← Chapters

ကျွန်းအချစ်ဇာတ်လမ်း

Vol. 15 Ch. 2.68

ကျွန်းအချစ်ဇာတ်လမ်း

Vol. 15 Ch. 2.68

"လူဆိုး?!!"

အော်ဟစ်သံကို ကြားတော့ လုရွှမ် အသိပြန်ဝင်လာပြီး သူမြင်ဖူးတဲ့ မြင်ကွင်းကို တွေးမိလိုက်တဲ့အခါ အနည်းငယ် ရှက်သွားခဲ့သည်။

ရိုးရိုးသားသား ပြောရရင် ရည်ရွယ်ချက်ရှိရှိ ကြည့်ခဲ့တာ မဟုတ်ဘဲ တစ်ဖက်သူရဲ့ အဝတ်အစားတွေက သူ့ခန္ဓာကိုယ်မှာ တင်းတင်းကြပ်ကြပ် ကပ်နေပြီး လရောင်က မြေပြင်က အက်ကွဲကြောင်းတွေကို တောက်လျှောက် တောက်ပနေတာကြောင့်ရော သူ့မျက်လုံးတွေက အရမ်းကောင်းနေတာကြောင့် မထင်မှတ်ဘဲ ကြည့်မိသွားတာ ဖြစ်သည်။

"ငါ စားစရာတချို့ သွားပြင်လိုက်ဦးမယ်!"

သူမ အရှက်ပြေစေရန် လုရွှမ်သည် လှည့်၍ ထွက်လာခဲ့သည်။ မကြာမီတွင် သူသည် ထင်းခြောက် တစ်စည်းနှင့် ငါးကြီးအချို့ကို ကိုင်ဆောင်ကာ ဝင်လာခဲ့သည်။

မစားရင် ဘယ်လို ခွန်အားတွေ ရနိုင်မလဲ။

မီးကို ကျွမ်းကျွမ်းကျင်ကျင် ထွန်းညှိပြီး ငါးကို ကင်လိုက်သည်။

"မင်းအဝတ်တွေ ခြောက်အောင် အရင်လုပ်လိုက်ပါ.... မဟုတ်ရင် ဝတ်ရတာ အဆင်မပြေဘူး!"

မီးလျှံမှ ယူဆောင်လာပေးသော နွေးထွေးမှုကို ခံစားရင်း လုရွှမ် ပြုံးလိုက်သည်။

သူတို့နှစ်ယောက်က သန်မာပြီး အအေးမိဖို့ မဖြစ်နိုင်ပေမယ့် ရေစိုအဝတ်အစားကို ဝတ်ထားရတာ အဆင်မပြေသလို အဝတ်မခြောက်ဘဲ ရွှံ့ထဲမှာ ပုန်းနေရတာ တကယ်ကို အဆင်မပြေပါဘူး။

"ငါ"

ဟန်ရွှယ် ရှက်သွားသည်။

သူမ အဝတ်အစားတွေကို ချွတ်ပြီး အခြောက်ခံ ချင်နေတာ ကြာပါပြီ။ ဒါပေမဲ့ ဘယ်လို လုပ်ရမလဲ။ တစ်ဖက်လူက ယောကျ်ားလေးလေ။ သူမအဝတ်ချွတ်လိုက်တာနဲ့ ချက်ချင်း တွေ့သွားမှာ မဟုတ်ဘူးလား။

"စိတ်မပူနဲ့ ငါချောင်းကြည့်မှာ မဟုတ်ဘူး!"

လုရွှမ်သည် သူမ၏ စိုးရိမ်ပူပန်မှုများကို သိတာကြောင့် ခေါင်းယမ်းကာ တစ်ဖက်ကို ပြန်လှည့်ကာ ငါးကင်ကိုသာ အာရုံစိုက်နေလိုက်သည်။

"ကောင်းပါပြီ!"

