← Chapters

နည်းလမ်းမရှိဘူးမလား

Vol. 15 Ch. 2.71

နည်းလမ်းမရှိဘူးမလား

Vol. 15 Ch. 2.71

"အားနည်းတဲ့သူက သန်မာတဲ့သူကို စားစတမ်းပဲလေ အကြောင်းပြချက် အများကြီး မရှိဘူး! မင်းအပြစ်တင်ချင်ရင် အဲဒီကလေးက မကောင်းဆိုးဝါးလို ဖြစ်နေတာကိုပဲ အပြစ်တင်လိုက်.... အခု ငါတို့ရန်သူတွေ ဖြစ်သွားပြီ.... လွှတ်ထားလိုက်ဖို့ ဆိုတာ လုံးဝမဖြစ်နိုင်ဘူး!"

ချင်ကန်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

"လတ်စသတ်တော့ အဲ့လိုကိုး"

ထိုမှသာ သူမနားလည်သွားပြီး မျက်လုံးများ မှိတ်သွားခဲ့သည်။

တစ်ဖက်လူတွေ သူတို့နှစ်ယောက်ကို လိုက်သတ်နေတာဟာ ရှုပ်ထွေးတဲ့ ရည်ရွယ်ချက် တစ်ခုရှိတယ်လို့ ထင်ခဲ့မိသည်။ သို့သော် အဲဒါက ရိုးရိုးရှင်းရှင်းပဲ သတ်ချင်နေတာ ဖြစ်သွားခဲ့သည်။

"မင်းသိသင့်တာ အကုန်သိပြီးပြီ... ဒီနေ့ မင်းသေရလိမ့်မယ်!"

ချင်ကန်က ဟစ်အော်လိုက်သည်။ သူ့မျက်လုံးထဲတွင် မကောင်းဆိုးဝါး တစ်ကောင်လို အလင်းတန်းများ တောက်ပလာကာ ဟန်ရွှယ်ကို သူ့လက်ထဲက ဝိညာဥ်ချီဖြင့် ဖမ်းကိုင်လိုက်ပြီး သူ့ဆီသို့ ဆွဲခေါ်လိုက်သည်။

သူ့မျက်လုံးထဲက အလင်းတန်းတွေကနေတစ်ဆင့် ဟန်ရွှယ်ဟာ တစ်ဖက်လူမှာ ရည်ရွယ်ချက် မကောင်းကြောင်း နားလည်သွားကာ သူမရဲ့ နူးညံ့တဲ့ ခန္ဓာကိုယ်က တုန်လှုပ်သွားသည်။

တစ်ကိုယ်လုံး ဝိညာဥ်စွမ်းအင်တွေနဲ့ ပြည့်နေပြီး ကျောက်စိမ်းလက်သီးဝါး တစ်ချက်က သူမကို ပတ်ထားတဲ့ ဝိညာဥ်ချီကို ထိမှန်သွားသည်။

သူမ၏ အပြုအမူကို မြင်လိုက်ရတော့ ချင်ကန်၏ မျက်လုံးများတွင် မထီမဲ့မြင် အရိပ်အယောင် ပေါ်လာသည်။

ဤကဲ့သို့သော တိုက်ခိုက်နိုင်စွမ်းသည် သခင်ကြီးအတွက် ပြီးပြည့်စုံသည်ဟု သူထင်မြင်နိုင်လောက်အောင် နည်းပါးလွန်းသဖြင့် သူ့စွမ်းအင်ကို ဖြတ်ကျော်ရန် မဖြစ်နိုင်ပေ။

သူမ၏ အင်အားသည် ဆင်တစ်ကောင်ကို မှောက်လှန်ရန် ကြိုးစားနေသည့် ပုရွက်ဆိတ်ကဲ့သို့ ရယ်စရာကောင်းလေသည်။

"ချင်ကန် ကစားနေတာ ရပ်လိုက်တော့... ဒီကလေးကို အရင်သတ်လိုက်ရအောင်!"

ဂိုဏ်းဆရာနယ်ပယ်အတွက် အတုတံဆိပ်နယ်ပယ်ကို သတ်ချင်ရင် ကြက်တစ်ကောင်ကို သတ်ခြင်းကဲ့သို့ပင် လွယ်ကူလေသည်။ ချင်ကန်သည် သူမအား အချိန်အကြာကြီး မသတ်သေးသည်ကို တွေ့လိုက်ရသဖြင့် နောက်ပြောင်နေမှန်း သိလိုက်သည်။

"ဟုတ်တယ် ဒီကောင်လေးကို အရင်သတ်ပြီးမှ ဒီအလှလေးနဲ့ ကစားရမယ်!"

