← Chapters

ရေခဲသွေးဆေး သန့်စင်ခြင်း

Vol. 17 Ch. 2.88

ရေခဲသွေးဆေး သန့်စင်ခြင်း

Vol. 17 Ch. 2.88

"ဒီလိုဆိုရင် တိုက်ခိုက်ရေး စွမ်းအားက အနည်းဆုံး ဆယ်ဆလောက် တိုးလာပြီ....ချင်ကန်နဲ့ ချင်ရွှမ်းတို့လို လူမျိုးကို တွေ့တဲ့အခါ ချက်ချင်း သတ်ပစ်နိုင်တယ်!"

သူ့မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။

အနီရင့်ရောင် သစ်သားသည် ဆယ်မီတာအတွင်းသာ ပျံသန်းနိုင်သော်လည်း ၎င်းသည် အလိုအလျောက် လမ်းကြောင်း ပြောင်းနိုင်ပြီး ပြိုင်ဘက်ကို ကာကွယ်ရန် ခက်ခဲစေသည်။

"ငါ့မှာရှိတဲ့ စစ်မှန်တဲ့ စွမ်းအင် ၅၀၀၀နဲ့ ခွန်အား၅၀၀၀ကို ပေါင်းလိုက်ရင် ၁၀၀၀၀ထက် မပိုဘူး... ဒါပေမဲ့ သစ်သားနီကို သုံးလိုက်ရင် ၅၀၀၀၀ ကျော်ကိုတောင် သုံးနိုင်တယ် ဆိုတော့ အဆ၅၀ တိုးနေတာပဲ!"

ဝိညာဉ်သခင် တစ်ယောက်အနေဖြင့် သူ၏ ၀.၉၈ ဝိညာဉ်စွမ်းအားဖြင့် သစ်သားနီသည် စွမ်းအား ၅၀၀၀၀ ကျော်ကို အလွယ်တကူ အသုံးချနိုင်ပြီး အဓိပတိနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်က လူကိုပင် အလွယ်တကူ သတ်ပစ်နိုင်သည်။

ကြောက်စရာပဲ!

ဝိညာဥ်စွမ်းအင်ကို အသုံးပြုခြင်းမှာ ဤကိစ္စမဟုတ်သေးပါ။ လေ့ကျင့်ပြီးသည်နှင့် စွမ်းအားသည် တစ်ဖန်ပြန်လည် တိုးပွားလာမည် ဖြစ်သည်။

"ဒီတစ်ခါ ဖီးနစ်အမွေးကို ထပ်သွားရှာဖို့က ပြဿနာကြီး မဟုတ်တော့ဘူး!"

လုရွှမ် ရယ်လျက် မတ်တတ်ရပ်လိုက်သည်။

ဖီးနစ်အမွေးသည် အခင်းအကျင်း ဖွဲ့စည်းမှုများနှင့် ဘုရင်မင်းမြတ် ဟန်ချီ ကွပ်ကဲရာနေရာရှိ ဝူယန်နန်းတော်ရှိ နေရာတစ်ခုတွင် တည်ရှိသည်။ ၎င်း၏ယခင်ခွန်အားဖြင့် ဝင်ရောက်ရန် ခက်ခဲသော်လည်း ယခု သစ်သားနီ၏ အကူအညီဖြင့် ဝိညာဉ်သခင် ဖြစ်လာခြင်းကြောင့် သူ၏တိုက်ခိုက်ရေး စွမ်းအားမှာ သိသိသာသာ တိုးလာလို့ စိတ်ပူစရာ မလိုတော့ပေ။

ကောင်းကောင်း ဝင်နိုင်ရင်တော့ အကောင်းဆုံးပဲ။ မဝင်နိုင်ရင် တိုက်ခိုက်ပြီး ဝင်ဖို့ပဲ ရှိတော့သည်။

ဝိညာဉ်သခင် ဖြစ်ခြင်းကို ဖုံးကွယ် ထိန်းသိမ်းထားရန် လိုသည်။ တတ်နိုင်လျှင် ၎င်းကိုအသုံးမပြုခြင်းက ပိုကောင်းပါသည်။ သို့မဟုတ်ပါက အားကြီးလူများက ဝိုင်းထား၍ သတ်ဖြတ်ခံရပါက ဘဝသည် သေခြင်းထက် ပိုဆိုးသွားမည်ဖြစ်သည်။

"လျှိုဝှက်ဆန်းကြယ် ရွှေသံကို သန့်စင်ပြီး လျှိုဝှက်မှော်အခင်းအကျင်းကို သန့်စင်ရမယ်..."

