နန်းတော်ကိုထပ်ဝင်ရပြီ
Vol. 17 Ch. 2.89
ဗုန်း ဗုန်းဗုန်းဗုန်း!
အသံကျသည်နှင့် တပြိုင်နက် မြေကြီးတုန်ခါသွားကာ မြေသားများ အက်ကွဲ၍ နေအိမ်တချို့ ပြိုကျသွားသည်။
"အား....."
"ကူညီကြပါ...."
"ဘာဖြစ်တာလဲ?"
ဝူယန် တော်ဝင်မြို့တော်ကြီး တစ်ခုလုံးသည် ကမ္ဘာ၏ အဆုံးတွင် ရှိနေသကဲ့သို့ ပြန့်ကျဲနေသော တပ်သားများသည် အိမ်များကို မှောက်လှန်ပြီး မရေမတွက်နိုင်သော လူများကို သတ်ဖြတ်ပစ်နေသည်။
ဝုန်း!
အသံတစ်ခု ထွက်ပေါ်လာပြီး အလင်းတန်းများနှင့်အတူ နန်းတော်အထက်တွင် ကြီးမားသော အခင်းအကျင်း တစ်ခု ထွက်ပေါ်လာပြီး တိုက်ခိုက်ရေး အင်အားကို ပိတ်ဆို့ထားလိုက်သည်။
အဆင့်၉ ကာကွယ်ရေး အခင်းအကျင်း!
နန်းတော်သည် ဝူယန် တော်ဝင်မိသားစု၏ အသိုက်ဖြစ်သည်။ ၎င်းကို လည်ပတ်နေသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သည်။ ကာကွယ်ရေး အခင်းအကျင်းကို စတင်လိုက်သည်နှင့် ၎င်း၏စွမ်းအားသည် အကန့်အသတ် မရှိတော့ပေ။
"အဓိပတိအဂ္ဂိရတ်ဆေး အတွက်?"
နန်းတော်ရှေ့တွင် လူရှစ်ဦး သို့မဟုတ် ကိုးဦးထက်မနည်း ရပ်နေပြီး တပ်ဖွဲ့ဝင်များနှင့်အတူ ကျယ်လောင်စွာ အော်ဟစ်နေသည်။ လုရွှမ်သည် သံသယများ အပြည့်ဖြင့် သူ့မျက်လုံးများကို မှိတ်ထားလိုက်သည်။
ဒီလိုဖြစ်လာဖို့ ဖြစ်နိုင်ခြေ တစ်ခုပဲရှိပါသည်။ အဲ့ဒါကတော့ ဝူယန်အင်ပါယာက အဓိပတိအဂ္ဂိရတ်ဆေးတွေကို လေလံဆွဲပြီး ဝယ်လိုက်တဲ့ သတင်း ပေါက်ကြားခဲ့လို့ပဲ ဖြစ်သည်။
ဝူယန် တော်ဝင်မိသားစုကို ဝိုင်းထားလိုက်ပြီ ဆိုတော့ အဲဒါက ဘယ်သူလဲ။ ဘယ်သူက ဒီလောက်ထိ သတ္တိကောင်းနေတာလဲ။
"အဲဒါက ကြာနီအင်ပါယာ၊ ကျောက်စိမ်းနတ်အင်ပါယာနဲ့ ရွှမ်ကျန်းအင်ပါယာ စတဲ့ အင်ပါယာ၇ခု ပူးပေါင်းလာကြတာ"
ဟန်ရောင်က တိုးတိုးလေး ပြောပြလာသည်။
"ကြာနီ၊ ကျောက်စိမ်းနတ်နဲ့ ရွှမ်ကျန်းအင်ပါယာတို့က နယ်နိမိတ်ချင်း ထိစပ်နေတာလား?"
