ငါးမိနစ်တောင့်ခံရမယ်
Vol. 15 Ch. 2.70
"ငါးမိနစ်လောက် တောင့်ခံထားရမယ်?"
ဟန်ရွှယ်မျက်လုံးတွေထဲ သံသယတွေ အပြည့်နဲ့ ဖြစ်သွားသည်။
တစ်ဖက်လူက ဂိုဏ်းဆရာနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်က သန်မာတဲ့ သခင်ဖြစ်ပြီး သူတို့က နှစ်ယောက် ရှိလေသည်။ ငါးမိနစ်ဟာ လက်ဖက်ရည်တစ်ခွက်သာ အချိန်ယူရသည်။ ကျင့်ကြံထားတဲ့ စွမ်းအင်တွေက အချိန်လောက်ပါ့မလား။
"ခွန်အားကို မြှင့်တင်ပြီး ငါးမိနစ်အတွင်း အချိန်ဆွဲထားနိုင်ရင် နင် သူတို့နှစ်ယောက်ကို အနိုင်ယူနိုင်မှာလား?"
သူမ မမေးဘဲမနေနိုင်စွာ ထုတ်မေးလိုက်သည်။
"သိပ်မကွာပါဘူး...ငါအခု ပြင်းထန်တဲ့ လှုပ်ရှားမှုကို လေ့ကျင့်ချင်တယ်...အဲဒါက ငါးမိနစ်လောက် ကြာနိုင်တယ်။ မင်းတားဆီးနိုင်ရင် ငါတို့ ရှုံးနိမ့်မှုကို အောင်ပွဲအဖြစ် ပြောင်းလဲနိုင်တယ်... အဲဒါကို မတားဆီးနိုင်ရင်တော့ တခြားနည်းလမ်း မရှိတော့ဘူး"
လုရွှမ်ကလည်း ပြန်ရှင်းပြလိုက်သည်။
"ကောင်းပြီ!! ငါနင့်အတွက် ငါးမိနစ်ကို သေချာပေါက် တောင့်ခံထားပေးမယ်!"
ထူးဆန်းသော်လည်း ဟန်ရွှယ်သည် အသက်နှင့်သေခြင်း ကိစ္စဖြစ်သည်ကို သိပြီးတဲ့ လူငယ်တစ်ယောက်အတွက် လိမ်ညာရန် မဖြစ်နိုင်ပေ။ ထို့အပြင် သူ့အကြောင်း ထူးဆန်းသော အရာများစွာကို တွေ့မြင်ခဲ့ရသောကြောင့် စကားမပြောဘဲချက်ချင်းပင် လျှိုဝှက်မှော်အခင်းအကျင်းကို လှမ်းယူလိုက်သည်။
သူမရဲ့အမူအရာကို မြင်တော့ လုရွှမ်လည်း သူမ စိတ်ဆုံးဖြတ်လိုက်ကြောင်း သိပြီး ချက်ချင်းပဲ မြေပြင်ပေါ် တင်ပျဉ်ခွေထိုင်ကာ မျက်လုံးကိုမှိတ်ပြီး ကျင့်ကြံတဲ့ အနေအထားတစ်ခုကို ရောက်ရှိသွားသည်။
"နင်အောင်မြင်မယ်လို့ ငါမျှော်လင့်တယ်!"
ထိုကဲ့သို့သော အခြေအနေမျိုးတွင် လူငယ်သည် စိတ်တည်ငြိမ်ပြီး ကျင့်ကြံနိုင်ဆဲ ဖြစ်သည်ကို မြင်လိုက်ရသဖြင့် ဟန်ရွှယ်သည် အံကြိတ်ထားလျက် စကားမပြောဘဲ အက်ကွဲကြောင်း၏ အပြင်ဘက်သို့ တည့်တည့် စိုက်ကြည့်နေလိုက်သည်။
သူမနှင့် လုရွှမ်တို့သည် အလင်းရောင် မရှိဘဲ ထွက်လာခဲ့ပြီး အပြင်ဘက်တွင်ရှိ သခင်နှစ်ယောက်က မတူကြပေ။ မည်သည့်နေရာမှ တောက်ပနေသော ပုလဲတစ်လုံးကို ထုတ်ယူလိုက်ကြသည် မသိ နွေးထွေးသော အလင်းရောင်သည် အမှောင်ဂူထဲကို ကြည်လင်တောက်ပ သွားစေသည်။
"ဒီမှာ ခြေရာအသစ်တွေ ရှိတယ်... သူတို့က တကယ်ပဲ အတွင်းထဲမှာပဲ!"
