← Chapters

ဧကန္တသူလား?

Vol. 15 Ch. 2.61

ဧကန္တသူလား?

Vol. 15 Ch. 2.61

၈ထပ်!

ရှစ်ထပ်ကို တစ်စုံတစ်ယောက် ဖောက်ထွင်း ဝင်ရောက်နိုင်သွားတာလား။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

၇ ထပ်ကို ချိုးဖျက်သွားတာတောင် သာမာန်လူတွေရဲ့ နားလည်မှုကို ကျော်လွန်နေပြီ။ ၈ထပ်က ဘယ်လောက်တောင် သဘာဝမကျလိုက်သလဲ။

ဝူယန်အင်ပါယာမှာ မပြောနဲ့။ ဝူယန်အင်ပါယာနဲ့ တူညီတဲ့ အဆင့်ရှိတဲ့ တိုင်းနိုင်ငံတွေတောင် ဒီအဆင့်ကို မရောက်ဖူးသလို ဘယ်သူမှ မကြားဖူးပါဘူး။

ကြောက်စရာ ကောင်းလိုက်တာ!

"ဒါကို ပါရမီရှင်နည်းနဲ့ ဆက်ဆံလို့ မရတော့ဘူး....အိမ်တော်သခင် နေရာစံနှုန်းနဲ့ ဆက်ဆံသင့်ပြီ!"

ကျောက်မိသားစု၏ အိမ်တော်သခင်မှာလည်း အေးခဲသွားလေသည်။

၇ထပ်ကို တက်သွားနိုင်တာ နားလည်နိုင်သော်လည်း ၈ထပ်သို့ အပြေးအလွှား သွားနိုင်ခြင်းသည် စိတ်ကူးထက်ကျော်လွန်နေပြီ ဖြစ်သည်။

ဝုန်း!

အားလုံးက အံသြပြီး လက်မခံနိုင်စွာ ဖြစ်နေချိန်မှာပဲ တိမ်ဆွဲမျှော်စင်ရဲ့ တံခါးက သူတို့ရှေ့မှာပဲ ပွင့်သွားပြီး မီးခိုးရောင် မျက်နှာထားနဲ့ ခန္ဓာကိုယ်မှာ သွေးစွန်းထင်းနေတဲ့ ပုံရိပ်တစ်ခု ထွက်လာသည်။

"ဒါကဘာတွေ ဖြစ်နေတာလဲ?"

ပုံရိပ်က ထွက်လာသည်နှင့် တပြိုင်နက် အကယ်ဒမီ အကြီးအကဲများ၊ ကျောက်အိမ်တော်နှင့် ဟန်အိမ်တော်မှ အကြီးအကဲများပါ သူ့ရှေ့တွင် စိတ်အားထက်သန်စွာ ရပ်နေသည်ကို သူတွေ့လိုက်ရပြီး ထိတ်လန့်မဆုံး ဖြစ်သွားခဲ့သည်။

"အိမ်တော်သခင်.... ဘာဖြစ်.... ဘာဖြစ်နေတာလဲ"

ထိုလူသည် မဝေးလှသော နေရာမှ ကျောက်မိသားစု၏ အိမ်တော်သခင်အား ထိတ်လန့်စွာ ကြည့်နေသည်။

"မင်းဘာလို့ ထွက်လာတာလဲ? ဒါဆို ၈ထပ်ကို ဖောက်ဝင်ခဲ့တာ မင်းမဟုတ်ဘူးလား?"

ထွက်လာတဲ့လူက သူမျှော်လင့်ထားတဲ့ အတိအကျ ကျောက်ကောင်း ဖြစ်နေတာကို တွေ့လိုက်ရတော့ ကျောက်မိသားစုရဲ့ အိမ်တော်သခင်လည်း ချော်လဲလုနီးပါး ဖြစ်သွားသည်။

၈ထပ်ရှိ မီးများ လင်းနေသေးသောကြောင့် အတားအဆီးကို ဖြတ်သွားသူသည် အပေါ်ထပ်တွင် ရှိနေဆဲဖြစ်ပြီး ဆင်းမလာသေးကြောင်း ဆိုလိုရင်း ယခုကျောက်ကောင်းသည် သူ့မျက်လုံးများရှေ့တွင် ပေါ်လာသည်။

အဖြေနှင့်ပတ်သက်၍ ရလဒ်က ရှင်းသွားလေပြီ။

"၈ထပ်? ဘာ၈ထပ်လဲ?"

