ဟန်မိသားစု၏ ဘိုးဘေးများနှင့် တွေ့ဆုံခြင်း
Vol. 16 Ch. 2.76
ဟန်မိသားစု အစည်းအဝေး ခန်းမ၌။
"အဖြစ်အပျက်ကတော့ ဒီလိုပဲ!"
အကြီးအကဲ တစ်ဦးက ဆို၏။
အလယ်ထိုင်ခုံတွင် အဘိုးအို တစ်ယောက်မှာ စကားများကို နားထောင်ပြီးနောက် သူ့မျက်နှာက ရုပ်ဆိုးသွားသည်။ သူက လက်တစ်ဖက်ကို ဝေ့ယမ်းလိုက်သောအခါ ခန်းမထဲက စားပွဲမှာ တစ်စစီ ပြန့်ကျဲသွားတော့သည်။
"အဓိပ္ပာယ် မရှိတာ! ဝူယန်အင်ပါယာမှာရှိတဲ့ မိသားစုကြီး သုံးစုထဲက တစ်ခုဖြစ်တဲ့ ငါတို့ဟန်မိသားစုက မျိုးဆက်ပေါင်းများစွာ ဘုရင်အဖြစ် သရဖူဆောင်းလာခဲ့တာပဲ... ကြီးကျယ်ခမ်းနားတဲ့ မျိုးနွယ်စုအကြီးအကဲက အသက်၂၀အောက် လူငယ်လေးရဲ့ အစေအပါး လုပ်တယ်တဲ့...ဘယ်လို မျက်နှာပြရမလဲ? ဒါ သိက္ခာကျစရာပဲ မဟုတ်ဘူးလား?"
အဘိုးအို၏ မုတ်ဆိတ်မွေးသည် ဒေါသများကြောင့် လှုပ်ခတ်နေကာ သူ့မျက်လုံးထဲတွင် လေများက ထူထပ်ကာ မိုးကြိုးအက်ကွဲ ကြောင်းများပင် ဖြာထွက်နေ၏။
"စိတ်လျှော့ပါ ဘိုးဘေး...အိမ်တော်သခင်ရှာဖို့ ဟန်ရွှယ်ကို စေခိုင်းထားပါတယ်... မကြာခင် သူရောက်လာတော့မှာပါ"
အကြီးအကဲကြီးက ဆက်ပြောလေ၏။
"အဲဒီလုရွှမ်က တိမ်ဆွဲမျှော်စင်ကို ၉ထပ်အထိ ဖြတ်သွားနိုင်တယ်လို့ ကြားမိတယ်...ဒါနဲ့ ပတ်သက်ပြီး မေးဖို့ တယောက်ယောက်ကို စေလွှတ်လိုက်ပါတယ်"
"တိမ်ဆွဲမျှော်စင်ရဲ့ ကိုးထပ်ကို ဖြတ်ကျော်နိုင်တာက အစွမ်းထက်ပေမယ့် သန်မာတဲ့ လူတစ်ယောက် မဖြစ်ခင်မှာ ဟန်မိသားစုရဲ့ အိမ်တော်သခင် အနေနဲ့ ဘယ်လို အရည်အချင်းတွေ ရှိနေလို့ အစေခံရတာလဲ?? အဓိပ္ပါယ်ကို မရှိဘူး!! ဟန်ရောင် ဒီလောက်ထိ မိုက်မဲမယ်လို့ မမျှော်လင့်ထားဘူး.... အသက်ကြီးပြီး မစဥ်းစားတတ်ဘူး...သူလည်း အိမ်တော်သခင်နေရာကို ဆက်လုပ်နေစရာ မလိုတော့ဘူးလို့ ထင်တယ်!"
ဘိုးဘေးကြီးလို့ ခေါ်တဲ့ အဖိုးအိုက ဆက်ပြီး အော်ဟစ်နေ၏။ အော်ဟစ်ပြီးနောက် တစ်ပတ်လောက် လှည့်ကြည့်လိုက်ကာ။
"မင်းတို့ရော ဘယ်လိုထင်လဲ?"
ပရိသတ်များသည် မျိုးနွယ်စု အကြီးအကဲများ ဖြစ်ကြပြီး ဒါဇင်များစွာသော သူတို့အားလုံးသည် မျက်နှာများ နီရဲနေပြီး ဒေါသနှင့် ပြည့်နေကြသည်။
"ဒီကိစ္စကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်ရမှာ။ မဟုတ်ရင် ကျုပ်တို့ဟန်မိသားစုရဲ့ ဂုဏ်သိက္ခာက ကျဆင်းသွားလိမ့်မယ်!"
