← Chapters

ဆုလာဘ်

Vol. 15 Ch. 2.63

ဆုလာဘ်

Vol. 15 Ch. 2.63

"အဲဒီလုရွှမ်များလား!"

လူအုပ်ထဲက တစ်ယောက်က ထအော်လိုက်သည်။

တကယ်တော့ အော်နေစရာ မလိုအောင် ၉ထပ်ကို ဖောက်ထွင်း ဝင်ရောက်သူဟာ ဘယ်သူလဲဆိုတာ တခြားသူတွေလည်း ခန့်မှန်းမိပြီးသား ဖြစ်လေသည်။

လူလေးယောက် ဝင်သွားပြီး သုံးယောက် ထွက်လာတော့ သဘာဝကျကျ ကျန်တစ်ယောက်ပဲ ဖြစ်နိုင်တော့တယ်လေ။

"သူ့ရဲ့ နောက်ခံက ဘာလဲ? ကိုးထပ်ကို ဘယ်လိုလုပ် ဖောက်ဝင်နိုင်တာလဲ?"

"သူဘယ်လိုများ လုပ်လိုက်တာလဲ?"

ဟန်လင်နှင့် ကျောက်ကောင်းတို့သည် ယခင်ကလို မာနများ မရှိကြတော့ဘဲ တစ်ကိုယ်လုံး အေးစက်သွားကြသည်။

ပဉ္စမထပ်သို့ အမြန် မပြေးတက်မီတွင် ၎င်းတို့သည် မိမိကိုယ်ကို အလွန်တရာ အံ့ဩစရာကောင်းသော ပါရမီရှင်များ ဖြစ်နေပြီဟု တွေးကာ ကျေနပ်နေကြဆဲ ဖြစ်သည်။ လုရွှမ်၏ ရလဒ်များကို သိပြီးနောက်တွင် သူတို့ကိုယ်သူတို့ကဲ့သို့ ပါရမီရှင်တစ်ဦးသည် တစ်ဖက်လူ၏ ရှေ့မှောက်တွင် ဘာမှမဟုတ်ကြောင်း သိရှိလာခဲ့သည်။

"ငါသူ့ကိုတောင် စိန်ခေါ်လိုက်သေးတယ်!"

တစ်ဖက်မှာတော့ ဟန်ရွှယ်ရဲ့ မျက်နှာဟာလည်း ခါးသီးမှုတွေ ပြည့်နှက်နေ၏။

သူမသည် ပါရမီရှင်တစ်ယောက် ဖြစ်ပြီး ထူးချွန်သော်လည်း သူမသည် အခြားသူများနှင့် နှိုင်းယှဉ်ပါက အားသာချက် တစ်ခုရှိပြီး အာရုံစိုက်မှုများစွာကို ရရှိထားသော်လည်း ထိုလူငယ်နှင့် နှိုင်းယှဉ်ပါက သူမသည် အကြိမ်ကြိမ်ပင် မဖော်ပြထိုက်တော့ပေ။

"ဒါက သင်ခန်းစားပဲ! နောက်တစ်ခါ ငါသူနဲ့ ဘာမှ မနှိုင်းယှဥ်တော့ဘူး!"

အကြိမ်တိုင်း အနိုင်ယူ ခံရပြီးနောက် တစ်ဖက်လူကို နောက်တစ်ကြိမ် စိန်ခေါ်ခြင်းသည် အရှက်တရား ရဖို့ တောင်းဆိုခြင်းသာ ဖြစ်ကြောင်း ဟန်ရွှယ် နားလည်လာခဲ့သည်။

ဘယ်လောက်ပဲ မိုက်မဲနေပါစေ နောက်တစ်ခါ ထပ်မလုပ်နဲ့တော့ဘူး။

"ဒုကျောင်းအုပ်ဟုန်ချန်း...ဒါက ငါတို့ကျောက်အိမ်က မဟုတ်သလို ဟန်မိသားစုကလည်း မဟုတ်ဘူး... သူက ဘယ်သူလဲ? အကယ်ဒမီက ဘယ်ကျောင်းသားလဲ"