ကျောက်ကောင်း အံ့အားသင့်သွားကာ မနေနိုင်တော့ဘဲ ရုတ်တရက် ခေါင်းမော့ကြည့်လိုက်ပြီးနောက် အသက်ရှုကျပ်သွားသည်။

တစ်စုံတစ်ယောက်က ရှစ်ထပ်ကို တကယ်ဝင်သွားတာလား?

"ဟန်လင် ဖြစ်နိုင်မလား? သူက ဘယ်လိုလုပ် ဒီလောက် သန်မာနိုင်မှာလဲ"

သူ့မျက်နှာက ရုပ်ဆိုးလာတော့သည်။

သူသည် ဟန်လင်နှင့် ယှဉ်ပြိုင်နေသည်မှာ ကြာပြီဖြစ်ပြီး တစ်ဖက်လူ ဤနေရာအထိ ရောက်နိုင်မည်ဟု စိတ်ကူးမယဉ်ခဲ့ဖူးပေ။

"မင်း ဘယ်အထပ်ကို ဖောက်ဝင်ခဲ့တာလဲ"

ကျောက်မိသားစု အိမ်တော်သခင်လည်း မမေးဘဲ မနေနိုင်စွာ ထုတ်မေးလိုက်သည်။

"ငါးထပ်!" ကျောက်ကောင်းက ပြောသည်။

"အမှိုက်! လုံးဝ အမှိုက်ပဲ!"

ကျောက်မိသားစု၏ သခင်မှာ ယခုအချိန်တွင် ရှစ်လွှာမြောက်သို့ ဖောက်ထွင်း ဝင်ရောက်ခဲ့သူက ကျောက်ကောင်း မဟုတ်ကြောင်း အတည်ပြုခဲ့ပါပြီ။ သူ့မျက်နှာသည်လည်း ပါးရိုက်ခံရသကဲ့သို့ ပူလောင်နေခဲ့သည်။

အရင်က ပဉ္စမထပ်ကို ချိုးဖျက်ခဲ့တယ်လို့ ဆိုရရင် သူဟာ ကောင်းကင်ဘုံရဲ့ ဂုဏ်ယူဖွယ်သားတော် ဖြစ်ပြီး မရေမတွက်နိုင်တဲ့ လူတွေရဲ့ ချစ်ခင်မှုကို ခံခဲ့ရပေမယ့် အခုအချိန်မှာတော့ ဖျပ်ဖျပ်ဖျပ်ခတ်နေတဲ့ ရှစ်ထပ်နဲ့ နှိုင်းယှဥ်လိုက်ရင် ချက်ချင်း မှိန်ဖျော့သွားပြီး ထက်မြက်မှုဟာလည်း ပျောက်ဆုံးသွားပါ၏။

"ကျွန်တော်"

ကျောက်ကောင်းသည် လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ထားမိသည်။

ပဉ္စမထပ်ကို တက်နိုင်ခဲ့မယ်ဆိုရင် ကြီးကျယ်တဲ့ဆုလာဘ်ကို ရလိမ့်မယ်လို့ ထင်ခဲ့ပေမယ့် "အမှိုက်" ဆိုတဲ့ စကားလုံးပဲ ဖြစ်လိမ့်မယ်လို့ ဘယ်တုန်းကမှ စိတ်ကူးမယဉ်ခဲ့ဖူးဘူး။

ရှက်စရာကောင်းတယ်!

"ဟားဟား....ကျောက်အိမ်တော်သခင် အစောက ကျောက်အိမ်က လူပါလို့ ပြောလာတာ ဘယ်သူပါလိမ့်?"

