ချင်မိသားစု၏ဘိုးဘေး (ဒုတိယပိုင်း)
Vol. 16 Ch. 2.80
အစောင့်နောက်သို့ လိုက်ကာ အဆောက်အအုံများစွာကို ဖြတ်လျှောက်သွားပြီးနောက် ခမ်းနားထည်ဝါသော နန်းတော်တစ်ခုဆီသို့ ရောက်လာခဲ့သည်။
ဝုန်း!
ခန်းမတံခါး ပွင့်သွားပြီး ဆူးယာအထဲသို့ ဝင်သွားခဲ့သည်။
ခန်းမ အလယ်ခုံမှာ အဘိုးကြီးတစ်ယောက် ထိုင်နေပြီး သူမနဲ့ အသက်တူတဲ့ အမျိုးသမီး တစ်ဒါဇင်လောက်က ခန်းမထဲ၌ မတ်တပ်ရပ်နေပြီး ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်နေကြသည်။
သခင်လေး ချင်ဟွာသည် လူအုပ်ကြီးရှေ့တွင် ရပ်နေလျက် သူ့ဘေးတွင် သက်ကြီးရွယ်အို အကြီးအကဲ များစွာ ရှိနေသည်။
ချင်ဟွာကို မြင်လိုက်ရတော့ ဆူးယာ မျက်လုံးတွေ တောက်ပလာပြီး သူ့ဆီသွားဖို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။
ဒီလူရဲ့ ဇနီးဖြစ်လာတာနဲ့ အဆင့်အတန်းချင်း မတူတဲ့အတွက် သဘာဝအတိုင်း လိုက်လျောညီထွေရှိတဲ့ သတ္တိတွေလည်း ရှိထားရမည်။
"ဆူးယာ ဘိုးဘေးကို ဂါရဝပြုပါတယ်"
"မဆိုးပါဘူး!"
အလယ်မှ အဘိုးအိုက သူ့မုတ်ဆိတ်မွေးကို ပွတ်သပ်ရင်း ခေါင်းညိတ်ပြပြီး
"ဟွာအာ... မင်းကိုယ်လုပ်တော်က တခြားသူတွေထက် အများကြီး ပိုဥာဏ်ကောင်းတာပဲ!"
"ကိုယ်လုပ်တော်?"
ဤအမည်ကို ကြားတော့ ဆူးယာ အံ့အားသင့်သွားတယ်။
သူမသည် ချင်ဟွာ၏ တရားဝင်ဇနီး ဖြစ်လာရမည် မဟုတ်လော။ ဘယ်လိုလုပ် ကိုယ်လုပ်တော် ဖြစ်သွားတာလဲ။
"ဘိုးဘေးကို တင်ပြပါတယ်.... ဒါက ကျန်းဝူအင်ပါယာကနေ ကျွန်တော် ရှာတွေ့ခဲ့တဲ့ မိန်းကလေးပါ.... သူ့ကို ၂၃ယောက်မြောက် ကိုယ်လုပ်တော် နေရာမှာထားဖို့ စီစဥ်ထားပါတယ်" ဟု ချင်ဟွာက ရှင်းပြသည်။
ယခုအချိန်တွင် ချင်ဟွာ၏ ဒဏ်ရာများသည် သက်သာလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ သူသည် သူ၏ခွန်အားကို အသုံးမချနိုင်သေးဘဲ ပုံမှန်အတိုင်း လမ်းလျှောက်နိုင်ခြင်းကပင် ပြဿနာကြီးကြီးမားမား မဟုတ်တော့ပေ။
"၂၃ ယောက်မြောက် ကိုယ်လုပ်တော်? ဒါက ဘာကိုဆိုလိုချင်တာလဲ?"
