သစ်သားနီ
Vol. 16 Ch. 2.86
"သခင်လေး"
သခင်လေး၏ အသွင်အပြင်ကို မြင်လိုက်ရတော့ မုယန်ဖုန်းသည် ခဏတာ အံ့အားသင့်သွားပြီးမှ လုရွှမ်၏ လက်ကို ဝှေ့ယမ်းရင်း အမိန့်ပေးသံကို ကြားလိုက်ရသည်။
"ဝယ်လိုက်!"
"ဟုတ်ကဲ့!"
မုယန်ဖုန်းသည် သူ့စကားကို မငြင်းဝံ့ဘဲ ခေါင်းညိတ်လိုက်သည်။
"ရွှေစ ၂ သန်း!"
"ပစ္စည်းကိုသိတဲ့ မိတ်ဆွေတစ်ယောက် ရှိတာပဲ... တတိယ သီးသန့် အခန်းက မိတ်ဆွေက စျေးနှုန်းကို ခေါ်လိုက်ပါပြီ... နှစ်သန်းလောက်က များပေမယ့် ဒီအရာအတွက် သေချာပေါက် အရှုံးတော့ မရှိပါဘူး"
ဈေးခေါ်သူ တစ်ဦးရှိသည်ကို မြင်လျှင် ဆရာကြီး မိုဟောင်သည် သက်ပြင်းချကာ ဆက်လက် တရားဟောလေသည်။
"သစ်သားလေး တစ်ခြမ်းဝယ်ဖို့ နှစ်သန်းတောင် ထုတ်တယ်? ဒီနံပါတ် ၃ သီးသန့်အခန်းရဲ့ အမြင်က သိပ်မကောင်းဘူး ထင်တယ်!"
"ရွှေသံနဲ့တူတဲ့ တစ်စုံတစ်ခုကို ဝယ်ဖို့ သုံးသန်းလောက် ကုန်သွားမှာလေ ပိုက်ဆံတွေကို မီးရှို့နေတာနဲ့ မတူဘူးလား?"
"ဘာပဲဖြစ်ဖြစ် ငါတို့နဲ့ဘာမှမဆိုင်ဘူး... ငါတို့က ငါတို့ရဲ့စွမ်းအင် အားလုံးကို နောက်ဆုံးတစ်ခုထဲကိုပဲ ထည့်ထားလိုက်မယ်!"
"ဈေးဘယ်လောက်ပဲရှိရှိ အဓိပတိအဂ္ဂိရတ်ဆေးကို ရမှဖြစ်မယ်"
နံပါတ် ၃ သီးသန့်အခန်းတွင် စျေးနှုန်းကို ခေါ်လိုက်ခြင်းက အခြားသူများကို မသွေးဆောင်ခဲ့ပေ။ ထိုအစား အော်ငေါက်သည့် စကားလုံးများသာ ထွက်ပေါ်လာခဲ့သည်။
လူတိုင်း၏ အမြင်တွင် လေလံပွဲ စင်မြင့်ပေါ်ရှိ အရာသည် သစ်သားတုံး တစ်တုံးသာဖြစ်ပြီး ဤမျှ ကြီးမားသော ရွှေစနှစ်သန်း တန်ဖိုးရှိမည်မဟုတ်သည်မှာ သေချာပါသည်။
ဝယ်လိုက်သူက အရူးသာ ဖြစ်လိမ့်မည်။
"ဆရာကြီး ဝယ်ချင်လို့လား?"