ချင်ကန်က အေးစက်စွာ အော်လိုက်ပြီး မျက်နှာကို မော့ကာ အဝေးက မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော လုရွှမ်ကို ကြည့်လိုက်သည်။

"ရှင်သူ့ကိုထိရင် ကျွန်မချက်ချင်း သတ်သေပစ်မယ်!"

နှစ်ယောက်သား၏ မျက်လုံးများက လုရွှမ်ကို အာရုံစူးစိုက်ထားသည်ကို မြင်လိုက်ရတော့ ဟန်ရွှယ်က စိုးရိမ်တကြီးနှင့် ကျယ်လောင်စွာ အော်လိုက်သည်။

"သေကြောင်းကြံမလို့လား?"

"ဟုတ်တယ်... ရှင်တို့ကျွန်မကို စိတ်မဝင်စားဘူးလား? ရှင်တို့ အလောင်းကိုပဲ မုဒိမ်းကျင့်ချင်တာတော့ မဟုတ်ဘူးလားမလား?"

ဟန်ရွှယ်မှာ သူမနှုတ်ခမ်းကို ကိုက်ထားရလေသည်။

"အိုး?"

သူမစကားကြားတော့ ချင်ရွှမ်း နဲ့ ချင်ကန်တို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြလေ၏။

"ဒီအလှလေးက လုရွှမ်အတွက် ခံစားချက်တွေ ဖြစ်ပေါ်လာပြီး သူ့ချစ်သူကို မသတ်စေချင်ဘူးထင်တယ်!" ချင်ကန်က ရယ်လျက်ဆိုလိုက်သည်။

"အဲဒါဆို သူ့ချစ်သူရှေ့မှာ သူနဲ့ ကစားလိုက်ရအောင်... အဲဒါက ပိုစိတ်လှုပ်ရှားစရာ ကောင်းတယ်လို့ မထင်ဘူးလား?"

ချင်ကန်၏ မျက်လုံးများတွင် ညစ်ညမ်းမှုများသည် အလွန်များပြားလာပြီး သူ့မျက်လုံးများက အင်မတန် တောက်ပနေ၏။

"အကြံကောင်းတယ်!" ချင်ရွှမ်းကလည်း ထောက်ခံလေသည်။

"ရှင်တို့...."

ဟန်ရွှယ်သည် လုရွှမ်အတွက် အချိန်ဆွဲပေးလိုသောကြောင့် တစ်ဖက်လူကို ရပ်တန့်ချင်ခဲ့သော်လည်း သူတို့နှစ်ဦး ဤမျှတပ်မက်ဖွယ်ကောင်းမည်ဟု သူမမျှော်လင့်ထားဘဲ သူမ၏မျက်နှာသည် ဒေါသကြောင့် အရောင်ဖျော့သွားကာ သူမ၏ အဝတ်အစားများကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိသည်။

သူမသည် အတုတံဆိပ်နယ်ပယ်တွင်သာ ရှိနေသေးသည်။ ရိုးရိုးသားသား ပြောရလျှင် ဂိုဏ်းဆရာနယ်ပယ်ကို ရင်ဆိုင်ရသည်မှာ သေချင်ခြင်းကို ဇိမ်ခံပစ္စည်းတစ်ခုလို ဆုပ်ကိုင်ထားရသလိုသာ ဖြစ်လေသည်။

ဝှစ်!

ချင်ကန်က လက်ဖဝါးကို လှုပ်ခါလိုက်ရာ စစ်မှန်သော ဝိညာဥ်စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ဟန်ရွှယ်၏ ပခုံးပေါ်ရှိ အဝတ်များ ကွဲသွားစေကာ ကျောက်စိမ်းကဲ့သို့ အပြစ်ကင်းစင်သော အမွှေးနံ့သာကဲ့သို့ ပခုံးကို ပေါ်လွင်လာစေသည်။

"အား"

ဟန်ရွှယ်သည် အခေါက်ခေါက် အခါခါ ပြန်ဆုတ်သွားကာ သူမ၏ မျက်လုံးများသည် အရှက်တရားများဖြင့် ပြည့်နှက်သွားသည်။

သူမနောက်ကျောက ကျောက်နံရံကို မှီပြီး ထွက်လမ်းလည်း မရှိတော့ဘူး။

"ဟေး....မရုန်းနဲ့လေ မင်းရုန်းလေ ငါတို့ ညီအစ်ကိုနှစ်ယောက်က စိတ်လှုပ်ရှားလေပဲ... မင်းနာခံတာ ကောင်းမယ်လို့ ငါထင်တယ်!"