မြေပြင်ပေါ်တွင် အလင်းတန်းများ လင်းထိန်သွားကာ အက်ကွဲကြောင်းထဲက လူနှစ်ယောက်၏ ခြေရာများကို ထုတ်ဖော်ပြသလိုက်သည်။
လုပ်ကြံသတ်ဖြတ်မှုတွင် အထူးကျွမ်းကျင်သော်လည်း လူငယ်နှစ်ဦးမှာ ထွက်ပြေးလွတ်မြောက် သွားခဲ့သည်။ ပြန်ရောက်၍ သူတို့အား မသတ်နိုင်ဘူး ဆိုပါက မျက်နှာပျက်ကာ ရှက်စရာကောင်းသွားမည် ဖြစ်သည်။
"ဒီမှာပဲ!"
ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် အက်ကွဲကြောင်း အဆုံးကို တွေ့လိုက်ရသည်။ ဟန်ရွှယ်နှင့် လုရွှမ်တို့သည် ညပုလဲ၏ အလင်းရောင်အောက်တွင် ဂူအတွင်းဘက်စွန်း၌ ထိုင်နေကြသည်။
"ဟားဟား.... အဲဒါက အဆုံးစွန်ထိ ဖြစ်သွားပြီ မင်းတို့တွေးတောင် မတွေးခဲ့မိဘူးမလား... ဒီတစ်ခါတော့ မင်းတို့ဘယ်ကို ပြေးမလဲ ဆိုတာ ကြည့်ကြသေးတာပေါ့"
အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတော့ အကြီးအကဲ ချင်ကန်က ကျေနပ်အားရစွာဖြင့် ရယ်မောလိုက်သည်။
"အကြီးအကဲချင်ကန်...အကြီးအကဲချင်ရွှမ်း ကျွန်မတို့ရဲ့ ဟန်မိသားစုနဲ့ ချင်မိသားစုက မျိုးဆက်ပေါင်းများစွာ ခင်မင်ရင်းနှီးခဲ့ကြတာပါ....ကျွန်မကို တိုက်ခိုက်ရင် မိသားစုနှစ်ခုကို ရန်ဘက်တွေ ဖြစ်လာမှာကို မကြောက်ဘူးလား?"
သူမကို တွေ့လိုက်ပြီ ဆိုတာနဲ့ ဟန်ရွှယ်ရဲ့ နောက်ဆုံး ကံကြမ္မာက သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။
လုရွှမ်သည် အချိန်လိုအပ်ကြောင်း သူမသိသောကြောင့် စကားလုံးနဲ့လည်း အနည်းငယ် အချိန်ဆွဲပေးရမည်။
"မိသားစုကြီးနှစ်ခု ရန်ပွဲဖြစ်တာလား? အပြင်မှာနေရင် ငါတို့တကယ် ကြောက်ပါတယ် ဒါပေမဲ့ မင်းဒီမှာ တိတ်ဆိတ်စွာနဲ့ သေသွားပြီး ရုပ်အလောင်းကို ရှာမတွေ့ဘူး မင်းမိသားစုက အသတ်ခံရတာ မင်းသိမယ်ထင်လား"
ချင်ရွှမ်းသည် မျက်တောင်များ ပုတ်ခတ်ရင်း သူ့မျက်နှာသည် ရဲရင့်မှုအပြည့်နှင့် ပြောလိုက်သည်။
"ဟန်ရွှယ် နုံအမနေနဲ့.... ဒီနေ့က မင်းရဲ့သေတဲ့နေ့ပဲ ငါတို့ ညီအစ်ကိုတွေ ပျော့ညံ့နေမှာ မဟုတ်ဘူး...ဒါပေမဲ့ ငါတို့ညီအစ်ကိုတွေကို ပိုကောင်းအောင် လုပ်ပေးနိုင်ရင် မင်းကိုအသက်ရှင်လျက် ထိန်းထားဖို့ စဉ်းစားပေးလို့ရတယ်"
ချင်ကန်သည် သူ့မျက်လုံးများထဲက ညစ်ညမ်းသော အကြည့်ဖြင့် သူ့နှုတ်ခမ်းများကို သပ်လိုက်သည်။
"ဟားဟား....ငါ့ညီ သိပ်မှန်တယ်....ဝူယန်ရဲ့ နံပါတ်တစ် အလှလေးကို ငါလည်း တကယ် စမ်းကြည့်ချင်တယ်!"
