← Chapters

ချင်မိသားစုဘိုးဘေးကို သတ်ခြင်း (ပထမပိုင်း)

Vol. 16 Ch. 2.81

ချင်မိသားစုဘိုးဘေးကို သတ်ခြင်း (ပထမပိုင်း)

Vol. 16 Ch. 2.81

ဆူးယာမှာ မူလက စိတ်ပျက်လက်ပျက် ဖြစ်နေပါပြီ။ လုရွှမ် လာနေတာကို မြင်တော့ ထူထဲတဲ့မီးတောက်က သူ့နှလုံးသားထဲမှာ တောက်လောင်နေပြီး မျက်လုံးတွေက မျှော်လင့်ချက်တွေနဲ့ ရှေ့ကို ပြေးသွားလေသည်။

"လုရွှမ်.... နင်ငါ့ကိုရှာဖို့ လာတာလား? ငါသေချာစဥ်းစားပြီးပြီ ငါနင်နဲ့အတူ ထွက်သွား... "

ဖြောင်း!

စကားမဆုံးမီတွင် ဟန်မိသားစု၏ ဘိုးဘေးက လက်ဖဝါးကို လွှဲရိုက်လိုက်ကာ စူးရှသောအသံဖြင့် ချက်ချင်းပင် လွင့်ထွက်သွားရာ နံရံပေါ်သို့ လဲကျကာ သွေးများ အန်ထွက်လာခဲ့သည်။

"ဘာတွေ လာနောက်နေတာလဲ? ဒီခွန်အားနဲ့များ ခိုးဝင် တိုက်ခိုက်ချင်နေသေးတာလား?"

ဟန်မိသားစု၏ ဘိုးဘေးက ခေါင်းယမ်းသည်။

ဒီအမျိုးသမီးက သခင်ငယ်ကို ဒုက္ခပေးဖို့ ရောက်နေပြီလို့ သူထင်တဲ့အတွက် အချိန်မီ လှုပ်ရှားလိုက်ခြင်း ဖြစ်လေသည်။

"ဟင်"

သူ လှုပ်ရှားလိုက်တာကို မြင်တော့ မုယန်ဖုန်း အံ့အားသင့်သွားပြီး လုရွှမ်ကို အလျင်စလို ကြည့်လိုက်သည်။ သူ့မှာ ဘာအမူအရာမှ မရှိတာကို တွေ့တော့မှ သူစိတ်သက်သာရာ ရသွားလေ၏။

ဟန်မိသားစုရဲ့ ဘိုးဘေးနဲ့ တခြားသူတွေက ဒီဆူးယာ အကြောင်းကို မသိကြဘူး။ သူနဲ့ လုရွှမ်တို့ဟာ ကျန်းဝူအင်ပါယာကနေ ဒီကို ရောက်လာကြပြီး ဒီမိန်းကလေးနဲ့ သခင်လေးတို့ကြားက ပတ်သက်မှုကြောင့် ပါးရိုက်ခံရရင် အသတ်ခံရမှာပဲလို့ တွေးလိုက်ပေမယ့် လူငယ်ကတော့ ဂရုမစိုက်ပေ။

"လုရွှမ်"

ဆူးယာ၏ စိတ်လှုပ်ရှားမှုနှင့် မတူဘဲ လုရွှမ်ကို မြင်သောအခါ ချင်ဟွာ၏မျက်လုံးများ ချက်ချင်းနီရဲသွားသည်။ ထို့နောက် သူ့မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများ တစ်ဖျပ်ဖျပ် တောက်လောင်လာ၏။

"ဒါ မင်းဘာသာ သေကြောင်းရှာတာပဲ"

စကားပြောပြီးနောက် သူက ခေါင်းကိုမော့ပြီး အလယ်မှာရှိတဲ့ ချင်မိသားစုရဲ့ ဘိုးဘေးကို ကြည့်လိုက်သည်။

"ဘိုးဘေး.... အဲဒီလူက ကျွန်တော့်ကို ဆိုးဆိုးရွားရွား ရိုက်ခဲ့တဲ့ လုရွှမ်ပဲ!! ဘိုးဘေး ကျွန်တော့်အတွက် လက်စားချေပေးမယ်လို့ မျှော်လင့်ပါတယ်!"

