← Chapters

အခုဆွေးနွေးလို့ ရပြီလား!

Vol. 16 Ch. 2.77

အခုဆွေးနွေးလို့ ရပြီလား!

Vol. 16 Ch. 2.77

လမ်းခရီးမှာ နောက်ဆုံးတော့ သူမတို့ဟာ ဘဝရဲ့ သေရေးရှင်ရေးကို အတူတူ တွေ့ကြုံခံစားခဲ့ရပြီး သူ့ကို ချစ်ခင်တွယ်တာတဲ့ စိတ်ရှိတာကြောင့် သူ့ကို ဒေါသထွက်နေတဲ့ ဘိုးဘေးအား ခေါင်းဖြတ် မသတ်စေချင်ပေ။

"လုရွှမ် နင်ဘာတွေပြောနေတာလဲ? မြန်မြန် ဘိုးဘေးကို တောင်းပန်လိုက်လေ!"

အလျင်အမြန်ဖြင့် စကားအနည်းငယ် ရှင်းပြလိုရင်း ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သော်လည်း ဘိုးဘေးက လေးနက်သော မျက်လုံးများဖြင့် ကြည့်ကာ သူ့ခန္ဓာကိုယ်မှ အလင်းရောင်များ ဖြာထွက်နေပြီး ခန်းမတစ်ခုလုံး အေးခဲသွားစေလေသည်။

"အရမ်းကောင်းတယ်!"

"ဟန်ရောင်... ဒါ မင်းရှာလာတဲ့ သခင်လေးလား"

ဟန်မိသားစု၏ ဘိုးဘေးကြီးသည် ကျောင်းအုပ်ကြီး ဟန်ရောင်ကို ကြည့်လိုက်ပြီး သူ့လူသတ်ချင်စိတ်ကို ဖုံးကွယ်မထားနိုင်တော့ဘဲ ဒေါသတကြီး အော်ဟစ်လိုက်သည်။

"သူ့ကိုသတ်လိုက်....ဒါဆို မင်းအရင်က လုပ်ခဲ့တဲ့အမှားတွေအတွက် ငါခွင့်လွှတ်ပေးမယ်... မဟုတ်ရင် မင်းရဲ့သခင်လေးကိုတင် မဟုတ်ဘူး မင်းလည်း အပြင်းထန်ဆုံး အပြစ်ပေးခံရလိမ့်မယ်!"

"ဘိုးဘေးကြီး"

မမျှော်လင့်ဘဲ ဘိုးဘေးကြီးက ဒီလိုအမိန့်ပေးလိုက်တာကြောင့် ဟန်ရောင်လည်း ခေါင်းကို အလျင်စလို ခါလိုက်ပြီး

"မိသားစုကပေးတဲ့ ပြစ်ဒဏ်ကို ကျုပ်လက်ခံနိုင်ပေမယ့် သခင်လေးကို သစ္စာဖောက်ဖို့တော့ မဖြစ်နိုင်ဘူး!"

ဒီသခင်လေးနောက်ကို လိုက်ပြီး သိပ်မကြာခင်မှာပဲ သူသည် သခင်ဆီကနေ ပြီးပြည့်စုံတဲ့ အောင်မြင်မှုတစ်ခုကို ရရှိခဲ့၏။ ဟန်ရောင်သည် မတုံးတာကြောင့် ဘာကို ရွေးချယ်သင့်သလဲ သိလေသည်။

"ဒါ မင်းရဲ့ရွေးချယ်မှုပေါ့...ကောင်းပြီ! အခွင့်အရေးကို ဘယ်လို အသုံးချရမှန်း မသိဘူးကိုး!"

သူ့စကားကြားသော် ဟန်မိသားစုရဲ့ ဘိုးဘေးကြီးက မကူညီနိုင်တော့ဘဲ အဓိပတိနယ်ပယ်၏ အရှိန်အဝါများကို ထုတ်လွှတ်လိုက်တော့သည်။

"ဒီလိုဆိုမှတော့ ရက်စက်တယ်ဆိုပြီး ငါ့ကို အပြစ်မတင်နဲ့!"

ဗုန်း!