ချင်ရွှမ်းက ဝိညာဥ်စွမ်းအင် တစ်ချက်ကို ထပ်ပြီး ပစ်လွှတ်လိုက်သည်။

ဝှစ်

နောက်ထပ်အသံနှင့်အတူ ဟန်ရွှယ်၏ အဝတ်အစားများသည် သေးသွယ်ပြီး ဖြောင့်စင်းသော ခြေတံနဲ့ ရင်သားများကို ပေါ်လွင်စေပြန်သည်။

ထိုအရာများကို တွေ့သော် ချင်ရွှမ်းနှင့် ချင်ကန်တို့၏ မျက်လုံးများ တောက်ပလာသည်ကို မြင်လိုက်ရသည်။ သူတို့၏ စိတ်လှုပ်ရှားမှုသည် ထိန်းမနိုင်သိမ်းမရ ဖြစ်လာသည်။

သူတို့ဟာ အလှမယ်များစွာနဲ့ ကစားခဲ့ကြပြီး မိသားစုထဲမှာ မယားငယ်တွေတောင် အများအပြား ရှိပေမယ့် သူတို့ရှေ့မှာရှိတဲ့ ဟန်ရွှယ်နဲ့ ယှဉ်ရင် ကွာခြားချက်က အရမ်းများလွန်းပေ၏။

"ဝူယန်အင်ပါယာရဲ့ နံပါတ်တစ် အလှလေးက မျှော်လင့်ထားသလို အရမ်းလှတာပဲ!"

ခပ်မိုက်မိုက် ရယ်မောသံများ ကြားတွင် နောက်ထပ် ပန်းရောင်လက်မောင်း တစ်ဖက်က ဆန့်ထုတ်လာသည်။

"တောင်းပန်ပါတယ် လုရွှမ်... ငါ ငါးမိနစ်တောင် တောင့်မခံထားနိုင်တော့ဘူး။ အရှက်မကွဲစေဖို့ ငါအရင် သွားနှင့်တော့မယ်!"

သူမခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေ အားလုံးကို တစ်ဖက်လူက ဆွဲဖြဲလုမတတ် ဖြစ်နေတာကို မြင်လိုက်ရတော့ ဟန်ရွှယ်ဟာ အလွန်ရှက်သွားပြီး ဒေါသတကြီး အံကြိတ်ကာ လက်ဖဝါးကို မြှောက်ကာ သူမနဖူးကို ရိုက်ဖို့ပြင်လိုက်သည်။

သူမ မသေချင်ပေမယ့် ဒီနှစ်ယောက်ရဲ့ စော်ကားမှုကို ခံရရင် သူမတကယ်လည်း သေသွားနိုင်တယ်လေ။

လက်ဖဝါးသည် သူမနဖူးကို ထိခါနီးတွင် လက်ဖဝါးထူထူကြီး တစ်ခုက သူမလက်ကို ဆုပ်ကိုင်လိုက်ပြီးနောက် တိုးတိုးတိတ်တိတ် အသံတစ်ခု ထွက်ပေါ်လာသည်။

"ကျန်တာကို ငါ့လက်ထဲ ထားခဲ့လိုက်ပါ!"

"ရှင်...."

ထိုအသံကို ကြားတော့ ဟန်ရွှယ် အံ့အားသင့်သွားပြီး ခေါင်းကို အလျင်စလို လှည့်ကြည့်လိုက်တော့ လုရွှမ်က ဘေးမှာရပ်နေတာကို မြင်လိုက်ရတော့ ဝမ်းသာအားရ ငိုလိုက်မိတော့သည်။

မထင်မှတ်ပဲ သူမခန္ဓာကိုယ်ကို ကယ်တင်ဖို့ သတ်သေချင်မိတဲ့အခါ တစ်ဖက်က လေ့ကျင့်မှုပြီးသွားခဲ့သည်။

"သူ့လက်ထဲအပ်လိုက်? ဒီကလေးက ဘာကိုဆိုလိုတာလဲ?"