အော်ဟစ်ပြီးနောက် ဘိုးဘေးက သူ့ကို လျစ်လျူရှုထားပြီး ရှေ့တည့်တည့်ကို စိုက်ကြည့်နေကြောင်း တွေ့လိုက်ရသည်။

စိတ်ထဲတွင် ရှုပ်ထွေးနေသော သူ့အကြည့်ကို လိုက်ကြည့်ရင်း လုရွှမ်၏ နောက်တွင် ရပ်နေသော အဘိုးကြီးများသည် ရင်းနှီးနေပုံရသည်ကို သိလိုက်ရသည်။

"ဟန်မိသားစုနဲ့ ကျောက်မိသားစုရဲ့ ဘိုးဘေးတွေလား? ပြီးတော့ ကျောင်းအုပ်ကြီးဟန်ရော? သူတို့ ဒီမှာ ဘာလုပ်နေကြတာလဲ"

ထိုလူများ၏ အထောက်အထားများကို မှတ်မိပြီးနောက် သူ့မျက်နှာမှာ တမဟုတ်ချင်း မည်းမှောင်သွားသည်။

ဟန်မိသားစုနှင့် ကျောက်မိသားစု၏ ဘိုးဘေးများသည် တုနှိုင်းမရတဲ့ ဂုဏ်သိက္ခာရှိသော အဓိပတိနယ်ပယ်များ ဖြစ်ကြသည်။ ဤလုရွှမ် နှင့်အတူ သူတို့က အဘယ်ကြောင့် အတူရှိနေသနည်း။

လုရွှမ် အရှေ့ကို လျှောက်သွားနေတဲ့ ပုံစံက သူ့အဆင့်အတန်းက သူတို့နှစ်ယောက်ထက် ပိုမြင့်နေသလိုပင် ဖြစ်နေသည်။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ရုတ်တရက် ချင်ဟွာ၏ နှလုံးသားထဲတွင် ထူးဆန်းသော ကြိုတင် သတိပေးချက် တစ်ခု ထွက်ပေါ်လာသည်။

"ကျောက်ချွဲ့ ဟန်ရှောင်း....မင်းတို့က သတင်းမပို့ဘဲ ငါ့ဆီ တိုက်ရိုက်လာတာ ရှက်ဖို့မကောင်းဘူးလား?!"

ချင်မိသားစု၏ ဘိုးဘေးက မျက်လုံးများကို မှိတ်ထားလျက် ဘိုးဘေးကျောက် နှင့် ဘိုးဘေးဟန်တို့ နှစ်ယောက်ကို အေးစက်စွာ ကြည့်လိုက်သည်။

သူတို့နှစ်ဦးစလုံးသည် ထိပ်တန်းအာဏာရှင်များ ဖြစ်သော်လည်း တွေ့ဆုံလိုလျှင် ကြိုတင်ချိန်းယူရန် လိုအပ်ပါသေးသည်။ တိုက်ရိုက် အလျင်စလို ဝင်ရောက်လာပါက တစ်ဖက်သားအား မလေးစားမှု လွန်ကဲသွားမည် ဖြစ်သည်။

"ကျုပ်တို့က လုရွှမ်နဲ့ လာခဲ့တယ်....အခုနက ကြိုတင် သတင်းပို့တဲ့အနေနဲ့ ဂုဏ်ပြုလက်ဆောင်တွေတောင် ပေးလိုက်သေးတယ် မဟုတ်လား?"

ဟန်မိသားစု၏ ဘိုးဘေးက ရယ်လျက် ဆိုလိုက်၏။

"လုရွှမ်? ဂုဏ်ပြုလက်ဆောင်?"

ချင်မိသားစု၏ ဘိုးဘေးကြီး၏ မျက်လုံးများထဲတွင် လူသတ်လိုသည့် အငွေ့အသက်တွေ ပြည့်လျှံလာတော့သည်။ ဂုဏ်ပြုလက်ဆောင်မှာ အကြီးအကဲ နှစ်ယောက်ဖြစ်သည့် ချင်ရွှမ်းနှင့် ချင်ကန် တို့၏ အလောင်းများဖြစ်သည်။

သူတို့ လုရွှမ်လို့ခေါ်တဲ့ ဒီလူငယ်နဲ့ လက်တွဲလိုက်ပြီလား။

"မင်းတို့က ဒီလုရွှမ်ကို ကာကွယ်ပြီး ချင်မိသားစုကို ဆန့်ကျင်ချင်နေပုံပဲ!"

ချင်မိသားစုရဲ့ ဘိုးဘေးက တစ်ချက်ကြည့်လိုက်ကာ သူ့ရဲ့ လူသတ်ချင်စိတ်ကို ဖုံးကွယ်မထားတော့ဘဲ

"ငါတို့ ချင်မိသားစုကို စော်ကားခြင်းရဲ့ အကျိုးဆက်ကို မင်းကောင်းကောင်း စဉ်းစားထားရမယ်နော်!"