အနီရောင်ရှိသော သစ်သားကို သန့်စင်ပြီး စိတ်ဝိညာဉ်သခင် ဖြစ်လာသောအခါ လုရွှမ်သည် အနားမယူဘဲ လေလံအိမ်မှ ရရှိသော ရွှေသံကို ထုတ်ယူလိုက်သည်။

ရွှေသံသည် အလွန်အဖိုးတန်ပြီး အဆင့်မြင့်လက်နက်များနှင့် ရတနာများကို သန့်စင်ရန်အတွက် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ရှိ လက်မှုပညာရှင် တချို့ အသုံးပြုလေ့ရှိသည်။ သန့်စင်ခြင်း အဆင့်များသည် အလွန်ခက်ခဲပါ၏။

သို့သော် လုရွှမ်အတွက်ကတော့ ဘာမှမဟုတ်ခဲ့ပါ။ တစ်နာရီ မပြည့်ခင်မှာပဲ မူလကျောက်တုံးဟာ လုံးဝအရည်ပျော်သွားပြီး လက်မအရွယ် အပိုင်းအစတစ်ခုကို သန့်စင်လိုက်နိုင်သည်။

အရေအတွက်က မများပေမယ့် အခင်းအကျင်း တံဆိပ်ပြားကို ပြင်ဖို့ လုံလောက်ပါ၏။

လျှို့ဝှက်ဆန်းကြယ်သော ရွှေရောင်သဏ္ဌာန် အခင်းအကျင်းကို ပြုပြင်ရန်အတွက် အသစ်သန့်စင်ထားသော ရွှေသံကို အသုံးပြုရသည်။

ဤဖွဲ့စည်းပုံကို ယခင်က အထူးလေ့လာထားလို့ ပြန်လည်ရေးဆွဲခြင်းမှာ ပိုမိုလွယ်ကူသည်။ အချိန်အကြာကြီး အားမစိုက်လိုက်ရဘဲ မျဥ်းကြောင်းများ အားလုံးကို ပြန်လည် ပြုပြင်နိုင်ခဲ့သည်။

မူလပုံစံဟောင်းမှ အလင်းရောင်များသည် မီးတောက်များနှယ် တဟုန်းဟုန်း တောက်လာကာ လူများကို အသစ်စက်စက် ခံစားချက်တစ်ခုကိုပင် ခံစားလာရစေသည်။

"အဆင့်၉ အထွတ်အထိပ်!"

ပြုပြင်ထားသော အခင်းအကျင်း တံဆိပ်ပြားကို ကြည့်ပြီးနောက် လုရွှမ် ၎င်း၏ အဆင့်ကို သတိပြုမိသွားပြီး မျက်လုံးများ တောက်ပလာသည်။

သူမှန်းဆထားသည့် အတိုင်း ရွှေသံဖြင့် ပြုပြင်ပြီးနောက် ဤရှေးဟောင်း အခင်းအကျင်းသည် အဆင့်၈ အထွတ်အထိပ်မှ အဆင့်၉ အထွတ်အထိပ် အဆင့်သို့ တိုက်ရိုက်ပြောင်းလဲသွားခဲ့သည်။

အဆင့်၉ လျှိုဝှက်မှော်အခင်းအကျင်း အထွတ်အထိပ် အဆင့်သည် အဓိပတိနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်ကို ထောင်ချောက်ဆင်နိုင်သည်။ ဆိုလိုသည်မှာ ဝိညာဉ်သခင်၏ စွမ်းအားကို မဖော်ထုတ်လျှင်ပင် ဤဖွဲ့စည်းခြင်း တံဆိပ်ပြားဖြင့် အဓိပတိနယ်ပယ်ကို တွန်းလှန်နိုင်သည်။

အခင်းအကျင်း ဖွဲ့စည်းမှု ပိုအဆင့်မြင့်လေ စစ်မှန်သော ဝိညာဥိစွမ်းအင်ကို သုံးစွဲလေ ဖြစ်သည်။ သူသည် အတုတံဆိပ်နယ်ပယ်မှာသာ ရှိသေး၏။ ထို့ကြောင့် ပထမအဆင့် နန်းတော်ပင်လယ်ကို ဖွင့်ပြီး အဆင့်၉ အထွတ်အထိပ် အခင်းအကျင်းကို အသုံးပြုခဲ့လျှင်တောင် နည်းနည်းခက်လိမ့်မည်။

နီရဲနေသော သစ်သားကို စိတ်ဝိညာဉ်သခင် ဖြစ်လာစေရန်နှင့် အခင်းအကျင်း ပြုပြင်ခြင်းအတွက် ပြုလုပ်ပြီးနောက် လုရွှမ်သည် ကျောက်စိမ်းပြားထဲမှ ထွက်၍ ၎င်း၏နေအိမ်သို့ ပြန်လာခဲ့သည်။

တံခါးဖွင့်လိုက် သောအခါတွင် မုယန်ဖုန်းနှင့် အခြားသူများ အခန်းထဲတွင် စောင့်နေကြသည်ကို တွေ့လိုက်ရသည်။

"သခင်လေး!"