အခန်းထဲမှာတော့ လုရွှမ်ရဲ့ ဆုံးဖြတ်ချက်ကို ကြားတာနဲ့ ကူယမှာ အေးခဲသွားလေ၏။
ဒီသစ်သားက ရွှေစ ၂ သန်းလောက် တန်ဖိုးရှိတယ်လို့ ပြောပေမယ့် သူ့စိတ်ထဲမှာတော့ အယုံအကြည် သိပ်မရှိသေးပေ။
သခင်လေးက ခုနကပြောခဲ့တဲ့ စကားကြောင့် စိတ်မြန်လက်မြန်ဝယ်ပြီး နောက်ပိုင်း နောင်တရသွားရင် သူ့ရှေ့ကလူကို လုံးဝစော်ကားလိုက်တာနဲ့ တူလေသည်။
"အင်း!" လုရွှမ်က ခေါင်းညိတ်သည်။
"ဆရာကြီး ဒါကိုသိလား"
ကူယသည် လူငယ်သည် အဆင့်၉ အဂ္ဂိရတ်ဆရာတစ်ဦး ဖြစ်သည်ကို သိလျက်နှင့် ပြောင်မြောက်သော အမြင်အာရုံဖြင့် မမေးဘဲမနေနိုင်ခဲ့။
"ကျုပ်က ထူးဆန်းတယ်လို့ ထင်မိလို့"
လုရွှမ်က အများကြီး မပြောချေ။
ဤသစ်သားသည် ရွှေစ၂ သန်း မတန်ဘူးဟု လူအများစုက ထင်ကြသည်။ မုယန်ဖုန်းသည် စျေးနှုန်းကို အော်ပြောပြီးနောက်တွင် မည်သူမျှ ယှဉ်ပြိုင်ရန် မရှိတော့ပေ။ မကြာမီ ဆူညံ့သံများ ငြိမ်သက်သွားပြီး လုရွှမ်က ၎င်းကို ဝယ်လိုက်သည်။
လူတိုင်းက မ၀ယ်ကြဘူး။ ပထမအချက်က တန်ဖိုးမရှိဘူးလို့ ခံစားရလို့ဖြစ်ကာ ဒုတိယအနေနဲ့ လေလံပွဲက နောက်ကျနေပြီ။ အရေးကြီးဆုံး အဓိပတိအဂ္ဂိရတ်ဆေးက စင်မြင့်ထက်ကို ရောက်ရှိတော့မည်။ လူတိုင်းက အဆုံးအထိ သူတို့ရဲ့ ခွန်အားကို စုဆောင်းဖို့ စီစဉ်ခဲ့ကြတာမို့ တစ်ပြားမှ မဖြုန်းတီးနိုင်ကြပေ။
ခဏအကြာတွင် တံခါးပွင့်လာပြီး သစ်သားကို ယူဆောင်လာခဲ့သည်။
သစ်သားကို ယူပြီးနောက် လုရွှမ်၏ လက်ချောင်းများသည် ၎င်းကို အသာအယာ ထိလိုက်ရင်း သူ့မျက်လုံးများ ပိုမိုတောက်ပလာခဲ့သည်။
"ဒါက တကယ်ပဲကိုး! ဟားဟား.... ကောင်းကင်က ငါ့ကို ကူညီနေတာပဲ"
"ဆရာကြီး....ဒါက ဘာလဲ?"
သခင်လေး ဘာပဲလုပ်လုပ် သူသည် အလွန်တည်ငြိမ်အေးဆေး နေသော်လည်း ယခုအခိုက်အတန့်တွင် သစ်သားတစ်စကြောင့် တအံ့တသြ ဖြစ်နေရာ မုယန်ဖုန်းသည် သူ့ကိုကြည့်ရုံမှတစ်ပါး ကူကယ်ရာမဲ့သွားသည်။
"ဆရာကြီး မိုဟောင် ပြောတာ မှန်တယ်... ဒါက သစ်သား အပိုင်းအစ ဖြစ်ပြီး အပေါ်က မျဉ်းကြောင်းတွေက တကယ့်ကို သဘာဝကျကျ ဖွဲ့စည်းထားတာ!"
သစ်သားကို လက်ဖဝါးထဲ ထည့်၍ သေချာကြည့်နေသည်။
မျှော်လင့်ထားသည့်အတိုင်း မုယန်ဖုန်း နှင့် တခြားသူများသည်လည်း ၎င်းပေါ်တွင် လိုင်းကောင်းများ ထူထပ်စွာ ရှိထားသည်ကို တွေ့လိုက်ရသည်။
ဤမျဥ်းကြောင်းများသည် ရှုပ်ထွေးလွန်းသဖြင့် လူများကို ကြည့်ပြီးနောက် အနည်းငယ် မူးဝေခြင်းကိုပင် ခံစားရစေနိုင်သည်။
သဘာဝဖွဲ့စည်းမှု မဟုတ်ဘဲ လူလုပ်ထားသည့် ဖွဲ့စည်းမှုဟု ဆိုပါက အချို့လူများက ၎င်းကို သေချာပေါက် ယုံကြည်ကြမည် ဖြစ်သည်။
"ကောင်းပြီ.... ဒီအရာက ငါ့အတွက် တကယ်အသုံးဝင်လားဆိုတာ စဉ်းစားဖို့ လိုနေသေးတယ်!"
