ဟန်ရောင်ထိုးဖောက်သွားပြီ
Vol. 15 Ch. 2.73
စိတ်ဝိညာဉ်စွမ်းအား ၁.၀သို့ မရောက်မီ ကိရိယာတစ်ခုမှမရှိလျှင် အဝေးမှလူတစ်ဦးကို ထိခိုက်နာကျင်အောင် ပြုလုပ်ရန် မဖြစ်နိုင်ပေ။ အကောင်းဆုံးနည်းလမ်းမှာ ပြိုင်ဘက်ကို နီးကပ်စေပြီး အကာအကွယ် မရှိတဲ့အချိန် တိုက်ခိုက်ခြင်းပင်။
လုရွှမ်သည် ခြေလှမ်းတိုင်းတွင် အားနည်းချက်ကို ထုတ်ပြခဲ့ပြီး တစ်ဖက်လူတွေကို ဆွဲဆောင်ရန် ဓားသူတော်စင်ကျမ်းကိုလည်း လျှောက်ပြောခဲ့သည်။ ထို့နောက် နှစ်ယောက်သား သတိလွတ်သွားကာ ရှေ့သို့ရောက်လာချိန်၌ တစ်ရှိန်ထိုး တိုက်ခိုက်ခဲ့သည်။
စိတ်ဝိညာဉ်စွမ်းအားဖြင့် လူများကို သတ်ရန်မှာ မလွယ်ကူသလို သခင်နှစ်ယောက်ကို ထိုးနှက်ချက် တစ်ချက်တည်းဖြင့် သတ်ရန်မှာ မလွယ်ကူသောကြောင့် သူတောင်းဆိုသော ငါးမိနစ်စာသည် စွမ်းအားကို စုဆောင်းကာ ဝိညာဉ်စွမ်းအား ပိုမိုပြင်းထန်လာစေရန် ဖြစ်သည်။
သို့မှသာ ၎င်းတို့နှစ်ဦးကို တစ်ချက်ထိုးရုံနှင့်ပင် ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေး မပေးဘဲ သတ်ပစ်နိုင်မှာ ဖြစ်သည်။
သန်မာသော စိတ်ဝိညာဉ်စွမ်းအားကို မပြောနှင့် ပိုအရေးကြီးသည်မှာ သံမဏိကဲ့သို့ အာရုံကြောများ ဖြစ်သည်။ သို့မှသာ သခင်နှစ်ဦးသည် သူ့ထောင်ချောက်ထဲသို့ တစ်ဆင့်ပြီးတစ်ဆင့် ပြုတ်ကျသွားနိုင်သည်။
အရင်တုန်းကတော့ ဟန်ရွှယ်ဟာ သူ့ရှေ့မှာ လူငယ်တစ်ယောက်မှာ သူမနဲ့ သိပ်မကွာခြားဘူးလို့ ခံစားခဲ့ရပေမယ့် အခုချိန်မှာတော့ သူတို့နှစ်ယောက်ကြားက ကွာဟချက်ဟာ ပေါင်းကူးလို့မရတဲ့ ကွာဟချက်တစ်ခုလို ဖြစ်နေတယ်ဆိုတာ သိလိုက်ရသည်။
ခြောက်ထပ်အထိသာ လျှောက်သွားခဲ့တာ အံ့သြစရာ မဟုတ်ဘဲ တစ်ဖက်လူက ကိုးထပ်ကြီး တစ်ခုလုံးကို ဖြတ်လျှောက် သွားတာကသာ အံ့သြစရာ ဖြစ်လေသည်။
သူမတို့သည် တူညီသော အဆင့်တွင် လုံးဝမရှိပါ။
"မင်း!"
သူန စိတ်လှုပ်ရှားနေချိန်မှာပဲ တုန်လှုပ်နေတဲ့အသံကို ကြားလိုက်ရ၏။ လှည့်ကြည့်တဲ့အခါ ကျွမ်းကျင်ပညာရှင်ကြီး ချင်ကန်နဲ့ ချင်ရွှမ်ဆီကို သွား၍ အလောင်းကို ပတ်ပြီး အော်ဟစ်နေတဲ့ လူငယ်ကို တွေ့လိုက်ရသည်။
"ဆင်းရဲနေချက်!! မင်းတို့နှစ်ယောက်က ဂိုဏ်းဆရာနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်က လူတွေဖြစ်ပြီးတော့ သူတောင်းစားလောက်ကို မွဲနေတာပဲ!"