"လုရွှမ်လို့ခေါ်တဲ့ အဲဒီကလေးက အသက်မပြည့် သေးပေမယ့် သူက ငါတို့ ဟန်မိသားစုကို လျစ်လျူရှုဝံ့တယ်... သူ့ကို သေဒဏ်ပေးသင့်တယ်!"
"ပါရမီရှင် ဖြစ်နေတော့ရော ဘာဖြစ်လဲ? အသက်မရှင်နိုင်တဲ့ ပါရမီရှင်က သေလူပဲလေ!"
"ဟန်ရောင်က ဘယ်အရာက ကောင်းလဲ ဆိုးလဲ ဆိုတာကို မသိဘူး...သူ့ရဲ့အိမ်တော်သခင် ရာထူးကို ဖယ်ရှားပြီး... တောင်ကုန်းမှာ အကျဉ်းချထားရမယ်.... နံရံကို မျက်နှာမူပြီး သူ့ အမှားတွေကို ပြန်သုံးသပ်ခိုင်းရမယ်...သူလုပ်တဲ့ အမဖျားက သူကိုယ်တိုင်မဟုတ်ဘဲ မိသားစုကို ကိုယ်စားပြုတယ်ဆိုတာ သိပါစေ!"
ဘိုးဘေးကြီးက ကျယ်လောင်စွာ ဟိန်းဟောက်လေသည်။
ဟန်မိသားစုသည် ဝူယန်အင်ပါယာ၌ နှစ်ပေါင်းရာနှင့်ချီ ရပ်တည်လာခဲ့ပြီး တိမ်များကဲ့သို့ သခင်များစွာရှိသည်။ ဂိုဏ်းဆရာနယ်ပယ် ၃၀ ထက်မနည်း ရှိသည်။ ၎င်းတို့ကို မည်သည့်နေရာသို့သွားသွား လူထောင်ပေါင်းများစွာက သဘောကျကြသည်။
သူတို့အထဲမှာ သြဇာအကြီးဆုံး အိမ်တော်သခင်က ကလေးတစ်ယောက်ကို အစေခံထားတယ် ဆိုတာသာ သိရင် သူတို့မျက်နှာ ဘယ်နားသွားထားရတော့မလဲ။
လက်ရှိဧကရာဇ် ဘုရင်မင်းမြတ်သည်ပင် ၎င်းတို့အား အတတ်နိုင်ဆုံး ကြင်ကြင်နာနာ ဆက်ဆံပြီး သူတို့ကို ကျွန်ကဲ့သို့ မဆက်ဆံနိုင်ပေ။
"စကားမစပ်....ဘိုးဘေးကြီး အဲဒီလုရွှမ်ကို ဘုရင်မင်းမြတ်က ဘုရင်ရွှမ်ဘွဲ့ အပ်နှင်းလိုက်တယ်လို့ ကြားမိတယ်"
ပရိသတ်ကြီး၏ ဆွေးနွေးမှုကို မြင်သောအခါ အကြီးအကဲ တစ်ဦးသည် တစ်စုံတစ်ခုကို တွေးတောမိပြီး ထပြောလိုက်သည်။
"ဘုရင်ရွှမ်? အဲဒါက ရှင်ဘုရင်လို့ သမုတ်တာ မဟုတ်ဘူး!! လုရွှမ်လို့ ခေါ်တဲ့ အဲဒီကလေးကို ခေါ်လာဖို့ တယောက်ယောက်ကို စေလွှတ်လိုက်စမ်း....သူ့မှာ ဟန်ရောင်ကို သူ့အစေခံအဖြစ် ခန့်အပ်ဖို့ သတ္တိ ဘယ်လောက်တောင် ရှိနေလဲ ကြည့်ရသေးတာပေါ့!"
ဘိုးဘေးကြီးက ကျိန်းမောင်းတော့သည်။
"ဟုတ်ကဲ့"
အကြီးအကဲ တစ်ဦးက ခေါင်းညိတ်ပြပြီး စကားပြောခါနီးမှာ ခြေသံတွေ ကြားလိုက်ရပြီး ခန်းမအပြင်ဘက်က အစောင့်တွေ ရောက်လာသည်။
"ဘိုးဘေးကြီးကို သတင်းပို့ပါတယ်...အိမ်တော်သခင်နဲ့ သခင်မလေးဟန်ရွှယ်တို့ ရောက်လာပါပြီ....ပြီးတော့ လုရွှမ်နဲ့ မုယန်ဖုန်းလို့ခေါ် အစောင့်တစ်ယောက်လည်း ခန်းမအပြင်ဘက်မှာ စောင့်နေပါတယ်!"