လုရွှမ် မျက်ခုံးပင့်လိုက်သည်။
ဝူယန်အင်ပါယာသို့ ရောက်သောအခါ ပတ်၀န်းကျင်ကို သဘာဝကျကျ နားလည် သဘောပေါက် လာခဲ့သည်။ ၎င်းနှင့်နယ်နိမိတ်ချင်း ထိစပ်နေသော အဆင့်နိမ့် အင်ပါယာ၁၀ခု ရှိပြီး အလယ်အလတ် အင်ပါယာ၇ခု နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။
ဤအင်ပါယာ ၇ခု တို့သည် ဝူယန်အင်ပါယာနှင့် သိပ်မကွာခြားပေ။ ယင်းကြောင့် ငြိမ်းချမ်းစွာ နေထိုင်နိုင်ကြသည်မှာ အတိအကျပင်။
ယခုအချိန်တွင် ဂိုဏ်းဆရာနယ်ပယ်မှ အဓိပတိနယ်ပယ်သို့ ဖြတ်ကျော်နိုင်စေမည့် ထိပ်တန်းဆေးလုံးသည် ဝူယန်အင်ပါယာတွင် ပေါ်လာခဲပြီး အခြားနိုင်ငံများကို ထိတ်လန့်စေခဲ့သည်။
အလားတူ ခွန်အားရှိသူများသာ ငြိမ်းချမ်းစွာ နေထိုင်နိုင်မည် ဖြစ်သည်။ ဝူယန် တော်ဝင်မိသားစုတွင် ဂိုဏ်းဆရာနယ်ပယ်များစွာ ရှိတာကြောင့် သူတို့ကို သိမ်းပိုက်ရန် စစ်သည်များကို သေချာပေါက် စေလွှတ်လိုက်မည် ဖြစ်ပြီး အခြားနိုင်ငံကြီးများကမူ ၎င်းအား တွန်းလှန်နိုင်မည် မဟုတ်ပေ။
ထို့ကြောင့် သူတို့ကိုယ်သူတို့ ကာကွယ်ရန်အတွက် ဝူယန် တော်ဝင်မိသားစုကို ဝိုင်းထားရန် ကြိုတင်စုရုံးကာ အဓိပတိအဂ္ဂိရတ်ဆေးကို ထုတ်ခိုင်းလာသည်။
"တကယ်တော့ ငါ့အမြင်အရဆို ဒါက ကိစ္စသေးသေးလေးကို ပြဿနာကြီးဖြစ်အောင် လုပ်နေတာပဲ... အဓိပတိအဂ္ဂိရတ် ဆေးက အဓိပတိနယ်ပယ် လူတစ်ယောက်ကိုပဲ မွေးထုတ်နိုင်တာမလား... ဝူယန်အင်ပါယာမှာ နောက်ထပ် အဓိပတိနယ်ပယ် တစ်ယောက် တိုးလာရင်တောင်မှ အလယ်အလတ်နိုင်ငံအတွက် အရေးမပါပါဘူး... မသိရင် တစ်ပြိုင်နက်တည်း ဆယ်ဂဏန်း တိုးလာမှာကျလို့!"
ဟန်ရွှယ်က နှုတ်ခမ်းစူလိုက်သည်။
"အဟမ်း!" လုရွှမ် ပြုံးရုံသာ ပြုံးလိုက်သည်။
"နင် ဘာကိုဆိုလိုတာလဲ? ငါပြောတာ မှားလို့လား? အဓိပတိနယ်ပယ်က အင်ပါယာအပေါ် လွှမ်းမိုးမှု ကြီးကြီးမားမား ရှိလို့လား? ဝူယန်အင်ပါယာမှာ အဓိပတိနယ်ပယ် တစ်ယောက် ထပ်တိုးလာရင်တောင် တခြားနိုင်ငံတွေက ကြောက်စရာ မရှိပါဘူး....အခုက ဆယ်နဲ့ချီ ထွက်ပေါ်မလိုကြီး...."
သူမက အမှန်အတိုင်း ပြောနေတာ ဖြစ်သည်။ အဓိပတိနယ်ပယ် ဆိုသည်မှာ သေမျိုး၏ ကန့်သတ်ချက်အနားကို ရောက်ရှိသွားသော်လည်း ထိုလူသည် သေမျိုးသာ ဖြစ်နေသေးသည်။
သူတို့သည် သေတတ်သရွေ့ အခြားသူများ၏ သတ်ဖြတ်ခြင်းကို မလွဲမသွေ ခံရပေလိမ့်မည်။
အဓိပတိအဂ္ဂိရတ်ဆေး တစ်လုံးသည် အဓိပတိနယ်ပယ် တစ်ခုတည်းကိုသာ ဖန်တီးနိုင်တာကြောင့် အခြား အင်ပါယာ၇ခုသည် ဤကဲ့သို့သော လူများကို စည်းရုံးလာရန် မလိုအပ်ပါ။
"မင်းပြောတာက မှားနေတာ မဟုတ်ဘူး.... ဘုရင်မင်းမြတ် ဟန်ချီက အဓိပတိအဂ္ဂိရတ်ဆေးကို ရပြီးရင် ဆေးနည်းကို သိသွားပြီး ဆေးလုံးတွေ သန့်စင်ပစ်လိုက်မှာကို ကြောက်နေတာ... အဲဒီအခါ သူတို့မှာ ခုခံနိုင်စွမ်း မရှိတော့ဘူးလေ"
မုယန်ဖုန်းက ရှင်းပြလိုက်သည်။
"ဒါ...."
