← Chapters

တော်ဝင်ဘိုးဘေး

Vol. 17 Ch. 2.90

တော်ဝင်ဘိုးဘေး

Vol. 17 Ch. 2.90

"ငါက ရွှေကျီး ရွှေကျီးကန်း.... ကျီးကန်း မဟုတ်ဘူးကွ!"

ကျီးကန်းသည် ဒေါသတကြီး အော်ဟစ်ကာ ကျောက်စိမ်းကြီးထဲတွင် အတောင်ပံများကို လှုပ်ယမ်းရင်း ပတ်ပြေးနေတော့သည်။

"ကောင်းပြီ ရွှေကျီးကန်း! မင်း ဖီးနစ်အမွေးရဲ့ တည်နေရာကို တွေ့ပြီလား...ငါ ယွမ်ယန်ကျင့်စဥ်ကို ဒုတိယအဆင့်အထိ လေ့ကျင့်နိုင်ရင် မင်းလည်း ဒီနေရာကို ထွက်သွားပြီး မင်းကိုယ်တိုင် သေရည်ဝယ်ဖို့ ထွက်လာနိုင်တယ်!"

လုရွှမ်သည် ၎င်းကို ချော့မော့ရန် ပျင်းလွန်းသဖြင့် ခပ်မြန်မြန်ပဲ ပြောလိုက်သည်။

“ဟမ်!”

အပြင်ထွက်ဖို့ စဉ်းစားလိုက်တော့ ကျီးကန်းရဲ့ ဒေါသဟာ သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားပြီး တောင်ပံတွေကို ခတ်လိုက်သည်။

"မင်းရဲ့ ဘယ်ဘက်လမ်းကို လျှောက်သွား... မီတာတစ်ရာလောက် လမ်းလျှောက်ပြီး ညာဘက်ကို ကွေ့လိုက်…"

ကျီးကန်းသည် ထူးဆန်းသော ရတနာ၏ တည်နေရာကို အထူးအာရုံခံနိုင်စွမ်း ရှိသည်။ ဤထူးဆန်းသော ရတနာသည် တစ်စုံတစ်ခုသော အင်အားဖြင့် တံဆိပ်ခတ်ထားသော်လည်း တည်နေရာကို သိရှိနိုင်စေရန်အထိ နီးကပ်နေပြီလေ။

"ဒီကနေ မဝေးဘူးဆိုတော့ အနီးအနားမှာ ရှိလိမ့်မယ်!"

ခဏလောက် လမ်းလျှောက်ပြီး မရေမတွက်နိုင်သော စင်္ကြန်များကို ဖြတ်လျှောက်ပြီးနောက် ကျီးကန်းက ရုတ်တရက် ပြောလိုက်သည်။

"အနီးနားမှာ?"

လုရွှမ်သည် မျက်ခုံးပင့်ကာ လှည့်ကြည့်လိုက်သည်။

ဤနေရာသည် အလွန်ကျယ်ဝန်းသော ခြံဝင်းတစ်ခုဖြစ်ပြီး ၎င်းရှေ့တွင် ကြီးမားသော နန်းတော်တစ်ခုရှိသည်။ ဥယျာဉ်အတွင်းတွင် တံတားငယ်များ၊ ရေစီးဆင်းနေသည့် စမ်းချောင်း၊ ကျောက်ဆောင်များနှင့် ပန်းပွင့်မျိုးစုံရှိသည်။ ဇိမ်ခံခြံဝန်း မဟုတ်သော်လည်း အလွန်လက်ရာမြောက်သည်။

"ဒီမှာ အခင်းအကျင်း တစ်ခုရှိတယ်!"

ကြည့်လိုက်ပြီးနောက် လုရွှမ်သည် သူ့ခြေလှမ်းတွေကို ရပ်လိုက်သည်။

ဤလက်ရာမြောက်သော အဆောက်အဦများသည် ရိုးရိုးရှင်းရှင်း လှပတင့်တယ်ခြင်း မဟုတ်သော်လည်း အမှန်တကယ် အခင်းအကျင်း ဖွဲ့စည်းပုံတစ်ခုကို ဖုံးကွယ်ထားသည်။

"ဒီခြံကို စီစဉ်ပေးတဲ့သူက အဆင့်၉ရှိတဲ့ အခင်းအကျင်း မှော်ဆရာ ဖြစ်ကောင်းဖြစ်မယ်..."

