လေလံပွဲစတင်ခြင်း (ဒုတိယပိုင်း)
Vol. 16 Ch. 2.84
"အဓိပတိအဂ္ဂိရတ်ဆေး?"
ကူယတစ်ယောက် ချက်ချင်းလက်ငင်း အသက်ရှုကြပ်လာတော့သည်။
သူ၏ လက်ရှိခွန်အားသည် ဂိုဏ်းဆရာနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိသွားကာ အောင်မြင်မှုတစ်ခုနှင့် မလှမ်းမကမ်းသာ ဝေးကွာနေပါသည်။ ရိုးရိုးသားသား ပြောရလျှင် သူ့မှာသာ ရေခဲသွေးမြက်ရှိလျှင် ဤဆေးကို သူဝယ်ခဲ့သည်မှာ ကြာပြီဖြစ်သည်။
ကောင်လေးက သူ့ကို အဓိပတိအဂ္ဂိရတ်ဆေးနဲ့ ပေးဆောင်ဖို့ ဆန္ဒရှိနေတယ်လို့ ကြားလိုက်ရတော့ ဝမ်းသာလုံးစို့သွားတော့သည်။
"အပျော်မစောပါနဲ့.... ကျုပ်စိတ်ဝင်စားတဲ့ အရာနဲ့တွေ့မှ ထုတ်ပေးမှာ မရှိရင်တော့ ဒီအတိုင်း ထားလိုက်တော့"
သူဘာတွေ တွေးနေလဲဆိုတာ ခန့်မှန်းမိတဲ့ လုရွှမ်က ပေါ့ပါးတဲ့အသံနဲ့ ပြောလိုက်သည်။
"ဟုတ်!"
ကူယက မြန်မြန် ခေါင်းညိတ်ပြပြီး စိတ်လှုပ်ရှားမှု အများစုမှာ ပျောက်ကွယ်သွားလေ၏။
တစ်ဖက်လူသည် အဆင့်၉ အဂ္ဂိရတ်ပညာရှင် တစ်ဦးဖြစ်ပြီး ၎င်း၏အမြင်မှာ ပစ္စည်းက ကျေနပ်စရာ ကောင်းလောက်အောင် မြင့်မားနေရမည် ဖြစ်သည်။ လေလံပစ္စည်းကို စိတ်မဝင်စားပါက သို့မဟုတ် ဈေးမမြင့်လျှင်ပင် ရောင်းချမည် မဟုတ်ကြောင်း သိနိုင်သည်။
ထို့ကြောင့် သူ့ရဲ့ဆန္ဒဟာလည်း ပြီးမြောက်ဖို့ သိပ်မသေချာလေဘူး။
"ကောင်းပြီ ခင်ဗျားအရင် သွားလိုက်ပါ... တစ်ခုခုရှိရင် ကျုပ်ခေါ်လိုက်မယ်"
လုရွှမ်သည် သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ကူယကို ထွက်သွားခိုင်းလိုက်ပြီးနောက် အောက်ဖက်ရှိ လေလံခန်းတွင် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာ၏။
"လေလံပွဲစတင်ပါပြီ!"
လေလံပွဲ စတင်ပြီ။
တခဏချင်းမှာပဲ မရေမတွက်နိုင်တဲ့ မျက်လုံးတွေက အလယ်မှာရှိတဲ့ လေလံစင်မြင့်ကို စူးစိုက်ကြည့်နေကြပြီး လုရွှမ်လည်း မကြည့်နိုင်ဘဲ မနေနိုင်စွာ ကြည့်လိုက်သည်။
လေလံပွဲစတင်တာ တွေ့တော့ ကူယက သိပ်မစောင့်ဘဲ နှုတ်ဆက်ပြီး ထွက်သွားလေ၏။
"ဧည့်သည်တို့ အားလုံးပဲ လေလံပွဲကို လာရောက်ကြတာ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ဒီနေ့လေလံပွဲမှာ စုစုပေါင်း ပစ္စည်း ၁၇မျိုး ရှိပါတယ်... တစ်ခုချင်းစီက တန်ဖိုးကြီးပါတယ် အထူးသဖြင့် နောက်ဆုံးရတနာတွေပါ... ရှားပါးလို့ တခြားအင်ပါယာတွေမှာတောင် အလွယ်တကူ ရှာမတွေ့နိုင်ပါဘူး!"