ဒေါသတကြီး အော်သံနှင့်အတူ အဓိပတိနယ်ပယ်၏ ထူးခြားသော စွမ်းအားသည် သူ့ခန္ဓာကိုယ်အနှံ့ အပ်စိုက်အမှတ်များမှ လွတ်ထွက်သွားပြီး ဟန်မိသားစု၏ ဘိုးဘေးကြီးသည် လက်ငါးချောင်းကို ဖြန့်ကာ ရှေ့သို့ ရိုက်ချလိုက်သည်။

အဓိပတိနယ်ပယ်၏ စွမ်းအားသည် မျှော်လင့်ထားသည့်အတိုင်း သူသည် ခန်းမတစ်ခုလုံးကို တစ်ချက်ရိုက်ချက်ဖြင့် ဖုံးအုပ်ထားနိုင်သည်။

ပြင်းထန်သောစွမ်းအားသည် အခန်းထောင့်တိုင်းကို ပြည့်လျှံစေပြီး လူများကို မလှုပ်ရှားနိုင်စေဘဲ နှလုံးသားထဲမှ ထိတ်လန့်တကြား ဖြစ်သွားစေကာ ခုခံမည့် အတွေးကိုပင် တွေးချိန်မပေးချေ။

"ဘိုးဘေးကြီး"

ဟန်ရွှယ်၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်လှုပ်သွားပြီး သူမ အော်ဟစ်ရင်း အလွန်ကြောက်လန့်သွားသည်။

ဒီရလဒ်ကို သူမ မမျှော်လင့်ခဲ့တာ ထင်ရှားပါတယ်။

ဝူယန်အင်ပါယာတွင် အင်အား အကောင်းဆုံး အဓိပတိနယ်ပယ်သည် ဒေါသထွက်လာပါရ သန်းပေါင်းများစွာသော အလောင်းများကို ချထားခဲ့နိုင်သည်။ ၎င်းသည် ဂိုဏ်းဆရာနယ်ပယ်က ယှဉ်ပြိုင်နိုင်သည့် အရာမဟုတ်ပေ။

"ပြစ်မှုကျူးလွန်ထားရင် အသက်မရှင်နိုင်ဘူး!"

"ဒါက သူ့ဘာသာ တောင်းဆိုတာပဲလေ... ဘိုးဘေးက သူ့ကို အခွင့်အရေးပေးတယ် ဒါပေမဲ့ သူကတုံးနေတာကိုး"

"သူ ဒီကောင်လေးကို ဘာတွေများ သဘောကျနေတာလဲ? ဒီလိုမျိုး ရိုးရှင်းတဲ့ ရွေးချယ်မှုတစ်ခုကိုတောင် မလုပ်နိုင်ဘူး"

ဘိုးဘေးကြီး ဒေါသထွက်ပြီး လက်ဝါးတစ်ချက် ပစ်လိုက်တာကို မြင်တော့ အကြီးအကဲ တော်တော်များများက ကျောင်းအုပ်ကြီး ဟန်ရောင်ကို တစ်ယောက်ပြီးတစ်ယောက် ကြည့်ကြပြီး ခေါင်းယမ်းရင်း သနားနေမိတော့သည်။

ဂိုဏ်းဆရာနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်နှင့် အဓိပတိနယ်ပယ်ဆိုတာ ခြေတစ်လှမ်းသာ ဝေးသော်လည်း နဂါးနှင့် ပုရွက်ဆိတ်ကြား ကွာဟချက်မှာ ယှဉ်၍မရနိုင်ပေ။

ဘိုးဘေးက သူ့ကို နောင်တရအောင် အခုပဲအခွင့်အရေး ပေးခဲ့တယ်။ သူ့အမှားကိုဝန်ခံပြီး လုရွှမ်ဆိုတဲ့ လူငယ်ကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ဖို့ ပြောခဲ့ပေမယ့် သူကငြင်းခဲ့တယ်ဆိုတော့ သေလမ်းရှာနေတာ မဟုတ်လို့ ဘာဖြစ်မှာလဲ?

ဟန်ရောင်မှာ တိုက်ရိုက် သားစဉ်မြေးဆက် အနည်းငယ်လည်း ရှိရာ စိုးရိမ်စိတ်များက မျက်နှာများပေါ်တွင် ရှိနေသည်။

ဘိုးဘေးက ဒေါသထွက်ပြီး ရလဒ်ထွက်လာပြီ ဆိုရင်တော့ ဘယ်သူမှ မပြောင်းလဲနိုင်ဘူး။

"ဟမ့်!"