ဆူးယာ ခေါင်းကို လှည့်ကြည့်လိုက်ရင်း သူမမျက်နှာက ရုပ်ဆိုးသွားတော့သည်။
အဲဒီတုန်းက ချင်မိသားစုရဲ့ အကြီးအကဲက ဒီနေ့မှာ လက်ထပ်မယ်လို့ ပြောတဲ့အခါ သူမဟာ အဓိက ဇနီးဖြစ်လာမယ်လို့ ထင်ခဲ့သည်။ သူမဟာ တစ်ဦးတည်းသော ဇနီးမဟုတ်ဘဲ ဒီလောက် လူတွေ အများကြီးက ဘယ်တုန်းက ပေါ်လာတာလဲ။
၂၃ ယောက်မြောက် ကိုယ်လုပ်တော် တစ်ဦးအတွက် သခင်မဖြစ်လာရန်မှာ အိပ်မက်မက်နေတာသာ ဖြစ်ကြောင်း သေချာပါသည်။
အစောင့်တစ်ယောက်က တက်လာပြီး
"ငါတို့သခင်လေးက ကိုယ်လုပ်တော်ယူဖို့ ကြံစည်နေတာ....မင်းကို ကောင်းချီး မပေးရသေးဘူး ဒါကြောင့် မင်းနောက်ဆုံးအဆင့်ပဲ ရှိသေးတာ.... ရှေ့မှာ လူ၂၂ ယောက်ရှိနေပြီ ဆိုတော့ မင်းက၂၃ပေါ့!"
“ဒီလူတွေလား”
ဆူးယာသည် တစ်ခဏမျှ အေးခဲကာ မလှမ်းမကမ်းမှ အမျိုးသမီးများစွာကို လှမ်းကြည့်လိုက်သည်။
ဒီအမျိုးသမီးတွေ အားလုံးက အသက်၁၇ ၁၈နှစ်ကြား ရှိပြီး အားလုံးက ချောမောလှပကြပါသည်။
"ဟုတ်တယ်!" အစောင့်က ခေါင်းညိတ်သည်။
"ငါနဲ့သူတို့က..."
ဆူးယာ၏ သိမ်မွေ့သော ကိုယ်ခန္ဓာသည် တုန်လှုပ်သွားပြီး သူမ မေ့လဲလုမတတ် ဖြစ်သွားပေ၏။
သူသည် အခြားသော မောင်းမမိဿံ များစွာထဲမှ တစ်ယောက် ဖြစ်လာမည့် အကြောင်းကို သိခဲ့ပါက ငါသည် သေသည်အထိ ရိုက်နှက်ခံရလျှင်ပင် သဘောတူမည် မဟုတ်ပေ။
မောင်းမမိဿံတွေ အများကြီးရှိလို့ သူမရဲ့ အဆင့်အတန်းကလည်း မကောင်းတာတော့ သေချာပါသည်။
"ပါးစပ်ပိတ်ထား!! လုရွှမ်နဲ့ မင်းရဲ့ဆက်ဆံရေးကြောင့်သာ မဟုတ်ရင် ငါမင်းကိုဘယ်လိုလုပ် လက်ထပ်မှာလဲ? မင်းက တခြားသူဆီကနေ ကျန်ခဲ့တဲ့ ကျားလေးတစ်ကောင်ပဲ!"
သူမစကားကို ဖြတ်တောက်လိုက်ရင်း ချင်ဟွာက အေးစက်စွာ ဟစ်အော်လိုက်သည်။
"လုရွှမ်နဲ့ ကျွန်မရဲ့ ဆက်ဆံရေးကြောင့် ရှင်ကျွန်မကို လက်ထပ်ခဲ့တာလား?"
"လုရွှမ်က ငါ့ကို စိတ်ဆင်းရဲအောင် လုပ်ထားတာ.... အခု သူ့မှာ ဘုရင်ရွှမ်ဆိုတဲ အဆင့်အတန်းကို ရောက်နေပြီ...ပြီးတော့ တိမ်ဆွဲမျှော်စင်ရဲ့ ကိုးထပ်ကိုလည်း ဖြတ်ကျော်သွားပြီဆိုတော့ သူ့ကို သတ်ရတာ ခက်ပေမယ့် မင်းနဲ့တော့ မတူဘူးလေ....သူက မင်းနဲ့ငါ လက်ထပ်ပြီးရင် စုံစမ်းမေးမြန်းတာတွေ မလွဲမသွေရှိလိမ့်မယ်... သူ့ကိုသတ်ရမယ့် အချိန်ရောက်လာရင် တော်ဝင်မိသားစုက တစ်ခုခု ပြောချင်နေရင်တောင်မှ မဖြစ်နိုင်ဘူး!"
