← Chapters

ဖီးနစ်အမွေးကိုလက်ဝယ်ရခြင်း (ပထမပိုင်း)

Vol. 17 Ch. 2.91

ဖီးနစ်အမွေးကိုလက်ဝယ်ရခြင်း (ပထမပိုင်း)

Vol. 17 Ch. 2.91

"ဘိုးဘေး!"

ဒါကိုကြားတော့ ဘုရင်မင်းမြတ် ဟန်ချီရဲ့ မျက်လုံးတွေ တောက်ပလာပြီး သူ့နှလုံးခုန်သံက မြန်ဆန်လာကာ အော်ဟစ်လုနီးနီး ဖြစ်သွားသည်။

အင်ပါယာ၇ခုသည် အဓိပတိအဂ္ဂိရတ်ဆေးကို လုယူရန်မဟုတ်ဘဲ ဆေး၏ အညွှန်းကိုခွဲခြမ်းစိတ်ဖြာရန် တစ်စုံတစ်ဦးက ရှာတွေ့မည်ကို ကြောက်ရွံ့သောကြောင့် ၎င်းတို့သည် အမြင့်ဆုံး ဆေးလုံးအတွက် ဤနေရာသို့ လာခဲ့ခြင်း ဖြစ်သည်။

ထိုအခြေအနေမျိုးတွင် ဆေးလုံးကို လူတိုင်းရှေ့တွင် သန့်စင်နိုင်သရွေ့ ၎င်းတို့၏ စိတ်နှလုံးထဲတွင် သံသယများ ပြေပျောက်ပြီး အကျပ်အတည်းသည် သဘာဝအတိုင်း ပျောက်ကွယ်သွားမည် ဖြစ်သည်။

ဤကဲ့သို့သော အကျပ်အတည်းကြီးသည် တိုက်ပွဲ မဖြစ်ပွားပဲ အလွယ်တကူ ဖြေရှင်းနိုင်မည်။

ဒါပေါ့ အဓိက အချက်ကတော့ အဓိပတိအဂ္ဂိရတ်ဆေးကို သန့်စင်ပေးခဲ့တဲ့ အဂ္ဂိရတ်ပညာရှင်ကို ရှာတွေ့နိုင်မှပါ။ တကယ်လို့ အဲဒီလူကို ရှာမတွေ့ရင် အဓိပတိအဂ္ဂိရတ်ဆေးကို သုတေသန မပြုနိုင်ဘဲ အမှိုက်ဖြစ်သွားလိမ့်မည်။

"ကောင်းပြီ... သွားတော့ ဘာမှလုပ်စရာမရှိရင် ငါ့ကိုမနှောင့်ယှက်နဲ့!"

ဘိုးဘေးက သူ့လက်ကို ဝှေ့ယမ်းပြီး စကားမပြောတော့ပေ။

"ဟုတ်ကဲ့!"

ဘုရင်မင်းမြတ် ဟန်ချီသည် အထပ်ထပ် အခါခါ ခေါင်းညိတ်ပြကာ လှည့်ထွက်သွားသည်။

"ဒီဘိုးဘေးက ထွက်သွားမယ်လို့ ထင်ခဲ့တာ... သူမသွားရင်တော့ တော်တော် ပြဿနာရှိတယ်!"

ဘုရင်မင်းမြတ် ဟန်ချီ ထွက်ခွာသွားတာကို မြင်လိုက်ရတော့ ဘေးမှာ ပုန်းနေတဲ့ လုရွှမ်မှာ ခေါင်းကို ခါယမ်းပြီး အကူအညီမဲ့သွားသည်။

ဤဘိုးဘေးသည် အဓိပတိနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်ဖြစ်ကာ သူ့ထက်အများကြီး သန်မာသည်။ သစ်သားနီနှင့် စိတ်ဝိဉာဉ်သခင်၏ နည်းလမ်းများကို အသုံးပြုထားသော်လည်း အသုံးမဝင်မှာ ကြောက်ရသည်။

ထို့အပြင် သူ၏ဝိညာဉ်သခင် စွမ်းရည်မှာ ဆယ်မီတာ အကွာအဝေး အတွင်းသာ ထိန်းသိမ်းထားနိုင်သည်။ ဤအကွာအဝေးထက် ကျော်လွန်ပါက အခြေခံအားဖြင့် အသုံးမဝင်တော့ပေ။

"အခုတော့ ခဏထားလိုက်ဦး... ကျီးကန်းက ဖီးနစ်အမွေးက ဒီခြံဝင်းထဲမှာ ရှိနေနိုင်တယ်လို့ ပြောတဲ့အတွက် လိုက်ရှာကြည့်ရအောင်!"