လူအများအပြားသည် ရှေ့သို့ ခြေတစ်လှမ်း တိုးလာ၍ သူ့အား နှုတ်ဆက်ကြလေသည်။

"လေလံပွဲက ဘယ်လိုလဲ?"

လေလံပွဲ မပြီးခင်မှာ သူထွက်သွားခဲ့သည်လေ။

"သခင်လေးကို တင်ပြပါတယ်... ရေခဲသွေးမြက် စုစုပေါင်း ၁၀ပင် ရထားပါတယ်!"

မုယန်ဖုန်းက စိတ်လှုပ်ရှားနေပုံရပြီး ကျောက်စိမ်းသေတ္တာ အနည်းငယ်ကို လွှဲပေးလိုက်သည်။ အဖုံးဖွင့်လိုက်ရာ ရုတ်တရက် လေအေးများ လွှမ်းခြုံသွားကာ ရေခဲသွေးမြက်ပင်များ၏ စွမ်းရည်က လူတို့၏ အမြင်အာရုံကို ရှင်းလင်းစေသည်။

"အဲဒီမှာ ရေခဲသွေးမြက်တွေ တင်မကဘဲ တစ်ဖက်လူက ရွှေစ သန်း၂၀ကိုပါ အပြည့်ပေးသွားပါတယ်!"

"ရွှေစသန်း၂၀နဲ့ ရေခဲသွေးမြက် ၁၀ပင်?"

လုရွှမ် နည်းနည်းတော့ အံ့အားသင့်သွားသည်။

အဓိပတိအဂ္ဂိရတ်ဆေး ပေါ်လာသည်နှင့် တစ်ပြိုင်နက် လူအများ စိတ်လှုပ်ရှားစေမည်ကို သိသော်လည်း ထိုကဲ့သို့ မြင့်မားသောစျေးနှုန်းကို ရရှိလာမည်ဟု မမျှော်လင့်ထားပေ။

ရွှေစသန်း ၂၀မှာ ရေခဲသွေးမြက် ၁၀ပင်ရယ်လို့ မဟုတ်ဘဲ အဆင့်၉ အဂ္ဂိရတ်ဆေး အများအပြားဝယ်ဖို့ လုံလောက်လေပြီ။

ဒီပမာဏနဲ့ဆို သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ရှိ အဂ္ဂိရတ်ဆေးကိုပင် ဝယ်လို့ရလောက်ပြီ။

သို့သော် အဓိပတိအဂ္ဂိရတ်ဆေး ဆိုသည်မှာ ယခင်ဘဝက အဓိက ဂိုဏ်းခြောက်ခုမှ တစ်ခုမှာပင် အဂ္ဂိရတ်ပညာရှင်များက လက်ငါးချောင်းထက်ပို၍ မသန့်စင်နိုင်ပေ။ အနှစ်သုံးရာကြာပြီးနောက် သူသည် ၎င်းကို သန့်စင်ပေးနိုင်သူ တစ်ဦးတည်းသာ ဖြစ်လာမည်လေသည်။

ယခုတစ်ကြိမ်သာ အခွင့်အရေးရှိပြီး ဆုံးရှုံးသွားတဲ့အခါ ပြန်ဝယ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။

"ဝူယန် တော်ဝင်မိသားစုလား?"