ချင်ဟွာ၏ မျက်လုံးများတွင် တင်းမာသောအကြည့်များဖြင့် တောက်ပနေ၏။
"ငါ့အတွက်တော့ မင်းက မြက်ကလေး တစ်ပင်ပဲ! ဒါပေမဲ့ စိတ်မပူပါနဲ့.... ငါမင်းကိုလက်ထပ်ပြီးကတည်းက တခြားသူတွေကို ဘာမှမပြောနိုင်တော့ဘူး မင်းက ၂၃ယောက်မြောက် ကိုယ်လုပ်တော်ပဲ ရှိသေးပေမယ့် အရမ်းတည်ငြိမ်တဲ့ အနေအထားပဲ"
"ရှင်...."
ဆူးယာ၏ တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး သူမနှလုံးသားဟာလည်း သေဆုံးလုမတတ် ဖြစ်သွားသည်။
ချင်ဟွာကို လက်ထပ်လိုက်တာဟာ ကောင်းကင်ကို ပျံတက်သွားပြီး ကြီးကျယ်ခမ်းနားတဲ့အောင်မြင်မှုတွေ ရလာလိမ့်မယ်လို့ သူမတွေးခဲ့မိသည်။ ဒီရလဒ်မျိုးကိုတော့ ဘယ်တုန်းကမှ အိပ်မက်မမက်ခဲ့ဘူး။
သူမသည် ထိုလူငယ်ကို ပြန်တွေးကာ ရတနာတစ်ခုအဖြစ် မှတ်ယူပြီး ကြီးကြီးကျယ်ကျယ် ထမင်းတစ်နပ်စားရန် လအတော်ကြာအထိ ယခင်က အရှက်ရခဲ့မှုကို သည်းခံခဲ့သည်။
သူမကံကြမ္မာကို ပြန်ပြောင်းဖို့ အခွင့်အရေးကို မျက်စိစုံမှိတ် မလိုက်ခဲ့ဘူးဆိုရင် အခုအခြေအနေက တခြားစီ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။
"ဘိုးဘေးကြီး....အဲဒီလုရွှမ် သေစေရမယ်လို့ အမိန့်ချပေးပါ... အကြီးအကဲ နှစ်ယောက်ဖြစ်တဲ့ ချင်ကန် နဲ့ ချင်ရွှမ်းက အခုထိ ပြန်မလာသေးဘူး.... သူတို့ အဆိပ်ခတ်ခံရတာ ဖြစ်နိုင်တယ်!"
မိမိကိုယ်မိမိ ဟုတ်လှပြီဟု ထင်နေသော ဆူးယာကို လျစ်လျူရှုပြီး ချင်ဟွာသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လက်သီးများကို ဆုပ်ထားသည်။
"စိတ်မပူပါနဲ့.... ငါတို့ ချင်မိသားစုရဲ့ အကြီးအကဲတွေကို တိုက်ခိုက်ရဲရင် သူသေရမှာပဲ!"
တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာပြီးနောက် ရက်ပိုင်းအတွင်းမှာပင် အတုတံဆိပ်နယ်ပယ်မှ ကောင်လေးသည် ချင်မိသားစုမှ လူများကို တိုက်ခိုက်ပြီး ချင်ဟွာကို ဒဏ်ရာရစေသည့် သတင်းကို သူကြားလိုက်ရသည်။
"ဟုတ်တယ်!! ချင်မိသားစုရဲ့ ဘုန်းအာနုဘော်ကို ရှုတ်ချလို့ မရပါဘူး..... သူ့ကိုမသတ်ရင် ကျုပ်တို့ ချင်မိသားစုကို လှောင်ပြောင်လိမ့်မယ်!"
"ဒီလိုလူမျိုး မသတ်ရင် လူတွေကို မျက်နှာပြရ ခက်သွားလိမ့်မယ်!"