သူ့ကိုလှည့်ကြည့်ပြီး ဟန်ရွှယ် တုံ့ဆိုင်းသွားကာ နှုတ်ခမ်းတွေကို ကိုက်ထားလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူ့အား "အပျိုစင်ဘ၀" ကို ပေးအပ်ခဲ့ပြီးရင် ဤဘဝတွင် အခြားယောက်ျားများနှင့် အတူနေရန် မဖြစ်နိုင်ပေ။

စိတ်ပိုင်းဖြတ်ထားတဲ့ နှလုံးသားနဲ့ ကျန်တာက ရိုးရှင်းစွာနဲ့ အဝတ်သန့်သန့်ကို အမြန်ဆွဲချွတ်ပြီး မီးဘေးမှာ ဆွဲတင်ထားလိုက်သည်။

ဟန်ရွှယ်သည် မူလက ကောင်လေးဟာ တိတ်တဆိတ် ချောင်းကြည့်လိမ့်မည်ဟု ထင်ခဲ့သော်လည်း ကောင်လေးသည် အမှန်တကယ် မလှုပ်မယှက်ဖြင့် မျက်နှာကိုပင် လှည့်မကြည့်ခဲ့ကြောင်း တွေ့ခဲ့ရသည်။

ခဏကြာလို့ အဝတ်တွေ ခြောက်သွားတဲ့အထိ တစ်ဖက်က ခေါင်းမလှည့်လာဘူး။ ဟန်ရွှယ်လည်း တိတ်တဆိတ်ဖြင့် စိတ်ထဲမှာ ခံစားချက်အမျိုးမျိုး ပေါ်လာခဲ့သည်။

"ကောင်းပြီ....နင် အခုလှည့်လို့ရပြီ"

အဝတ်အစားတွေ ဝတ်ပြီးနောက် ဟန်ရွှယ်က ပြော၏။

"အင်း!"

လုရွှမ်သည် သူ့ရှေ့မှ လှပသော အမျိုးသမီးကို မြင်လိုက်ရပေမယ့် ထိုအလှလေးက သူ့မျက်လုံးများကို တောက်ပနေအောင် မစွမ်းဆောင်နိုင်ခဲ့ပေ။

ဟန်ရွှယ် ကိုယ်တိုင်က အလှတရားရဲ့ သန္ဓေသားလောင်းဖြစ်ပြီး ရေထဲမှာ အကြာကြီးစိမ်ပြီးတဲ့အခါ သူမရဲ့ အသားအရေက ပိုလှပြီး ဆံပင်တွေ စိုရွှဲနေတာကြောင့် လူတွေကို အလွန်အံ့သြစရာကောင်းတဲ့ ကြာပန်းလို ခံစားမှုကို ပေးစွမ်းနေလေသည်။

သို့သော် လုရွှမ်သည် အလှများကို ကြည့်ရန် ရည်ရွယ်ချက် မရှိသဖြင့် ငါးကင်တစ်ကောင်ကိုသာ ပေးလိုက်သည်။

ဤနေ့တစ်ဝက်လောက် အချိန်ကာလအတွင်း သူသည် ငါးကိုလည်း ကင်ပြီးလို့ စားရန် အသင့်ဖြစ်နေပြီဖြစ်သည်။

"ကျေးဇူးတင်ပါတယ်!"

ငါးကင်ကို ရရှိပြီးနောက် ဟန်ရွှယ်သည် သူမ၏ဗိုက်ထဲတွင် အလွန် ဆာလောင်နေသလို ခံစားလိုက်ရ၏။

"ဘာလို့ဒီလောက် အရသာရှိနေတာလဲ"

ငယ်ငယ်က ငါးကင်ဆို ဟင်းခတ်အမွှေးအကြိုင်တွေ မရှိဘဲ ငါးကို အရသာခံပြီး မျိုချရခက်မယ်လို့ သူမထင်ခဲ့တာ။ အပြင်မှာ စားဖိုမှူးတွေထက် ပိုကောင်းတယ်လို့ တစ်ခါမှ မထင်ခဲ့ဘူး။

ငယ်ငယ်ကတည်းက ဒီလိုအရသာရှိတဲ့ ငါးကို တစ်ခါမှ မစားဖူးခဲ့ဘူး။

"ဗိုက်ဆာလို့ ဖြစ်နိုင်တယ်!"