မကြာခင်မှာပဲ ဘိုးဘေးက အခန်းကို ပြန်ဝင်သွားသည်။ လုရွှမ်သည် ပုန်းနေတဲ့ နေရာကနေ တိတ်တဆိတ် ထွက်ခွာပြီး ပတ်ပတ်လည်ကို ဂရုတစိုက် ကြည့်လိုက်သည်။

ထူးဆန်းသော ရတနာ၏ ရောင်ဝါသည် ရှာရန်မလွယ်ကူကြောင်း ကျီးကန်းမှ ပြောသေယ်လည်း ၎င်းသည် ရည်ရွယ်ချက်ရှိရှိ ပျင်းရိနေသည်ဟု သူထင်ခဲ့သည်။ ယခုတော့ အမှန်ဖြစ်ကြောင်း သိလိုက်ပါပြီ။

ခြံဝင်းတစ်ခုလုံးသည် စွမ်းအင့အားလုံးကို ပိတ်ဆို့ထားသည့် အဆင့်၉ အထွတ်အထိပ်အဆင့် အခင်းအကျင်း တစ်ခုရှိသည်။ ဤအခြေအနေတွင် ကောင်းကင်ကို အံတုနေပြီဟု ယူဆထားသည့် ထူးဆန်းသော ရတနာသည် ဤနေရာတွင် ရှိနေကြောင်း ကျီးကန်းက ခံစားရတာဟာ ဖြစ်နိုင်ချေ ရှိ၏။

"ဒါကချီတစ်ထောင်တံဆိပ် အခင်းအကျင်း!! ဒီလူကြီးက တော်တော်ရက်စက်တာပဲ တခြားသူတွေ မရှာဖွေမိအောင် ဟန့်တားဖို့အတွက် သူ့ဘ၀ကိုတောင် ဂရုမစိုက်ဘူး... သူ့မုတ်ဆိတ်မွေးနဲ့ ဆံပင်တွေက ဖြူနေတာ အံ့သြစရာ မရှိတော့ပါဘူး။ သူ့အသက်က ငါထင်ထားသလောက် ၁၀၀ မပြည့်မှာကို ကြောက်ရတယ်"

အချိန်အတော် ကြာအောင် ကြည့်ပြီးမှ ဖွဲ့စည်းမှုကို မှတ်မိသွားရာ လုရွှမ် ခေါင်းခါလိုက်သည်။

ချီတစ်ထောင်တံဆိပ်ခတ်ခြင်း အခင်းအကျင်းသည် ရှေးခေတ်က လက်ဆင့်ကမ်းလာသော အခင်းအကျင်း ပုံစံများထဲမှ တစ်ခုဖြစ်သည်။ အထူးအဆင့်မြင့်ခြင်း မရှိသော်လည်း ၎င်းသည် ထွက်သက်ကို မလွှတ်ဘဲ ပိတ်ထားနိုင်သည်။

အသက်ရှုခြင်းကို သော့ခတ်ထားနိုင်လျှင် ပြင်ပဝိညာဉ်စွမ်းအင်များသည် သဘာဝအတိုင်း စိမ့်ဝင်နိုင်မည် မဟုတ်ပေ။ ဤဖွဲ့စည်းမှုအတွင်း နေထိုင်ခြင်းသည် တံခါးပိတ် အခန်းတွင် နေထိုင်ရသကဲ့သို့ အချိန်အတော် ကြာပြီးနောက် အသက်ရှူရ ခက်ခဲလာမည် ဖြစ်သည်။

တော်ဝင်မိသားစုရဲ့ ဘိုးဘေးက ဆံပင်ဖြူနေတဲ့ ကလေးတစ်ယောက်လို ပုံစံဖြစ်နေသည်။ သူ့မှာ အဆင့်မြင့်တဲ့ ကျင့်ကြံမှု ရှိပြီး အသက်တစ်ရာ ကျော်နေပြီလို့ ထင်ရပုံပေါ်သည်။ ဒီနေရာမှာ အမြဲတမ်း နေထိုင်ရင် ၁၆ ၁၇နှစ်အရွယ်လို ဖြစ်ပေမယ့် ထွက်ခွာသွားရင်တော့ အသက်ရာကျော် လူကြီး ဖြစ်သွားလိမ့်မည်။

ဒီကောင်က အသက်ဘယ်လောက် ရှိပြီလဲက အရေးမကြီးဘူး။ အခုအရေးကြီးဆုံးက ထူးဆန်းတဲ့ ရတနာရဲ့တည်နေရာကို ရှာဖို့ပဲ။

"တစ်ဖက်လူက အိုမင်းရင့်ရော်မှုကို အရှိန်မြှင့်ပြီး သော့ခတ်ထားနိုင်တဲ့ ချီတစ်ထောင်အခင်းအကျင်းကို လုပ်ထားတယ်ဆိုတော့ ဒီနေရာက မှန်နေပုံရတယ်... ထူးဆန်းတဲ့ ရတနာက ဒီမှာရှိရမယ်!"