ဟန်လင်ရော ဟန်ရွှယ်ရော မဟုတ်မှန်း သိလိုက်ရတော့ ကျောက်မိသားစုရဲ့ အိမ်တော်သခင်က စိတ်သက်သာရာရသွားပြီး သူ့စိတ်ထဲကမေးခွန်းကို ထုတ်မေးလိုက်သည်။

သူတို့မိသားစုက ကျောက်ကောင်း မဟုတ်တဲ့အတွက်ကြောင့် တခြားမိသားစုက လူကိုလည်း မဖြစ်ချင်ကြတာ သဘာဝပါပဲ။

သူ့အမေးကို ကြားတော့ ဟန်မိသားစုရဲ့ အကြီးအကဲကလည်း ကြည့်လာတဲ့အပြင် ဆရာ ဆရာမ တော်တော်များများကလည်း သူ့ကို ကြည့်နေကြသည်။

"သူ"

ဒုကျောင်းအုပ်ဟုန်ချန်း၏ မျက်နှာသည် နီရဲလာသည်။

"ဘာလဲ? ပြောဖို့ အဆင်မပြေလို့လား? ငါတို့ကို မယုံသေးဘူးလား" ကျောက်အိမ်တော်သခင်က မျက်မှောင်ကြုတ်ကာ။

"စိတ်မပူပါနဲ့... သူက ပါရမီရှင်ပဲလေ သူက ငါတို့မိသားစုနဲ့ မသက်ဆိုင်ဘူး ဆိုရင်တောင် ငါတို့က ဘာမှ မလုပ်ပါဘူး !"

"အဲဒီသဘော မဟုတ်ဘူး... အဲဒါက...."

ဒုကျောင်းအုပ်ဟုန်ချန်းလည်း တစ်ဖက်လူက အထင်လွဲသွားတာကို သိပြီး နဖူးက ရှက်စရာကောင်းတဲ့ ချွေးတွေကို သုတ်လိုက်ရသည်။

"ဒီလူက ငါတို့ အကယ်ဒမီက မဟုတ်ဘူး!"

"ဝူယန်အကယ်ဒမီက မဟုတ်ဘူးလား?"

လူတိုင်း အံသြသွားကြသည်။

ဒါက အရမ်းမိုက်လွန်းတယ်။

အခုနကတင် ကျောက်အိမ်တော်သခင်က သူတို့အိမ်တော်က ကျောက်ကောင်းလို့ပြောပြီး ကြိုဆိုဖို့ ပြင်ဆင်သလို ဟန်အိမ်တော်ကလည်း ပြင်ဆင်ခဲ့ကြသည်။

ထို့အပြင် ဝူယန်အကယ်ဒမီက အကြီးအကဲတွေကိုပါ ခေါ်ခိုင်းလိုက်ရသေးသည်။ ရလဒ်ကတော့ တစ်ဖက်က ပါရမီရှင်ဟာ ဒီအင်အားကြီး၃ခုနဲ့ လုံးဝ မသက်ဆိုင်တဲ့သူ ဖြစ်နေတယ်လေ။

မည်မျှပင် ပြင်ဆင်ထားပါစေ အလှဆင်မှု တစ်ခုသာ ဖြစ်လာခဲ့သည်။

ဒါက သိပ်သနားစရာ ကောင်းလွန်းတယ်။

သူတို့စကားဝိုင်းနဲ့ မတူတာက ဒီကိုရောက်လာတဲ့ ကျောင်းသားတွေက သူတို့ရှေ့က မျှော်စင်ကြီးကိုပဲ စူးစူးရဲရဲ မျက်လုံးတွေနဲ့ ကြည့်နေကြလေသည်။

"လုရွှမ်က အရည်အချင်း ရှိရုံတင် မကဘူး စွမ်းအားလည်း ကြီးတယ်လို့ ငါကြားတယ်... သူက ရုပ်ရည်ချောမောတဲ့ ပါရမီရှင်တစ်ယောက်ပဲ ငါ သူ့ကို လက်ထပ်ချင်လိုက်တာ!"