ဟန်မိသားစု အကြီးအကဲကြီး၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့် နီရဲလို့နေသည်။ ကျောက်ကောင်း မဟုတ်ပါက ဟန်ရွှယ် သို့မဟုတ် ဟန်လင်တို့ထဲက တစ်ယောက်ဖြစ်ရမည်။

အခုတော့ သူတို့ရဲ့ ဟန်မိသားစုဟာ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ဂုဏ်ကျက်သရေကို ပြသရတော့မည် မဟုတ်လား။

"မင်း"

ကျောက်အိမ်တော်သခင်၏ မျက်လုံးများ ပြူးကျယ်လာပြီး ချေပချင်သော်လည်း မတတ်နိုင်ချေ။ သူအရမ်း စိတ်ဓာတ်ကျနေပြီလေ။

သူ့ခမျာအစောက ကြွားဝါပြီး မျိုးနွယ်စုရဲ့ အကြီးအကဲ အားလုံးကို ခေါ်လိုက်ပေမယ့် ဒီလိုမျိုး အဆုံးသတ်ဖြစ်သွားပြီး ရှက်ကိုးရှက်ကန်း အခြေအနေသို့ တိုက်ရိုက် ရောက်ရှိသွားခဲ့သည်။

"မင်းအရမ်း ကျေနပ်နေစရာ မလိုပါဘူး.... ရှစ်ထပ်ကို မှတ်တမ်းတင်နိုင်တော့ရော ဘာဖြစ်လဲ? နောက်ပိုင်း ဘာမဆို ဖြစ်လာနိုင်တာပဲလေ!"

ကျောက်အိမ်တော်သခင်ကလည်း အေးစက်စွာ ဟစ်အော်လိုက်သည်။

အခုလောလောဆယ်တော့ သူဒီလောက်ပဲ ပြောနိုင်တော့တယ်။ ရှစ်ထပ်ကို ဖောက်ဝင်လာတဲ့ အံ့ဖွယ်ပါရမီရှင်က သူတို့မိသားစုက မဟုတ်ဘူးလို့ ဘယ်သူက ပြောနေလို့လဲ။

နှစ်ယောက်သား ငြင်းခုံနေကြစဥ် မျှော်စင်တံခါးက ထပ်ပွင့်လာပြီး နောက်တစ်ယောက်မှာ အရှက်တကွဲ ဖြစ်သွားပြန်သည်။

"ဟန်လင်ပဲ!"

ထွက်လာသူ၏ အသွင်အပြင်ကို မြင်ပြီးနောက် လူအုပ်ကြီးက ချက်ချင်း အသံထွက်လာသည်။

"အကြီးအကဲကြီး..."

ဟန်လင်သည် အပြင်တွင် စောင့်ဆိုင်းနေသော လူများစွာကို တွေ့တော့ မမျှော်လင့်ထားစွာ အံ့သြနေမိသည်။ သံသယများ ပြည့်နှက်နေသော အကြီးအကဲဆီသို့ လျှောက်သွားလိုက်သည်။

"မင်းဘယ်အထပ်ကို ရောက်သွားတာလဲ?"

တစ်ဖက်မှ ကျောက်ကောင်းသည် အပြေးအလွှား ရောက်လာ၍ မေးမြန်းလေ၏။

သူ့အမေးကို ကြားပြီးနောက် အခြားသူများကလည်း အာရုံစိုက်လာကြသည်။

ရန်သူဟောင်း၏ အမေးကို ကြားတော့ ဟန်လင်သည် မာနကြီးသော အကြည့်ဖြင့် သူ့ကျောကို တည့်တည့်မတ်မတ် ထားပြီး

"ငါက အရည်အချင်း မရှိဘူးဆိုပေမယ့် ငါးထပ်ကို အမြန်ပြေးတက်ပြီး နောက်ဆုံးအဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်"

ဟန်လင် ပြောပြီးသည်နှင့် ပတ်ဝန်းကျင်မှ မရေမတွက်နိုင်သော ချီးကျူးမှုများနှင့် အာမေဋိတ်များ ခံရမည်ဟု တွေးထင်ခဲ့သော်လည်း လှုပ်ရှားမှု လုံးဝမရှိသဖြင့် ကြောင်အနေမိသည်။

အတိတ်မှာပဲဖြစ်ဖြစ် အနာဂတ်မှာပဲဖြစ်ဖြစ် ပဉ္စမထပ်က ရလဒ်ကောင်းတစ်ခုလို့ သေချာပေါက် ယူဆလို့ ရပါတယ်။ ဘာလို့ ဘယ်သူမှ မအံ့သြမိတာလဲ

ဖြောင်း!