ချင်ရွှမ်း၏ မျက်လုံးများ တောက်ပလာပြီး စိတ်လှုပ်ရှားစွာ ရယ်မောလိုက်သည်။
ဤလူကြီးနှစ်ဦးသည် အစကတည်းက လူကောင်း မဟုတ်ခဲ့ပေ။ မဟုတ်ပါက နောက်မျိုးဆက် ချင်ဟွာသည် လေ့ကျင့်ရေး လုပ်ဖော်ကိုင်ဖက်များ အဖြစ် အမျိုးသမီးများနှင့် အိပ်ယာထဲတွင် ကစားရန် ပွင့်ပွင့်လင်းလင်း လုပ်ဆောင်နေမည် မဟုတ်ပေ။
"သေချင်နေတာပဲ!"
ဟန်ရွှယ်၏ လှပသော မျက်နှာသည် ဒေါသများဖြင့် နီမြန်းလာပြီး သူမ၏ ဒေါသများ ပေါက်ကွဲလုနီးပါး ဖြစ်သွားသည်။
မည်သို့ပင်ဆိုစေကာမူ သူမရှေ့တွင်ရှိ ဤနှစ်ယောက်သည် အသက်ကြီး၍ သွေးသားနှင့် မဆိုင်သော်လည်း အဘိုးဟု ခေါ်ခဲ့သည်။ သူတို့ကတော့ ယခုအချိန်တွင် သူမကို သတ်ပစ်ချင်ရုံ သာမက တခြားအတွေးများလည်း ရှိနေသေးသည်။
လွန်စွာ အရှက်ကင်းမဲ့လှသည်။
ဗုန်း!
အနည်းငယ်မျှ မဆိုင်းမတွဘဲ စစ်မှန်သော စွမ်းအင်၏ လှုံ့ဆော်မှုအောက်တွင် လျှို့ဝှက်ဆန်းကြယ်သော ရွှေရောင်သဏ္ဌာန် အခင်းအကျင်း တစ်ခုသည် ချက်ချင်း အသက်ဝင်လာပြီး ဖြူစင်သော အခိုးအငွေ့များသည် မြေပြင်၏ အက်ကြောင်း တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
"တကယ်ကြီး အခင်းအကျင်း တံဆိပ်ပြား ရှိနေတာပဲကွ!"
"ဒါက အဆင့်၈ အထွတ်အထိပ်အဆင့် အခင်းအကျင်းပဲ!"
ချင်ကန် နှင့် ချင်ရွှမ်းတို့သည် လုရွှမ်တွင် အခင်းအကျင်း တစ်ခုရှိမည်ကို အစောကတည်းက ခန့်မှန်းခဲ့ကြသောကြောင့် ယခုအချိန်မှာ မအံ့သြပေ။
သူတို့ ရဲ့ အမြင်အရတော့ အခင်းအကျင်း ဖွဲ့စည်းမှု နဲ့ ပတ်သက်လို့ ဘာပဲဖြစ်ဖြစ် သူတို့ နှစ်ယောက်ဟာ မြေပြင်က အက်ကွဲတွေထဲမှာ ပိတ်မိနေကြပါပြီ။
"ဟုတ်တယ်... အဆင့်၈ အထွတ်အထိပ်အဆင့် အခင်းအကျင်းပဲ ဒါမျိုးက ငါ့မှာတောင် မရှိဘူး... သူတို့ကိုသတ်လိုက်ရင် တံဆိပ်ပြားက ငါတို့ဟာပဲ...ချင်ရွှမ်း အတူတူ လှုပ်ရှားလိုက်ရအောင် ဒီအတုတံဆိပ်နယ်ပယ်က အားနဲ့ အခင်းအကျင်းက ငါတို့နှစ်ယောက်ရဲ့ တိုက်ခိုက်မှုကို တားနိုင်မလားဆိုတာ ကြည့်ကြသေးတာပေါ့!"
ချင်ကန်က အေးစက်စွာ ပြုံးပြီး သူ့လက်ဖဝါးကို ရှေ့သို့ ရိုက်ချလိုက်သည်။
ဗုန်း!