"......." ဟန်ရွှယ်။
"တော်တော်ဆိုးတယ်!"
လုရွှမ်သည် မဝေးလှသော နေရာမှ မိန်းကလေး၏ စိတ်လှုပ်ရှားမှုများကို သတိမထားမိဘဲ လူနှစ်ယောက်ကိုသာ အမြန်စစ်ဆေးနေ၏။
ဒီလူနှစ်ယောက်က သခင်တွေဖြစ်ပေမဲ့ သူတို့ခန္ဓာကိုယ်မှာ အဖိုးတန်တာ များများစားစား မရှိကြဘူး။ အလင်းရောင်အတွက် သုံးတဲ့ ပုလဲတစ်လုံးကလွဲရင် ဆေးလုံးနဲ့ ရွှေကတ်တွေတောင် မရှိဘူး။
လုရွှမ်အား လုပ်ကြံသတ်ဖြတ်မှုသည် အသေးအဖွဲ့ ကိစ္စဟု ထင်မြင်ကြပြီး ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်ရှိ အဖိုးတန် ပစ္စည်းများမပါဘဲ လက်ဗလာဖြင့် ရောက်လာကြသည်။
"ဘာမှမဖြစ်ဘဲ အချိန်တွေအများကြီး ကုန်အောင် လုပ်တယ်....ထားလိုက်တော့ မင်းတို့ရဲ့ ဘိုးဘိုးဆီကိုပဲ သွားတောင်းလိုက်တော့မယ်!"
လုရွှမ်သည် စိတ်ပျက်စွာဖြင့် ရုန်းကန်ကာ နံဘေးသို့ လျှောက်သွားပြီး နံရံကို မှီ၍ထိုင်လိုက်သည်။
သခင်ကြီးနှစ်ယောက်က နှစ်ကြိမ်ဆက်တိုက် အောင်အောင်မြင်မြင် တိုက်ခိုက်ခံရပြီး သူ့လက်ရှိအခြေအနေက အရင်ကထက်တောင် ပိုဆိုးလာပါ၏။
"အနာပျောက်ဆေးတွေ ရှိသေးလား"
သူနှင့် မနီးမဝေးက ဟန်ရွှယ်ကို ကြည့်လိုက်သည်။
"မရှိတော့ဘူး...."
ဟန်ရွှယ် ခေါင်းခါလိုက်သည်။
သူမသည် အဆင့်၇ အဂ္ဂိရတ် ကုသဆေးကို ရရှိရန် ငွေများစွာ သုံးစွဲခဲ့သည်။
"ငါ့ဒဏ်ရာတွေကို ကုစားနိုင်ခဲ့လို့ ကံကောင်းတာပေါ့... အနာဂတ်မှာ အနာကျက်ဆေးတွေ ထပ်ပြီး သန့်စင်ဖို့ လိုနေပြီထင်တယ်!"
တစ်ဖက်လူတွင် ကုသနိုင်သော အဂ္ဂိရတ်ဆေး မပါရှိသလို သူကိုယ်တိုင်လည်း ၎င်းကို သန့်စင်ခြင်း တစ်ခါမှ မပြုလုပ်ဖူးသောကြောင့် သူ၏ စစ်မှန်သော ဝိညာဥ်စွမ်းအင်ကို ဖြည်းညင်းစွာ ဖြည့်တင်း၍ ပြန်လည်ကောင်းမွန်လာစေရန်သာ အသုံးပြုနိုင်သည်။
ချက်ချင်းပင် စကားရပ်လိုက်ပြီး မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ ပြန်လည်ကုစားခြင်း အနေအထားသို့ ကျရောက်သွားခဲ့သည်။
ငါးရက်ကြာသော်။
လုရွှမ် မတ်တပ်ထရပ်ပြီး လေတစ်ချက် ရှူရှိုက်လိုက်ကာ လန်းဆန်းသွားသည်။
မရပ်မနား လေ့ကျင့်မှုဖြင့် ငါးရက် ကြာသွားပြီးနောက်တွင် သူ၏ ဒဏ်ရာများ အပြည့်အဝ ပြန်လည် သက်သာလာခဲ့သည်။ သူ၏ ခွန်အားသည် အတုတံဆိပ်နယ်ပယ်၏ အလယ်အလတ် အဆင့်တွင် ရှိနေပြီ။
သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုကို ပြီးပြည့်စုံသော ထိန်းချုပ်မှု နှင့်အတူ သူ၏ လှုပ်ရှားမှုတိုင်းသည် သန်မာသော လူတစ်ယောက်၏ အသွင်အပြင်များ ပေါ်ထွက်နေသည်။
ဟန်ရွှယ်၏ ဒဏ်ရာများမှာလည်း လုံးဝပြန်လည် ကောင်းမွန်လာခဲ့ပြီး သူမ၏ကျင့်ကြံမှုမှာ ပိုမိုမြင့်မားလာ၍ အတုတံဆိပ်နယ်ပယ် နှောင်းပိုင်းအဆင့်သို့ ရောက်ရှိသွားခဲ့သည်။
"ပြန်ချိန်တန်ပြီ!"