"အကျိုးဆက်?"

ဟန်မိသားစု၏ ဘိုးဘေးနှစ်ဦးနှင့် ကျောက်မိသားစု ဘိုးဘေးတို့သည် တစ်ချိန်တည်းတွင် ကဲ့ရဲ့ဟန်ဖြင့် ခေါင်းကို ခါယမ်းလိုက်ကြသည်။ ချင်မိသားစု၏ ဘိုးဘေးမှာ သေခြင်းတရားသည် သူ့ရှေ့တွင် ရှိနေသည်ကို သဘောပေါက်သွားပုံရသည်။

သူကလုရွှမ်ကို အေးစက်စွာဖြင့် တည့်တည့် စိုက်ကြည့်နေ၏။

"ဆရာကြီး...."

"ကောင်းပြီ.... ဒီကောင်က စကားအရမ်း များနေတယ် လှုပ်ရှားလိုက်တော့!"

လုရွှမ်က သူ့လက်ကို ဝှေ့ယမ်းရင်း အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့!"

ဝုန်း!

အသံဆုံးသည်နှင့် အခန်းထဲတွင် ချက်ချင်းဆိုသလို အင်အားအပြည့်ဖြင့် ဟန်မိသားစု၏ လူနှစ်ဦးနှင့် ကျောက်မိသားစု ဘိုးဘေးသည် အမိန့်ကိုရရှိပြီးနောက် ချက်ချင်းဆိုသလို လှုပ်ရှားလိုက်ကြလေ၏။

အဓိပတိနယ်ပယ်က လူနှစ်ယောက် တစ်ပြိုက်နက်တည်း လှုပ်ရှားလိုက်ရာ ဝိညာဥ်ချီသည် တဟုန်ထိုး စီးဆင်းနေသော မြစ်ကဲ့သို့ တစ်ခန်းလုံး ပြည့်သွားလေသည်။ တစ်ဖက်တွင် ရပ်နေသော အကြီးအကဲ အများအပြားသည် လေပြင်းနှင့် လှိုင်းများ ပုတ်ခတ်နေသော အထီးကျန် လှေတစ်စင်းလိုပင် ဖြစ်သွားသည်။

"မင်းတို့ ဘာလုပ်နေတာလဲ? ကျောက်ချွဲ့ ဟန်ရှောင်း.... မင်းတို့က သေလမ်းရှာနေတာပဲကွ!"

မထင်မှတ်ပဲ ဤဘိုးဘေးနှစ်ဦးသည် စကားမပြောဘဲ တိုက်ရိုက် လှုပ်ရှားလာခဲ့သည်။ ချင်မိသားစု၏ ဘိုးဘေးသည် မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ရုတ်ခြည်း ထရပ်လိုက်သည်။

လက်ဝါးကြီးဖြင့် ကြီးမားသော လက်ဖဝါးပုံနှိပ်ကို ဖန်တီးလျက် ကောင်းကင်နှင့်နေကို မီတာရာနှင့်ချီကာ ဖုံးအုပ်ထားသည့်နှယ် ထုတ်လွှတ်လိုက်သည်။

"ငါတို့က အဓိပတိနယ်ပယ် အတူတူ ဆိုပေမယ့် အစောဆုံးအဆင့်နဲ့ အလယ်အလတ် အဆင့်ကြားက ကွာဟချက်က ကောင်းကင်နဲ့ မြေကြီးလိုပါပဲ မင်းငါ့ကိုတိုက်ခိုက်ဝံ့ရင် မင်းဘယ်စျေး ပေးဆပ်ရမယ်ဆိုတာ သိသွားစေရမယ်!"

လက်ဖဝါးပုံနှိပ်များသည် ကျောက်ချွဲ့ နှင့် ဟန်ရှောင်းတို့၏ တိုက်ခိုက်မှုနှင့် တိုက်မိသွားခဲ့သည်။ အင်အား ၂၀၀,၀၀၀ ဖြင့် တိုက်ခိုက်ခြင်းဖြင့် ၎င်းတို့နှစ်ဦး၏ ပူးတွဲတိုက်ခိုက်မှုကို တစ်ကြိမ်တည်း အနိုင်ယူနိုင်ခဲ့သည်။

ဗုန်း ဗုန်း ဗုန်း!