လုရွှမ်၏ မျက်လုံးများမှာ အလင်းတန်းများ တဖျပ်ဖျပ် ခတ်လာသည်။

ဘုရင်မင်းမြတ် ဟန်ချီသည် အခင်းအကျင်း ဖွဲ့စည်းခြင်းဆိုင်ရာ ပညာရပ်ကို ကျွမ်းကျင်သော်လည်း ထိုကဲ့သို့ အားကောင်းသော ဖွဲ့စည်းမှုကို သေချာပေါက် မစီစဉ်နိုင်ပေ။

ဝူယန် နန်းတော်မှာ အဆင့်၉ အခင်းအကျင်း မှော်ဆရာ ရှိနေတာလား?

ဟန်ရောင် နဲ့ တခြားသူတွေကတောင် ဒီကိစ္စကို မသိကြပုံရသည်။

ရှပ် ရှပ် ရှပ်

အံ့ဩမိရင်း လမ်းရှာဖို့ ကြိုးစားနေစဥ် နန်းတော်ထဲကို ဝင်လာတဲ့ ခြေသံကို ကြားလိုက်ရတဲ့အတွက် လုရွှမ် အရိပ်ထဲမှာ ပုန်းနေလိုက်သည်။

သူ ပုန်းနေလိုက်သည်နှင့် လူအရိပ်များစွာ ပေါ်လာသည်။ ပထမ တစ်ယောက်သည် အရပ်ရှည်ပြီး နဂါးကဲ့သို့သော အရှိန်အဝါဖြင့် လမ်းလျှောက်လာကာ သူ၏ မျက်ခုံးနှင့် မျက်လုံးများတွင် ဘုန်းအာနုဘော် ကြီးကြီးမားမား ရှိနေသည့်နှယ်။

ဝူယန်အင်ပါယာ၏ နံပါတ်တစ်ပုဂ္ဂိုလ် ဘုရင်မင်းမြတ် ဟန်ချီပင်။။

သူ့နောက်တွင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော လူအများအပြား ရှိကြပြီး တစ်ဦးစီသည် ရှည်လျားသော အသက်ရှုသံများဖြင့် ဂိုဏ်းဆရာနယ်ပယ် ပြီးပြည့်စုံသော နယ်ပယ်သို့ ရောက်ရှိထားကြလေသည်။

"မင်းတို့ ဒီမှာစောင့်နေ!"

ခြံဝင်းနှင့် မီတာဆယ်ဂဏန်း အကွာတွင် ဘုရင်ဟန်ချီသည် ရပ်လိုက်ပြီး သူ့နောက်က လူတွေကို လက်ဝှေ့ယမ်းလိုက်ပြသည်။

"ဟုတ်ကဲ့ပါ အရှင်မင်းကြီး!"

ချပ်ဝတ်တန်ဆာ ဝတ်ထားသော လူအများအပြားက ရပ်တန့်သွားကာ ငြိမ်သက်စွာ ရပ်စောင့်နေကြသည်။ ဘုရင်ကြီး ဟန်ချီသည် ခြံဝင်းထဲသို့ လျှောက်ဝင်သွားခဲ့သည်။

ခန်းမဆောင်ထဲသို့ ရောက်သောအခါ ဘုရင်မင်းမြတ် ဟန်ချီသည်လည်း ရပ်လိုက်ပြီး မျက်နှာပေါ်တွင် ရိုသေသော အမူအရာနှင့် လက်သီးများ ဆုပ်ထားလိုက်သည်။

"အင်ပါယာ၇ခုက ဝိုင်းရံထားလို့ ကျေးဇူးပြုပြီး တော်ဝင်ဘိုးဘေးကြီး ထွက်လာဖို့ တောင်းဆိုပါတယ်!"

"တော်ဝင်ဘိုးဘေး?"

ဤမြင်ကွင်းကို မြင်လိုက်ရတော့ လုရွှမ် အံ့အားသင့်သွားသည်။

ဘုရင်မင်းမြတ် ဟန်ချီ ကိုယ်တိုင်က အဓိပတိနယ်ပယ် အလယ်အလတ် အဆင့်ကို ရောက်ရှိနေသူ ဖြစ်ပြီး ဘိုးဘေးကိုတောင် သူ့ကို ကူညီပေးဖို့ တောင်းဆိုနေတယ်ဆိုတော့ ဒီဘိုးဘေးက ဘယ်အဆင့်ထိများ ရောက်နေပြီလဲ။

"ကြည့်ရတာ အင်ပါယာတစ်ခု အနှစ်တစ်ရာတိုင် ရပ်တည်နိုင်ပုံ အရတော့ ထူးခြားတဲ့ နောက်ခံရှိပုံပဲ!"

