← Chapters

အရူးပရိတ်သတ်များ

Vol. 15 Ch. 2.64

အရူးပရိတ်သတ်များ

Vol. 15 Ch. 2.64

ကျင့်ကြံသူများသည် ဝိညာဉ်စွမ်းအင်အတွက် အလွန် လိုအပ်သော်လည်း ကန့်သတ်ချက်အမြဲ ရှိလေသည်။

သူ့ရှေ့က ပေးလာတဲ့ ဝိညာဉ်စွမ်းအင် ပမာဏက ကြီးမားလွန်းသည်။ အဓိပတိနယ်ပယ်က လူတစ်ယောက် စုပ်ယူဖို့ လာရင်တောင် အလဟဿ ဖြစ်သွားလိမ့်မယ်။ သူကိုယ်တိုင်ဆိုရင် ပြောစရာပင် မလိုချေ။

သို့သော် လေထဲတွင် ဝိညာဥ်စွမ်းအင်များသည် အချိန်တိုအတွင်း လေနှင့် ပေါင်းစပ်သွားပြီး လုံးဝ ပျောက်ကွယ်သွားမည် ဖြစ်သည်။

ဆိုလိုသည်မှာ ကိုးထပ်ကပေးတဲ့ ဆုက ကြီးမားပြီး ဝိညာဉ်စွမ်းအင်တွေလည်း အများကြီးရှိလေသည်။ လက်ရှိကျင့်ကြံမှုနဲ့ တစ်ရာခိုင်နှုန်းတောင် မစုပ်ယူနိုင်ရင် အလဟသ ဖြစ်သွားမှာကတော့ နှမြောစရာ ကောင်းလှသည်။

ဤတိမ်ဆွဲမျှော်စင်ကို ဆောက်ခဲ့သူသည် ၉ထပ်ကို အတုတံဆိပ်နယ်ပယ်က တစ်စုံတစ်ဦးမှ ဖြတ်သန်းနိုင်မည်ဟု မမျှော်လင့်ထားပုံရသည်။ ဤကဲ့သို့သော ဝိညာဉ်စွမ်းအင်၏ စိမ့်ဝင်မှု အမြန်နှုန်းကို တွက်ချက်ကြည့်လျှင် ၎င်းသည် သေမျိုးနယ်ပယ်က လူအတွက် ပြင်ဆင်ထားခြင်း ဖြစ်ပေမည်။

မျှော်စင်ကို တည်ဆောက်သူသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်တွင် သန်မာသူများသာ ဤအဆင့်အကဲဖြတ်မှုကို ကျော်ဖြတ်နိုင်သည်ဟု ထင်သောကြောင့် စွမ်းအင်သွင်းခြင်း၏ အရှိန်ကို သတ်မှတ်ခဲ့ကြသည်။ ကံမကောင်းစွာပဲ ကောင်းကင်ကို အံတုနိုင်သော လုရွှမ်သည် အဆင့်က ဆုလာဘ်တွေ ထွက်လာပေမယ့် သူစုပ်ယူဖို့ လိုက်မမီနိုင်တော့တာ သနားစရာ ဖြစ်နေသည်။

ရွှေ၊ ငွေ ရတနာတွေ အများကြီး ပေးတာနဲ့တူနေ၏။ မူလက သူတို့ကို တွန်းလှည်းနဲ့ ဆွဲချနိုင်ခဲ့ပေမယ့် လုရွှမ်ကတော့ လက်ဗလာနဲ့သာ လာခဲ့တာသည်။ ရတနာတွေအားလုံးကို ကြည့်ရင်တောင် ဘယ်လောက် ယူနိုင်ပါ့မလဲ။

"အမ်း....ဟုတ်သားပဲ ကျောက်စိမ်းပြားထဲက နေရာက ဒီဝိညာဥ်ချီတွေကို စုပ်ယူနိုင်ပါ့မလား မသိဘူး"

ဤအငွေ့အသက်များ လေထဲသို့ ပျောက်ကွယ် သွားရတော့မည်ကို တွေးကာ လုရွှမ်၏ စိတ်သည် အတွေးတစ်ခုဖြင့် တောက်ပလာသည်။