ရုတ်တရက် သူ့မျက်နှာက နာကျင်သွားသည်။ သူ့ရှေ့မှာ အကြီးအကဲဟန်က သူ့ကို ပါးရိုက်ပစ်တာကို တွေ့လိုက်ရတော့ တုန်လှုပ်သွားလေသည်။

"မင်းရဲ့ အရည်အချင်း မရှိလို့သာ ပဉ္စမအဆင့်ကိုပဲ အပြေးအလွှား ရောက်သွားတာလေ.... ဂုဏ်ယူနေတော့ရော ဘာထူးလဲ?"

အကြီးအကဲ၏ အဆုတ်များ ပေါက်ကွဲတော့မတတ် ဖြစ်နေ၏။

ငလူးတဲ့မှ။ မင်းရှစ်ထပ်ကို အမြန်ပြေးတက် သွားနိုင်ရင် ငါတို့ဟန်မိသားစုက တန်ခိုးပြနိုင်မယ်လို့ ငါထင်ခဲ့တာ။ ဒါပေမဲ့ နောက်ဆုံးတော့ ငါးထပ်ကို ပြေးပြီး ထွက်လာခဲ့တယ်? ကိုယ့်ကိုကိုယ် အရှက်ခွဲနေတာ မဟုတ်ဘူးလား။

"ကျွန်တော်"

ဟန်လင် အံ့အားသင့်သွားကာ ပဉ္စမထပ်သို့ ထိုးဖောက်နိုင်ခဲ့တာတောင် အကြီးအကဲကြီးက အဘယ်ကြောင့် ဤမျှ ဒေါသဖြစ်နေသည်ကို သူမသိပေ။

"ဟန်လင်... ကြည့်လိုက်!"

သူဘာမှမသိတာကို မြင်တော့ ကျောက်ကောင်းလည်း ခေါင်းခါပြီး အပေါ်ကို လက်ညှိုးထိုးပြလိုက်ရ၏။

ဟန်လင်သည် အမြန်ခေါင်းကို ပင့်မြှောက်လိုက်ရာ တိမ်ဆွဲမျှော်စင် ၈ထပ်ရှိ မီးများပွင့်နေကြောင်း သိလိုက်ရသည်။

"ရှစ်ထပ်လား? တစ်ယောက်ယောက်က ရှစ်ထပ်ကို ဖောက်သွားတာလား? ဘယ်သူလဲ?"

ဟန်လင်၏ မျက်လုံးများ ဝိုင်းစက်သွားသည်။

သူက ပဉ္စမအဆင့်ကို ပြီးသွားပြီဆိုတော့ တက်ဖို့ ဘယ်လောက်ခက်တယ် ဆိုတာ သူသိတယ်လေ။

"ဟူး.... ကံကောင်းထောက်မစွာ ရွှယ်အာက မင်းထက် ပိုပြီး အရည်အချင်း ရှိတယ်... သူ့မိသားစုရဲ့ ဂုဏ်ကို မဆုံးရှုံးစေခဲ့ဘူး!"

သူ၏မေးမြန်းမှုကို မြင်တော့ အဘိုးကြီးဟန်က ဟစ်အော်လိုက်သည်။

ဟန်လင်သည် အနည်းငယ် မပျော်သော်လည်း ကျောင်ကောင်း မဟုတ်ဟု ခံစားမိသောအခါ သူ့စိတ်ထဲတွင်တော့ အလွန်ပျော်နေသေးသည်။

နောက်ဆုံးတွင် ဤအံ့ဖွယ် ပါရမီရှင်သည် ၎င်းတို့၏ ဟန်မိသားစု အမည်အောက်တွင် ရှိနေသေးသည် မဟုတ်ပါလား။

ဟန်မိသားစု၏ မိသားစုဝင် တစ်ဦးဖြစ်သရွေ့ ကျောက်မိသားစုကို ပါးရိုက်လိုက်နိုင်ခြင်းက သူ့ရှုံးနိမ့်သွားတာထက် အားရစေသည်။

"ရွှယ်အာ? ပြောချင်တာက ဟန်ရွှယ် ရှစ်ထပ်ကို ထိုးဖောက်သွားတာလား?"