ဝူယန်အင်ပါယာမှာ ဘိုးဘေးတွေ အကြောင်းကို ဟန်ရောင် နဲ့ တခြားသူတွေပင် မသိတာတွေ ရှိနိုင်လောက်သည်။

ဝူယန်အင်ပါယာသည် ပျက်ဆီးခြင်းမရှိဘဲ နှစ်ပေါင်းများစွာ နေရာကို သိမ်းပိုက်နိုင်ခဲ့သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။ ၎င်းနောက်တွင် အင်အားကြီးသည့် နောက်ခံ လက်ကျန်များ ရှိနေသည်။

"ဘာတွေ ဖြစ်နေတာလဲ?"

အခန်းတွင်းမှ အသံတစ်သံ ထွက်လာသည်။

"ဘိုးဘေးကို တင်ပြပါတယ်.... အဂ္ဂိရတ်ပညာရှင်အဖွဲ့က လေလံတင်ပြီး ရောင်းတဲ့ ဆေးတစ်လုံးကို ဝယ်ခဲ့ပါတယ်..."

ဘုရင်မင်းမြတ် ဟန်ချီသည် မည်သည့်အရာကိုမျှ မဖုံးကွယ်ဝံ့ဘဲ အင်ပါယာ၇ခု ဝိုင်းရံရခြင်း အကြောင်းရင်း အပါအဝင် မကြာသေးမီက အဖြစ်အပျက် အားလုံးကို အသေးစိတ် ပြောပြခဲ့သည်။

မုယန်ဖုန်း ပြောသည့်အတိုင်းပင် ၎င်းတို့သည် ဆေးညွှန်း ထုတ်လုပ်ရန်အတွက် ဤအဂ္ဂိရတ်ဆေးကို အသုံးပြု၍ အစွမ်းထက်သော အဓိပတိနယ်ပယ်များကိုသာ မွေးထုတ်လာမည်ကို ကြောက်ရွံ့သောကြောင့် ဖြစ်သည်။

"အဓိပတိအဂ္ဂိရတ်ဆေး? ကမ္ဘာပေါ်မှာ ဒီလိုအစွမ်းထက်တဲ့ အရာတစ်ခု ရှိတယ်လား?"

တံခါးက "ဝုန်းကနဲ" ပွင့်လာပြီး အဘိုးကြီးတစ်ယောက် ထွက်လာသည်။

ဝူယန်တော်ဝင် မိသားစု၏ "ဘိုးဘေး" တွင် မုတ်ဆိတ်ဖြူနှင့် ဆံပင်ဖြူများ ရှိသော်လည်း သူ့အသားအရည်သည် ကလေးကဲ့သို့ နူးညံ့သိမ်မွေ့လေသည်။ သူ့အသက် အတိအကျကို တစ်ချက်ကြည့်၍ မပြောနိုင်သော်လည်း လုရွှအ်သည် သူ့အသက်တစ်ရာကျော် ရှိရမည်ကို ခန့်မှန်းမိသည်။

ကျင့်ကြံရာတွင် သေမျိုးအသွင် ပြောင်းလဲခြင်းနယ်ပယ်သို့ မရောက်ရှိထားပါက အမြဲတမ်း သေသူသာ ဖြစ်လိမ့်မည်။ သေမျိုးများသည် သက်တမ်းသည် အကန့်အသတ် ရှိလေသည်။ အများဆုံး အသက်၈၀မှ ၁၀၀အတွင်းသာ ရှိ၏။

အသက်တစ်ရာကျော်ရှိတဲ့ သူ့ရှေ့က လူတစ်ယောက်က ဒီလိုထက်မြက်တဲ့ စိတ်ဓာတ် ရှိနေတုန်းပဲ။ သူ့ရဲ့ ခွန်အားက ထူးထူးခြားခြား ကြောက်စရာ ကောင်းနေသည်။

"အဓိပတိနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်... သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်နဲ့ အကန့်အသတ် မရှိ နီးကပ်နေတာပဲ!"

လုရွှမ် မျက်ခုံးပင့်လိုက်သည်။

ဟန်ရောင်၊ မုယန်ဖုန်း နဲ့ တခြားသူတွေ မြင်တဲ့အခါ တစ်ဖက်လူရဲ့ ခွန်အားကို မမြင်နိုင်ပေမယ့် သူကတော့ မတူပါဘူး။ သူ့မှာ အံ့သြစရာကောင်းတဲ့ မျက်လုံးတွေရှိပြီး တစ်ဖက်လူရဲ့ တိကျတဲ့ စွမ်းအားကို တစ်ချက်ကြည့်လိုက်ရုံနဲ့ ခန့်မှန်းနိုင်သည်။

အဓိပတိနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်သည် ဒဏ္ဍာရီဆန်ဆန် သေမျိုးအသွင် ပြောင်းလဲခြင်းနယ်ပယ်သို့ ခြေတစ်လှမ်းသာ ဝေးသည်။

"ဟုတ်ကဲ့!"