ထိုမှသာ ဟန်ရွှယ် နားလည်သွားပြီး သူမ၏ အမူအရာမှာလည်း ပြောင်းလဲသွားသည်။
အမှန်မှာ အဓိပတိအဂ္ဂိရတ်ဆေးသည် ဘာမှမဟုတ်သော်လည်း ဆေးညွှန်းကို ရရှိကာ အမြောက်အမြား သန့်စင်လိုက်သည်နှင့် ထိတ်လန့်စရာ ဖြစ်သွားလိမ့်မည်။
သိပ်ပြောမနေဘဲ ဆယ်လုံးကို သန့်စင်နိုင်လျှင်ပင် အဓိပတိနယ်ပယ် လူ၁၀ယောက်ကို ဖန်တီးနိုင်မှာ ဖြစ်ပြီး ဘယ်အင်ပါယာမှ ခုခံနိုင်မည် မဟုတ်တော့ပေ။ အားလုံးကို ဖျက်ဆီးပြီး နယ်စပ်ကိုဖြတ်ကျော်သွားလျှင် နှစ်၁၀၀အတွင်း အထက်နိုင်ငံများကို တိုက်ခိုက်သိမ်းပိုက် လာနိုင်မှာတောင် ကြောက်ရသည်။
ဤအချက်ကြောင့်ပင် အင်ပါယာ၇ခု သည် အဓိပတိအဂ္ဂိရတ်ဆေးကို တောင်းရန် ဤနေရာသို့ ရောက်ရှိလာကာ ယခင်သံသယများ မည်သို့ပင် ရှိစေကာမူ စည်းလုံးညီညွတ်ခဲ့ခြင်း ဖြစ်သည်။
သူတို့ရဲ့ ရည်ရွယ်ချက်က အရမ်းရိုးရှင်းပါ၏။ သူတို့ အဲဒါကို မရနိုင်ဘူးဆိုရင် တခြားလူကိုလည်း ရခွင့်မပေးနိုင်ဘူး။
"သူတို့က ငါ့ရဲ့ဆေးညွှန်းကို လိုချင်တယ်ပေါ့? အတွေးပဲရမယ်"
တစ်ဖက်မှ လုရွှမ် ပြုံးလိုက်သည်။
သူသည် အဓိပတိအဂ္ဂိရတ်ဆေးကို သန့်စင်ပေးသူ ဖြစ်ပြီး သူ့အတိုင်း ဝူယန်အင်ပါယာ၏ အမြင့်ဆုံးအဆင့်၈ အဂ္ဂိရတ်ပညာရှင် မပြောနှင့် အဆင့်၉ သို့မဟုတ် သေမျိုးအဆင့် နယ်ပယ်က လူတစ်ယောက် လာရောက်သန့်စင်လျှင်ပင် အောင်မြင်ရန် မဖြစ်နိုင်ပေ။
အဂ္ဂိရတ်ပညာရှင် အများအပြားသည် ကုန်ချောကို မြင်နိုင်ပြီး ဆေးလုံးများ၏ ပါဝင်ပစ္စည်းများကို ခွဲခြမ်းစိတ်ဖြာ နိုင်သော်လည်း သူသည် ဤအဓိပတိ အဂ္ဂိရတ်ဆေးတွင် မရေမတွက်နိုင်သော သန့်စင်နည်းများကို ထည့်သွင်းပြီး ယွမ်ယန် ဝိညာဥ်ချီဖြင့် ပေါင်းစည်းထားသည်။ ၎င်းသည် ဆေးပညာ သူတော်စင်အဆင့်သို့ မရောက်ရှိထားပါက ၎င်းကို လုံးဝမြင်ရမည်မဟုတ်ပေ။
ထို့ကြောင့် သူလုံးဝ စိတ်မပူပါ။
"ကံကောင်းတာက ဒီပစ္စည်းကို ဝယ်ခဲ့တာ ဟန်မိသားစုက မဟုတ်တာပဲ... မဟုတ်ရင် ဟန်မိသားစု သုတ်သင်ခံရလိမ့်မယ်!"