အဘိုးအို တစ်ဦးသည် သူ့မျက်နှာပေါ်တွင် အပြုံးတို့ဖြင့် စင်မြင့်ပေါ်သို့ လျှောက်လာခဲ့သည်။
ဆရာကြီး မိုဟောင်။
သူသည် ဝူယန်အင်ပါယာတွင် နံပါတ်တစ် လေလံတင်သူ သာမက နံပါတ်တစ် အကဲဖြတ်သူလည်း ဖြစ်သည်။ သူသည် အကဲဖြတ်ခြင်း သို့မဟုတ် လေလံတင်ထားသည့် ရတနာတိုင်းကို အလွန်မြင့်မားသော စျေးနှုန်းဖြင့် ရောင်းချပေးနိုင်သည်။
"ကောင်းပြီ လူတိုင်းက စိတ်မရှည်စွာနဲ့ စောင့်နေကြတာကို သိပါတယ်.... ဒါကြောင့် အပိုစကားတွေ မပြောတော့ပါဘူး။ ပထမဆုံး လေလံတင်တဲ့ ပစ္စည်းကတော့... အဆင့်၆ ကျားဝက်ဝံခွန်အားဆေးပါ.... ဒီဆေးက သောက်တာနဲ့ လူတစ်ယောက်က ကျားတစ်ကောင်လို ဝက်ဝံတစ်ကောင်လို ခွန်အားတွေ ရရှိလာမှာပါ"
ဆရာကြီး မိုဟောင်က စတင် မိတ်ဆက်ပေးသည်။
အဂ္ဂိရတ်ပညာရှင် အဖွဲ့၏ လေလံပွဲ၌ အများစုမှာ ဆေးလုံးများဖြစ်ပြီး အချို့သော အဂ္ဂိရတ်ကိရိယာများ သို့မဟုတ် ထူးဆန်းသော ဆေးဝါးများလည်း ရှိနေတတ်သည်။ ၎င်းကို ခဏမျှကြည့်ပြီးနောက် လုရွှမ်သည် ချက်ချင်းပင် စိတ်ဝင်စားမှု မရှိတော့ပေ။
ဤအဂ္ဂိရတ်ဆေးများသည် အမြင့်ဆုံး အဆင့်၇သာ ရှိသည်။ သူ့အတွက်မှာ ၎င်းတို့ သည် မရှိမဖြစ် လိုအပ်သည်မဟုတ်ပေ။ သူတို့ ကို ဝယ်ပြီး ငွေ ဖြုန်းတီးမည့်အစား စိတ်တိုင်းကျ သန့်စင်လိုက်ခြင်းကသာ ပိုကောင်းသည်လေ။
သူ ဂရုမစိုက်တာကြောင့် တခြားလူတွေကို ဂရုမစိုက်ဘူးလို့ မဆိုလိုပါဘူး။ မကြာခင်မှာပဲ ထိုဆေးလုံးကို စျေးမြင့်မြင့်နဲ့ ရောင်းချနိုင်သွားပြီ။
အဂ္ဂိရတ်ဆရာများ၏ ဆေးလုံးသည် အဂ္ဂိရတ်ပညာရှင် မဟုတ်ပါက သာမန်လူများသည် ဝယ်ယူ၍ မရနိုင်ချေ။ ထို့ကြောင့် လေလံရုံမှာ ပေါ်ထွက်လာသည်နှင့် လူတိုင်းက ဝယ်ယူဖို့ ကြိုးစားကြလိမ့်မည်။
"ငါဝယ်မယ်"
အဆုံးတွင် ရွှေစသန်းပေါင်းများစွာကို အသုံးပြုခဲ့သော အမည်မသိ ကျင့်ကြံသူတစ်ဦးက ဝယ်ယူသွားခဲ့သည်။
ဆေး လေးလုံး ဆက်တိုက် ရောင်းချပြီးသွားပြီ။