သူလက်ရှိမှာ ဝိညာဥ်ချီတွေ အများကြီး မစုပ်ယူနိုင်ပေမယ့် သူ့မှာ အာကာသ မှော်လက်နက်တစ်ခုရှိတယ်လေ။ သူဒီဝိညာဥ်ချီကို စုပ်ယူထားနိုင်မလား မသိ။ ဒါဆိုရင် သုံးချင်တဲ့အချိန် ထုတ်သုံးလို့ ရမယ်မလား။

ဒါကိုတွေးရင်း ရင်ထဲမှာ ပူလောင်တဲ့ ခံစားမှုတစ်ခုနဲ့အတူ သူ့ခန္ဓာကိုယ်ထဲက ယွမ်ယန်ဝိညာဥ်ချီကို လှည့်လိုက်တာနဲ့ အနက်ရောင် လမ်းကြောင်းတစ်ခုဟာ မျက်လုံးရှေ့မှာ ချက်ချင်း ပေါ်ထွက်လာသည်။

ဝူ ဝူ ဝူ....

ဦးခေါင်းအထက်မှ ထွက်ပေါ်လာသော ဝိညာဉ်စွမ်းအင်အား အနက်ရောင် ကျောက်စိမ်းပြားမှ ချက်ချင်း စုပ်ယူလိုက်ပြီး ကျောက်စိမ်းပြား၏ နေရာထဲကို ဝင်ရောက်သွားသည်။

"တကယ် အလုပ်ဖြစ်တယ်ဟ!"

လုရွှမ် မျက်လုံးများ တောက်ပစွာဖြင့် ရယ်လိုက်သည်။

ဤဝိညာဉ်စွမ်းအင်သည် ယခင်အချိန် ဝမ့်ဖုန်းချိုင့်ဝှမ်းတွင် ရရှိသော ဝိညာဉ်ရေးအရည်များထက် များစွာပိုသည်။ ဤအရာဖြင့် ရှားပါးရတနာ ဖီးနစ်အမွေးကို မရရှိလျှင်ပင် ကျင့်ကြံမှု မြှင့်တင်ရေးအရှိန်သည် များစွာတိုးလာမည် ဖြစ်သည်။

ဝှစ် ဝှစ်!

ဝိညာဉ်ရေးစွမ်းအင် ဖြည့်သွင်းမှုသည် နာရီဝက်နီးပါးကြာပြီး တဖြည်းဖြည်း အားနည်းလာကာ သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားသည်။

"ဘယ်လောက်ရှိလဲ ကြည့်လိုက်ရအောင်!"

အနည်းငယ် ပြုံးကာ လုရွှမ်၏ စိတ်ဝိညာဉ်သည် လှုပ်ရှားသွားပြီး နောက်အခိုက်အတန့်တွင် သူသည် ကျောက်စိမ်းပြားထဲတွင် ပေါ်လာခဲ့သည်။

ယခုအချိန်တွင် ဤနေရာရှိ ဝိညာဥ်စွမ်းအင်သည် အလွန် ပြင်းထန်နေသည်။ အသက်ရှူသွင်းလိုက်ရုံဖြင့် စွမ်းအင်ကို များစွာ မြှင့်တင်ပေးမည်ဖြစ်ပြီး နေ့ရောညပါ အနားယူခြင်း မရှိဘဲ လေ့ကျင့်ရင်တောင် ပင်ပန်းနွမ်းနယ်နေမည် မဟုတ်ပေ။

"အဆ၂၀... ဒါက ပြင်ပကမ္ဘာရဲ့ အဆ၂၀ပဲ!"

လှည့်ပတ်ကြည့်ရုံမျှဖြင့် ကျောက်စိမ်းပြာစ၏ နေရာသည် ပြောင်းလဲသွားသည်ကို သူသိလိုက်သည်။ တိမ်ဆွဲမျှော်စင်ထဲ ဆုလာဘ်များဖြစ်သည့် ဝိညာဥ်စွမ်းအင် အားလုံးကို စုပ်ယူပြီးနောက် အာကာသလက်နက် အတွင်းရှိ ဝိညာဥ်ချီ၏ သန့်စင်မှုသည် ပြင်ပကမ္ဘာထက် အဆ၂၀ ရှိနေသည်။

ထိုပမာဏသည် ယခင် ဝမ့်ဖုန်းချိုင့်ဝှမ်းမှ ရရှိသော ဝိညာဉ်အရည်ထက် ဒါဇင်နှင့်ချီသောပမာဏဖြစ်သည်။

"ချမ်းသာပြီ!"