"နင့်အလှည့် မဟုတ်သေးဘူး သူက ငါ့ဟာ"

"ငါက အသစ်ရောက်လာတာ... အဲဒီနေ့က စီနီယာ လုရွှမ်က ချင်ဟွာကို ကန်ထုတ်ပစ်တာကို မြင်လိုက်ရသေးတယ်.... နောက်ပိုင်း စကားတောင် မပြောရဲဘူး! ဒီနေ့ကစပြီး လုရွှမ်က ငါ့ရဲ့အိုင်ဒေါပဲ!"

"ငါတိုးတက်ဖို့ သူ့ကို ပစ်မှတ်ထားလိုက်ပြီ"

တစ်ယောက်စီတိုင်းရဲ့ မျက်လုံးတွေက တောက်ပလျက် ရှိပေသည်။

သူတို့ ဝူယန်အကယ်ဒမီကို မဝင်ခင် တိမ်ဆွဲမျှော်စင် အကြောင်းကို အားလုံးကြားဖူးကြပြီး ပထမသုံးထပ်ကို ဝင်ခွင့်ရရင်ကို အလွန်အမင်း ဂုဏ်ယူမိကြမှာ ဖြစ်လေသည်။

ခြားနားချက်က မဝေးဘဲ ကျော်တက်နိုင်ရင် အဲဒါကို သဘောကျမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အရမ်းလွန် သွားရင်တော့ မျှော်ကြည့်ရုံပါပဲ။

လုရွှမ်သည် ယခုအချိန်တွင် လူတိုင်း၏စိတ်တွင် ဖြတ်မကျော်နိုင်သော ဒဏ္ဍာရီတစ်ခု ဖြစ်လာခဲ့သည်။

"ညီလေးလုက လူတွေကို အချိန်တိုင်း အံ့သြစေနိုင်တာပဲ!"

ဟွာချောင်က ပြုံးစိစိနဲ့။

"ဟုတ်တယ်... သူက တကယ့်ကို ပါရမီရှင်ပဲ... ငါတို့က သူနဲ့ နှိုင်းယှဥ်စရာ မရှိပါဘူး!"

လျိုခိုင်နှင့် အခြားသူများသည် ခေါင်းယမ်းရင်း ခိုကိုးရာမဲ့ ဖြစ်နေသည်။

"ညီလေးလုက ကိုးထပ်ကို ဝင်နေပြီ။ ကိုးထပ်ကို ကျော်နိုင်မယ်လို့ ထင်လား" ဝမ်ရန် မေးလိုက်သည်။

"အောင်မြင်ဖို့လား?" ဟွာချောင်က ခဏလောက်စဉ်းစားပြီး ခေါင်းခါပြလိုက်သည်။

"ငါကတော့ ခက်မယ်လို့ထင်တယ်"

"ဘာလို့လဲ" ကျောင်းဟောက် မတတ်နိုင်စွာ မေးလိုက်သည်။

"တိမ်ဆွဲမျှော်စင်ရဲ့ မူလအစအကြောင်း စာအုပ်တွေထဲမှာ ဖတ်ဖူးတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ရာကျော်က နတ်လောကရဲ့ အရှင်သခင်က ထုလုပ်ခဲ့တာလို့ ပြောကြတယ်။ အဲဒီထဲမှာ အမျိုးမျိုးသော အကဲဖြတ်မှုတွေ ရှိတယ်။ အဆင့်ကို ကျော်ဖြတ်ချင်ရင် ခန္ဓာကိုယ်သာမက စစ်မှန်သော စွမ်းအင်၊ စိတ်ဝိညာဉ်စွမ်းအားရဲ့ အတိုင်းအတာက သာမာန်လူထက် သာလွန်ရမယ်.... ပိုအရေးကြီတာက ခန္ဓာကိုယ်ကို လုံးဝထိန်းချုပ်နိုင်ရမယ်!"