ဟန်မိသားစု၊ တော်ဝင်မိသားစုနဲ့ ဒီကိုရောက်လာတဲ့ မိသားစုကြီးတွေက ဘာမှ မလှုပ်မယှက်ဘဲ ဆေးဝယ်တဲ့လူတွေဟာ အခြေခံအားဖြင့် လေလွင့်ကျင့်ကြံသူတွေ၊ မိသားစုငယ်တွေနဲ့ ဂိုဏ်းငယ်တွေပါပဲ။
"၅ခုမြောက် ရတနာကတော့ ဆေးမီးဖိုတွေ ဒါမှမဟုတ် အခင်းအကျင်း တံဆိပ်ပြားတွေကို သန့်စင်တဲ့အခါ သုံးလို့ရတဲ့ သတ္တုရိုင်း အပိုင်းအစပါ။ အဲဒါက ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိတယ်။ ဒါပေမဲ့ ဒီသတ္တုရိုင်းက ဘာလဲဆိုတာတော့ သေချာမသိပေမယ့် 70% သေချာတာကတော့ ဆန်းကြယ်ရွှေသံပဲ! တကယ်လို့ ရွှေသံအစစ်ဆိုရင် အဲဒါထက် ပိုတန်ဖိုးရှိမှာ သေချာပါတယ်.... စတင်ဈေးက ရွှေစ ၅သိန်း ဖြစ်ပြီး လေလံတစ်ကြိမ် ခေါ်တိုင်း ၁သိန်းထက် မနည်းရပါဘူး!”
ဆရာမိုဟောင်သည် ပဉ္စမမြောက်ရတနာကိုယူကာ ပတ်ဝန်းကျင်ကို ပြုံးပြ၍ မိတ်ဆက်ပေးသည်။
"လျှို့ဝှက်ဆန်းကြယ်ရွှေသံ?"
လုရွှမ်သည် ပျင်းသောကြောင့် မျက်လုံးမှိတ်ထားပြီး ထိုအသံကြားသော် ရုတ်ချည်းဖွင့်ကာ လေလံစင်မြင့်ကို တည့်တည့် စိုက်ကြည့်လိုက်သည်။
"တကယ်ကြီး ဆန်းကြယ်ရွှေသံပဲ!"
သူ့မျက်လုံးများက မကူညီနိုင်တော့အောင် တောက်ပလာသည်။
ဆရာကြီး မိုဟောင်၏ အကဲဖြတ်မှုမှာ မမှားချေ။ သူ၏အမြင်ဖြင့် ဤသတ္တုရိုင်းသည် ရွှေသံ၏ မူလကျောက်တုံးဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။
သန့်စင်ပြီးရင် အများကြီး ကျန်တော့မှာ မဟုတ်ပေမယ့် ဆန်းကြယ်ရွှေသံပဲ ဖြစ်နေသေးသည်။ ဤအရာသည် ယင်းယန်အကယ်ဒမီ၌ပင် များစွာ မတွေ့ရမှာကို စိုးရိမ်ရသည်။
"ဒီပစ္စည်းကိုသာ ရရင်...ဆန်းကြယ်ရွှေသံကို သန့်စင်ပြီး လျှိုဝှက်မှော်အခင်းအကျင်း ရေးဆွဲလိုက်လို့ရတယ်... ဖွဲ့စည်းမှုကို တစ်ရှိန်ထိုး ချိုးဖျက်ပြီး အဆင့်၉ အခင်းအကျင်း တံဆိပ်ပြား ဖြစ်လာနိုင်တယ်"
လုရွှမ် အနည်းငယ် ပြုံးလိုက်သည်။
ရွှေသံမျှသာသာ ဖြစ်ခဲ့လျှင် သူသည် သွေးဆောင်ခံရမည် မဟုတ်ပေ။ အဓိကအချက်မှာ သူ၏လက်ထဲတွင်ရှိသော လျှိုဝှက်မှော်အခင်းအကျင်း တံဆိပ်ပြားသည် ဤပစ္စည်းမှ သန့်စင်ထားခြင်း ဖြစ်သည်။