"ကိုယ့်ဘာသာ ဒီကိုလာဝံ့တယ်ပေါ့!! အရမ်းကောင်းတယ်... သူတို့ကို ဝင်ခိုင်းလိုက်!"
လုရွှမ် ရောက်လာသည်ကို ကြားလိုက်ရသော် အဘိုးအို၏ မျက်လုံးများ လင်းလက်သွားသည်။
ခဏအကြာတွင် လူလေးယောက်သည် ခန်းမထဲသို့ ဝင်လာကြပြီး သူတို့မှာ လုရွှမ်နှင့် အခြားလူများပင် ဖြစ်သည်။
"ဘိုးဘေးကြီး...အဲဒါလုရွှမ်ပဲ!" အကြီးအကဲတစ်ယောက်က ဘိုးဘေးကြီးရဲ့ အနားကိုကပ်လျက် တိုးတိုးဆို၏။
ဘိုးဘေးက မျက်လုံးကို မှေးထားပြီး လုရွှမ်ကို အေးစက်စွာ ကြည့်နေသည်။
တိမ်ဆွဲမျှော်စင်ရဲ့ ၉ထပ်ကို ဖြတ်ကျော်ပြီး ဟန်ရောင်ကို အစေခံ ခိုင်းခဲ့တယ်ပေါ့။ အံ့သြစရာကောင်းပေမယ့် သူ့ကို လူကိုယ်တိုင် တွေ့လိုက်ရတော့ နည်းနည်း စိတ်ပျက်သွားသည်။
အတုတံဆိပ်နယ်ပယ်၏ အလယ်အလတ်အဆင့်။ ၎င်းသည် ထူးခြားသော အင်္ဂါရပ်များ မရှိဘဲ အလယ်အလတ် အဆင့်သာ ဖြစ်သည်။
"သူက လုရွှမ်လား? ကြည့်ရတာတော့ သူက ဘာမှဟုတ်ပုံမရဘူး!"
"အဲဒါက ရိုးရိုးရှင်းရှင်းကို မပြောထိုက်တဲ့ အတုတံဆိပ်နယ်ပယ်လေးပဲ!"
"သူ့ကို သခင်အဖြစ် အသိအမှတ် ပြုလိုက်ရအောင် အိမ်တော်သခင်က ဘာတွေများ တွေးနေတာလဲ? ရှက်စရာကြီးကွာ!"
"ဟားဟား... ဒီနေ့ အိမ်တော်သခင် ဘယ်လို ရှင်းပြမလဲ ဆိုတာ ငါကြည့်ချင်သေးတယ်... ရှင်းပြချက်က မကောင်းရင် ဒီနေ့ကတော့ ပွဲကောင်းတစ်ပွဲ ရှိလာတော့မှာပဲ"
ဤအခိုက်အတန့်တွင် ခန်းမအတွင်းရှိ အကြီးအကဲ များစွာသည်လည်း “ထိုလူ” ကိုတွေ့မြင်ရပြီး သူတို့၏ မျက်လုံးများသည် ရှုတ်ချမှုများ ပြည့်လျက်ရှိသည်။
လုရွှမ်သည် အတုတံဆိပ်နယ်ပယ်၏ အလယ်အလတ် အဆင့်တွင်သာ ခွန်အားရှိသောကြောင့် သူသည် ဤအကြီးအကဲများ ရှေ့တွင် အမှန်တကယ်ပင် ထင်ထင်ရှားရှား မရှိလှပေ။
လူတွေရှိတဲ့နေရာမှာ တိုက်ပွဲတွေ ဖြစ်ကြသလို တိုက်ပွဲရှိတဲ့ နေရာတွေဟာလည်း သိုင်းလောကသာ ဖြစ်ပေ၏။
ဟန်ရောင်သည် မိသားစု၏ အိမ်တော်သခင် ဖြစ်သော်ငြားလည်း လူတိုင်းက သူ့ကို သဘောမကျကြဘဲ ဒုက္ခရောက်နေတာကို တွေ့ရတော့ သိသိသာသာကို ဝမ်းသာနေကြသည်။
"မင်းနာမည်က လုရွမ်?"