ရေခဲသွေးမြက်နှင့် ဝူယန်အင်ပါယာ၏ အမြင့်မြတ်ဆုံး ရွှေကတ်ကို ကြည့်ရင်း လုရွှမ်သည် ခေါင်းကို ခါယမ်းလိုက်သည်။

တော်ဝင်မိသားစုမှ လွဲ၍ ဝူယန်အင်ပါ။ တစ်ခုလုံးတွင် ငွေကြေးနှင့် ကုန်ပစ္စည်းများစွာကို တစ်ပြိုင်နက် ရရှိနိုင်သည့်လူ မရှိချေ။

ဘာပဲဖြစ်ဖြစ် အဓိက မိသားစုသုံးစုထဲက တစ်ခုဖြစ်တဲ့ ဟန်မိသားစုနဲ့ ကျောက်မိသားစုက ဒါကို သေချာပေါက် မလုပ်နိုင်ပါဘူး။

"ဟုတ်ပါတယ်!" ဟန်ရောင်က ဖြေလိုက်သည်။

ဘုရင်မင်းမြတ် ဟန်ချီသည် ဟန်မိသားစုတွင် အဓိပတိနယ်ပယ် ထိပ်တန်းစွမ်းအားရှင်များ ပေါ်ပေါက်လာသော အခါ စိတ်မအေးနိုင် ဖြစ်သွားသည်။ ထို့ကြောင့် အဓိပတိအဂ္ဂိရတ်ဆေး၏ သတင်းကို ကြားလိုက်ရတဲ့ အခိုက် ဈေးကြီးပေး၍ သဘာဝကျကျ ဝယ်ခဲ့လေသည်။

ဝူယန်တော်ဝင် မိသားစုသည် ဝူယန်အင်ပါယာကို နှစ်ပေါင်းများစွာ အမွေဆက်ခံခဲ့ပုံ ပေါ်၏။ ရေခဲသွေးမြက်က ရှာရမလွယ်သော်လည်း သူတို့ကတော့ ၁၀ပင်တောင် ရှာတွေ့ခဲ့သည်။

"ဆေးလုံးသန့်စင်မှာမလို့ ကာကွယ်ပေးထားပါ"

ရေခဲသွေးမြက်တွေကို လက်ထဲမှာ ကိုင်ထားရင်း လုရွှမ် မစောင့်နိုင်တော့ဘဲ အခန်းထဲ လှည့်ဝင်လာခဲ့သည်။ ခန္ဓာကိုယ်ကို လှုပ်ရှား၍ ကျောက်စိမ်းထဲ ပြန်ဝင်လိုက်သည်။

တင်ပျဉ်ခွေ ထိုင်ပြီးနောက် သူသည် သန့်စင်ရန် အလျင်စလို မလုပ်ဘဲ သူ့အခြေအနေကို ပထမဦးစွာ ချိန်ညှိလိုက်သည်။

လျှို့ဝှက်ဆန်းကြယ်သော ရွှေရောင် အခင်းအကျင်းကို ပြုပြင်ရန် အင်အားများစွာ လိုအပ်ခဲ့ပြီး ဆေးလုံးကို မသန့်စင်မီ အကောင်းဆုံး အခြေအနေသို့ ချိန်ညှိရမည် ဖြစ်သည်။

ရေခဲသွေးဆေး၏ လိုအပ်သော ဆေးပင်ပစ္စည်းများကို ရှာတွေ့ရန်မှာ မလွယ်ကူသလို ၎င်းတို့အားလုံးကို ရှာဖွေရန်လည်း ခဲယဉ်းပါသည်။ သဘာဝအတိုင်းပင် တစ်ရှိန်ထိုး အောင်မြင်သွားမှ ဖြစ်မည်။

အချိန်ဘယ်လောက် ကြာသွားလဲ မသိပေမယ့် အထွတ်အထိပ်ကို တစ်ဖန် ပြန်ရောက်သွားသလို ခံစားလိုက်ရသည်။ အသက်ကို ရှူထုတ်လိုက်ပြီး ပြင်ဆင်ထားတဲ့ ဆေးပင်ပစ္စည်းတွေကို ထုတ်ကာ အဂ္ဂိရတ်မီးဖိုကို မီးညှိလိုက်ပြီး ရေခဲသွေးဆေးကို စတင် သန့်စင်တော့သည်။

ရေခဲသွေးဆေးကို အဆင့်၉ အဂ္ဂိရတ်ဆေးဟု သိကြသော်လည်း ၎င်းကို သန့်စင်ရန် ခက်ခဲခြင်းသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ရှိ ဆေးလုံးနှင့် အမှန်တကယ် တူညီလေသည်။ စိတ်အခြေအနေကို ချိန်ညှိထားပြီး ဝိညာဉ်စွမ်းအား အတိုင်းအတာ ၀.၉၈ ဖြစ်သော်လည်း ဆေးလုံးသန့်စင်ရန် အလွန်ခက်ခဲနေသေးသည်။