ယခင်က မည်သည့်အရာမျှ မရှိသောကြောင့် အခင်းအကျင်း ရေးဆွဲရင်း စိတ်စွမ်းအားကို မြှင့်တင်ဖို့ မဖြစ်နိုင်ခဲ့ချေ။ ဒီအချိန်မှာ ဒီရွှေသံကိုဝယ်ပြီး သန့်စင်ပြီးတာနဲ့ အဆင့်၈ ကန့်သတ်ချက်တွေကို ကျော်ဖြတ်ပြီး ပိုမြင့်တဲ့အဆင့်ကိုရောက်သွားမှာ သေချာလေသည်။
"မုယန်ဖုန်း... အဲဒီကျောက်ကို ဝယ်လိုက်!"
ဒါကိုတွေးပြီး လုရွှမ်က မဆိုင်းမတွ အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့!" မုယန်ဖုန်းက ခေါင်းညိတ်လိုက်ပြီး
"၆သိန်း!"
"လျှို့ဝှက်ဆန်းကြယ်တဲ့ ရွှေသံလား? တကယ်လျှို့ဝှက်ဆန်းကြယ်တဲ့ ရွှေသံဆိုရင် ၅သိန်းက တကယ်စျေးမကြီးဘူး... ငါဝယ်မယ်! ၇သိန်း"
ဈေးခေါ်လိုက်တာနဲ့ ဘေးတစ်ဖက်ရှိ သီးသန့်အခန်းက အသံတစ်သံ ထွက်လာသည်။
"၈သိန်း!"
"တစ်သန်း"
ဆန်းကြယ်ရွှေသံ ဖြစ်နိုင်ကြောင်းကြားတော့ လူများစွာ၏ မျက်လုံးထဲတွင် လောဘကြီးလာသည်။
ဆန်းကြယ်ရွှေသံသည် ဆေးမီးဖိုများနှင့် အခင်းအကျင်းများကို သန့်စင်နိုင်ရုံ သာမက လက်နက်များအဖြစ် သန့်စင်နိုင်သလို လက်နက်များကို အဆင့်မြင့်မားအောင်လည်း မြှင့်တင်ပေးနိုင်သည်။ ဆွဲဆောင်မှုမှာ အဆင့်၇ အဂ္ဂိရတ်ဆေးလုံးထက် ပိုတန်ဖိုးရှိပြီး မည်သူမျှ ငြင်းဆန်နိုင်မည် မဟုတ်ပေ။
မကြာခင်မှာ ရွှေစ နှစ်သန်းခွဲအထိ ဈေးတက်သွားသည်။ ဤဈေးဖြင့် အရှိန်အဟုန်က ရပ်တန့်သွားသည်။
ဤနေရာသို့ ရောက်ရှိလာသော မိသားစုကြီးများသည် မိမိတို့၏ ခွန်အားကို ထိန်းသိမ်းကာ နောက်ဆုံး ရတနာအတွက် ယှဉ်ပြိုင်နေခြင်း ဖြစ်သည်။ ဆန်းကြယ်ရွှေသံက အဖိုးတန်ပေမယ့် အဓိပတိအဂ္ဂိရတ်ဆေးနဲ့ ယှဥ်လိုက်ရင်တော့ ဘာမှမဟုတ်တော့ပေ။
ထို့အတွက်ကြောင့် မိသားစုကြီးများသည် လှုပ်ရှားခြင်း မပြုခဲ့ရာ စျေးနှုန်းသည် အတိုင်းအတာတစ်ခု အထိ မြင့်တက်သွားပြီး ရပ်တန့်သွားသည်။
"နှစ်သန်းခွဲ.... ဒီစျေးထက်ပေးနိုင်တဲ့ တစ်စုံတစ်ယောက်များ ရှိသလား? မရှိရင်တော့ သီးသန့်ခန်း၇က မိတ်ဆွေက ရရှိတော့မှာ ဖြစ်ပါတယ်"
ဆရာကြီး မိုဟောင် လှည့်ကြည့်လိုက်သည်။
"သုံးသန်း!"
