← Chapters

စိတ်ကြွစေလောက်သည်

Vol. 15 Ch. 2.66

စိတ်ကြွစေလောက်သည်

Vol. 15 Ch. 2.66

ဝုန်း!

သူမ လွတ်မြောက်သွားသည်ကို ဝမ်းသာအားရဖြင့် ဟန်ရွှယ်သည် သူမနောက်တွင် ပွေ့ဖက်ထား ဆုပ်ကိုင်ထားသည့် လူငယ်၏ ခန္ဓာကိုယ်ကို လှည့်ကြည့်လိုက်ရာ လူငယ်ပါးစပ်မှ သွေးများ ထွက်လာသည်ကို တွေ့လိုက်ရသည်။

"ဝူ...ဝူ!"

"လုရွှမ်" ဟူသော အော်သံမှာ ရေထဲတွင် စကားမပြောနိုင်သောကြောင့် တဝူးဝူးအသံသာ ထွက်ပေါ်လာခဲ့သည်။

ခေါင်းကို အလျင်စလို လှည့်ကြည့်လိုက်တော့ လူငယ်လေးရဲ့ မျက်နှာက ဖြူဖျော့နေပြီး ဒဏ်ရာအပြင်းအထန် ရသွားတာကိုတွေ့လိုက်ရ၏။

လက်ဖဝါး၏ စွမ်းအားသည် ရေမျက်နှာပြင်ကို ထိမှန်သော်လည်း စွမ်းအားသည် များစွာ အားနည်းသွားသည်။ တကယ်တော့ ၎င်းသည် ဂိုဏ်းဆရာနယ်ပယ်၏ တိုက်ခိုက်မှုဖြစ်လို့ အတုတံဆိပ်နယ်ပယ် တစ်ယောက်အတွက် ခံနိုင်ရည်ရှိသော အရာမဟုတ်ပေ။

"ရှေ့ဆက်သွားမယ်!"

သူမ အော်သံမပြီးခင်မှာ ကောင်လေးရဲ့အသံက သူမနားထဲမှာ ပျံ့လွင့်လာပြီး သူမရဲ့ခါးကို တင်းတင်းကြပ်ကြပ် ဖက်ထားလျက် ရှေ့ကိုဆက်ကူးခတ်သွားသည်။

လုရွှမ်၏ ခွန်အားသည် အတုတံဆိပ်နယ်ပယ်တွင်သာ ရှိသော်လည်း သူသည် နှလုံးလမ်းကြောင်း အမှတ်ကို ဖွင့်ထားပြီး သူ့ခန္ဓာကိုယ်အပေါ် ကောင်းမွန်သော ထိန်းချုပ်မှုအဆင့်ကို ရရှိပြီး ပတ်ဝန်းကျင်ကို အလွန် အကဲဆတ်စေသည်။

ချင်ကန် နှင့် ချင်ရွှမ်းတို့သည် ၎င်းတို့၏ ခွန်အားကို တမင် ဖုံးကွယ်ထားသော်လည်း သူသည် အာရုံခံစားမိဆဲ ဖြစ်ပြီး ၎င်းတို့၏ ကျင်ကြံမှုကို အတည်ပြုနိုင်ခဲ့သည်။

တစ်ဖက်လူက သူနဲ့တိုက်ခိုက်ဖို့ ဒီမှာရှိနေနိုင်တယ်ဆိုတာ သိလိုက်ရတော့ ဒီရေပြာကန်ဟာ တစ်ခုတည်းသော ထွက်လမ်းပဲဆိုတာ တစ်ချက်ကြည့်ရုံဖြင့် သဘောပေါက်လိုက်သည်။

မဆိုင်းမတွ ချက်ချင်းပင် သူသည် ဟန်ရွှယ် နှင့်အတူ ခုန်ဆင်းလိုက်သည်။

ကန်ရေသည် လက်ဖဝါး၏ အားကို ဖယ်ထုတ်လိုက်သော်လည်း သေးငယ်သော ပြင်းအားသည် ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်သွားကာ သူ၏ အတွင်းအင်္ဂါများနှင့် ခန္ဓာကိုယ်အနှံ့ နာကျင်စေသည်။

အကယ်၍ ရုပ်ခန္ဓာသည် အတိုင်းအတာ တစ်ခုအထိ ခိုင်ခံ့သော အကာအကွယ်များ ရှိသည်ဆိုသည့် အချက်ကြောင့်သာ မဟုတ်ပါက သူသည် ဤတစ်ချက်ထိုးရုံဖြင့် သေသွားနိုင်သည်။

ကိုယ်ခန္ဓာ၌ နာကျင်နေသော်လည်း အကျပ်အတည်းက ရပ်တန့်မှာ မဟုတ်ကြောင်း သိ၏။

အကယ်၍ သတိ တစ်ချက်လွတ်သွားတာနဲ့ သေချာပေါက် အဖမ်းခံရမည် ဖြစ်ပြီး အသက်ရှင်နိုင်ချေက အချိန်အတိုင်းအတာ တစ်ခုသာ ရှိသည်။

ဗုန်း!