တစ်ဖက်လူက လှုပ်ရှားလာတာကို မြင်တော့ မုယန်ဖုန်းက ဖုံးကွယ်မထားတော့ဘဲ လက်သီးဆုပ်လျက် တစ်ဖက်လူအား တိုက်ရိုက် ရင်ဆိုင်လိုက်တော့သည်။

အဓိပတိနယ်ပယ်၏ စွမ်းအားသည် ချွန်ထက်သော ဧရာမ ဓားကြီးကဲ့သို့ ရှေ့တည့်တည့်သို့ ပြေးသွားလေသည်။

သူ အခုမှ ဖြတ်ကျော်သွားပေမယ့် ကောင်းကင် ဒြပ်စင်ငါးခုကို လေ့ကျင့်နေတာကြောင့် သူ့ရဲ့ အစွမ်းက အံ့မခန်းပါပဲ။ လက်သီးတစ်ချက်ရဲ့ စွမ်းအားက ဟန်မိသားစုရဲ့ ဘိုးဘေးထက် မနည်းပါဘူး။

ဗုန်း!

အဓိပတိနယ်ပယ် နှစ်ခု၏ တိုက်ခိုက်မှုကြောင့် ခန်းမအလယ်တွင် မှိုတိမ်တိုက်တစ်ခု ပေါ်လာပြီး ပြင်းထန်သော စွမ်းအားများ တဟုန်ထိုး ပြန့်ကျဲသွားသည်။ ကြမိးပြင်ပေါ်တွင် အက်ကြောင်းများစွာ ပေါ်လာပြီး ခန်းမအတွင်းရှိ အကြီးအကဲ အများအပြားမှာ ထိတ်လန့်တကြားဖြင့် တညီတညွတ်တည်း ဆုတ်ခွာသွားကြသည်။

"အဓိပတိနယ်ပယ်?"

"လုရွှမ်ရဲ့ အခြွေအရံက အဓိပတိနယ်ပယ်လား?"

"အမြင့်မြတ်ဆုံး အဓိပတိနယ်ပယ်က ဘယ်လိုလုပ် တခြားသူရဲ့ အစေခံဖြစ်နိုင်မှာလဲ"

အဓိပတိနယ်ပယ် ဆိုသည်မှာ ဝူယန်အင်ပါယာတွင် ဘိုးဘေးများ အဆင့်တွင်သာ ရှိကြသည်။ ဘုရင်မင်းမြတ် ဟန်ချီသည်ပင်လျှင် ယဉ်ကျေးပျူငှာစွာ ကြင်နာယုယစွာ တွေ့ဆုံရပြီး ရိုင်းစိုင်းသောစကားများ မပြောဝံ့ပေ။

ဤလူမျိုးသည် အဘယ်ကြောင့် အတုတံဆိပ်နယ်ပယ်က ကလေးအတွက် ကျွန်အဖြစ် ထမ်းဆောင်လိုစိတ် ရှိနေသနည်း။

ကိုယ့်မျက်စိနဲ့သာ မမြင်ရရင် တကယ့် အစစ်အမှန်ဆိုတာ လုံးဝမယုံနိုင်ဘူး။

"ဒါက"

လူအုပ်ထဲမှာ အတုန်လှုပ် သွားဆုံးသူကတော့ ဟန်ရွှယ်ပါပဲ။ မုယန်ဖုန်းရဲ့ ခွန်အားက ဘယ်လိုလဲ ဆိုတာကို သူမ သိပါသည်။ ရက်အနည်းငယ် ကြာတဲ့အထိ သူမတို့ကို မတွေ့ရပေမယ့် ခဏအတွင်း အဓိပတိနယ်ပယ် ဖြစ်လာလိမ့်မယ်လို့ သူမ စိတ်ကူးပင် မယဉ်ခဲ့ဖူးချေ။

"ဟန်ရောင်...ခင်ဗျားလည်း လာလှုပ်ရှားသင့်တယ်.... သူ့ကို မြေပေါ်ရိုက်ချလိုက် ဒါမှ ငါတို့ပြောတာကို နားထောင်လိမ့်မယ်!"