"သူက အတုတံဆိပ်နယ်ပယ်က လူသေးသေးလေးပဲ ဘိုးဘေးသာ ခေါင်းညိတ်နေသရွေ့ ငါတို့ ချင်မိသားစုကို စော်ကားတဲ့ အကျိုးဆက်ကို သူသိအောင် ပြလိုက်မယ်"
ချင်မိသားစုမှ သက်ကြီးရွယ်အို အကြီးအကဲ အများအပြားသည်လည်း တစ်ချိန်တည်းမှာပင် အော်ဟစ်ဆူပူကာ တစ်စုံတစ်ယောက်ကို သတ်ဖြတ်ရန် ကြံရွယ်နေကြသည်။
"ဟုတ်ပြီ သူက လူသေးသေးလေးပဲလေ... ငါ့ကို နှောင့်ယှက်နေဖို့ မလိုဘူး....ချင်မင် မင်း ဟွာအာရဲ့ အစီအစဉ်ကို လိုက်နာပြီး သူ့ကို အမြန်ဆုံးသတ်ပစ်လိုက်!! ငါဟန်ချီကို ရှင်းပြလိုက်မယ်... စိတ်မပူနဲ့!"
ချင်မိသားစု၏ ဘိုးဘေးက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
သူ့အတွက် အတုတံဆိပ်နယ်ပယ်သည် သေးငယ်သော လူတစ်ဦးမျှသာ ဖြစ်ပြီး ဖော်ပြရန်ပင် မထိုက်တန်သောကြောင့် ၎င်းအတွက် လုံးဝစိတ်ပူစရာ မလိုပေ။
ဘုရင်မင်းမြတ် ဟန်ချီသည် တစ်ခုတည်းသော စိတ်ပူပင်မှုပင်။ သူသည် စကားများများစားစား မပြောသရွေ့ ဘုရင်ရွှမ်ဖြစ်စေ ပါရမီရှင်ဖြစ်စေ သေဆုံးပါက သူသည် လူသေဖြစ်သွားပြီမို့ ပြဿနာရှာလို့လည်း မရတော့ပေ။
"ဟုတ်ကဲ့!"
ချင်မိသားစု၏ အကြီးအကဲက ခေါင်းညိတ်ကာ သွားတော့မည့်အခိုက် တံခါးခေါက်သံ ကြားလိုက်ပြီး လေးလံသော တံခါးကြီးသည် တွန်းဖွင့်ခံလိုက်ရသည်။
"ဘိုးဘေးကို သတင်းပို့ပါတယ်...အပြင်မှာ လူတစ်ယောက်က တွေ့ခွင့်တောင်းနေပါတယ်"
အစောင့်တစ်ဦးသည် ခန်းမအလယ်တွင် ဒူးထောက်ကာ လက်သီးများကို ဆုပ်ကိုင်ထားလျက် ပြောလိုက်သည်။
"ဘယ်သူလဲ?"
ချင်မိသားစု၏ ဘိုးဘေးက မျက်မှောင်ကြုတ်လိုက်သည်။
"လက်ဆောင်ပေးဖို့ ဒီမှာကိုလာတယ်လို့ ပြောတယ်.... လက်ဆောင်သေတ္တာလည်း ပါလာတယ်"
"လက်ဆောင်တွေလား? ဒီလိုအသေးအဖွဲ့ ကိစ္စတွေနဲ့ ငါ့ကို နှောက်ယှက်ချင်နေတာလား"
ချင်မိသားစု၏ ဘိုးဘေးက မျက်မှောင်ကြုတ်လိုက်သည်။ သူက ချင်မိသားစုရဲ့ ဘိုးဘေးဖြစ်ပြီး အိမ်တော်ထိန်း မဟုတ်တဲ့အတွက် လက်ဆောင်ပေးတဲ့အခါတိုင်း သူ့ကို ပြန်ပြောစရာ မလိုချေ။
"ဒါပေမဲ့ ဒါပေမဲ့..." အစောင့်က တုန်တုန်ယင်ယင်နဲ့။
"ဒါပေမဲ့ ဘာဖြစ်လဲ? ပြောစမ်း!"