ကျောက်မိသားစု၏ ဘိုးဘေးနှင့် ဟန်မိသားစု ဘိုးဘေးတို့သည် ရင်ဘတ်ထဲတွင် တင်းတင်းကျပ်ကျပ် ခံစားလိုက်ရကာ ခြေလှမ်းအနည်းငယ် နောက်ပြန် ဆုတ်သွားကြရသည်။

သူတို့နှစ်ယောက် ပူးပေါင်းထားသော်လည်း သူတို့သည် ချင်မိသားစု၏ ဘိုးဘေး၏ ပြိုင်ဘက်များ မဟုတ်ကြသေးပေ။

"ဟေ့ မင်းတို့ မိသားစုနှစ်စုက ငါသုတ်သင်ချင်နေတာ ကြာပြီမလား... ဒါပေမဲ့ အကြောင်းပြချက်ရှာလို့ မရလို့ ငြိမ်နေကြတာလေ သေမင်းကိုရှာဖို့ ဒီကိုလာကတည်းက မင်းတို့ကို ငါက ဖြည့်ဆည်းပေးရမှာပေါ့"

သူတို့နှစ်ယောက်ကို တစ်ချက်တစ်ချက် တွန်းလှန်ပြီးနောက် ချင်မိသားစု၏ ဘိုးဘေးက ရယ်မောကာ ရှေ့သို့ လျှောက်လာခဲ့သည်။

မိသားစုကြီး သုံးခုကြားက ဆက်ဆံရေးက သဟဇာတ မဖြစ်ခဲ့ပေ။ ချင်မိသားစုရဲ့ ဘိုးဘေးတွေက သူတို့ကို သတ်ပစ်ချင်နေတာ ကြာပြီ။ တော်ဝင်မိသားစုကို မကြောက်ဘူးဆိုရင် အခုအချိန်အထိ ဘယ်လို ဆက်ရှိနေနိုင်မလဲ။

ကျောက်မိသားစုနှင့် ဟန်မိသားစုတို့သည် သူ့အိမ်ကို ပြဿနာရှာရန် လာခဲ့ကြသောကြောင့် နောက်ဆုံးတွင် အခွင့်အရေးကို ရှာတွေ့ပြီဟု ခံစားမိလာ၏။

"ဘယ်သူသေမယ်ဆိုတာ မသေချာသေးပါဘူး!"

ဟန်မိသားစု၏ ဘိုးဘေးနှင့် ကျောက်မိသားစု ဘိုးဘေးတို့သည် မျက်ခုံးပင့်ကာ နောက်တစ်ကြိမ် လှုပ်ရှားလိုက်ကြသည်။

နှစ်ယောက်ပေါင်း၍ တွန်းလှန်ခဲ့ကြသော်လည်း တစ်ဖက်လူက ထိခိုက်ဒဏ်ရာ မရရှိခဲ့ပေ။

"အတူတူ လှုပ်ရှားရအောင်!"

"ကောင်းပြီ!"

နှစ်ယောက်သား တိုက်ခိုက်လိုက်သည်နှင့် မုယန်ဖုန်းနှင့် ဟန်ရောင်တို့၏ စကားသံများကို ကြားလိုက်ရပြီး ချက်ချင်းပင် ပြင်းထန်သော စွမ်းအင်များ ခုန်ထွက်လာလေသည်။

ဗုန်း!

အဓိပတိနယ်ပယ် စွမ်းအားလေးခုသည် ဓားနှင့်တူသော စွမ်းအားဖြင့် ကောင်းကင်ကို ဖြတ်သန်း ပေါင်းစပ်ကာ ချင်မိသားစု၏ ဘိုးဘေးများထံ တခဏချင်း တိုးဝင်လာသည်။

ဖူး!

ပါးစပ်မှ သွေးများ တဟုန်းဟုန်း ထွက်ကျလာပြီး ချင်မိသားစု၏ ဘိုးဘေးမှာ လေးယောက်ပေါင်း စွမ်းအားကို မတားနိုင်တော့ဘဲ အလယ်ထိုင်ခုံနှင့် ကျောကို ထိကာ မျက်လုံးတစ်မှိတ်အတွင်း ဒဏ်ရာအပြင်းအထန် ရသွားလေသည်။

သန်မာသော အလယ်အလတ်အဆင့် အဓိပတိနယ်ပယ် ဖြစ်သော်ငြား အစောပိုင်းအဆင့် နှစ်ယောက်ကိုသာ ထိန်းထားနိုင်သည်။ လေးယောက်ဆိုရင်တော့ သူလည်းပဲ ခံနိုင်ရည် မရှိတော့ပေ။

လုံးဝ ပြိုင်ဘက် မဟုတ်တော့ပေ။

"အဓိပတိနယ်ပယ်?"

"နောက်ထပ် အဓိပတိနယ်ပယ် နှစ်ယောက်လား?"