လက်ဖဝါးကို နောက်သို့ လှည့်တွန်းလိုက်ရာ လေပြင်းလက်ဝါးသည် ကြီးမားသော လက်ဖဝါးကြီး ဖြစ်လာပြီး ရေကို တွန်းထုတ်ကာ နှစ်ယောက်သား ရှေ့သို့ လျင်မြန်စွာ ရွေ့လျားသွားလေသည်။

နယ်ပယ်သုံးရပ်ကို စေ့စေ့စပ်စပ် ထိန်းချုပ်နိုင်ပြီးနောက် လေပြင်းလက်ဝါးသည် ရှေ့သို့ ရွေ့လျားရန် အသုံးပြုနိုင်ပြီး ကုန်းပေါ်တွင် ပြေးခြင်းနှင့် ယှဉ်လျှင် လုံးဝ မနှေးကွေးချေ။

"လုရွှမ်....နင် အဆင်ပြေရဲ့လား"

အနီးနားရှိ လူငယ်လေး၏ ဖြူဖျော့ဖျော့မျက်နှာကို မြင်လိုက်ရသဖြင့် ဟန်ရွှယ်သည်လည်း အသံကို လွှင့်လိုက်သည်။

"သည်းခံထားတယ်!"

လုရွှမ်သည် နှိုက်နှိုက်ချွတ်ချွတ် မပြောဘဲ အရှိန်ပြင်းပြင်းဖြင့် ထွက်ပြေးသွားခဲ့သည်။

ဂိုဏ်းဆရာနယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်က လူနှစ်ယောက် သူတို့ကို လိုက်ဖမ်းပြီး အဖမ်းခံလိုက်ရတာနဲ့ကို ဘယ်လိုသေလို့ သေသွားမှန်းတောင် မသိတော့ဘဲ ဖြစ်သွားလိမ့်မည်။

ဗုန်း! ဗုန်း ဗုန်း!

နှစ်ယောက်သား စကားစမြည် ပြောနေကြစဉ် သူတို့နောက်ကွယ်မှ ပြင်းထန်သော ဟိန်းဟောက်သံကို ကြားလိုက်ရပြီး သခင်ကြီးနှစ်ယောက် လိုက်ဖမ်းနေတာ တွေ့လိုက်ရသည်။

အဘိုးကြီးလည်း မပျံသန်းနိုင်တဲ့အတွက် ရေထဲမှာပဲ ရေငုပ်ရှာနေပုံပင်။

"သူတို့လိုက်လာပြီ!"

ဟိန်းဟောက်သံ နီးကပ်လာသည်ကို ကြားလိုက်ရသည်နှင့် တစ်ဖက်လူ၏ရုပ်ကို မမြင်ရသော်လည်း ဟန်ရွှယ်သည် မဝေးတော့ကြောင်း သဘောပေါက်လိုက်သည်။

"အင်း!"

လုရွှမ် ခေါင်းညိတ်လိုက်သည်။

သူ့အာရုံတွေက တခြားသူတွေထက် အများကြီး ထက်မြက်ပြီး သခင်ကြီးနှစ်ယောက် တဖြည်းဖြည်း နီးကပ်လာနေပြီဆိုတာ မပြောဘဲ သိလေသည်။

ရေငုပ်ပြေးဖို့ ရွေးချယ်ခဲ့တာ တစ်ဖက်က ရေအောက်ထဲမှာ သတိမထားမိဘူးလို့ ထင်ခဲ့သည်။ ရေထဲကိုဝင်လိုက်တာနဲ့ လုံးဝမတွန့်ဆုတ်ဘဲ အဝေးပစ်ချက်ဖြင့် ရှင်းပစ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။

နောက်တစ်ခုက တစ်ဖက်လူတွေဟာ ဂိုဏ်းဆရာနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်က သန်မာတဲ့ လူတွေပင်။ သူ့ရဲ့အရှိန်က မြန်ပေမယ့် သူတို့နဲ့ယှဉ်ရင် သူက နောက်ကျကျန်နေပါသေးသည်။

"ဘယ်လိုလုပ်မလဲ?"