"သူပြောတဲ့အတိုင်းဆို သူက ငါတို့နှစ်ယောက်ကို ဂရုမစိုက်ဘူး.... ငါတို့ကိုသတ်ချင်နေတာ"

"ဟားဟား...ဒါ ငါကြားဖူးသမျှ ဟာသတွေထဲမှာ အရယ်ရဆုံး ဟာသပဲ"

ချင်ရွှမ်းနှင့် ချင်ကန်သည် တင်ပျဉ်ခွေ ထိုင်နေသော ကောင်လေးကို မတ်တပ်ရပ်ကာ ဤသို့ပြောသည်ကို တွေ့သောအခါ ရယ်မောလိုက်ကြသည်။

"ကောင်လေး...မင်းရူးသွားတာလား? ငါတို့ကိုသတ်ချင်ရင်တော့ မင်းရဲ့ခွန်းအား အပေါ်မှာပဲ မူတည်တယ်"

သူတို့သည် တစ်ဖက်လူ၏ ခွန်အားကို အလွယ်တကူ ခံစားနိုင်သည်။ လူငယ်သည် အတုတံဆိပ်နယ်ပယ် အလယ်အလတ် အဆင့်တွင် ရှိနေသေးသည်။ ဤစွမ်းအားမျိုးက ဂိုဏ်းဆရာနယ်ပယ် ပြီးပြည့်စုံသော အဆင့်ကို သတ်နိုင်မတဲ့လား။

ရုတ်တရက်ကြီး အိပ်မက်ထမက်နေတာလား?

"ဒါဆို ဘယ်သူနိုင်မလဲ ကြည့်ရအောင်!"

လုရွှမ်က လှည့်ကြည့်လိုက်ပြီး ဝိညာဥ်ချီဓားကို ဝေ့ယမ်းလိုက်သလိုမျိုး ဓားစွမ်းအင်က သူ့လက်ချောင်းထိပ်မှာ ခုန်တက်လာပြီး အနည်းငယ် တုန်ခါသွားသည်။

စစ်မှန်သော ဝိညာဥ်ချီစွမ်းအင်ကို ဝှေ့ယမ်းရင်း လေထုသည် များပြားလှသော စွမ်းအားများကို ထုတ်လွှတ်လိုက်သည်။

"လူသားနဲ့ဓား ပေါင်းစည်းခြင်း?"

ချင်ရွှမ်း နှင့် ချင်ကန်တို့သည် ထိတ်လန့်တကြား ဖြစ်သွားသည်။

လုရွှမ်သည် သူ့လက်ထဲတွင် ဓားရှည်တစ်လက် မကိုင်ထားသော်လည်း သူ့တစ်ကိုယ်လုံးသည် ဓားအိမ်မှ ထုတ်ထားသော ဓားနှင့်တူလေသည်။

ဤအရာသည် ဓားလမ်းကြောင်း၏ အလွန်မြင့်မားသော နားလည်မှုအဆင့်တွင်သာ လုပ်ဆောင်နိုင်သော အရာဖြစ်သည်။ သူသည် လူသားနှင့်ဓား ပေါင်းစည်းခြင်း နယ်ပယ်သို့ ရောက်ရှိနေမှာကိုပင် စိုးရိမ်ရ၏။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?

လူသားနှင့် ဓားတို့၏ ပေါင်းစည်းမှုသည် ဓားပညာကို နားလည်ခြင်း၊ ဓားကို နားလည်ခြင်း၊ အအေးနှင့် အပူ၌ ရေရှည် အဆက်မပြတ် လေ့ကျင့်ခြင်း မရှိဘဲ လုပ်နိုင်ရန် မဖြစ်နိုင်ပေ။ ၎င်းတို့၏ မိသားစု ဘိုးဘေးများပင် မလုပ်ဆောင်နိုင်တာ ၁၆နှစ် သို့မဟုတ် ၁၇နှစ် အရွယ်ကလေးက ဘယ်လိုလုပ် လုပ်နိုင်တာလဲ။

အကယ်၍ သူတို့သည် ဤအဆင့်အထိ လေ့ကျင့်နိုင်လျှင် ၎င်းတို့သည် ဂိုဏ်းဆရာနယ်ပယ် ပြီးပြည့်စုံသော အဆင့်များ မဟုတ်တော့ဘဲ အဓိပတိနယ်ပယ် အစောပိုင်းအဆင့်ကို စိန်ခေါ်ရန် အရည်အချင်း ပြည့်မီလိမ့်မည်ပင်။

ဒါကို တိုက်ခိုက်ရေး စွမ်းအားကို မြှင့်တင်ပေးနိုင်တဲ့ ကြောက်မက်ဖွယ် စွမ်းရည်တစ်ခုလို့ ဆိုနိုင်ပါသာ်။

"လူနဲ့ဓားပေါင်းစပ်မှုက အားကောင်းပေမယ့် မင်းရဲ့ ကျင့်ကြံမှုက ဘာမှစဉ်းစားလို့ မရလောက်အောင် နိမ့်လွန်းတယ်!"