ဟွာချောင်၏ မျက်နှာသည် လေးနက်လာသည်။

"အကြွင်းမဲ့ ထိန်းချုပ်နိုင်ရမှာလား" ဝမ်ရန်က သံသယတွေ အပြည့်နဲ့ ကြည့်လိုက်သည်။

"မှန်တယ်! သခင်တစ်ယောက်က ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းကိုမဆို ထိန်းချုပ်နိုင်ကြတယ်တဲ့... ဆံပင်တောင်မှ အလိုအလျောက် ကွဲထွက်သွားပြီး လူတွေကို နာကျင်အောင် ပျံသန်းသွားနိုင်တယ်လို့ ပြောတာပဲ! လုရွှမ်က အရမ်း ထက်မြက်ပေမယ့် ခန္ဓာကိုယ်ရဲ့ ထိန်းချုပ်မှုကို မပြီးမြောက်နိုင်သေးဘူး အရည်အချင်း ရှိရင်တောင် စုဆောင်းဖို့ နာရီပေါင်း မရေမတွက်နိုင်အောင် ကြာတယ်"

ဟွာချောင်က ဆက်ဆို၏။

"သူမပြောနဲ့....ငါတို့ဝူယန်အင်ပါယာရဲ့ နံပါတ်တစ် ကျွမ်းကျင်တဲ့ ဘုရင်မင်းမြတ် ဟန်ချီတောင် ဒါကို မလုပ်နိုင်ဘူး....ညီလေးလု လုပ်နိုင်မယ်လို့ ငါမယုံဘူး!"

"ဆံပင်ကြိုး တစ်ချောင်းက တစ်စုံတစ်ယောက်ကို နာကျင်စေနိုင်ပါ့မလား"

ဝမ်ရန်နှင့် တခြားသူများသည် လျှာလိပ်သွားကြသည်။ ခန္ဓာကိုယ် ထိန်းချုပ်မှု အကြောင်းကို သူတို့ ပထမဆုံးအကြိမ် ကြားလိုက်ခြင်းပင်။

"ဒါပေမဲ့... ကိုးထပ်ကို အပြေးအလွှား တက်နိုင်ရင်ကို စံချိန်ချိုးနေပြီ....မကျော်နိုင်ရင်တောင် ထိခိုက်မှာ မဟုတ်ဘူး"

ဟွာချောင် ရှင်းပြပြီးနောက် ရုတ်တရတ် မြေပြင် တုန်ခါသွားသည်ကို ခံစားလိုက်ရသည် ။

တုန်ခါမှုသည် ပို၍ပြင်းထန်လာပြီး သူတို့ရှေ့ရှိ မြင့်မားသော တိမ်ဆွဲမျှော်စင်သည် ရုတ်တရက် အလင်းတန်းများ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ကို လင်းထိန်သွားစေသည်။

"မြေကြီးက တုန်ခါပြီး မျှော်စင်က လင်းထိန်နေတယ်....အဲဒါက ၉ထပ်ကို အောင်မြင်သွားတာလား?"

သူ့ရှေ့က မြင်ကွင်းကို မြင်လိုက်ရတော့ အသံတစ်သံ ထွက်လာပြီး စကားပြောနေတဲ့ ဟွာချောင်က ချက်ချင်း ပါးစပ်ကို တင်းတင်းစေ့ထားလိုက်သည်။

အောင်မြင်သွားပြီ!

၉ထပ်ကို တကယ်ပဲ အောင်မြင်သွားတာလား?

မှတ်တမ်းစာအုပ်တွေ အရ တိမ်ဆွဲမျှော်စင်ကို တစ်ယောက်ယောက်က ဖြတ်သွားနိုင်တိုင်း ပထဝီမြေက လှုပ်ခါပြီး တိမ်ဆွဲမျှော်စင် တောက်ပနေလိမ့်မယ်တဲ့။ ဒဏ္ဍာရီတစ်ခုလို့ ထင်မိပေမယ့် တကယ်ဖြစ်လာမယ်လို့ မမျှော်လင့်ထားပါဘူး။

ခဏအတွင်း ရောက်လာတဲ့လူတိုင်း အံ့အားသင့်သွားပြီး သူတို့ရှေ့က တောက်ပနေတဲ့ မျှော်စင်ကို ကြည့်လိုက်ရင်း ငြိမ်သက်နေကြတာ အပ်တစ်ချောင်း ကျသံကိုပင် မကြားရချေ။

ကျောက်မိသားစု၏ အကြီးအကဲနှင့် ဟန်မိသားစု၏ ကြီးမြတ်သော အကြီးအကဲသည်ပင် ငြင်းခုံရန် စိတ်မဝင်စားဘဲ မျက်တောင်မခတ်ဘဲ ရှေ့တည့်တည့်ကို စိုက်ကြည့်နေကြသည်။