ခန်းမထဲတွင် ဆွေးနွေးမှု မည်သို့ပင် ရှိစေကာမူ သူ၏ မျက်လုံးများသည် လျှပ်စီးလက်သလို တောက်ပနေကာ အဓိပတိနယ်ပယ်၏ ထူးခြားသော တန်ခိုး အာနုဘော်များကို ထုတ်လွှတ်လျက် ရှိသည်။
"ဟန်မိသားစုရဲ့ အိမ်တော်သခင်ကို မင်းရဲ့ အစေခံအဖြစ် ခွင့်ပြုထားတယ်ပေါ့...တော်တော် သတ္တိကောင်းနေပါလား!"
"အတင့်ရဲလိုက်တာ!"
သူစကားမဆုံးခင်မှာ မုယန်ဖုန်းက ရှေ့ကို လှမ်းတက်လိုက်ပြီး
"အဘိုးကြီး....ခင်ဗျားက ကျုပ်သခင်လေးကို ဒီလိုစကားမျိုး ပြောရဲတယ်ပေါ့!! ခင်ဗျားကသာ တော်တော် သတ္တိကောင်းနေတာကိုး!"
"အာ?"
တစ်ဖက်တွင်ရှိ ဟန်ရွှယ်သည် ဘိုးဘေးကြီး ဒေါသဖြင့် သူ့ကို တိုက်ရိုက်မေးခွန်း ထုတ်လာရာ ကလေးလေးလို ပြုမူ၍ စိတ်တည်ငြိမ်အောင် မည်သို့ရှေ့ဆက် ပြောရမည်ကို တွေးနေသော်လည်း လုရွှမ်၏ နောက်ကွယ်မှ အစောင့်အကြပ်သည် ဤကဲ့သို့ တိုက်ရိုက်ပြောရန် မမျှော်လင့်ထားပေ။
လုရွှမ်ရဲ့ အစေအပါး အကြောင်း သူမ သိပါသည်။ အဲဒီလူဟာ ဂိုဏ်းဆရာနယ်ပယ်ရဲ့ အစောပိုင်းအဆင့်မှာသာ ရှိပါသေး၏။ သူ့ရှေ့မှာ ရပ်နေတဲ့လူက အဓိပတိနယ်ပယ်က လူတစ်ယောက်ဆိုတာရော သိရဲ့လား။
"ဂိုဏ်းဆရာနယ်ပယ်ရဲ့ အစောပိုင်းအဆင့်လား?"
"ဂိုဏ်းဆရာနယ်ပယ်ရဲ့ အစောပိုင်းအဆင့်က လူကများ လာအော်ဟစ်ရဲတယ်ပေါ့လေ??"
"ဒီကောင် ရူးသွားပြီထင်တယ်... ဒါကဘယ်မှာလဲ ဆိုတာရော သိလား"
မုယန်ဖုန်းသည် ဒီကိုမရောက်မီတွင် သူ၏ ကျင့်ကြံမှုအား တမင်လျော့ချခဲ့သည်။ ခန်းမအတွင်းရှိလူတိုင်းက သူသည် ဂိုဏ်းဆရာနယ်ပယ် ကနဦး ခွန်အားကိုသာ ပိုင်ဆိုင်ထားကြောင်း သိမြင်နိုင်သည်။
ဒီလိုမျိုး သတ္တိနဲ့ အဓိပတိနယ်ပယ်က လူကို ဒီလိုပြောရဲတာ လူတိုင်းရဲ့အမြင်မှာ ဒါဟာ သေကြောင်းရှာခြင်းသာ ဖြစ်လေသည်။
ဟန်မိသားစု၏ ဘိုးဘေးသည် လုရွှမ်အား ပြစ်တင်ဆုံးမရန် အချိန်မရမီ သူကအရင် အပြစ်တင်ခံရမည်ဟု မမျှော်လင့်ထားပေ။ သူ၏မျက်နှာသည် ရေခဲကဲ့သို့ ညိုမှိုင်းနေပြီး လုရွှမ်အား အေးစက်စွာ ကြည့်ပြီး အသံကလည်း အေးစက်နေသည်။
"အရမ်းကောင်းတယ်.... ရူးလောက်အောင်ပဲ... ကောင်လေး ဒါက မင်းရဲ့သဘောထားလား"
"တောင်းပန်ပါတယ်.... ကျုပ်က လက်အောက်ငယ်သားတွေကို တင်းကြပ်မထားဘူး...ဟာသတစ်ခုလို့ပဲ မှတ်ယူလိုက်ပါ"