ခွန်အားပေါင်း ၅၀၀၀ ကျော်၏ ထူထဲသော စွမ်းအင်သည် လေထဲတွင် ကြီးမားသော လက်ဖဝါးပုံနှိပ်ကို ဖန်တီးကာ ရှေ့မှ မြူခိုးများဆီသို့ တည့်တည့် ပြေးဝင်သွားသည်။
ပြင်းထန်သော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာပြီး လျှိုဝှက်မှော်အခင်းအကျင်း တံဆိပ်ပြားမှ ဖြစ်ပေါ်လာသော တုန်လှုပ်ခြောက်ခြားဖွယ် အသွင်အပြင်သည် အလိုအလျောက် တုန်လှုပ်သွားကာ ဖွဲ့စည်းမှုကို ထိန်းထားသည့် ဟန်ရွှယ်၏ မျက်နှာသည် အရောင်ဖျော့သွားခဲ့သည်။
ဂိုဏ်းဆရာနယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်က တကယ်ကို ပြင်းထန်လွန်းပြီး ဟန်ရွှယ်ရဲ့ အတုတံဆိပ်နယ်ပယ်ဟာလည်း လုရွှမ်နဲ့ အများကြီး ကွာလေသည်။ တစ်ချက်ထိရုံနဲ့ သူမသည် မကိုင်နိုင်တော့ဘဲ သူ့လက်ထဲက လွတ်ကျလုနီးပါး ဖြစ်သွားသည်။
သီအိုရီအရ ဖွဲ့စည်းပုံ တံဆိပ်ပြား၏ အဆင့်မြင့်လေ ပိုကောင်းလေပင်။ သို့သော် ၎င်းသည် လူတစ်ဦး၏ ကိုယ်ပိုင်ကျင့်ကြံမှု အပေါ်လည်း မူတည်သေးသည်။ သင်လုံလောက်စွာ မသန်မာပါက ၎င်းကိုဖွင့်၍ပင် မရနိုင်ပါ။ ဤတော့ မြင့်မားသော အခင်းအကျင်းကို အဘယ်သို့ အသုံးပြုနိုင်မည်နည်း။
အစိမ်းရောင်နဂါးသည် အဆမတန် အစွမ်းထက်ပြီး မြက်ရိတ်ခြင်းကဲ့သို့ လူများကို သတ်ပစ်နိုင်သည်ကို လူတိုင်းသိသကဲ့သို့ပင်။ သင့်တွင် ၎င်းကို ထိန်းချုပ်ရန် ခွန်အားပင် မရှိသောကြောင့် ထိရောက်မှု မရှိနိုင်ပါ။
"ဟားဟား.... မင်းလက်ဖဝါး ဘယ်နှစ်ချက် ခံနိုင်မလဲ ငါကြည့်ချင်သေးတယ်!"
အခင်းအကျင်း လှုပ်ခတ်သွားတာကို မြင်လိုက်ရတော့ ချင်ကန်နဲ့ ချင်ရွှမ်းက တစ်ချိန်တည်းမှာ ရယ်မောပြီး လှုပ်ရှားလိုက်ပြန်သည်။
ဗုန်း ဗုန်း ဗုန်း!
ချက်ချင်းပင် လက်ဖဝါးပုံများသည် လွင့်ပျံသွားကာ မူလကတည်ငြိမ်သော အခင်းအကျင်းကို စတင်၍ ယိမ်းယိုင်လာစေသည်။
"ဖူး!"
ပါးစပ်ထောင့်မှ သွေးများ ထွက်လာပြီး ဟန်ရွှယ်၏ မျက်နှာသည် ဖျော့တော့လာကာ သူမလက်ချောင်းများကို မထိန်းနိုင်တော့တဲ့ အတွက် လက်နှစ်ဖက်စလုံးကို ဆန့်ထုတ်လိုက်သည်။
ဟူ!
သို့သော် ခင်းကျင်းထားသော တံဆိပ်ပြားပေါ်သို့ ရိုက်ချက်များ ရောက်လာသောအခါ ထိန်းချုပ်ထားသော ဝိညာဥ်ချီသည် ပြတ်တောက်သွားကာ ကောင်းကင်တွင်ရှိ မြူခိုးများ ပျောက်ကွယ်သွားခဲ့သည်။
သူမတို့နှစ်ဦး အက်ကွဲကြောင်းတွင် ပြန်ပေါ်လာသည်။ လူနှစ်ယောက်ဟာ အေးစက်သော အပြုံးများဖြင့် သူတို့၏ မျက်လုံးများကို ဖြတ်ကျော်ကြည့်လိုက်ကြသည်။
အဆင့်၈ အထွတ်အထိပ် အခင်းအကျင်း ဖြစ်နေတော့ရော ဘာဖြစ်လဲ?။ ကြီးကျယ်ခမ်းနားပြီး သန်မာတဲ့ သခင်ကြီးနှစ်ယောက်ရဲ့ မျက်နှာရှေ့မှာ သူတို့ဟာ ဘာမှကို မဟုတ်တော့ဘူးလေ။
"ငါ တံဆိပ်ပြားကို လက်ခံလိုက်မယ်!"