ဟန်ရောင်သည် တစ်ဖက်တွင် အနည်းငယ် စိတ်သက်သာရာ ရသွားသည်။
အရင်က ဟန်မိသားစုသာ ထိုအရာကို ဝယ်ခဲ့မယ်ဆိုရင် အဓိပတိနယ်ပယ် သုံးယောက်ရဲ့ စွမ်းအားတွေနဲ့ ဝူယန်အင်ပါယာ သမိုင်းကို ပြန်ရေးရတာ ပြဿနာမဟုတ်ဘူးလို့ သူထင်ခဲ့သည်။ အခုတော့ ထိုဆေးရထားသူဟာ အနှေးနဲ့အမြန်ဆိုသလို ပျောက်သွားလိမ့်မယ် ဆိုတာ သိလာခဲ့သည်။
"နန်းတော်က ကမောက်ကမ ဖြစ်နေတယ် ဆိုတော့.... ဒါအခွင့်ကောင်းပဲ။ ခင်ဗျားတို့ ဒီမှာပဲနေခဲ့... ကျုပ်တစ်ချက် သွားကြည့်လိုက်မယ်"
လုရွှမ်၏ မျက်လုံးများ တောက်ပလာပြီး တံခါးကိုဖွင့်ကာ ထွက်လာခဲ့သည်။
ဖီးနစ် ငှက်မွှေးရတနာသည် နန်းတော်ထဲတွင် ရှိနေသည်။ ယခင်က ဖွဲ့စည်းမှုနှင့် ကာကွယ်ရေးကြောင့် ၎င်းကို ရှာဖွေရန် မဖြစ်နိုင်သော်လည်း ယခုအခါ အင်ပါယာ ၇ခုတို့က ဝိုင်းထားကြပြီ။ ဒါက အခွင့်ကောင်းပဲ ဖြစ်သည်။
ခန္ဓာကိုယ်ကို ပေါ့ပါးစွာ လှုပ်ရှားရင်း လုရွှမ်သည် နန်းတော်ဆီသို့ အလျင်အမြန် ပြေးသွားခဲ့သည်။ အချိန်သိပ် မယူလိုက်ရဘဲ နန်းတော်ရှေ့ကို ရောက်လာခဲ့သည်ယ
မဟာမိတ်ဖွဲ့ထားသော အင်ပါယာ၇ခု ထိပ်တန်းအဖွဲ့သည် နန်းတော်၏ ပင်မအဝင်ပေါက်တွင်ရှိ၍ သူ့ကို အာရုံမစိုက်မိ စေရန်အတွက် အနောက်ဝင်ပေါက်မှ ဝင်ရမည်။
"အဆင့်၉ ကာကွယ်ရေးအခင်းအကျင်း ငွေနဂါးအဖုံး....ဒီထဲကို အခင်းအကျင်း ထိန်းချုပ်သူကလွဲရင် ဘယ်သူမှ ဝင်လို့မရဘူး...ဒါပေမဲ့ နှမြောစရာပဲ ငါကလွဲလို့ပေါ့"
ခဏလောက်ရပ်ပြီး စောင့်ကြည့်ပြီးနောက် လုရွှမ်က ရယ်လိုက်သည်။
အင်ပါယာ၇ခုတို့၏ ပူးပေါင်း တိုက်ခိုက်မှုကို တားဆီးထားသည့် ကြီးမားသော ခံစစ်ပုံစံကို ငွေနဂါးအဖုံး ဟုခေါ်သည်။ ၎င်းသည် လျှိုဝှက်မှော်အခင်းအကျင်း ဖွဲ့စည်းမှုအဆင့်နှင့် တူညီသည့် အဆင့်ကိုးရှိသည့် အမြင့်ဆုံး ဖွဲ့စည်းမှုဖြစ်သည်။
ပြိုင်ဘက်သည် အဓိပတိနယ်ပယ် ပြီးပြည့်စုံသော အဆင့်ကို ရောက်ရှိထားသူ မဟုတ်ပါက ပြင်ပအင်အားဖြင့် ချိုးဖျက်ရန် ခက်ခဲသည်။
သို့သော်လည်း ဖွဲ့စည်းမှု ဖြစ်သရွေ့ ကွဲအက်ခြင်းမရှိဘဲ လွတ်လပ်စွာ ဝင်ထွက်နိုင်သည့် ဘဝတံခါးတစ်ခု ရှိပါသည်။