လုရွှမ်၏ မျက်နှာသည် တောင်းပန်မှု အပြည့်ရှိသည်။
သူတောင်းပန်တာကို မြင်တော့ အားလုံးကလည်း သက်ပြင်းတစ်ချက် ချလိုက်ကြသည်။ မှန်ပါတယ်။ ခွန်အားက အရေးကြီးဆုံးပါပဲ။ အမြင့်မြတ်ဆုံး အဓိပတိနယ်ပယ်ကို ရင်ဆိုင်ရတဲ့အခါ အနည်းဆုံးတော့ အသံကို နိမ့်ထားသင့်ပါတယ်လေ။
သို့သော်လည်း ဒီအတွေး မပြီးသေးခင်မှာ ကောင်လေးရဲ့ နောက်ဆက်တွဲ စကားကိုကြားတော့ အားလုံးရဲ့ မေးရိုးတွေဟာ ထိတ်လန့်တကြားဖြင့် မြေပြင်ပေါ် လဲကျသွားပြီး မူးလဲလုနီးပါး ဖြစ်ကုန်ကြပါ၏။
လူငယ်သည် ဖြောင့်မတ်သော မျက်နှာထားဖြင့် သူ့နောက်မှ ငယ်ားကို လှမ်းကြည့်ကာ ကျယ်လောင်စွာ အော်လိုက်သည်။
"မုယန်ဖုန်း... တစ်ဖက်လူက မတော်မလျော်ပြောပြီး ကောင်းမကောင်း မသိရင်တောင် နောင်မှာ မင်းပြောတဲ့စကားကို သတိထားပါ... မင်းပြောတာကို ဂရုစိုက်ပါကွာ...အဲဒါက လူကြီးဟန်ရောင်ကို မျက်နှာသာလေး ပေးသလိုပေါ့... အသူက အသက်ကြီးပေမယ့် အရာဝတ္ထု ပစ္စည်းတော့ မဟုတ်ဘူးလေ!"
"ဟုတ်ကဲ့!" မုယန်ဖုန်းက အလေးအနက်ထား ကြည့်ပြီး
"ဒါက ဒီငယ်သားရဲ့ အမှားပါ!"
ဟန်မိသားစု၏ ဘိုးဘေးကြီးမှာ ထိုနှစ်ယောက်ရဲ့ စကားကြောင့် ဒေါသထွက်ပြီး သေဆုံးလုနီးပါး ဖြစ်ခဲ့သည်။
ဘာပစ္စည်းလဲ? မင်းကသာ ပစ္စည်း!! မင်းတို့တစ်မိသားစုလုံးကသာ အမှိုက်သရိုက် ပစ္စည်းတွေကွ!!
သူ့မျက်လုံးထဲတွင် တိမ်မည်းတစ်ခု ရှိနေကာ သူသည် အချိန်မရွေး ဒေါသပေါက်ကွဲတော့မယ့် အနေအထား ဖြစ်နေပါပြီ။
တစ်ဖက်မှ ဟန်ရွှယ်သည်လည်း သူမ၏ မျက်လုံးဖြင့် ဤမြင်ကွင်းကို မြင်လိုက်ရပြီး သူမ၏ နူးညံ့သော ခန္ဓာကိုယ်သည် တုန်လှုပ်သွားကာ လဲကျလုနီးပါး ဖြစ်သွားခဲ့သည်။
မူလက ဘိုးဘေးကြီး ဒေါသထွက်ခဲ့သော်လည်း သူမက ကြားဝင်ဖြေရန် ကြိုးစားချင်ပေမယ့် ယခုတစ်ကြိမ်တွင် သက်သာရာရစေမည့်အစား အခြေအနေ ပိုဆိုးလာပြီးရင်း ဆိုးလာပြီ။
လုရွှမ်က ဒါ သူထင်ရာစိုင်းနေတာ မဟုတ်လား? ဘယ်လိုလုပ်ပြီး ဒီလိုစကားကို ပြောထွက်ရဲရတာလဲ?
ဂိုဏ်းဆရာနယ်ပယ်က လူတွေကို ခေါင်းဖြတ် သတ်ရလောက်အောင် ကံကောင်းတယ် ဆိုရင်တောင် အဓိပတိနယ်ပယ်ကတော့ ပြိုင်ဘက် မဟုတ်တာ သေချာတယ်လေ။
ဟန်ရွှယ်မှာ စိုးရိမ်သောက မျက်နှာဖြင့် ငိုလုမတတ် ဖြစ်နေပါပြီ။