မျှော်စင်ရှိ လုရွှမ်သည် မြေပြင်ပေါ်က အပြောင်းအလဲများကို မသိပေ။ ယခုအချိန်တွင် သူသည် မျက်လုံးမှိတ်ထားလျက် နေရာတွင် တင်ပျဉ်ခွေ ထိုင်နေ၏။

ကိုးထပ်ကိုကျော်ပြီးရင် အကျိုးကျေးဇူးတွေလည်း ရလာမှာပဲ။

ကြီးမားလှသော ဝိညာဉ်စွမ်းအင်များသည် ကောင်းကင်မှ ချက်ချင်း ဆင်းသက်လာပြီး ခန္ဓာကိုယ်တစ်ခုလုံး၏ အပ်စိုက်သည့်ညနေရာများတစ်လျှောက် ခန္ဓာကိုယ်ဆီသို့ စီးဝင်လာခဲ့သည်။

ဤဝိညာဉ်စွမ်းအင်၏ ပြင်းထန်မှုကို ခံစားရသောအခါ လုရွှမ်သည် တိမ်ဆွဲမျှော်စင်၏ နောက်ဆုံးဆုလာဘ် ဖြစ်နိုင်ကြောင်း သိလိုက်ရသောကြောင့် သူခုခံခြင်း မရှိခဲ့ပေ။

ရှည်လျားသော ဝေလငါးကြီးကဲ့သို့ ကြီးမားသော ရောင်ဝါသည် သူ့ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားပြီး အချိန်အတော်ကြာ ငြိမ်သက်နေသည့် စွမ်းအားသည် လျင်မြန်စွာ ကြီးထွားလာသည်။

ဝိညာဉ်စွမ်းအင်ကို ခန္ဓာကိုယ်ရှိ ဆဲလ်တိုင်းတွင် ထည့်သွင်းထားပြီး နန်းတော်ပင်လယ် ပထမအဆင့်သည် စစ်မှန်သော စွမ်းအင်ဖြင့် အာဟာရဖြည့်သွင်းပြီး တစ်ဖန်ပြန်လည် တိုးပွားလာသည်။

ခွန်အား ၄၀၀၀

၄၅၀၀

၅၀၀၀

များမကြာမီတွင် ခန္ဓာကိုယ်တွင်း ခွန်အားသည်တစ်ထောင်အထိ ထပ်တိုးလာကာ လေ့ကျင့်မှုအားလည်း သိသိသာသာ တိုးလာခဲ့သည်။ ဒဏ်ရာများမှာ နဂိုအတိုင်း ပြန်ကောင်းသွားပြီး ခန္ဓာကိုယ်က ပြန်လည် ကောင်းမွန်လာသည်။

ဗုန်း!

အတုတံဆိပ်နယ်ပယ် အစောပိုင်းအဆင့်၏ ကန့်သတ်ချက်များ ချိုးဖျက်သွားပြီး အတုတံဆိပ်နယ်ပယ် အလတ်အလယ် အဆင့်ကို ရောက်သွားပြီ။

"ဝိညာဥ်ချီတွေ အများကြီး ရှိတယ်.... အားလုံးကို စုပ်ယူပစ်ဖို့ မဖြစ်နိုင်ဘူး"

ကျင့်ကြံမှုသည် အတုတံဆိပ်နယ်ပယ့ ၏အလယ်အလတ် အဆင့်သို့ ရောက်ရှိသောအခါ စုပ်ယူမှုအရှိန် နှေးသွားသော်လည်း ပတ်ဝန်းကျင်တွင် ဝိညာဥ်ချီများလွန်းသဖြင့် ၎င်းအား အတင်းအကြပ် ထည့်သွင်းပြီး ခန္ဓာကိုယ် အတွင်းသို့ မစုပ်ယူပါက စွန့်ပစ်ပစ္စည်းဖြစ်သွားမည် ဖြစ်သည်။

လုရွှမ် မျက်မှောင်ကြုတ်လိုက်သည်။

All Chapters