ဟန်ရွှယ်၏ မျက်လုံးများ နီရဲလာသည်။

သူမသည် မိသားစု၏ အချစ်ဆုံးဖြစ်သည်။ ဤမျှသော အရှိန်အဟုန်နှင့် သေခြင်းတရားကို ကြုံတွေ့ရတိုင်း သူမအသိစိတ်က ကြာရှည်စွာ ပျောက်ဆုံးနေခဲ့သည်။

မိန်းကလေး၏ စိုးရိမ်မှုကို လျစ်လျူရှုကာ လုရွှမ်က နောက်သို့ လှည့်ကြည့်လိုက်သည်။

သူ့နောက်တွင်ရှိ ရေလုံးကြီးသည် အားကောင်းသော ဝိညာဥ်ချီ လက်ဝါးနှစ်ခုနှင့်အတူ သူ့ဆီသို့ တည့်တည့် တိုးဝင်လာသည်။ သို့သော် ရေအရှိန်က အကန့်အသတ်နှင့် ဖြစ်ပြီး ညနက်နေပြီဖြစ်သောကြောင့် မည်သူမျှ မတွေ့ရတော့ပေ။

"ပါးစပ်ပိတ်! စစ်မှန်တဲ့ ဝိညာဥ်စွမ်းအင်နဲ့ အသက်ရှူနှုန်း ဖိနှိပ်လိုက်!"

"အင်း!"

လူငယ်က ဘာလုပ်နိုင်မှန်း မသိပေမယ့် ဟန်ရွှယ်က တခြားသွားစရာလမ်း မရှိဘူး ဆိုတာကိုလည်း သိထားတာကြောင့် စစ်မှန်တဲ့ ဝိညာဥ်စွမ်းအင်ရဲ့ အတက်အကျနဲ့ သူမ အသက်ရှူနှုန်းကို အမြန်ထိန်းလိုက်ရသည်။

ဟူ!

လုရွှမ်သည်လည်း လက်ဖဝါး တစ်ဖက်ဖြင့် ရေကန်အောက်ခြေရှိ ရွှံ့ထဲတွင် အချင်းတစ်မီတာခန့်ရှိသည့် အပေါက်တစ်ခုကို ချက်ချင်းဖန်တီးလိုက်သည်။

"ဝင်သွား!"

အဓိပ္ပါယ်မရှိ စကားများ ထပ်ပြောမနေတော့ဘဲ ဟန်ရွှယ်နှင့်အတူ တိုက်ရိုက်ဝင်လာပြီး တစ်ချိန်တည်းမှာပဲ လက်ဗွေရာကြီးက ဝင်ပေါက်ကိုဖုံးဖို့ ရွေ့သွားပြီး ချောမွေ့စွာ ပိတ်သွားသည်။

ယခု မည်သည့်လမ်းကြောင်းသို့ ပြေးနေပါစေ သူသည် တိုက်ရိုက်ဖမ်းမိ၍ သတ်ဖြတ်ခြင်း ခံရလိမ့်မည်။ လက်ရှိအစီအစဥ်အတွက် သူသည် ၎င်းကို ဖုံးကွယ်ရန် နည်းလမ်းတစ်ခုသာ ရှာတွေ့နိုင်ပြီး တစ်ဖက်လူ မတွေ့နိုင်စေရန်သာ မျှော်လင့်ပါသည်။

ရေကန်သည် သဘာဝအတိုင်း အကာအကွယ်တစ်ခုဖြစ်သည်။ ပထမအကြိမ် စစ်ဆေးခြင်းကို ရှောင်နေသရွေ့ ဤမျှကြီးမားသော ရေကန်ကို ရှာတွေ့ရန်မှာ မလွယ်ကူလှပေ။

ဟန်ရွှယ်သည် ကောင်လေး၏ ရည်ရွယ်ချက်ကို နားလည်ပြီး တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။

ထိုသို့သော အခြေအနေမျိုးတွင် တစ်ဖက်လူ၏ အေးဆေးတည်ငြိမ်စွာ ကိုင်တွယ် ဖြေရှင်းနိုင်မှုသည် သူမတွေးထင်ထားမှုထက် ကျော်လွန်နေပါပြီ။

ဗုန်း ဗုန်း ဗုန်း!