ဤငွေရောင်နဂါးအဖုံးကို ကောင်းစွာ ကာကွယ်ထား သော်လည်း လျှိုဝှက်ဝင်ပေါက်ကတော့ ရှိလေသည်။
အကယ်၍ အခြားသူ တစ်ဦးသာ ဖြစ်ခဲ့ပါက ဝူယန် တော်ဝင်မိသားစုသည် နှစ်ပေါင်းများစွာ မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ ကြာအောင် ဖြည့်စွက်ခဲ့သော ဟာကွက်များကို ရှာဖွေရန် မဖြစ်နိုင်သလောက် ဖြစ်သော်လည်း လုရွှမ်သည် မည်သူနည်း။
ယခင်ဘဝကတည်းက အဓိက ဂိုဏ်းကြီးခြောက်ဂိုဏ်းကို လွတ်လွတ်လပ်လပ် ဝင်ရောက်နိုင်ပြီး အဓိကအခင်းအကျင်း ဖွဲ့စည်းပုံများထဲမှ မည်သည့် အရာကမျှ သူ့ကို တားဆီးနိုင်ခြင်း မရှိသဖြင့် ငွေရောင်ဒိုင်းငယ် တစ်ခုက မည်သို့ပိတ်ဆို့ ထားနိုင်မည်နည်း။
"ကွမ်း၃...ကန်၅...ကျန်း၉....တု၈..."
(အဓိပ္ပာယ် တိတိကျကျ ဘာသာပြန်သူလည်း မသိကြောင်းပါ)
အတန်ကြာ ရေရွတ်ပြီးနောက် လုရွှမ်၏ နှုတ်ခမ်းထောင့်များ အနည်းငယ် မြင့်တက်လာပြီး သူ ခြေဆန့်ကာ သူ့ရှေ့ရှိ အခင်းအကျင်း မျက်နှာဖုံးဆီသို့ လျှောက်သွားလိုက်သည်။
ဘိ.....
အလင်းအကာသည် ဧည့်သည်ကို တွေ့သောအခါ တိုက်ခိုက်လို ပုံရသော်လည်း လုရွှအ်သည် သူ့ခန္ဓာကိုယ်ကို အနည်းငယ် ရွေ့လျားမှုဖြင့် ဦးတည်ချက် ပြောင်းလိုက်သည်။ ထိုအချိန်တွင် အကာအကွယ် သူ့ကို မှတ်မိပုံရပြီး တိုက်ခိုက်မှုမှာ ရပ်သွားခဲ့သည်။
အထဲသို့ ဝင်ပြီးနောက် လုရွှမ်သည် ရေထဲတွင် ငါးတစ်ကောင်လို ပုံပေါ်နေသည်။ အကာအကွယ်က ကြိမ်ဖန်များစွာ လှုပ်ခါပြီးနောက် သူသည် ကြီးမားသော ခြံဝင်းကြီး တစ်ခုထဲသို့ ရောက်သွားသည်။
"ကျီးကန်း.... ဖီးနစ်အမွေး ဘယ်မှာလဲဆိုတာ အတိအကျ ရှာတွေ့လား?"
နန်းတော်ရှိ အစောင့် အားလုံးနီးပါးသည် အရှေ့တံခါးဆီသို့ ပြေးသွားကြသည်။ ဤနေရာတွင် တစ်ယောက်မှ မရှိတော့ပေ။ လုရွှမ် ပတ်ပတ်လည်ကို ကြည့်လိုက်ရာ နေရာတိုင်းတွင် လမ်းကြောင်းများစွာရှိပြီး အဆောက်အဦတွေကလည်း အလွှာလိုက်ရှိသည်ကို တွေ့လိုက်ရသည်။
ဘယ်နေရာမှာလဲ မသိတာကြောင့် သူရှာချင်နေတာကို သူ့ခေါင်းထဲက ကျီးကန်းကိုပဲ မေးလိုက်ရသည်။