ချင်မိသားစု၏ အကြီးအကဲက မျက်ခုံးပင့်လိုက်သည်။
"အဲဒီလက်ဆောင်က..."
အစောင့်က လက်ဆောင်သေတ္တာကို အလျင်အမြန် ဖွင့်လိုက်ပြီး
"ဒါက အကြီးအကဲ နှစ်ယောက်ဖြစ်တဲ့ ချင်ရွှမ်းနဲ့ ချင်ကန်တို့ရဲ့ အလောင်းတွေပါ"
"ဘာ?"
လက်ဆောင်သေတ္တာထဲက အလောင်းကို မြင်လိုက်ရတော့ ခန်းမထဲက လူတိုင်းရဲ့ အမူအရာတွေက တစ်ပြိုင်နက် ပြောင်းလဲသွားတော့သည်။
အကြီးအကဲ နှစ်ယောက်ဖြစ်တဲ့ ချင်ရွှမ်း နဲ့ ချင်ကန်တို့ဟာ အသတ်ခံရတာ ဖြစ်နိုင်တယ်လို့ ပြောကြပြီး အလောင်းကို သူတို့ ကိုယ်တိုင် မျက်စိနဲ့ မြင်လိုက်ရတော့ အားလုံး ထိတ်လန့်သွားကြသည်။
၎င်းတို့နှစ်ဦးစလုံးသည် ဂိုဏ်းဆရာနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်ရ ကျွမ်းကျင်ပညာရှင်များ ဖြစ်ကြသည်။ သူသည် အဓိပတိနယ်ပယ် ကျွမ်းကျင်ပညာရှင် တစ်ဦးနှင့် မတွေ့ဆုံခဲ့ပါက သူတို့ကိုသတ်ရန် မဖြစ်နိုင်ပေ။
ယခုမူကား အလွန်သန်မာသော လူနှစ်ယောက်သည် ဤကဲ့သို့ သေဆုံးသွားပြီး အေးစက်သော အလောင်းများ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
"ဘယ်သူလဲကွ?"
ချင်မိသားစု၏ ဘိုးဘေးသည် အကြီးအကဲ နှစ်ဦး ဆုံးပါးသွားသည်ကို ကြည့်ပြီး ဘာမှ ဂရုမစိုက်နိုင်တော့ဘဲ နောက်ဆုံးတွင် မထိုင်နိုင်ဘဲ မတ်တပ်ရပ်လိုက်သည်။
"ငါပဲ!"
ခပ်ကျယ်ကျယ် အသံတစ်ခု ထွက်ပေါ်လာပြီးနောက် ပင်မခန်းမ တံခါးက "ဝုန်းကနဲ" ပွင့်သွားပြီး လူအများအပြား ဖြတ်ဝင်လာကြသည်။
"လုရွှမ်?"
အရှေ့ဆုံးက ရုပ်ကိုမြင်တော့ ချင်ဟွာက သူ့လက်သီးတွေကို ဆုပ်ထားလိုက်သည်။
"လုရွှမ်? သူငါ့ကိုရှာဖို့လာတာလား?"
လူအုပ်ထဲတွင် ရှိနေသည့် ဆူးယာသည် ထိုလူငယ်၏ရုပ်ကို မြင်လိုက်ရသည်။ သူမ မထိန်းနိုင်ဘဲ အေးခဲသွားပြီး သူမ၏ နူးညံ့သော ခန္ဓာကိုယ်သည် အလိုအလျောက် တုန်လှုပ်သွားသည်။
လုရွှမ်သည် သူမအတွက် ခံစားချက်များ ရှိနေသေးပုံရသည်။ မဟုတ်ပါက သူမသည် ချင်ဟွာနှင့် လက်ထပ်တော့မည်ဟု ကြားသောအခါ အဘယ်ကြောင့် အပြေးအလွှား လာနေရသနည်း။
ဘာသာပြန် - ဆူးယာ is ဟာသ။ သူနဲ့တော့ခက်ပြီ