ဘုရင်ကြီး ဟန်ချီက ခေါင်းညိတ်ပြပြီး သူ့ရင်ခွင်ထဲက ကျောက်စိမ်းပုလင်းကို ထုတ်ယူပြီး လွှဲပေးလိုက်သည်။

"ငါကြည့်ကြည့်မယ်"

ဘိုးဘေးသည် အနည်းငယ် မယုံနိုင်ဟန်ဖြင့် ကျောက်စိမ်းပုလင်းကို ယူရန် လက်ဆန့်လိုက်သည်။ အဆို့ကိုဖွင့်ကာ ၎င်းကို တစ်ချက်ကြည့်လိုက်ရာ သူ့မျက်ဝန်းများသည် စိတ်လှုပ်ရှားစွာ တုန်လှုပ်သွားလေ၏။

"တကယ်ပဲကိုး... ဒီဆေးက အဓိပတိနယ်ပယ်က စွမ်းအင်တွေကို စုစည်းစေတယ်... စွမ်းအင်တိုးလာအောင်လည်း ကူညီပေးနိုင်တယ်! ငါတို့ ဆေးနည်းကို တီထွင်ပြီး ကြီးကြီးမားမား သန့်စင်နိုင်ရင် ငါတို့ ဝူယန်အင်ပါယာက ဒီတစ်ဝိုက်မှာ ပထမတန်းစားနိုင်ငံ ဖြစ်လာလိမ့်မယ်!"

"ဟုတ်ပါတယ်...အင်ပါယာ၇ခုကလည်း ဒါကိုမြင်တဲ့အတွက် အပြင်မှာ ဝိုင်းထားကြတယ်... ရည်ရွယ်ချက်က အဂ္ဂိရတ်ဆေးကို ဖယ်ထုတ်ပြီး ကျွန်တော်တို့ ဆေးနည်းရှာမှာကို တားဆီးချင်နေတာ...."

ဘုရင်ကြီး ဟန်ချီလည်း သက်ပြင်းချလိုက်ရသည်။

"ဆေးနည်းတွေက ရှာဖို့ သိပ်မလွယ်ဘူး!"

ဘိုးဘွားက ခေါင်းယမ်းကာ လက်ထဲရှိ ကျောက်စိမ်းပုလင်းကို ဆုပ်ကိုင်လိုက်ပြှး မျက်လုံးများ မှိတ်ထားလိုက်သည်။

"ဒီဆေးကို ဘယ်သူလေလံတင် ရောင်းမှန်း သိပြီလား?"

"အဲဒါကို အဂ္ဂိရတ်ပညာရှင် အဖွဲ့က လေလံတင်ခဲ့တာ.... သေသေချာချာ စစ်ဆေးနိုင်တဲ့ အနေအထားမှာ မရှိသေးပါဘူး"

ဘုရင်မင်းမြတ် ဟန်ချီသည် တခဏတာ အံ့အားသင့်သွားပြီး အလျင်အမြန် ရှင်းပြသည်။

ကူယ၏ အဂ္ဂိရတ်ပညာရှင် အဖွဲ့အစည်းသည် ဝူယန် တော်ဝင်မြိုတွင် တည်ရှိသော်လည်း ၎င်းသည် သာမန်ဌာနခွဲ တစ်ခုမျှသာ ဖြစ်ပြီး အင်ပါယာ၏ ထိန်းချုပ်မှုအောက်တွင် မရှိပါ။ သံရုံးကဲ့သို့ ၎င်းသည် အင်ပါယာတစ်ခု အတွင်းရှိ နိုင်ငံတစ်ခု ဖြစ်သည်။

အဂ္ဂိရတ်ဆရာကြီးများ၏ အမိန့်အားလုံးကိုသာ နာခံမှုရှိသည်။ ဟန်ချီသည် ဘုရင်မင်းမြတ် ဖြစ်သော်လည်း အမိန့်ပေး စေခိုင်းရန် မဖြစ်နိုင်ပေ။