တိုက်ပွဲ၏ ရလဒ်သည် ဤကဲ့သို့ ဖြစ်လာမည်ကို သိထားသဖြင့် လုရွှမ်သည် သူ့လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။

"ဟုတ်ကဲ့!"

ဟန်ရောင် ခေါင်းညိတ်လိုက်သည်။

ဘိုးဘေးကို မထီမဲ့မြင် မပြုလိုသော်လည်း သခင်ငယ်၏ စကားက မှန်ကန်ကြောင်းကိုလည်း သူသိသည်။

ယခုအချိန်တွင် ဘိုးဘေးကို အနိုင်ယူပြီးမှသာ သူ့ကိုယ်ပိုင် ရှင်းပြချက်ကို နားထောင်ပြီး သူ့ရှေ့ရှိ ဤလူငယ်သည် သူ့ကို သစ္စာရှိစေရုံ သာမက ဟန်မိသားစု တစ်ခုလုံးကိုပါ သစ္စာစောင့်သိစေနိုင်စွမ်း ရှိကြောင်း ယုံကြည်လိမ့်မည်။

"ဘိုးဘေး.... တောင်းပန်ပါတယ် အပြစ်ပြုမိပါပြီ!"

ဒါကိုသိတော့ ဟန်ရောင်က လုံးဝရပ်မနေတော့ဘဲ လက်သီးတစ်ချက် အဖြစ် ပူးပေါင်းလိုက်သည်။

သူသည် အဓိပတိနယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး မုယန်ဖုန်းထက် အရင် ဂိုဏ်းဆရာနယ်ပယ် အထွတ်အထိပ် အဆင့်သို့ ရောက်ရှိခဲ့တာကြောင့် သူ၏ စွမ်းအားသည် လုံးလုံးလျားလျား စုစည်းနေပြီ ဖြစ်သည်။

ပစ်ချက်၏ စွမ်းအားသည် မုယန်ဖုန်းထက် များစွာ အားကောင်းပြီး ရေစီးသန်နေသော မြစ်တစ်စင်းကဲ့သို့ အရှိန်အဟုန် ပြင်းလှသည်။

"အဓိပတိနယ်ပယ်? မင်း အဓိပတိနယ်ပယ်ကို ရောက်နေပြီလား?"

လက်သီးလေပြင်း ရွှေ့လျားလာသည်နှင့် တစ်ပြိုင်နက် ဟန်မိသားစု၏ ဘိုးဘေးသည် မုယန်ဖုန်း၏ ခွန်အားကြောင့် ထိတ်လန့်တုန်လှုပ်နေဆဲဖြစ်သည်။ ဟန်ရောင်လည်း ထိုးဖောက်သွားမည်ဟု စိတ်ကူးမယဉ်ခဲ့ဖူးပေ။

သူ့ခမျာ ထပ်ခါထပ်ခါ ပြန်ဆုတ်သွားရသည်။

သူသည် အဓိပတိနယ်ပယ်ကို ရောက်ရှိခဲ့သည်မှာ ကြာမြင့်နေပြီ ဖြစ်သော်လည်း အဓိပတိအဆင့်၏ အစောပိုင်းအဆင့်တွင် ရှိနေဆဲဖြစ်သည်။ တူညီသောအဆင့်ရှိ အင်အားကြီး နှစ်ယောက်ကို တွန်းလှန်၍မရပေ။

ဗုန်း!

ဒေါသကြီးသော စွမ်းအားများက စည်းလုံးမှု အပြည့်ဖြင့် တစ်ချိန်တည်းတွင် တိုက်ခိုက်လာခဲ့ကြသည်။

ဖူး!

ဟန်မိသားစု၏ ဘိုးဘေးသည် နံရံနှင့် နောက်သို့ ဆောင့်တိုက်လိုက်ရာ သွေးတစ်လုတ် အန်ကျရင်း မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။

အဓိပတိနယ်ပယ်သည် ခွန်အားပေါင်း တစ်သိန်း၏ စွမ်းအားကို ပိုင်ဆိုင်ထားပြီး ဖြစ်ပြီး ထိုလူနှစ်ယောက်က ပူးပေါင်းလိုက်လျှင် ဟန်မိသားစု၏ ဘိုးဘေးမှာ အားကောင်းနေသော်လည်း ယှဉ်ပြိုင်ရန် မဖြစ်နိုင်ပေ။

"အိမ်တော်သခင်က ထိုးဖောက်သွားပြီလား?"