လုရွှမ်၏ မျက်လုံးများ တောက်ပလာသည်။

ဝိညာဥ်ချီသည် ကျင့်ကြံသူတစ်ဦးအတွက် အခြေခံ လိုအပ်ချက် ဖြစ်သည်။ အဓိက ဂိုဏ်းခြောက်ဂိုဏ်းသည် အံ့ဖွယ်ပါရမီရှင်များကို မွေးထုတ်ပေးနိုင်ခဲ့သည့် အကြောင်းရင်းမှာ ၎င်းတို့သည် ကမ္ဘာ့အလယ်ဗဟိုနှင့် နီးကပ်နေပြီး လုံလောက်သော ဝိညာဥ်ချီ ရှိသောကြောင့် ဖြစ်သည်။

ကျောက်စိမ်းပြား နေရာ၏ ဝိညာဥ်ချီ သိပ်သည်းဆသည် တချို့သော အဆင့်မြင့် ဝိညာဉ်စုစည်းမှု အခင်းအကျင်းများထက် အဆနှစ်ဆယ်ဖြစ်သည်။ နောင်တွင် ဤနေရာတွင် လေ့ကျင့်ပါက တိုးတက်မှု၏ အရှိန်သည် ကြိုးစားမှုထက်ဝက်ဖြင့်ပင် ရလဒ်နှစ်ဆ ဖြစ်လာလိမ့်မည်။

"ဒီအငွေ့အသက်တွေနဲ့ နယ်ပယ်အားလုံးကို ချိုးဖျက်ဖို့ လုံလောက်ပြီ!"

အနည်းငယ် ပြုံးလိုက်မိသည်။

ဒီဆုက တကယ်ကို ကြီးလွန်းတာပဲ။

သာမာန်ကျင့်ကြံမှု အရှိန်နှင့် ဝူယန်အင်ပါယာ၏ အစွမ်းသတ္တိအရ သူ၏ လက်ရှိခွန်အားနဲ့ ကောင်းကင်ကို အန်တုနိုင်သော ယွမ်ယန်ကျင့်စဥ်ကို သုံး၍ အဓိပတိနယ်ပယ် ပြီးပြည့်စုံမှု အဆင့်သို့ တစ်ဆင့်ပြီးတစ်ဆင့် လေ့ကျင့်နိုင်ခဲ့ရင်တောင် အနည်းဆုံး ဆယ်နှစ်ကြာလိမ့်မည် ဖြစ်သည်။

ပြီးတော့ နေ့ရောညပါ ကျင့်ကြံရဦးမည်။

သို့သော်လည်း ဝိညာဥ်ချီ အဆ၂၀ရှိတာက မတူချေ။ ကျင့်ကြံမှု အရှိန်ကို အဆ ၂၀ တိုးဖို့ မဖြစ်နိုင်ပေမယ့် ဒီနေရာမှာတော့ လုရွှမ်ဟာ သုံးနှစ်အတွင်း ပြီးမြောက်နိုင်မယ်လို့ မှန်းဆထားပါသည်။

အတုတံဆိပ်နယ်ပယ်မှ သုံးနှစ်အတွင်း အဓိပတိနယ်ပယ်သို့ အရှိန်အဟုန်ဖြင့် ချီတက်လာခြင်းသည် တချို့သော အဆင့်နိမ့် အင်ပါယာများတွင်ပင် ထိပ်တန်း ပါရမီရှင်တစ်ဦးဟု ယူဆပါသည်။

"အပြင်ထွက်တော့မယ်!"