ထိတ်လန့်တုန်လှုပ်သွားတဲ့ ချင်ဟန်၏ မျက်နှာသည် မည်းမှောင်သွားကာ သူ့လက်ကြီးကို မြှောက်ကာ ရှေ့ကို ဆောင့်တွန်းလိုက်သည်။

ဗုန်း!

ကောင်းကင်တစ်ခွင်လုံးရှိ ဓားစွမ်းအင်များသည် လက်ဖဝါးအောက်တွင် ပျံ့လွင့်သွားခဲ့သည်။ လုရွှမ်၏ ခန္ဓာကိုယ်သည် တုန်ခါသွားကာ ဘောလုံးတစ်လုံးကဲ့သို့ လွင့်သွားကာ ကျောက်နံရံပေါ်သို့ ပြင်းထန်စွာ ပြေးစောင့်ရင်း အပေါက်ကြီးတစ်ခု ဖြစ်သွားစေခဲ့၏။

ဖူး!

ပါးစပ်က သွေးတွေ တဟုန်းဟုန်း ထွက်ကျလာပြီး ချက်ချင်းဆိုသလို ဒဏ်ရာအပြင်းအထန် ရသွားတော့သည်။

"ဟားဟား... ဒါဆို လူနဲ့ဓားရဲ့ ပေါင်းစည်းမှုက ဘယ်လိုလဲ? အကြွင်းမဲ့ ခွန်အားနဲ့ ရင်ဆိုင်ရရင် အရာအားလုံးက အတုအယောင်ပဲလေး"

တစ်ချက်လှုပ်ရုံဖြင့် လုရွှမ်ကို ရိုက်ချလိုက်ပြီးနောက် ချင်ကန်က ကျယ်လောင်စွာ ရယ်မောကာ လူသေကို ကြည့်နေသလိုမျိုး စိုက်ကြည့်လိုက်သည်။

အတုတံဆိပ်နယ်ပယ်၏ အလယ်အလတ် အဆင့်တွင် လူသားနှင့်ဓား ပေါင်းစည်းမှုဖြင့် ဂိုဏ်းဆရာနယ်ပယ် အစောပိုင်းအဆင့်ကို တိုက်ခိုက်နိုင်ခြင်းသည်ပင် အလွန် ကောင်းမွန်နေပါပြီ။

ဂိုဏ်းဆရာနယ်ပယ် ပြီးပြည့်စုံသော အဆင့်ကို ရင်ဆိုင်ရာတွင် သူသည် ခုခံနိုင်စွမ်း မရှိသေးပေ။

"လုရွှမ်!"

ဟန်ရွှယ်သည် အလျင်အမြန် ပြေးလာပြီး မယုံကြည်နိုင်မှု အပြည့်ဖြင့် ကောင်လေးကို တွဲထူလိုက်သည်။

လှည့်ကွက်တစ်ခုကို လေ့ကျင့်နိုင်ဖို့ ငါးမိနစ်လောက် ထိန်းထားဖို့ သူကိုယ်တိုင် ခွင့်ပြုခဲ့မလား။ သူ့ရဲ့ထူးခြားတဲ့ လှုပ်ရှားမှုကို ဘယ်လိုအသုံးချနိုင်မှာလဲ? အခုအချိန်မှာ ပြိုင်ဘက်က တစ်ချက်တည်းနဲ့ အနိုင်ယူနေတုန်းပဲလေ။

လူငယ်က သူမကို ကတိပေးထားပြီး အရင်က အခိုင်အမာ ပြောထားပေမယ့် လက်တွေ့မှာတော့ သူ့ရှေ့မှာ ထူးခြားတဲ့ လှုပ်ရှားမှုတစ်ခုကို အသုံးပြုပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ ရိုက်ချခံလိုက်ရပြီ။

"တကယ်တော့ နည်းလမ်းမရှိဘူး မဟုတ်လား? ငါတို့နှစ်ယောက် ဒီမှာပဲ တကယ် သေရတော့မှာလား?"

နောက်ဆုံးမျှော်လင့်ချက် ပြိုပျက်သွားသည့် အခါ ဟန်ရွှယ်၏ မျက်နှာသည် ဖြူဖျော့နေပြီး သူမ၏ နက်မှောင်သော မျက်လုံးများသည်လည်း အလွန်အမင်း အားလျော့သွား၏။

All Chapters