သူ့ရှေ့က မီးခိုးလုံးကြီး ပျောက်ကွယ်သွားသည့်အခါ ချင်ကန်က ပြုံးလိုက်ပြီး သူ့လက်ကြီးကို ဆန့်လိုက်ရာ အခင်းအကျင်း တံဆိပ်ပြားက တည့်တည့် ပျံသန်းလာပြီး သူ့လက်ဖဝါးထဲ ရောက်သွားသည်။
"ရှေးဟောင်း အမွေအနှစ်တစ်ခု ဖြစ်နေမယ်လို့ မမျှော်လင့်ထားဘူး မဆိုးဘူး.... မဆိုးဘူး!"
၎င်းကိုကြည့်ရှုပြီးနောက် တံဆိပ်ပြားကို မကြာသေးမီက သန့်စင်ထားခြင်း မဟုတ်ဘဲ ပြန်လည်ပြုပြင်ထားသော ရှေးဟောင်းပစ္စည်းဖြစ်သည့် တကယ့်ရတနာ တစ်ခုဖြစ်ကြောင်း သိလိုက်ရသည်။
"ကောင်းပြီ... အဆုံးသတ်ဖို့ အချိန်ရောက်ပြီ မင်းနှစ်ယောက်ကို အတူတူပို့ပေးမယ်!"
လက်ထဲတွင် တံဆိပ်ပြားကို ကိုင်ထားရင်း ချင်ကန်က ပြုံးကာ သူတို့ နှစ်ယောက်ကို ကြည့်ကာ လက်ဖဝါးကို ဖြည်းညှင်းစွာ ဆန့်လိုက်သည်။
"ခဏ!!"
သူ လှုပ်ရှားတော့မည်ကို မြင်လိုက်ရသဖြင့် ဟန်ရွှယ် အံကြိတ်ကာ မတ်တပ်ပြန်ထလိုက်သည်။
ငါးမိနစ် အချိန်ဆွဲထားပေးမည်ဟု ကတိပေးခဲ့ပေမယ့် အခုက သုံးမိနစ်တောင် မပြည့်သေးဘူး။ ဒီလိုမှမဟုတ်ရင် သေခြင်းတရား အစစ်အမှန်နဲ့ ရင်ဆိုင်ရလိမ့်မယ်။
ဒီအချိန်မှာတော့ ကောင်လေးကို ယုံကြည်ဖို့ကလွဲလို့ သူမမှာ ရွေးချယ်စရာ မရှိတော့ဘူး ဆိုတာ သူမသိပါသည်။
အသက်ဝင်စေဖို့ အခင်းအကျင်းကို အတင်းအကျပ် ထိန်းချုပ်ထားခဲ့တဲ့အတွက် ယခုအချိန်တွင် သူမသည် ပြင်းထန်စွာ ဒဏ်ရာရနေပြီး သူမ၏ နူးညံ့သော ခန္ဓာကိုယ်သည် မည်သည့်အချိန်တွင်မဆို မြေပြင်ပေါ်သို့ ပြုတ်ကျသွားနိုင်လေသည်။
"ဘာလဲ? မင်းနောင်တရပြီး ငါတို့ ညီအကိုနှစ်ယောက်ကို အစေခံချင်နေတာလား?"
ချင်ကန်က ရယ်မောလိုက်သည်။
"ကျွန်မမေးချင်တာက... ရှင်တို့ ကျွန်မတို့ကို ဘာလို့လိုက်သတ်ရတာလဲ? လုရွှမ် ချင်ဟွာကို ဒဏ်ရာရစေခဲ့ရင်တောင် ဂုဏ်သိက္ခာရှိရှိ ပြန်တိုက်လို့ရတယ်မလား? ဘာလို့ လူကွယ်ရာမှာ လုပ်ကြံတာလဲ? ဂုဏ်သရေရှိတဲ့ အကြီးအကဲတွေက ဘာလို့ ကျွန်မတို့ကို ကိုယ်တိုင် လိုက်သတ်နေရတာလဲ?"
ဟန်ရွှယ် ဒေါသကိုထိန်းပြီး အံကြိတ်လျက် မေးလိုက်သည်။