"ဟန်ရောင်က ထိုးဖောက်သွားပြီ??"

"ဒီတစ်ခါတော့ သွားပြီ... ဘိုးဘေး အန္တရာယ် ရှိနေပြီ"

ပတ်ဝန်းကျင်ရှိ ချင်မိသားစုမှ အကြီးအကဲ အများအပြားသည် ဤမြင်ကွင်းကို မြင်လိုက်ရသည်နှင့် သူတို့၏ မျက်နှာအရောင်များလည်း ပြောင်းလဲသွားသည်။

အဓိပတိနယ်ပယ် လေးယောက်ရဲ့ တိုက်ပွဲကို သူတို့လည်း ဝင်မတားနိုင်ပေ။ ထိုလေးယောက် တစ်ပြိုင်နက်တည်း တိုက်ခိုက်လာသောအခါ သန်မာသော ဘိုးဘေးကြီးပင်လျှင် ခုခံနိုင်စွမ်း မရှိတော့ပေ။

ဘိုးဘေးက မတားနိုင်ရင် ချင်မိသားစု ဘယ်လိုအခြေအနေမျိုး ကြုံရမလဲဆိုတာ စဉ်းစားစရာ မလိုအောင် သိလိမ့်မယ်။

"မဖြစ်နိုင်ဘူး....မဖြစ်နိုင်ဘူး သူက အဓိပတိနယ်ပယ်က လူလေးယောက်ကို ဘယ်လိုလုပ် အမိန့်ပေးနိုင်မှာလဲ? ဘယ်လိုလုပ် သူ့အမိန့်ကို နာခံကြမှာလဲ?"

ချင်ဟွာသည် မြင်လိုက်ရသည့် အရာကြောင့် မယုံနိုင်လောက်အောင် တုန်လှုပ်သွားသည်။

လုရွှမ်ကို ရန်ငြိုးထားပြီး ထိုတစ်ယောက်ကိုပဲ အာရုံစိုက်နေခဲ့သည်။ အဓိပတိနယ်ပယ် လေးယောက်က လူငယ်ရဲ့ အမိန့်ကို နာခံတာကို သူ့မျက်လုံးနဲ့ မြင်ခဲ့ရပေမယ့် ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

သူက အတုတံဆိပ်နယ်ပယ်က ကလေးလေးပဲလေ။ အဓိပတိနယ်ပယ် စွမ်းအားရှင်တွေက ဘာလို့ သူ့စကားကို နားထောင်ရတာလဲ။

သေချာပေါက် သူအမြင်မှားနေတာ ဖြစ်လိမ့်မည်။

သူ ထိတ်လန့်တုန်လှုပ် သွားရုံသာမက မယုံနိုင်ဘဲ တစ်ဖက်မှ ထလာသော ဆူးယာလည်း လုံးဝကို အံသြသွားသည်။

ယခင်က သူမ မထီမဲ့မြင် ပြုခဲ့သော ဤလူငယ်သည် အမှန်တကယ်ပင် အင်အားကြီး လေးယောက်ကို အမိန့်ပေးကာ ချင်မိသားစု၏ ဘိုးဘေးကိုသတ်ရန်ပင် ခေါ်ဆောင်လာခဲ့သည်။

အရင်ကတော့ ချင်ဟွာကို လက်ထပ်ဖို့ တွေးခဲ့ဖူးပြီး သူမရဲ့ လေးစားစရာကောင်းတဲ့ အဆင့်အတန်းကြောင့် သူမကို မရေမတွက်နိုင်တဲ့ လူတွေက မနာလို ဖြစ်ခဲ့ကြမည်။ ဒီမြင်ကွင်းကို မြင်ပြီးမှသာ သူမဟာ ဘယ်လောက်တောင် နုံအပြီး ရယ်စရာကောင်းတဲ့ တွေးခေါ်မှုမျိုး ရှိခဲ့မိလဲဆိုတာ သိလာခဲ့တော့သည်။

ချင်ဟွာ၏ ဇနီးသည် အဆင့်အတန်း မည်မျှမြင့်မားနေပါစေ အဓိပတိနယ်ပယ်ကို မည်သို့ အမိန့်ပေးနိုင်မည်နည်း။

ခဏလောက်ကြာတော့ သူမဟာ ကောင်လေးနဲ့ မနီးကပ်နိုင်တော့ဘဲ ဝေးကွာသွားသလို ခံစားလိုက်ရပြီး သူတို့နှစ်ယောက်ဟာ တစ်ကမ္ဘာတည်းက မဟုတ်တော့ဘူးလို့ပင် ခံစားလာရတော့သည်။

All Chapters