လုရွှမ်က မရှင်းပြဘဲ ငါးကင်ကို ကောက်ဝါးနေလိုက်သည်။

ရိုးရှင်းသော အသားကင်သည် အရသာ မရှိသော်လည်း ယွမ်ယန်ဝိညာဥ်ချီကို သုံး၍ ကင်ထားတ ငါးကင်၏ အရသာမှာ ကွဲပြားပါသည်။ ပြင်ပစားဖိုမှူးများတွင် ဟင်းခတ် အမွှေးအကြိုင်များ ရှိသော်လည်း ကမ္ဘာပေါ်တွင် မူရင်းအကျဆုံး ဝိညာဥ်ချီနှင့် မည်သို့ နှိုင်းယှဉ်နိုင်မည်နည်း။

"ဖြစ်နိုင်တယ်!"

ဟန်ရွှယ်သည် ဘာကြောင့်မှန်း မသိသောကြောင့် သူမဗိုက်ဆာနေပြီဟု ထင်ကာ မဆိုင်းမတွ ချက်ချင်း စားလိုက်သည်။

နှစ်ယောက်သား ဗိုက်မပြည့်မီအထိ ငါး၅ ကောင်ကို စားခဲ့ကြသည်။

"နင်အစောက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားခဲ့တယ်မလား.... ငါ့မှာ အဆင့်၇ ကုသဆေးရှိတယ်...အဲဒါက ကူညီပေးနိုင်တယ်!"

လုံလုံလောက်လောက် စားပြီးသောအခါတွင် သူတို့နှစ်ဦး သက်ပြင်းချ၍ ဟန်ရွှယ်သည် သူမ၏လက်မောင်းထဲမှ ကျောက်စိမ်းပုလင်းကို ထုတ်ကာ ကမ်းပေးလိုက်သည်။

လူငယ်လေးဟာ ပြိုင်ဘက်ရဲ့ လက်ဝါးဖြင့် ထိမှန်ထား၍ ဒဏ်ရာတွေ ရသွားခဲ့ကာ တောက်လျှောက် လွတ်မြောက်ဖို့ ကြိုးစားနေခဲ့ရာ စွမ်းအင်ကို ထိန်းညှိဖို့ အခွင့်အလမ်း မရှိတာကြောင့် မျက်နှာက ဖြူဖျော့နေဆဲပင်။

"ကျေးဇူးပဲ!"

လုရွှမ်က သူ့ဒဏ်ရာက မစိုးရိမ်ရမှန်းသိတဲ့အတွက် ငြင်းဆိုခြင်း မရှိဘဲ ဆေးကို ချက်ချင်းသောက်ပြီး မျိုချလိုက်၏။

၎င်းသည် အဆင့်၇ အစောပိုင်းကာလ၏ ကုသဆေးဖြစ်သည်။ အဆင့်သည် မမြင့်မားသော်လည်း သူ၏လက်ရှိ ခွန်အားနှင့် သင့်တော်လေသည်။

ခန္ဓာကိုယ်တွင်းရှိ ဝိညာဥ်ချီများသည် အဂ္ဂိရတ်ဆေးကို ပျော်ဝင်စေရန် လည်ပတ်ကာ ဒဏ်ရာကို ဖြည်းဖြည်းချင်း ချိန်ညှိပေးသည်။ အချိန်အနည်းငယ် ကြာပြီးနောက် မျက်လုံး ပြန်ပွင့်လာသည်။

ထိုအချိန်တွင် ထိန်လင်းနေပြီ ဖြစ်၍ ကျောက်တုံးကြီးဘေးက မီးတောက်မှာလည်း ငြိမ်းနေပြီဖြစ်သည်။

"ဆေးက ကောင်းသားပဲ... တစ်ညလုံး အသက်ရှူသွင်းပြီးတော့ ဒဏ်ရာက နဂိုအတိုင်း ပြန်ကောင်းသွားပြီ"

ခန္ဓာကိုယ်ရှိ စစ်မှန်သော ဝိညာဥ်စွမ်းအင်များကို တားဆီးခြင်း မရှိတော့ကြောင်း ခံစားရသဖြင့် လုရွှမ်၏ မျက်နှာသည် ရွှင်လန်းမှု အပြည့်နှင့် ဖြစ်လာသည်။

ယွမ်ယန်ကျင့်စဥ်က ပြုပြင်ပေးနိုင်ပေမယ့် သုံးလေးရက်အတွင်း ပြန်ကောင်းလာဖို့ ခဲယဉ်းပါလိမ့်မယ်။ အခုတော့ လုံးဝ ပြန်ကောင်းလာဖို့ တစ်ညသာ လို၏။ တကယ်ကို အစွမ်းထက်တဲ့ အဆင့်၇ဆေးပဲ ဖြစ်သည်။

"ဘယ်လိုလဲ?"

