရမီရှင်များကို ပြုစုပျိုးထောင် ပေးထားသည်။ ဤအံ့သြဖွယ် ပါရမီရှင်များသည် အခက်အခဲကို ပြသသည့် ၇ထပ်ကို ရောက်ရှိသွား၏။

၇ထပ်ကို ရောက်သွားပြီဆိုရင် အဓိပတိနယ်ပယ်ကို အောင်မြင်ပြီဟုပင် သတ်မှတ်နိုင်လေသည်။

"အကြီးအကဲတွေ အားလုံးကို မြန်မြန်သွားပြီး ခေါ်လာခဲ့လိုက်....ကျောက်ကောင်းက ကျောက်မိသားစုကို ဂုဏ်တက်အောင် စွမ်းဆောင်နေတယ် သူထွက်လာတာနဲ့ လိုအပ်တဲ့ ကုသမှုတွေ လုပ်ပေးရမယ်!"

ကျောက်မိသားစု အကြီးအကဲက လှည့်ပြီး အမိန့်ပေးလိုက်သည်။

အကယ်၍ သင်သည် ခြောက်ထပ်သို့ ရောက်သွားပါက သင်သည် ပါရမီရှင်ဟု ခေါ်တွင်ပြီး သင် ခုနစ်လွှာသို့ အလျင်အမြန် ရောက်သွားပါက သင်သည် အံ့ဖွယ်ပါရမီရှင်တစ်ဦး ဖြစ်နေပါပြီ။

အနှေးနဲ့အမြန်ဆိုသလို ဒီလိုလူမျိုးဟာ ရာထူးကနေ ခွဲထွက်ပြီး မိသားစုကို စွန့်ခွာသွားပါလိမ့်မည်။ သူဟာ မိသားစုရဲ့နွေးထွေးမှုကို ကြိုပြီးခံစားပြီး ပိုင်နိုင်မှုတစ်ခုရှိဖို့ ဖန်တီးပေးရလိမ့်မည်။

ဒါမှမဟုတ်ရင် သူထွက်သွားပြီးတာနဲ့ ကောင်းကင်မှာ ပျံသန်းနေတဲ့ ငှက်တစ်ကောင်လို မိသားစုအတွက် ဘာအကျိုးအမြတ်မှ မရနိုင်ဘဲ နေလိမ့်မည်။

ထို့အတွက်ကြောင့် ကျောက်အိမ်တော်သခင်က အဓိကအကြောင်းကို စဥ်းစားမိပြီး အစီအစဉ်ကို ရေးဆွဲနေတော့သည်။

အရင်တုန်းကတော့ လေ့ကျင့်ရေးကိုပဲ အာရုံစိုက်တယ်ဆိုလို့ရှိရင် အခုက အဆင့်အတန်း မြင့်မြင့်နဲ့ အကောင်အထည် ဖော်ရမည်။

"ပြန်သွားပြီး မျိုးနွယ်စုရဲ့ အကြီးအကဲတွေကို ရှာခဲ့....ဟန်ရောင်က ဘယ်တွေ သွားနေတာလဲ? သူ့ကိုပါရှာပြီး ခေါ်လာခဲ့!"

တစ်ဖက်သားက တန်ပြန်တုံ့ပြန်တာကို မြင်ရတော့ ဟန်မိသားစုရဲ့ အကြီးအကဲကလည်း အလျင်စလို အမိန့်ပေးလိုက်၏။

"မင်းတို့လည်း အဆင်သင့်ပြင်ထား... ဟန်လင်း ဟန်ရွှယ်၊ ဒါမှမဟုတ် ကျောက်မိသားစုက ကျောက်ကောင်းပဲ ဖြစ်ဖြစ် ငါတို့အကယ်ဒမီက သူတို့ကို အမြင့်ဆုံးစံနှုန်းတွေနဲ့ ဆက်ဆံရလိမ့်မယ်....အရင်ဆုံး ခြံဝန်းတစ်ခု ခွဲဝေပေးရမယ်...ပြီးရင် လိုအပ်တဲ့ ပစ္စည်းအားလုံးကို ငါတို့ ပြင်ဆင်ထားရမယ်"

ဒုကျောင်းအုပ်ဟုန်ချန်းကလည်း ပြောကြားလေသည်။

"ဟုတ်!"

အခြားဆရာများကလည်း အပြေးအလွှား စီစဉ်ကြတော့သည်။

ခဏအတွင်း တိမ်ဆွဲမျှော်စင်ရှေ့တွင် ကြက်တွေငှက်တွေ ပျံနေသလိုမျိုး အားလုံး အလုပ်ရှုပ်ကုန်ကြတော့သည်။

"ဒီလူတွေ ထွက်လာတာနဲ့... အကယ်ဒမီနဲ့ မိသားစုမှာ တန်ဖိုးအရှိဆုံး ပါရမီရှင် ဖြစ်လာမှာ အသေအချာပဲ....သူတို့က ချက်ချင်းပဲ အာရုံစူးစိုက်မှု အဆင့်အမြင့်ဆုံးကို ခံရမှာကိုတောင် ကြောက်ရတယ်"

ကျောင်းသားများနှင့် ဟွာချောင်တို့သည် စိတ်လှုပ်ရှားမှုများဖြင့် သက်ပြင်းချနေကြသည်။