ချက်ချင်း လေ့ကျင့်ရန် တိုက်တွန်းချက်ကို တွန်းလှန်ပြီး လုရွှမ်သည် ကျောက်စိမ်းနေရာမှ ထွက်သွားကာ မျှော်စင်ပေါ်မှ လှေကားထစ်အတိုင်း ထွက်လာခဲ့သည်။

တစ်လျှောက်လုံး လေ့ကျင့်နေတာ နေ့တစ်ပိုင်း ကျော်ရှိပြီမို့ ဗိုက်က ဗိုက်ဆာနေပြီ။

မျှော်စင်တံခါးမှ ထွက်လာပြီး မကြာမီ အပြင်သို့ ထွက်လာသည်နှင့် သူ့ရှေ့က မြင်ကွင်းကြောင့် ချက်ချင်း လန့်ဖြတ်သွားတော့သည်။

သူ့ရှေ့မှာ လူပေါင်း သောင်းနဲ့ချီ စုပုံနေတာကို တွေ့ရပြီး သူတို့အားလုံးထဲက အထူးသဖြင့် အသက်ကြီးတဲ့ လူတစ်စုက သူ့ကို မြဲမြံတဲ့ ရတနာကို မြင်လိုက်ရသလိုမျိုး တောက်လျှောက်ကို ကြည့်နေကြသည်။

"လုရွှမ်...ကျုပ်က ဝူယန်အကယ်ဒမီရဲ့ ဒုကျောင်းအုပ်ဟုန်ချန်းပါ....ငါမင်းကို တပည့်အဖြစ် လက်ခံဖို့ ဆန္ဒရှိတယ်.... စိတ်မပူပါနဲ့ ငါ့စကားကို နားထောင်ရင် မင်း ငါ့ရဲ့ တပည့်ဖြစ်နေသရွေ့ မင်းလုပ်ချင်တာမှန်သမျှ ငါလုပ်ပေးနိုင်တယ်....ဒါဖြင့် မင်းက ငါ့တပည့် မဖြစ်ချင်ဘူးဆိုရင် ငါက မင်းရဲ့တပည့် ဖြစ်ရလည်း အဆင်ပြေတယ်"

"ကျုပ်က ကျောက်မိသားစုရဲ့ အိမ်တော်သခင်ပါ....ကျုပ်မှာ အလွန်လှပတဲ့ မြေးမလေး အများကြီးရှိတယ် မင်းလိုချင်သလောက် သူတို့အားလုံးကို လက်ထပ်နိုင်ပြီး ကျင့်ကြံမှု အရင်းအမြစ်ကို စိတ်တိုင်းကျ ရွေးချယ်နိုင်ပါတယ်....မင်းလိုချင်တာအားလုံး ရနိုင်တယ်။ ငါ့မြေးမလေးတွေက မလုံလောက်ဘူးလို့ ထင်ရင် ငါ့မှာ မောင်းမမိဿံ အနည်းငယ် ရှာတွေ့ထားသေးတယ်.... တစ်ဦးချင်းစီက လှပကြတယ်...ငါ မင်းကို တိုက်ရိုက်ပေးလို့ရတယ်"

"ကျုပ်က ဟန်မိသားစုရဲ့ အကြီးအကဲ... မင်းနဲ့ဟန်ရွှယ်က သိတယ်မလား မင်းခေါင်းညိတ်လိုက်တာနဲ့ ငါမင်းတို့ကို ချက်ချင်း လက်ထပ်ခွင့်ပြုတယ်.... မင်းသာမာန်မယားပဲ မလိုချင်ဘူး ဆိုရင် မင်း ငါတို့ ဟန်မိသားစုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာဖို့ ဆန္ဒရှိနေသရွေ့ ကိုယ်လုပ်တော်တွေ ရွေးနိုင်တယ်"

လူတစ်စုသည် ချက်ချင်းပင် ဝိုင်းဖွဲ့လာကာ အခြေအနေ ကောင်းများအကြောင်း အမျိုးမျိုးပြောဆိုနေကြသည်။

"......." လုရွှမ်။

လူတိုင်းက ဘာကြောင့် အရမ်းစိတ်အားထက်သန် နေကြတာလဲဆိုတာ နားလည်ဖို့ အချိန်တော်တော် ယူလိုက်ရသည်။

လတ်စသတ်တော့ တိမ်ဆွဲမျှော်စင်ရဲ့ ၉ထပ်ကို အောင်မြင်သွားလို့ကိုး။

"ဒါက မျှော်စင်တစ်ခုက ၉ထပ်ပဲမလား? ဘာတွေ ကြီးကြီးကျယ်ကျယ် လုပ်နေတာလဲ?"