လုရွှမ်သည် အလျင်စလို မလှုပ်ရှားသေးဘဲ ဖြည်းညှင်းစွာ တွေးနေသည်။

"ဒီနန်းတော်က ဒီလောက်ကြီးတာ ဘယ်မှာ သွားရှာရမလဲ?"

သူရောက်နေတဲ့ နေရာနဲ့ နန်းတော်ဟာ မီတာရာနဲ့ချီ ရှည်လျား ကျယ်ဝန်းပြီး အခန်းပေါင်း ဒါဇင်နဲ့ချီ ရှိသည်။ အခန်းတိုင်းကို သေချာရှာကြည့်ရင် တစ်နာရီ နှစ်နာရီကြာအောင် ရှာလို့လည်း တွေ့ရမှာမဟုတ်ဘူး။

ထိုကဲ့သို့ ပတ်ပြေးပြီး ရှာဖွေနေခြင်းကို တော်ဝင်ဘိုးဘေးကလည်း သဘောတူမည်မဟုတ်။ နှစ်သတ်တာ လူသားတစ်ယောက် ဖြစ်ရတဲ့ အတွေ့အကြုံအရ တစ်ဖက်လူကို ရှာမတွေ့အောင် တားဆီးနိုင်ပေမယ့် ခြံဝန်းထဲမှာ လှည့်ပတ်ကြည့်လိုက်တာနဲ့ တစ်ဖက်က ရှာမတွေ့နိုင်ဘူးလို့ ပြောရခက်သည်။

"ချီတစ်ထောင်တံဆိပ်ခတ်ခြင်း အခင်းအကျင်း... ဒီလိုအခင်းအကျင်းမျိုးရဲ့ အထဲမှာ ယန်စွမ်းအင်တွေ အပြင်းထန်ဆုံး ပိတ်ဆို့နေတတ်တယ်။ ထူးဆန်းတဲ့ ရတနာရှိရင် သေချာပေါက် ဒီနားမှာရှိလိမ့်မယ် ဒါမှ အခင်းအကျင်းရဲ့ အကျိုးသက်ရောက်မှုက ပိုကောင်းနိုင်မှာ"

အခင်းအကျင်း အရွယ်အစား မည်သို့ပင် ရှိစေကာမူ အဓိကကျရာ အနေအထား ရှိပါသည်။ အဓိကကျတဲ့ နေရာကတော့ ယန်ဓာတ်ပြည့်ဝရာ နေရာသာ ဖြစ်ပြီး ထိုနေရာကို ရှာတွေ့နိုင်သရွေ့ သဘာဝကျကျ ရတနာရှိရာ နေရာကိုလည်း ရှာဖွေနိုင်မည် ဖြစ်သည်။

"ဟိုမှာပဲ!"

အတွေးတစ်ခုဖြင့် လှည့်ကြည့်ရင်း တည်နေရာကို အမြန်ရှာလိုက်သည်။

သူ၏ယခင်ဘဝတွင် တိုက်ပွဲပုံစံများကို လေ့လာခြင်းဖြင့် ကမ္ဘာပေါ်တွင် အထွတ်အထိပ် ဖြစ်ခဲ့ရာ အဆင့်၉ ချီတစ်ထောင်တံဆိပ်ခတ်ခြင်း အခင်းအကျင်းက သူ့အား အဘယ်သို့ တားနိုင်မည်နည်း။

"အဲဒီအခန်း...!"

ဝှစ်

ဦးတည်ရာကို ရှာပြီးနောက် ခန္ဓာကိုယ်ကို ပေါ့ပါးသော သစ်ရွက်ကဲ့သို့ ရှေ့သို့ ဖြည်းညှင်းစွာ ရွေ့လျားသွားလိုက်သည်။

အဓိပတိနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်၏ အာရုံခံနိုင်မှုသည် အမှန်တကယ်ပင် ကြောက်စရာ ကောင်းလှသည်။ သတိမထားမိပါက အလွယ်တကူ ရှာတွေ့သွားသည်။

မီတာ ၅၀ ကျော် အကွာအဝေးဖြင့် ဆယ်မိနစ်နီးပါး လမ်းလျှောက်ပြီး နောက်ဆုံးတွင် အခန်းတစ်ခန်း၏ တံခါးဆီသို့ ရောက်လာသည်။ ပေါ့ပေါ့ပါးပါး လှုပ်ရှားရင်း တံခါးကို တွန်းပြီး လှမ်းဝင်လိုက်သည်။

အခန်းသည် ဖယောင်းတိုင်ရှည်များဖြင့် ထွန်းထားပြီး ပြတင်းပေါက်များမှ နေရောင်ခြည်သည် အနည်းငယ် ဖြာကျနေ၍ မမှောင်နေသော်လည်း လူများကို တုန်လှုပ်ချောက်ချားစေသည်။

"မရှိဘူး?"