မျက်လုံးဖွင့်လိုက်သည်နှင့် ဆန့်ကျင်ဘက် မိန်းကလေး၏ စိုးရိမ်သောက အသံကို ကြားလိုက်ရသည်။

"ကောင်းသွားပြီ"

လုရွှမ်ပြုံးပြီး မတ်တပ်ရပ်လိုက်တယ်။

ဟန်ရွှယ်လည်း သက်ပြင်းတစ်ချက် ချလိုက်သည်။

ထိုညတွင် ကောင်လေးသည် ဒဏ်ရာမှ ပြန်လည် သက်သာလာသော်လည်း အကြောင်းတစ်စုံတစ်ရာကြောင့် သူမသည် ပြင်းပြင်းထန်ထန် တွေးတောကာ စိတ်မတည်ငြိမ်နိုင်သေးပေ။

ယခင်ကတော့ သူမသည် ကောင်လေးကို အထူးတလည် ခံစားချက်မရှိပဲ ကျေးဇူးတင်နေခဲ့သည်။ မနေ့ညက မတော်တဆမှုဖြစ်ပြီးနောက်တွင် အကြောင်း အမျိုးမျိုးကြောင့် သူမနှလုံးသားထဲတွင် မတူညီသော ခံစားချက်တစ်ခု ရှိလာခဲ့သည်။

ဒီစိတ်ခံစားချက်က ဘာလဲဆိုတာ သူမ မပြောနိုင်သေးပါဘူး။ အခု အရမ်းအန္တရာယ် များနေရင်ပြီး သခင်ကြီးနှစ်ယောက်က အချိန်မရွေး သူမတို့ကို ရှာတွေ့နိုင်လိမ့်မယ်လို့ ခံစားမိနေတာတောင် မထွက်ချင်သေးပေ။

"မနေ့ကလူနှစ်ယောက်က ချင်မိသားစုကလား?"

ဘာပြောရမှန်း မသိအောင် မျက်နှာနီရဲလာပြီး ဟန်ရွှယ် ခဏလောက် စဉ်းစားပြီး ပြောလိုက်သည်။

မနေ့ညနေက လူငယ်လေးက ပြောနေခဲ့ပေမယ့် အဲဒီအချိန်မှာ သူမစိတ်က လောနေတာကြောင့် ဘာမှ မစဉ်းစားမိခဲ့ဘဲ အခုမှ တွေးကြည့်မိသည်။ လူငယ်က ထိုလူတွေရဲ့ နောက်ကြောင်းကို သိရမည်။

"အင်း!" လုရွှမ်က ခေါင်းညိတ်သည်။

သူ့ထံသို့ ဂိုဏ်းဆရာနယ်ပယ် အဘိုးကြီးနှစ်ယောက်ကို တစ်ပြိုင်နက် စေလွှတ်နိုင်တာ ချင်မိသားစုကလွဲလို့ တခြားဘယ်သူ ရှိဦးမှာလဲ?

"ဒါတွေအားလုံး ငါ့အပြစ်ပါ....ငါနင့်ကို နာကျင်စေမိတာ!"

ဟန်ရွှယ် စိတ်ရင်းဖြင့် တောင်းပန်လိုက်သည်။

"မင်း?"