ဟန်လင် တံတွေး မျိုချလိုက်ရသည်။

"သူမ မဟုတ်လို့ ဘယ်သူလဲ? အနာဂတ်မှာ မင်းရဲ့ ဒီညီမဆီက ကောင်းကောင်း သင်ယူရမယ်... သူမက ရှစ်ထပ်ကို ထိုးဖောက်သွားနိုင်ပြီ ဆိုတော့ သူမရဲ့အနာဂတ်က အကန့်အသတ် မရှိနိုင်ဘူး။ မှန်ကန်တဲ့နည်းလမ်းက ပေါင်းသင်းဆက်ဆံရေးကောင်းဖို့ပဲ"

ဟန်မိသားစုမှ အကြီးအကဲသည် သံသည် သံမဏိ မဖြစ်နိုင်သော အရာကို မုန်းတီးလေသည်။

"ဟုတ်"

ဟန်လင်မှာ မယုံနိုင် သေးသဖြင့် ခေါင်းသာညိတ်လိုက်သည်။

"ဒီနေ့ကစပြီး မင်းအတွက် ထောက်ပံ့မှု အားလုံးကို ဟန်ရွှယ်ဆီ လွှဲပြောင်းပေးရလိမ့်မယ်"

ဟန်မိသားစု၏ အကြီးအကဲသည် ဟန်လင်းသည် စိတ်ဝင်စားနေတာကို မြင်လိုက်ရသဖြင့် ကျေနပ်စွာ ခေါင်းညိတ်ကာ ဆက်ပြောချင်သော်လည်း မဆုံးမီတွင် မျှော်စင်၏ တံခါးသည် ပွင့်လာပြန်သည်။

ချက်ချင်းပင် ဖြူဖျော့သော မျက်နှာဖြင့် သိမ်မွေ့သော အသွင်အပြင်လေးက ထွက်ပေါ်လာသည်။

"ဟန်ရွှယ်?"

လူကိုမြင်တော့ လူတိုင်း အံ့အားသင့်သွားကြ၏။ အထူးသဖြင့် ဟန်မိသားစုရဲ့ အကြီးအကဲဲ ဖြစ်ပြီး သူ့တစ်ကိုယ်လုံး တုန်လှုပ်သွားရာ နောက်တစ်ခေါက် ပြန်ကြည့်ဖို့ ကမန်းကတန်း ခေါင်းကို ခါယမ်းပစ်လိုက်ရသည်။

အပေါ်က ၈ထပ်မှာတော့ မီးရောင်က တောက်ပနေသေးတာကို မြင်လိုက်ရ၏။

ဆိုလိုတာက ရှစ်ထပ်ကို ဝင်တဲ့သူတွေ လုံးဝဆင်းမလာဘဲ အထဲက အကဲဖြတ်မှုမှာ ပါဝင်နေတုန်းပဲလို့ ဆိုလိုတာပေါ

"ဒါ ဟန်ရွှယ် မဟုတ်ဘူးလား?"

ဟန်ရွှယ် ထွက်ပေါ်လာပြီးနောက် ဟန်မိသားစု၏ အကြီးအကဲ မျက်နှာသည် အရောင်ဖျော့သွားခဲ့သည်။

သူတင်မဟုတ်ဘဲ တခြားသူတွေကလည်း ဟန်ရွှယ် ထွက်လာတာကို မြင်တော့ သူတို့အားလုံးမှာ ထူးဆန်းတဲ့ မျက်နှာထားတွေ ဖြစ်လာကြ၏။

ဟန်ရွှယ်၊ ကျောက်ကောင်းနဲ့ ဟန်လင်လည်း မဟုတ်ဘူးဆိုရင်။ ရုတ်တရက် လူတိုင်းရဲ့စိတ်ထဲမှာ လူငယ်တစ်ယောက်ရဲ့ ပုံရိပ်က ပေါ်လာခဲ့သည်။

ဗုန်း!

ဤအတွေး ပေါ်လာသည်နှင့် တစ်ပြိုင်နက် တိမ်ဆွဲမျှော်စင်သည် ရုတ်တရက် ဟိန်းဟောက်လာပြီး မျှော်စင်၏ ကိုးထပ်တွင် မီးလင်းလာသည်ကို မြင်လိုက်ရပေ၏။

All Chapters