ဒဏ်ရာတွေက နဂိုအတိုင်း ဖြစ်သွားပြီ။ အချိန်အကြာကြီး ထွက်သွားပြီးနောက် ဝူယန်အကယ်ဒမီက ကိစ္စဟာလည်း ပြီးသွားလောက်ပြီဆိုတော့ ပြန်သွားဖို့ အချိန်တန်ပြီ။
"ဘယ်လိုပြန်ရမလဲ"
သူ့စကားကြားပြီးနောက် ဟန်ရွှယ် လှည့်ကြည့်လိုက်သည်။
"ရေကူးသွားရမှာပေါ့... မဟုတ်ရင် မင်းက ဘယ်လိုပြန်မလို့လဲ"
"......"
ဟန်ရွှယ်၏ မျက်ခုံးများ လှုပ်ယမ်းသွားသည်။ သူမ၏ မျက်နှာသည် မှုန်ကုပ်ကုပ် ဖြစ်နေကာ သူမ မထနိုင်လုနီးပါး ဖြစ်နေသည်။
"ဆိုလိုတာက...ကျွန်မဒီပုံစံနဲ ဘယ်လို ပြန်သွားရမလဲလို့"
အလှလေး ဒေါသတွေ ထွက်နေတာကို မြင်တော့ လုရွှမ်လည်း ခေါင်းရှုပ်သွားကာ ခဏကြာမှ တစ်ခုခု မှားနေပြီဆိုတာ သိလိုက်သည်။
ငါးမိနစ်ကြာ အချိန်ဆွဲ ထားနိုင်စေရန်အတွက် ချင်ကန်နှင့် ချင်ရွှမ်းတို့၏ လှည့်စားခြင်းကို ခံရသည်။ သူမ၏အဝတ်အစားများ အပိုင်းပိုင်းစုတ်ပြတ်သွားကာ ဖြူဖွေးသော ပခုံးများကို ပေါ်လွင်လာစေကာ ရင်သားများကိုလည်း ပေါ်လွင်စေခဲ့သည်။
သူသည် တစ်ချိန်လုံး ကျင့်ကြံနေခဲ့၍ သူမ၏ အဝတ်အစားများကြောင်း သတိမပြုမိခဲ့ချေ။ ဒီလိုပုံစံမျိုးနဲ့ အကယ်ဒမီကို ပြန်သွားလို့တော့ သိပ်အဆင်မပြေနိုင်ပေ။
"ဟုတ်ပြီ... သိပ်တော့ ကြည့်မကောင်းဘူး!"
လုရွှမ် ခေါင်းညိတ်လိုက်သည်။
သူ့ရဲ့ ကျောက်စိမ်းပြားထဲမှာ အဝတ်အနည်းငယ် ရှိပေမယ့် အားလုံးက ယောက်ျားဝတ်တွေ ချည်းပင်။ သူ့ခန္ဓာကိုယ်က သူမထက်အများကြီး ပိုကြီးတဲ့အတွက် ဝတ်ဖို့ မသင့်တော်ပါဘူး။
ဒါ့အပြင် အခြားတစ်ဖက်ကလည်း သူ့လက်ဗလာဖြစ်နေမှန်း သိနေရာ ရုတ်တရက် အဝတ်ကို ထုတ်ယူလိုက်ရင် ဘယ်လောက်တုံး နေပါစေ အာကာသ မှော်လက်နက် ရှိတယ်ဆိုတာ သိသွားနိုင်သည်။
အခုအချိန်မှာ ဟန်ရွှယ်က သူနဲ့အတူ သေရေးရှင်ရေး ကိစ္စကို တွေ့ကြုံခဲ့ရတဲ့ လူပေမယ့် အာကာသ မှော်လက်နက်အကြောင်း မပြောပြချင်ပေ။
"ချင်ကန်ရဲ့ အဝတ်အစားတွေကို ငါချွတ်ပြီးပေးမယ်... မင်းဝတ်ထားလိုက်လေ"
အကြံကောင်း တစ်ခုရလာသည်ဟု သူမထင်ခဲ့သည်။ ထိုစကားကို ကြားတော့ ဟန်ရွှယ်သည် ထိန်းမနိုင် သိမ်းမနိုင်ဖြစ်ကာ လည်ပင်းညှစ်သတ်ရန် အထိ ဒေါသက ထိုးတက်သွားခဲ့သည်။
သူမက လူသေရဲ့အဝတ်ကို ဝတ်ရမှာတဲ့လား။
ဟာသပဲ!