သို့သော် ဘဝနှစ်ခုတွင် လူသားတစ်ဦး ဖြစ်ရသည့် အတွေ့အကြုံနှင့် အဂ္ဂိရတ်ပညာ၏ ယခင်ဘဝ၏ ထိုးထွင်းသိမြင်မှုနှင့် အတူ နချို့သော အလှည့်အပြောင်းများ ရှိနေသော်လည်း သူ့အတွက် အန္တရာယ် မရှိနိုင်ပါ။

တစ်နာရီလောက် ကြာတော့ ဆေးမီးဖိုထဲမှ ဆေးလုံးစုစုပေါင်း ၃လုံး ထွက်လာသည်။

ပထမတစ်ကြိမ် အောင်မြင်ပြီးနောက် လုရွှမ် ဆက်လတ် သန့်စင်ခဲ့သည်။ ယခင် အတွေ့အကြုံအရ ဒုတိယအကြိမ်၏ အရှိန်သည် ပို၍ မြန်ဆန်လာခဲ့သည်။ နာရီဝက်ကျော်သာ ကြာခဲ့ပြီး ယခုတစ်ကြိမ်တွင် စုစုပေါင်း ခြောက်လုံး ရရှိခဲ့သည်။

နှစ်ကြိမ် သန့်စင်လိုက်တဲ့အခါ စုစုပေါင်း ကိုးလုံးအထိ ရရှိခဲ့လေသည်။

"လုံလောက်ပြီ!"

ဆေးလုံး ဝိုင်းဝိုင်းလေးများ ထွက်လာပြီး ရေခဲ၏ အေးသောလေကို မျက်နှာအား လာရောက်ရိုက်ခတ် လာတဲ့အခါ လုရွှမ်လည်း ကျေနပ်စွာ ပြုံးလိုက်သည်။

ဤရေခဲသွေးဆေးများဖြင့် သူသည် ဖီးနစ်အမွေးကို စိတ်အေးချမ်းသာစွာဖြင့် ရှာဖွေနိုင်ပြီး ၎င်းကို ပြန်လည်သန့်စင်ရန် နည်းလမ်းရှာနိုင်သည်။

အခန်းထဲက ထွက်လာတော့ မုယန်ဖုန်းနဲ့ တခြားသူတွေက အခန်းထဲမှာ ရှိနေပေမယ့် ပြတင်းပေါက်မှာ ရပ်ပြီး တစ်ယောက်ပြီးတစ်ယောက် အပြင်ဖက်ကို လှမ်းကြည့်နေတာ တွေ့လိုက်ရသည်။

အပြင်မှာ တစ်ခုခု ဖြစ်နေပုံရပြီး သူတို့ကို စိတ်၀င်စားစေတဲ့ အတွက် မိမိထွက်လာတာကိုပင် သတိထားမိပုံမရ။

"ဘာဖြစ်တာလဲ?"

လုရွှမ် မေးလိုက်သည်။

"သခင်လေး!"

ထိုအချိန်တွင်ပင် လူအုပ်ကြီးသည် အာရုံများ ပြန်ဝင်လာပြီး ကမန်းကတန်း လှည့်ကြည့်လိုက်သည်။

"အဲဒါက..."

ရှေ့ဆုံးမှာရပ်နေတဲ့ မုယန်ဖုန်းဟာ ပြန်လည်ဖြေကြားတော့မယ့် အခိုက် မြေပြင်မှ ရုတ်တရက် တုန်ခါသွားပြီး အဝေးကနေ ကျယ်လောင်ရှင်းလင်းတဲ့ အသံနက်ကြီး တစ်သံကို ကြားလိုက်ရလေသည်။

"ဟန်ချီ.... မင်းပစ္စည်းတွေကို နာခံမှုရှိရှိ လွှဲပေးဖို့ ငါအကြံပေးတယ်.... မဟုတ်ရင်တော့ ငါတို့ကို ရိုင်းစိုင်းတယ်ဆိုပြီး အပြစ်မတင်နဲ့!"

ဘာသာပြန်သူ - ဇာတ်လမ်းအသွားအလာက နည်းနည်း မြန်တယ်လို့ ထင်ရတယ်နော်။ ဘာသာပြန်သူ အနေနဲ့ ဖျက်ချထားခြင်း မရှိပါ။ မူရင်းစာရေးသူ ရေးထားတဲ့အတိုင်း ပြန်ဆိုခြင်း ဖြစ်ပါတယ်။ Google မှာ 九阴帝君 (常八九) လို့ရိုက်ပြီး ဇာတ်လမ်းအကြောင်း ရှာဖွေနိုင်ပါတယ် English Name မသိပါ။

All Chapters