အပေါ်စီးမှ ပြင်းပြင်းထန်ထန် ပေါက်ကွဲသံများကို ကြားလိုက်ရပြီး လိုက်ဖမ်းနေသည့် ဂိုဏ်းဆရာနယ်ပယ် ကျွမ်းကျင်သူတို့သည် သူတို့ကို သတိမပြုမိသလိုပင် ခေါင်းပေါ်မှ ကျော်ဖြတ်သွားသည်။

တစ်ဖက်လူတွေ သွားပြီဆိုတာ ခံစားလိုက်ရတော့မှ ဟန်ရွှယ်လည်း သက်ပြင်းတစ်ချက် ချလိုက်တော့သည်။ ရုတ်တရက် တစ်ခုခု မှားနေကြောင်း ခံစားမိလိုက်၏။

သူတို့နှစ်ယောက်ကြားက အကွာအဝေးက အရမ်းနီးနေတယ်။

အချိန်က အလျင်စလိုနဲ့ ဖြစ်သလို ဒဏ်ရာရသွားတာကြောင့် လူငယ် တူးလိုက်တဲ့ အပေါက်က ကျဉ်းလွန်းသွား၏။ လူတစ်ယောက် ဝင်ဖို့ နည်းနည်း ကျယ်ပေမယ့် လူနှစ်ယောက် တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားရမည်။

မတိုင်ခင်က လူငယ်လေးဟာ မြန်ဆန်စွာဖြင့် သူမကို တင်းတင်းကြပ်ကြပ် ဖက်ထားရင်း ဒီနေရာကို ဝင်လာခဲ့သည်။ အဲဒီအချိန်တုန်းကတော့ တစ်ခုခုမှားနေပြီလို့ မခံစားခဲ့ရချေ။ အခုအချိန်မှာတော့ သူ့ကျောနဲ့ မျက်နှာကို တင်းတင်းကြပ်ကြပ် ဖိထားသလို ခံစားလိုက်ရပြီး တစ်ဖက်လူ၏ ထူထဲသော လက်ဖဝါးများက သူမခါးကို တင်းတင်း ပွေ့ဖက်ထားသည်။

ဒီလုပ်ရပ်က ဖော်မပြနိုင်လောက်အောင် ရှက်စရာကောင်းတဲ့ အခြေအနေပဲ။ အနောက်ကနေ ပွေ့ဖက်ထားတဲ့ ရင်းနှီးနွေးထွေးတဲ့ စုံတွဲလေးလိုပဲ ဖြစ်နေသည်။

ဟန်ရွှယ်သည် ဖြူစင်သန့်ရှင်းပြီး ငယ်စဉ်ကလေးဘဝမှ အရွယ်ရောက်ပြီးတဲ့ အချိန်အထိ သူမသည် ယောက်ျားလေးနှင့်ပင် လက်မကိုင်ဖူးခဲ့ပေ။ သူမနှင့် အလွန်နီးကပ် လာသောအခါတွင် သူမသည် ရုတ်တရက် အလွန်ထိတ်လန့်သွားပြီး သူမ၏ ခန္ဓာကိုယ်သည် လိမ်ကာ လွတ်မြောက်ရန် ကြိုးစားသည်။

လုရွှမ်သည် ကိုယ်ခံပညာကို ဝါသနာပါသော်လည်း သာမာန်ယောက်ျား တစ်ယောက်ဖြစ်သည်။ မြဲမြံမှုမရှိသော အလှတရားနှင့် အလွန်နီးကပ်နေခြင်းသည် သူ့အတွက် စိတ်ကြွစေနိုင်လောက်ပြီ ဖြစ်သည်။

ချက်ချင်း သဘောပေါက်လိုက်သည်တွင် သူမ၏လှပသော မျက်နှာသည် ပန်းရောင်သန်းလာပြီး အံ့အားသင့်စွာ အော်ဟစ်လိုက်ရာ အိုင်ရေသည် ချက်ချင်းပင် သူမပါးစပ်ထဲသို့ စီးကျလာသည်။

"စကားမပြောနဲ့!"

လုရွှမ်လန့်သွားပြီး တစ်ဖက်လူရဲ့ ပါးစပ်ကို အလျင်အမြန် ပိတ်ဖို့ ဆန့်ထုတ်လိုက်ပေမယ့် အပေါက်က ကျဉ်းလွန်းပြီး သူ့လက်ဖဝါးကို တစ်ဖက်လူရဲ့ ခါးကနေ ခွာပစ်လိုက်ရသည်။

လက်ဖဝါးက နွေးသွားသည်နှင့် တပြိုင်နက် လက်ဖဝါးပေါ်တွင် နွေးထွေးပြီး ဝိုင်းစက်သော ဘောလုံးတစ်ခု ကျရောက်လာသည်။

"အား?"

ဟန်ရွှယ် တစ်ကိုယ်လုံး တောင့်တင်းသွားသည်။

လုရွှမ်လည်း ထိုနေရာတွင် အေးခဲသွားသည်။

All Chapters