ချင်ကန်နှင့် ချင်ရွှမ်းတို့သည် ရုပ်ပိုင်းဆိုင်ရာ သန်မာကြပြီး ၎င်းတို့၏ အလောင်းများသည် အချိန်တိုအတွင်း ပုပ်သွားမည် မဟုတ်သော်လည်း အဝတ်အစားများကို ဝတ်ရန် မဖြစ်နိုင်ပေ။
ကောင်မလေး၏ အမူအရာကို ကြည့်ကာ လုရွှမ်သည် ဤနည်းလမ်းသည် လုံးဝ မအောင်မြင်ကြောင်း သိလိုက်သည်။
သူသည် ဘဝ နှစ်ခုတွင် လူသားတစ်ဦး ဖြစ်ခဲ့ပြီး သူ၏ အသိပညာသည် မရေမတွက်နိုင်သော သန်မာသော အမျိုးသားများထက် ကျော်လွန်နေသော်လည်း မိန်းကလေးများ၏ အတွေးအမြင်များကို လုံးလုံး နားမလည်နိုင်ပေ။
အားနည်းသူအတွက် သန်မာသော သားကောင်နှင့် လူသေ၏ အဝတ်အစားသည် အရေးမကြီးပါ။ အသက်ရှင်သန်ရန်သာ အရေးကြီးဆုံး အရာဖြစ်သည်။ ဘဝ၏သေခြင်းနှင့် နီးလာသောအခါတွင် ဂုဏ်သိက္ခာနှင့် မျက်နှာသာဆိုတာ ဘာမှကို မဟုတ်တော့ချေ။
"ငါ့အဝတ်တွေ အရင်ဝတ်လိုက်!"
လုရွှမ်သည် သူ့အပေါ်အင်္ကျီကို တစ်ဖက်သို့ ချွတ်လိုက်ပြီး ကူကယ်ရာမဲ့ ခေါင်းယမ်းလိုက်သည်။
နှစ်ယောက်သား ရေအောက်လမ်း တစ်လျှောက်လုံး လမ်းလျှောက်ခဲ့ကြပြီး ခဏအကြာတွင် အကယ်ဒမီကျောင်း၏ ကမ်းစပ်သို့ ပြန်ရောက်လာကြသည်။ ပတ်ဝန်းကျင်တွင် မည်သူမျှ မရှိသည်ကိုတွေ့သော် ဟန်ရွှယ်သည် လုရွှမ်အား အကြည့် တစ်ချက်ပေးကာ တစ်ယောက်တည်း အမြန်ထွက်သွားလေသည်။
လုရွှမ်၏ အဝတ်အစားများ ဝတ်ထားပြီး သူမခန္ဓာကိုယ်မှာ စုတ်ပြတ်သတ်နေသည်ကို တစ်စုံတစ်ယောက်က မြင်သွားလျှင် ကောလဟာလများသည် အချိန်တိုအတွင်း နေရာအနှံ့ပျံ့နှံ့သွားမည် ဖြစ်သည်။
သူမထွက်သွားပြီး လုရွှမ်လည်း သူ့နေအိမ်ဆီသို့ လျှောက်သွားခဲ့သည်။
ဒီသေရေးရှင်ရေး အတွေ့အကြုံကြောင့် သူ့အပေါ်ထားတဲ့ ဟန်ရွှယ်ရဲ့ သဘောထားက အများကြီး ပြောင်းလဲသွားပေမယ့် သူ့အတွက်ကတော့ သက်ရောက်မှု လုံးဝမရှိခဲ့ပါဘူး။
သူက ကလဲ့စားချေပြီး ဧကရာဇ်ကျိုးရန်ကို တိုက်ချင်ရင် အထီးကျန်တဲ့လမ်းကို လျှောက်ရမှာ ဖြစ်ပြီး မိန်းကလေးတိုင်းရဲ့ ခင်မင်မှုကို လက်ခံဖို့ မဖြစ်နိုင်ပါဘူး။
ခြံဝန်းကို ပြန်ရောက်လို့ တံခါးဝရောက်တာနဲ့ ဟန်ရောင်က သူ့ဆီ လျှောက်လာနေတာကို တွေ့လိုက်ရသည်။
"သခင်ငယ်လေး!"