တတိယအဆင့်ကို အောင်မြင်ပြီးနောက် ဘယ်လောက် ခက်ခဲတယ်ဆိုတာ သူသိလာတယ်လေ။ စတုတ္ထ ၊ ပဉ္စမ နဲ့ ဆဋ္ဌမအထပ်တို့ကို မဆိုထားနဲ့ တတိယ အထပ်ကိုတောင် မအောင်နိုင်ဘူး။

သတ္တမအဆင့်သို့ အလျင်စလို တက်လှမ်းနိုင်ခြင်းကြောင့် ပင်ကိုယ်စွမ်းရည်သည် သူတို့ထင်ထားတာထက် ကျော်လွန်နေပြီ ဖြစ်သည်။ ၎င်းကို ကိုယ်တိုင်မျက်စိဖြင့် မမြင်ပါက ယုံကြည်နိုင်မည် မဟုတ်ပေ။

"အဲဒါက ၇ထပ်နော်....အဲဒီကို ရောက်ဖို့အတွက် အရင် ချင်ဟွာတောင် မလုပ်နိုင်ဘူး ဒီလိုမျိုး ပါရမီရှင်ကို ဘယ်သူက ဂရုမစိုက်ဘဲနေမှာလဲ?"

ဝမ်ရန်ကလည်း ဆက်ပြောပါ၏။

"ဝူယန်အင်ပါယာမှာ နံပါတ်တစ် ပါရမီရှင်အဖြစ် ချင်ဟွာရဲ့ ဂုဏ်သတင်းက ပြုတ်ကျတော့မယ် ထင်ပါတယ်!"

"ဟုတ်တယ်!"

လျိုခိုင်၊ ကျောင်းဟောက် နှင့် အခြားသူများ စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြလေ၏။

"စုစုပေါင်း လေးယောက်လောက် ဝင်သွားတယ်....၇ထပ်ကို ရောက်သွားတဲ့သူက ဘယ်သူလို့ ထင်လဲ?"

ဝမ်ရန်က ခဏစဥ်းစားပြီးနောက် ရုတ်တရက် မေးလိုက်သည်။

"ဘယ်သူရှိမှာလဲ....သေချာပေါက် ဟန်လင်ပဲလေ....ငါသူနဲ့ အကြိမ်အနည်းငယ် တွေ့ဖူးတယ် ဒီတစ်ခေါက် ပြန်ရောက်တော့ သူအရမ်းအစွမ်းထက် လာတယ် သူ့ကိုကြည့်ရုံနဲ့ ငါတုန်လှုပ်သွားတာ သည်းမခံနိုင်ဘူး။ သူကအဲဒီအထပ်ကို အလျင်အမြန် တက်သွားနိုင်တဲ့ တစ်ဦးတည်းသော သူပဲ!"

ဟွာချောင်က ပြောသည်။

"ကောင်းပြီ...ငါလည်း သူပဲထင်တယ်....ဟန်ရွှယ်ကို မကြာခဏ တွေ့ဖူးတယ်.... ရှုထောင့်အားလုံးက အတော်လေး ဟန်ချက်ညီနေပေမယ့် ဘယ်နှစ်ထပ်တက်နိုင်မယ် ဆိုတာ သေချာနေတုန်းပဲ သူမ မဖြစ်နိုင်ဘူး... ကျောက်ကောင်းကတော့ မာနကြီးလွန်းတယ် ငါသူ့ကို မကြိုက်ဘူး... သူဖြစ်မယ် မထင်ဘူး!"

လျိုခိုင်က အော်လိုက်သည်။

"ညီလေးလုလည်း ဝင်သွားတယ်မလား... အဲဒါ သူလို့ မထင်ဘူးလား"

ကျောင်းဟောက်က သူ့ထင်မြင်ချက်ကို ရုတ်တရက် ထပြောလိုက်သည်။

"ညီလေးလုရဲ့ ခွန်အားက အရမ်းအားကောင်းတယ်လို့ ဝန်ခံပါတယ်....ဒါပေမဲ့ သူက ကျန်းဝူအကယ်ဒမီလို သေးငယ်တဲ့ နေရာကနေ လာတာဆိုတော့ တိမ်ဆွဲမျှော်စင်ထဲကို တစ်ခါမှ မဝင်ဖူးဘူးလေ...ပထမဆုံး အကြိမ်မှာ ရလဒ်ကောင်းတွေ ရဖို့အတွက် မဖြစ်နိုင်ပါဘူး။ သူသာ တစ်ကြိမ်နှစ်ကြိမ် အတွေ့ အကြုံ ရှိရင်တော့ သူပဲဖြစ်မယ်လို့ ငါထင်မိမှာ"

ဟွာချောင်က ပြုံးပြီး စကားဆက် ပြောမယ့်အချိန်မှာပဲ သူ့ပါးစပ်က ရုတ်တရက် ပွင့်ဟထားလျက် လုံးဝ ထုံထိုင်းသွားလေ၏။

စကားမပြောရုံ သာမက ရောက်လာသော ကျောင်းသား၊ ဆရာ၊ ဆရာမများနှင့် မိသားစုဝင်များ အားလုံးလည်း နေရာ၌ပင် ရပ်တန့်သွားကြသည်။

သူတို့မျက်စိရှေ့က မြင့်မားတဲ့ တိမ်ဆွဲမျှော်စင်၏ ၈ထပ်က မီးရောင်တွေ လင်းလတ်လာလေသည်။

All Chapters