လုရွှမ်သည် တစ်ဖက်လူ၏ စျေးနှုန်းမြှင့်၍ ခေါ်နေခြင်း ရည်ရွယ်ချက်မှာ အခြားသူများကို ဆွဲဆောင်ရန်ဖြစ်ကြောင်း သိထားသောကြောင့် ဆက်လက်အာရုံစိုက်ရန် ပျင်းရိလွန်းသဖြင့် လက်ကိုဝှေ့ယမ်းကာ မုယန်ဖုန်းကို စျေးနှုန်းတင်ရန် ပြောလိုက်သည်။
"သုံးသန်း?"
"ရွှေသံတစ်ထည်ကို သုံးသန်းနဲ့ ဝယ်ဖို့ မတန်ဘူး!"
"ရွှေသံအစစ်ဆိုရင်တောင်မှ ဒီဈေးနဲ့ပဲရှိတာမလား?"
"ဘယ်ကငတုံးလဲ မသိဘူး"
လုရွှမ်၏ ဈေးကို ကြားတော့ လေလံခန်းမ တစ်ခုလုံး တိတ်ဆိတ်သွားပြီး အားလုံးက ခေါင်းယမ်းလိုက်ကြသည်။
ဆန်းကြယ်ရွှေသံသည် အဖိုးတန်သော်လည်း သန်မာသော လက်မှုပညာရှင်မပါဘဲ အရည်ကျို၍ မရသည့်အပြင် ဤအရာသည် အစစ်ဟုတ်လား မဟုတ်လား သံသယဖြစ်ဖွယ်ရှိသည်။ သံသယဖြစ်ဖွယ် ပစ္စည်းအတွက် သုံးသန်းဆိုတာက မတန်ချေ။
"သုံးသန်းကျော် ပေးနိုင်သူ ရှိသလား? မရှိရင် ဒီရွှေသံကို သီးသန့်အခန်း၃က ရရှိမှာ ဖြစ်ပါတယ်"
ဆရာကြီး မိုဟောင်က ဆက်ပြောသည်။
လုရွှမ်၏ တည်ရှိရာမှာ သီးသန့်အခန်း၃ ဖြစ်လေသည်။
အဂ္ဂိရတ်ပညာရှင် အဖွဲ့သည် ဧည့်သည်၏အမည်ကိုမဟုတ်ဘဲ သီးသန့် အခန်းနံပါတ်ကို အသုံးပြုထားသည်။ ပထမအချက်မှာ လေလံတင်ရောင်းချသည့် ပစ္စည်းများကို ပထမဦးစွာ တစ်စုံတစ်ခု ဝယ်ယူသောအခါတွင် အခြားသူများ၏ လက်တုံ့ပြန်ခြင်းကို ရှောင်ရှားနိုင်သည်။
ဒုတိယအချက်မှာ အင်အားကြီးသူများသည် အခြားသူများကို ဖိနှိပ်ခြင်းမှ ရှောင်ရှားနိုင်သည်။
ဈေးထက်ခေါ်သူ မရှိတော့တာကြောင့် ရွှေသံကို လုရွှမ်မှ ရရှိသွားခဲ့သည်။
ခဏကြာတော့ တံခါးက “ဝုန်း” ခနဲပွင့်လာပြီး ဆန်းကြယ်ရွှေသံကို လာရောက် ပို့ဆောင်လေ၏။