လူတိုင်း နားမလည်သေးတာကို မြင်တော့ လုရွှမ် သာမန်အတိုင်းသာ ပြောလိုက်တော့သည်။
ဒီအကြောင်းကို သူ မပြောချင်တာ မဟုတ်ဘဲ ဒီပစ္စည်းရဲ့ အစွမ်းက အံ့သြစရာ ကောင်းလွန်းနေတာကြောင့် ထုတ်ဖော်မပြတာ အကောင်းဆုံးပဲ ဖြစ်လေသည်။
"မုယန်ဖုန်း.... ဒီမှာနေခဲ့ အဓိပတိဆေးလုံးရောင်းပြီးရင် ရေခဲသွေးမြက်ခင်းကို ယူလာခဲ့.... ငါလုပ်စရာ ရှိသေးတယ်.... ဒါကြောင့် အရင်ပြန်လိုက်မယ်"
စကားဆက်မပြောဘဲ ချက်ချင်း မတ်တပ်ထရပ်ကာ လှည့်ထွက်လာခဲ့သည်။
အဓိပတိအဂ္ဂိရတ် ဆေးလုံးကို လေလံတင်ရောင်းချရခြင်း၏ ရည်ရွယ်ချက်မှာ ရေခဲသွေးမြက်များကို လဲလှယ်ရန်ဖြစ်ပြီး အဆိုပါ လုပ်ငန်းစဉ်ကို ဂရုမစိုက်ဘဲ ဤနေရာ၌ အချိန်ဖြုန်းနေမည့် အစား ရွှေသံကို ပြန်လည်ပြုပြင်ရန်နှင့် လျှိုဝှက်မှော်အခင်းအကျင်းကို သန့်စင်ရန် အချိန်ကို ဆုပ်ကိုင်ထားရမည် ဖြစ်သည်။
အဆုံးတွင် လေလံတင် ရောင်းချမည့် အဓိပတိအဂ္ဂိရတ်ဆေးဆီက လူတိုင်းဟာ ဆွဲဆောင်ခံထားရပြီး သူ့အား မည်သူမျှ ဂရုမစိုက်ခဲ့ကြပေ။ ခဏအကြာတွင် လုရွှမ်သည် ၎င်း၏နေအိမ်သို့ ပြန်လည်ရောက်ရှိလာပြီး စိတ်လှုပ်ရှားစွာဖြင့် ကျောက်စိမ်းပြားထဲ ဝင်ရောက်လာခဲ့သည်။
ဝူ!
အာကာသ မှော်လက်နက်ထဲသို့ ဝင်ပြီးနောက် လုရွှမ်သည် လက်ဖဝါးကို ဝေ့ယမ်းလိုက်ရာ သူအရင်ဝယ်ခဲ့သော သစ်သားသည် သူ့မျက်လုံးများရှေ့တွင် ပေါ်လာ၏။
"အနီရောင်သစ်သားလား? ကောင်လေး မင်းဒီလောက်ကောင်းတဲ့ ပစ္စည်းကို ဘယ်ကရခဲ့တာလဲ?"
သစ်သား ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကျောက်ပြားပေါ်တွင် ရပ်နေသော ကျီးကန်းသည် ရုတ်တရက် မျက်လုံးပွင့်လာပြီး အံ့သြစွာ မေးလိုက်သည်။
"ငါလေလံပွဲမှာ အခုပဲ ဝယ်လာခဲ့တာ.... ဝူယန်အင်ပါယာလိုမျိုး သေးငယ်တဲ့ နေရာလေးမှာ ဒီပစ္စည်းကို ပိုင်ဆိုင်ရဖို့ မမျှော်လင့်ထားဘူး"
လုရွှမ် စိတ်လှုပ်ရှားပြီး ဂုဏ်ယူစွာ ရယ်မောလိုက်သည်။
"ဝိညာဥ်နီသစ်သားက စိတ်ဝိညာဉ်ကို ထိန်းထားနိုင်တယ်....သူက အရမ်းရှားပါးတယ် အခုလိုရလာတာက တကယ်ကို ကံကောင်းပါတယ်"
ကျီးကန်းသည် ဤတစ်ကြိမ်တွင် မချေပဘဲ ခေါင်းတညိတ်ညိတ်ဖြင့် ဆက်မေးလေ၏။
"ဝိညာဥ်နီသစ်သားက စိတ်ဝိညာဉ် သခင်တွေအပေါ် ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိတယ်လေ.... မင်း ဝိညာဉ်သခင် ဖြစ်ချင်တာလား?"