သူမ၏ တောင်းပန်စကားကို ကြားတော့ လုရွှမ် အံ့အားသင့်သွားသည်။

ချင်မိသားစုရဲ့ သခင်လေးကို အပိုင်းပိုင်း ဖြတ်ပြီး အကြီးအကဲ သုံးယောက်ကို ခေါင်းဖြတ်သတ်ခဲ့တာ သူမနဲ့ ဘာဆိုင်လဲ။

အချိန်သိပ် မကြာလိုက် ရုတ်တရက် သူတွေးလိုက်မိသည်။

ချင်ဟွာနှင့် ရန်ဖြစ်ရသည့် အကြောင်းရင်းမှာ အဓိကအားဖြင့် သူ့ရှေ့မှ မိန်းကလေးက သူ့ကို သဘောကျသည်ဟု နောက်ပိုင်းတွင် ထင်မြင်လာသောကြောင့် ရန်ပွဲက နောက်တဆင့် ထပ်တက်သွားခြင်း ဖြစ်သည်။

သူနှင့် ချင်မိသားစုကြား ပဋိပက္ခ၏ ရင်းမြစ်မှာ ဤမိန်းကလေးကြောင့် ဖြစ်သည်ဟု ဆိုနိုင်သည်။

"ဒါ မင်းအပြစ်မဟုတ်ဘူး.... ငါ ဝူယန်အင်ပါယာမှာ ရှိနေသရွေ့ မင်းမရှိရင်တောင် ပဋိပက္ခတွေ အမျိုးမျိုးရှိမှာ သေချာတယ်!"

လုရွှမ် ပြုံး၍ ဆိုလိုက်သည်။

တကယ်တော့ ဟန်ရွှယ်သာမရှိရင် သူနဲ့ ချင်မိသားစုဟာ အနှေးနဲ့အမြန်ဆိုသလို ပဋိပက္ခတွေဖြစ်မှာဘဲ နောက်ဆုံးတော့ အလယ်မှာ ဆူးယာ ရှိနေသေးတယ် မဟုတ်လား။

ထို့အပြင် သူ့ စိတ်နေစိတ်ထားနှင့် ဒေါသသည် ချင်ဟွာနှင့် လိုက်ဖက်မှုမရှိပေ။ ဆူးယာ မရှိလျှင်ပင် တိုက်ပွဲဖြစ်မည်မှာ သေချာပြန်သည်။ ဤအရာ မဖြစ်ပွားမီ အချိန်အတိုင်းအတာ တစ်ခုအထိ ဖြစ်လိမ့်မည်။

တစ်ဖက်သားကို အပြစ်တင်လို့ မရချေ။

"ငါ့အတွက်သာ မဟုတ်ရင် နင် ချင်မိသားစုနဲ့ ပဋိပက္ခဖြစ်မှာ မဟုတ်ဘူး....ဒီလို ဘေးအန္တရာယ်မျိုးလည်း ရှိလာမှာ မဟုတ်ဘူး"

လုရွှမ်က ခေါင်းခါယမ်းရင်း သူမရှေ့သွားရင်းနဲ့ လူငယ်ကို ပြန်လှည့်ကြည့်သော် တစ်ဖက်က မျက်မှောင်ကြုတ်ထားတာကို တွေ့လိုက်ရသည်။

"ဘာဖြစ်လို့လဲ?"

"အဲဒီဂိုဏ်းဆရာနယ်ပယ် နှစ်ယောက် ဒီဘက်ကို လာရှာနေပြီ!"

လုရွှမ် နားစွင့်ရင်း မျက်နှာကိုလည်း တည်ထားသည်။

"လာရှာနေပြီ?"

ဟန်ရွှယ်၏ လှပသော မျက်နှာလေးသည် ဖျော့တော့သွားလေ၏။

တစ်ညလုံး ထွက်ပြေးပြီးနောက်မှာ တစ်ဖက်လူက သူတို့ကိုခြေရာခံဖို့ စိတ်မရှိတော့ဘူးလို့ ထင်ခဲ့ပေမယ့် သူဒီကို မကြာခင် ရောက်လာတော့မယ်လို့ မမျှော်လင့်ထားခဲ့ချေ။ ဒီကျွန်းငယ်လေးဟာ အချင်း မီတာရာဂဏန်းပဲ ရှိသည်။ တွေ့သွားတာနဲ့ ဘယ်လိုလုပ် လွတ်မြောက်ပါတော့မလဲ?

All Chapters