ယခုအချိန်တွင် ဟန်မိသားစု၏ ဘိုးဘေးသာမက အခြားသူများလည်း ရူးသွပ်သွားကြသည်။

အထူးသဖြင့် ကြီးမြတ်သော အကြီးအကဲကြီး၏ ခန္ဓာကိုယ်သည် အလိုအလျောက် တုန်လှုပ်သွားပြီး မယုံနိုင်လောက်အောင် မင်သက်ဆွံ့အနေတော့သည်။

ဝူယန်အင်ပါယာတွင် အဓိပတိနယ်ပယ် ထိပ်တန်း စွမ်းအားရှင်များ ရှိသော်လည်း ဂိုဏ်းဆရာနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်မှ အဓိပတိနယ်ပယ်သို့ ဖြတ်ကျော်ရန် မည်မျှ ခက်ခဲသည်ကို သူတို့အားလုံး ရှင်းရှင်းလင်းလင်း သိထားကြသည်။

ဟန်ရောင်သည် အားမနည်းသလို ထိုအဆင့်ကို ဖြတ်ကျော်ရန် ဟန်မိသားစု၏ မျှော်လင့်ချက်အရှိဆုံး ဖြစ်သော်လည်း သူသည် နောက်ဆုံးအတားအဆီးကို အမှန်တကယ် ဖြတ်ကျော်လိုပါက အခွင့်အရေး ကြီးကြီးမားမား မရှိဘဲ မဖြစ်နိုင်ကြောင်းကိုလည်း သိထားရမည်။

ထို့အတွက်ကြောင့် ဘိုးဘေးကို လေးစားသော်လည်း မကြောက်ရွံ့ပေ။

ကန့်သတ်ချက်တွေကို အချိန်မီ ဖြတ်ကျော်ပြီး အိပ်မက်မက်ထားတဲ့ နယ်ပယ်ကို ရောက်နိုင်မယ်လို့ ထင်ခဲ့ပေမဲ့ တစ်ဖက်လူက အရင် ရုတ်တရက်ကြီး ဖြတ်ကျော်သွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး။

အစောက နှစ်ယောက်ပေါင်း တိုက်ကွက်ကို စဥ်းစားမိရင်း အကြီးအကဲကြီးများ ချွေးပင်ပြန်လာတော့သည်။

ဂိုဏ်းဆရာနယ်ပယ် ပြီးပြည့်စုံသော အဆင့်ဟူသည်မှာ စကားထဲထည့်ပြောရန် မလိုပေမယ့် အဓိပတိနယ်ပယ်ကတော့ မတူတော့ပါ။

ဘိုးဘေးတွေနဲ့ တန်းတူ ရပ်တည်နိုင်ဖို့ ခွန်အားတွေ ရှိနေပြီ။ အကယ်၍ ထိုသူက သူ့ကို သတ်လိုက်ရင်တောင် ဘယ်သူမှ မပြောရဲကြမှာ မဟုတ်ဘူး။

ဒါက ခွန်အားပဲ။

"သခင်လေး!"

ခန်းမတွင်းရှိ လူတိုင်း၏ ထိတ်လန့်တုန်လှုပ်မှု မည်သို့ပင် ရှိစေကာမူ ဟန်ရောင် နှင့် မုယန်ဖုန်းသည် လှုပ်ရှားမှုတစ်ခု ပြုလုပ်ပြီးနောက် လုရွှမ်၏ နောက်တွင်ရပ်ရန် ခြေလှမ်းအနည်းငယ် နောက်ပြန် ဆုတ်သွားခဲ့သည်။

"အခု...."

လုရွှမ်သည် သူ့လက်များကို ဝှေ့ယမ်းကာ အနည်းငယ် ပြုံးကာ သူ့ရှေ့ရှိ ဟန်မိသားစု၏ ဘိုးဘေးကို ကြည့်လိုက်သည်။

"ဆွေးနွေးစကား ပြောလို့ရပြီလား?"

All Chapters