"ဟုတ်တယ်!" လုရွှမ်က ခေါင်းညိတ်လိုက်ပြီး
"ဝိညာဉ်သခင်တွေက တိုက်ခိုက်ဖို့ သူတို့ရဲ့ ဝိညာဉ်စွမ်းအင်တွေကို အားကိုးတယ်... မမြင်နိုင်တဲ့ အရိပ်မဲ့တွေ အဖြစ် မိုင်ထောင်ပေါင်းများစွာ အဝေးက ရန်သူတွေကို တစ်ချက်တည်းနဲ့ သတ်ပစ်နိုင်တယ်။ သူတို့တွေက တိမ်ပင်လယ် တိုက်ကြီးတစ်ခုလုံးမှာ ကြောက်စရာ အကောင်းဆုံး ကျင့်ကြံသူတွေပဲ...တကယ်လို့ အောင်မြင်နိုင်ရင် ဒီအခွင့်အရေးကို လက်လွှတ်လို့ မဖြစ်ဘူး...."
"ဝိညာဥ်သခင် ဖြစ်လာရင် ဝိညာဥ်စွမ်းအားနဲ့ တိုက်ခိုက်တဲ့နေရာမှာ အကူအညီ ကြီးကြီးမားမား ရနိုင်တယ်"
ကျီးကန်းကလည်း တုံ့ပြန်သည်။
တိမ်ပင်လယ် တိုက်ကြီးတွင် ကိုယ်ခံပညာ ကျင့်ကြံသူများအပြင် အဂ္ဂိရတ်ပညာရှင်၊ လက်နက်သန့်စင်သူနှင့် အခင်းအကျင်း ဖွဲ့စည်းရေးဆရာစသည့် အခြားသော အရာများစွာ ရှိသေးသည်။
ပညာရှင်တိုင်းတွင် မတူညီသော နည်းလမ်းများနှင့် လက္ခဏာများ ရှိကြပါသည်။ ဥပမာ အဂ္ဂိရတ်ဆေးနည်းများကို အားကိုးသော အဂ္ဂိရတ် ပညာရှင်တစ်ဦးသည် မရေမတွက်နိုင်သော ကျင့်ကြံသူများကို ကြောက်လန့်ပြီး အလွယ်တကူ မလှုပ်ရှားဝံ့အောင် လုပ်နိုင်သည်။
အခင်းအကျင်း ဖွဲ့စည်းမှုသခင်များသည် အင်အားကြီးမားသော အခင်းအကျင်းများကို သန့်စင်ပေးနိုင်သည်။ သန်မာသော ကျင့်ကြံသူများ ယင်းထဲသို့ကျလျှင်ပင် ရိုက်နှက်ခြင်းသာ ခံရလိမ့်မည်။
အသက်ကယ်နည်း များစွာရှိသော်လည်း အသက်မွေးဝမ်းကျောင်း လုပ်ငန်းအားလုံးတွင် အပြင်းထန်ဆုံး တိုက်ခိုက်ရေး စွမ်းအားရှိသူမှာ စိတ်ဝိညာဉ်သခင် ဖြစ်သည်မှာ သေချာပါသည်။
စိတ်ဝိညာဉ်သခင်။ စိတ်စွမ်းအားကို ကျင့်ကြံသူ။
ဝိညာဉ်စွမ်းအား အတိုင်းအတာ ၁ ထက် ကျော်လွန်ပြီးနောက် စိတ်ဝိညာဉ်သည် ခန္ဓာကိုယ်မှ ခွဲထွက်ကာ လူသတ်နိုင်သည်။ သူသည် ဝိညာဉ်စွမ်းအားကို အားကိုးကာ ချင်ကန်နှင့် ချင်ရွှမ်းတို့ကို သတ်ဖြတ်ခဲ့သလိုပင်။
သို့သော်လည်း စိတ်ဝိညာဉ်စွမ်းအားဖြင့် တိုက်ခိုက်လိုပါက သို့မဟုတ် စွမ်းအားကြီးလိုပါက ပြင်းထန်သော ဝိညာဉ်စွမ်းအားကိုသာ လေ့ကျင့်နေလို့ မဖြစ်ပါ။ ၎င်းသည် သန်မာသော စစ်မှန်သော ဝိညာဥ်ချီနှင့် သန်မာသော ခွန်အားကို လေ့ကျင့်ခြင်းနှင့် တူသည်။ ကိုယ်ခံပညာ မလှုပ်ရှားဘဲ တိုက်ခိုက်ရေး စွမ်းအားလည်း မရှိနိုင်ပေ။