လုရွှမ်သည် ခေါင်းကို ခါယမ်းကာ အားကိုးရာမဲ့ ဖြစ်သွားသည်။

တိမ်ဆွဲမျှော်စင်သည် အနည်းငယ် ခက်ခဲသော်လည်း သူ့ကိုအစွမ်းကုန် လက်လျှော့ပစ်အောင်တော့ မလုပ်နိုင်ချေ။ ယခင်ဘဝက ရုပ်သေးပင်လယ်ဂိုဏ်း၏ ကောင်းကင်မျှော်စင်နှင့် နှိုင်းယှဉ်ပါက ဘာမှမဟုတ်သောကြောင့် အလွန်စိတ်လှုပ်ရှား မနေသင့်ပါ။

လုရွှမ်သည် ဟန်ရွှယ်၏ အကူအညီဖြင့် မလွတ်မြောက်မီ နာရီဝက်နီးပါး လူအုပ်ကြားမှ ရုန်းကန်ခဲ့ရသည်။

တစ်လမ်းလုံး ထွက်ပြေးပြီးနောက် သူတို့သည် ဝူယန်အကယ်ဒမီ၏ ကျယ်ပြန့်သော အပြာရောင် ရေကန်ဘေးတွင် ရူးသွပ်သော ပရိသတ်များ လက်ထဲမှ နောက်ဆုံးတွင် လွတ်မြောက်ခဲ့ကြသည်။

"ဒီမှာဆို လုံခြုံလောက်ပြီ!"

သူမ၏လျှာကို ထုတ်လိုက်ရင်း ဟန်ရွှယ်သည် သူမ၏ဆံပင်များကို သပ်သပ်ရပ်ရပ် ပြင်လိုက်ကာ ပြုံးလိုက်သည်။

ညင်သာသော လေသည် သူမ၏ အနက်ရောင်ဆံပင်များကို မှုတ်ထုတ်လိုက်ကာ သူမ၏ လှပသော မျက်နှာတစ်ခြမ်းကို ဖုံးလွှမ်းသွားသည်။လရောင်ဖျော့ဖျော့ကြောင့် သူမသည် နတ်သမီးကဲ့သို့ပင် ဖော်မပြနိုင်လောက်အောင် လှပနေသည်။

"ကျေးဇူးပဲ!"

လုရွှမ်သည် သူ့လက်သီးများကို ဆုပ်လျက် သူမကို ကျေးဇူးတင်စကား ဆိုလိုက်သည်။

ဒီဟန်ရွှယ်ကြောင့်သာ မဟုတ်ရင် သူ ပြင်းပြင်းထန်ထန် မတိုက်ခိုက်ဘဲနဲ့ ဒီလို လူစုလူဝေးကနေ လွတ်မြောက်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။

ရူးသွပ်တဲ့ ပရိသတ်တွေကို ရှောင်ပြီး သူတို့ကို တိုက်ခိုက်ရမှာလား။

"အားမနာပါနဲ့... နင်လည်းငါ့ကို ကူညီခဲ့တာပဲလေ"

ဟန်ရွှယ်က နောက်တစ်ကြိမ် ထပ်ပြုံးလိုက်သည်။

"တိမ်ဆွဲမျှော်စင်က ဒီလောက်ခက်တာကို နင်၉ထပ်ကို ဘယ်လို အောင်မြင်သွားတာလဲ?"

"ဟင်.."

လုရွှမ် သူ့ခေါင်းကို ယမ်းလိုက်သည်။

ဘယ်လိုဖြေရမှန်း မသိဘူး။ အမှန်အတိုင်း ပြောဖို့က မခက်ဘူး ဆိုရင်တောင် တစ်ဖက်လူက သူ့ကို သေအောင်ရိုက်မလားတော့ မသိဘူး။

ပြောရခက်လွန်းရင်လည်း တစ်ဖက်သားက သူ နည်းနည်း ဟန်ဆောင်နေတယ်လို့ ခံစားရစေမှာလားလည်း မပြောတတ်ပြန်။

ဟူး.....မလွယ်ဘူးပဲ။

All Chapters