"အောင်မြင်သွားပြီ?"
ဟန်ရောင်ကို မြင်လိုက်ရတော့ လုရွှမ်၏ မျက်လုံးများ တောက်ပသွားသည်။
ယခင်က သူသည် သူ၏ ရောင်ဝါကို တမင်နှိမ့်ချပြီး သူ၏ ကျင့်ကြံမှုကို ဖုံးကွယ်ထားသော်လည်း သူ့မျက်လုံးကတော့ ထိုကန့်သတ်အလွှာကို ချိုးဖျက်ပြီး မြင့်မြတ်သော အဓိပတိနယ်ပယ်သို့ ရောက်ရှိသွားသည်ကို အလွယ်တကူ မြင်နိုင်သည်။
"ကျုပ်ရဲ့ ဆန္ဒကိုဖြည့်ဆည်းပေးလို့ ကျေးဇူးတင်ပါတယ် သခင်လေး"
ကျောင်းအုပ်ကြီး ဟန်ရောင်သည် သူ့နှလုံးသားထဲက စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဘဲ ဒူးထောက်လိုက်သည်။
ဂိုဏ်းဆရာနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်တွင် ရပ်တန့်နေခဲ့သည်မှာ ၁၀နှစ်ကျော် ကြာခဲ့ပြီ။ အချိန်ကြာလာသည်နှင့် အမျှ ခန္ဓာကိုယ် ဆုတ်ယုတ်လာရာ ထိုအဆင့်ကို ဖြတ်ကျော်နိုင်တော့မည် မဟုတ်ဟု တွေးခဲ့မိသည်။
မထင်မှတ်ဘဲ သူ့ရှေ့က လူငယ်လေးဟာ သူ့ကိုကယ်တင်ခဲ့သည်။
အဓိပတိနယ်ပယ်သို့ ရောက်သည့်အချိန်မှ စ၍ ငါးတစ်ကောင်မှ နဂါးအသွင် ပြောင်းခြင်းကဲ့သို့ အနာဂတ်ကမ္ဘာသည် လုံးဝခြားနားသွားမည်ကို သူသိလေသည်။
"မုယန်ဖုန်း ဘယ်မှာလဲ?"
လုရွှမ် မေးလိုက်သည်။
ကျောင်းအုပ်ကြီး ဟန်ရောင်၏ ပင်ကိုယ်စွမ်းရည်သည် သန်မာပြီး ဖြတ်ကျော်လုနီး ဖြစ်နေခဲ့သည်။ အဓိပတိအဂ္ဂိရတ်ဆေး၏ ပံ့ပိုးကူညီမှုကြောင့် ဖြတ်ကျော်ရန်မှာ မခက်ခဲပေ။
"ကျင့်ကြံနေတုန်းပါ...ကျုပ်သူ့ကို ကာကွယ်ပေးနေပါတယ်... အောင်မြင်မှုဖို့ ရက်အနည်းငယ်သာ ကြာမယ်လို့ ထင်ပါတယ်!"
ဟန်ရောင်က ဖြေလိုက်သည်။
"အင်း!"
လုရွှမ်က ခေါင်းညိတ်၍ စကားဆက်ပြောနေချိန်တွင် သူ့ရှေ့ရှိ အခန်းထဲမှ ပြင်းထန်သော အင်အားတစ်ခု ရုတ်ချည်း ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။
"အောင်မြင်သွားပြီလား?"
နှစ်ယောက်သား မျက်လုံးတွေ လင်းလက်သွားသည်နှင့် ချက်ချင်းပင် အခန်းထဲသို့ ပြေးဝင်သွားကြသည်။