ဥပမာအားဖြင့် ဂိုဏ်းဆရာနယ်ပယ်ရှိ တချို့သော အဂ္ဂိရတိ ပညာရှင်များသည် ဝိညာဉ်စွမ်းအား ၁ ထက် ကျော်လွန်နေသော်လည်း ဝိညာဉ်စွမ်းအားဖြင့် တိုက်ခိုက်ပါက ၎င်းတို့၏စွမ်းအားသည် အလွန်ကောင်းမွန်မည် မဟုတ်ပေ။
ဆန့်ကျင်ဘက် အနေနှင့် သေမျိုး အသွင်ပြောင်းခြင်း နယ်ပယ်ထဲသို့ ခြေစုံပစ်ဝင်ခဲ့သော သန်မာသော လူအချို့လောက်ပင် မကောင်းနိုင်ပါ။
စိတ်ဝိညာဥ် တိုက်ခိုက်မှုကို လိုချင်ပါက၊ ဒဏ္ဍာရီလာ ဝိညာဥ်ကျွမ်းကျင်မှုဖြစ်သည့် အထူးတိုက်ခိုက်ရေး နည်းလမ်းများ ဦးစွာရှိရပါမည်။
ကိုယ်ခံပညာ ကဲ့သို့ပင် တူညီသော စိတ်စွမ်းအား၊ ဝိညာဉ်စွမ်းရည်များဖြင့် တိုက်ခိုက်ရေး စွမ်းအားသည် နှစ်ဆထက် သေချာပေါက် ပိုများနိုင်သည်။
ဒုတိယအချက်မှာ ရန်သူ၏လက်နက်နှင့် တူသော ဝိညာဉ်စွမ်းအားကို သယ်ဆောင်နိုင်သည့် လက်နက်တစ်ခု ရှိရမည်။ လက်နက် အားကောင်းလေ တိုက်ခိုက်ရေးတွင် ပိုမိုအားကောင်းလာမည် ဖြစ်သည်။
ဝိညာဉ်စွမ်းအား ၁ ထက်နိမ့်ပါက ခန္ဓာကိုယ်တွင်းမှ ထွက်၍ တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။ အကယ်၍ သင်သည် ပြိုင်ဘက်ကို သတ်လိုပါက အနီးကပ်သာ နိုင်ပြီး ပြိုင်ဘက်သည် ခုခံနိုင်စွမ်း မရှိပေ။
လုရွှမ် ချင်ကန်နှင့် ချင်ရွှမ်းတို့ကို သတ်သည့်အချိန်နှင့် အတူတူပင် ဖြစ်သည်။ မပြင်ဆင်ထားခဲ့ရင် အနိုင်ယူဖို့ မလွယ်လှပေ။
ဒီလိုအခွင့်အရေးမျိုးကို ဘယ်လိုရှာရမလဲ။
စိတ်ဝိညာဉ်စွမ်းအား အတိုင်းအတာက မြင့်နေတယ်ဆိုတာ တစ်ဖက်ကသိပြီး ကြိုတင်သတိထားနေရင် အခွင့်အလမ်း ရှိလာမှာ မဟုတ်ဘူး။
ထို့ကြောင့် ယခုအချိန်တွင် ဝိညာဉ်စွမ်းအားပါ၀င်နိုင်သော လက်နက်များသည် အလွန်အရေးကြီးသည်။ စိတ်ဝိညာဉ် စွမ်းအားသည် ဤနေရာမှ တဆင့် အပြင်သို့ ပျံ့နှံ့သွားပြီး ရန်သူကို တိုက်ခိုက်နိုင်သည်။
နောက်ပြီး အနီရောင် အသားပါတဲ့ သစ်သားက စိတ်စွမ်းအားကို ပို့လွှတ်နိုင်တဲ့ အထူးပစ္စည်း တစ်မျိုးပဲဖြစ်သည်။