ဒါတင်မကသေးဘဲ အဂ္ဂိရတ်ပညာရှင်များသည် တိမ်ပင်လယ်နယ်မြေကြီး တစ်ခုလုံးမှာ စွမ်းအားအရှိဆုံး အင်အားစုတွေထဲက တစ်ခုဖြစ်ပြီး အလယ်အလတ်အဆင့် နိုင်ငံငယ်တစ်ခု မဆိုနှင့် အဆင့်မြင့် အင်ပါယာတောင်မှ သူတို့အား စော်ကားဝံ့မှာ မဟုတ်ချေ။

ထို့အတွက်ကြောင့် အဂ္ဂိရတ်ပညာရှင် အဖွဲ့အစည်းမှ လေလံတင် ရောင်းချသော ပစ္စည်းများကို အမှန်တကယ် စစ်ဆေးမေးမြန်း လိုသော်လည်း ဤအဖွဲ့အစည်းကို စော်ကားမည်ကို စိုးရိမ်သောကြောင့် ၎င်းတို့တွင် သတ္တိမရှိပေ။

"သေသေချာချာ စစ်ဆေးဖို့ အဆင်မပြေဘူး... ဒါကြောင့် တိတ်တိတ်လေး စစ်ကြည့်! ဆေးလုံးကို လေ့လာဖို့က မလွယ်ဘူး.... အဂ္ဂိရတ်သန့်စင်တဲ့ သူကို ရှာတွေ့ပြီး သူ့ဆီက ဆေးနည်းနဲ့ လဲလှယ်ပေးရင် ပိုလွယ်လောက်တယ်!"

ဘိုးဘေးက ပြောသည်။

"ဒါ"

ဘုရင်မင်းမြတ် ဟန်ချီသည် တခဏမျှ ထိတ်လန့်သွားပြီး ခဏမှာတော့ ခေါင်းညိတ်လိုက်ရသည်။

"လွယ်လောက်ပါတယ်.. ဒါပေမဲ့ အဓိပတိအဂ္ဂိရတ်ဆေးက အဆင့်၉ အထွတ်အထိပ်ဆေးလုံး ဖြစ်ပါတယ်။ ဒီဆေးကို သန့်စင်နိုင်သူတိုင်းက အနည်းဆုံး အဆင့်၉ အထွတ်အထိပ် ဖြစ်တဲ့ အဂ္ဂိရတ်ဆရာ ဖြစ်ရမယ်။ အဲ့လိုလူက မထုတ်ပေးရင် ကျွန်တော်တို့လည်း ဘာမှလုပ်လို့ မရဘူး"

အဆင့်၉ အဂ္ဂိရတ်ပညာရှင်၏ ဖြစ်တည်မှုသည် အလွန်အမင်း အင်အားကြီးပြီး သူအမိန့်တစ်ချက် ပေးလိုက်သည်နှင့် မရေမတွက်နိုင်သော အဓိပတိနယ်ပယ်များ ဝန်းရံလာနိုင်သည်။

အဲဒီလို သန်မာတဲ့လူက အဂ္ဂိရတ် ဆေးနည်းကို မရောင်းချင်ဘူး ဆိုရင်တော့ သူဟာ ဝူယန်အင်ပါယာရဲ့ ဘုရင်ဖြစ်ရင်တောင်မှ သေချာပေါက် မတတ်နိုင်ဘူးလေ။

"လူကိုသာ အရင်ရှာလိုက်စမ်းပါ.... လူတိုင်းမှာ ချို့ယွင်းချက်နဲ့ ဝါသနာတွေရှိတယ်! တကယ်လို့သူက ဆေးနည်း မပေးချင်ဘူး ဆိုတော့လည်း သူ့ကို ကိုယ်တိုင် သန့်စင်ပြဖို့ ဖိတ်ခေါ်လိုက်မယ်... သူကဒီဆေးကို လေလံတင် ရောင်းတယ်ဆိုတော့ သူ့မှာ လိုချင်တာ တစ်ခုရှိရမယ်... အဲဒါနဲ့ ပေါင်းစပ်လိုက်ရင် မင်းလိုချင်တာကို ရမယ်ဆိုတာ သေချာသလောက်ပဲ!"

ဘိုးဘေးက သူ့လက်ကို ဝှေ့ယမ်းပြီး

"ဒီအဓိပတိဆေးလုံးနဲ့ ဆိုရင် အင်ပါယာ၇ခုက အဓိပတိနယ်ပယ်တွေကို ဖိတ်ခေါ်ပြီး အဲဒီဆေးလုံးကို သစ္စာရှိသူကို ပေးလိုက်.... ဆေးလုံး ကုန်သွားတဲ့အခါ နာခံမှုရှိရှိ ထွက်သွားလိမ့်မယ်...."

All Chapters