အခန်းက မကျယ်တာမို့ အမြန်ကြည့်လိုက်တာနဲ့ ထူးဆန်းတဲ့ ရတနာလို့ ခေါ်တဲ့ အရာတစ်ခုတောင်မှ မရှိနေတာကို တွေ့ရသည်။

ဤအခန်းသည် အလွတ်ဖြစ်သည်။ ပုံမှန်သန့်ရှင်းရေး ပြုလုပ်ထားပုံရကာ ဖုန်မှုန့်များ မရှိသည့်အပြင် ရတနာလည်း ဤနေရာတွင် လုံးဝမရှိပါ။

"ငါ့အတွက် ခက်နေသေးတာလား?!"

ဤအခန်းထဲ မရှိတာကိုတွေ့တော့ လုရွှမ် စိတ်ပျက်လက်ပျက် ဖြစ်မသွားသည့်အပြင် အဲဒီအစား သူနည်းနည်း ပြုံး၍ အခန်းထဲမှာ ခြေလှမ်းအနည်းငယ် လှမ်း၍ ထွက်ခွာလာခဲ့သည်။

နားမလည်တဲ့သူက မြင်ရင်တော့ ထူးထူးခြားခြား လမ်းကြောင်းတစ်ခုနဲ့ လျှောက်သွားနေတယ်လို့သာ မြင်လိမ့်မည်။

ကျစ်!

လမ်းလျှောက်ပြီးနောက် ရပ်တန့်လိုက်သည်နှင့် အခန်းတွင်းရှိ လေထုသည် ရုတ်တရက် ညည်းတွားသံများ အဖြစ် ထွက်ပေါ်လာသည်။

"ဒီမှာပဲ!"

ပေါ့ပေါ့ပါးပါး ပြုံးရင်း လုရွှမ် အရှေ့ကို ဆက်လျှောက်ဖို့ သူ့ခြေဖဝါးကို နင်းလိုက်စဥ်။

ဝုန်း!

ရုတ်တရက် မြေပြင်ပေါ်တွင် အပေါက်တစ်ခု ဖြစ်ပေါ်လာပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် လုရွှမ် မြေအောက်ထဲ ပြုတ်ကျသွားပြီး ပျောက်ကွယ်သွားတော့သည်။ လုရွှမ် ပျောက်ကွယ်သွားသည်နှင့် ပြိုကျသွားခဲ့တဲ့ မြေသားဟာ အလိုအလျောက် ပြန်ကောင်းသွား၏။

အရှိန်က လျင်မြန်စွာ ကျဆင်းနေပုံအရ မြေကြီးအောက်တွင် အလွန်နက်နဲသော အပေါက်ကြီး တစ်ခု ရှိပုံရသည်။

ဗုန်း!

သိပ်မကြာခင်မှာပဲ လုရွှမ်ရဲ့ ခြေဖဝါးတွေက မြေပြင်ကို ထိသွားပြီး အရှိန်သတ်နိုင်ဖို့ လက်ဖဝါးတွေကို မြေပြင်ပေါ် ဖိချလိုက်သည်။

ဒီလို အမြင့်ကနေ ပြုတ်ကျတာက သူ့ရဲ့ ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကို ထိခိုက်စေမှာ မဟုတ်ပါဘူး။

မြေအောက်တွင်တော့ အလင်းရောင် နည်းနည်းမှမရှိဘဲ သူ့ရှေ့က မြင်ကွင်းဟာ မည်းမှောင်နေသည်။ မဝေးလှသော နေရာတွင် လှေကားထစ် တစ်ခုသာ ရှိသည်။ လှေကားအဆုံးက အပေါက်ဝဟာ မကောင်းဆိုးဝါး တစ်ကောင်၏ ကြောက်စရာကောင်းသော ပါးစပ်ကဲ့သို့ပင် ပို၍မှောင်မည်းနေသည်။

လှေကားထစ်ကို မြင်တော့ လုရွှမ်သည် မဆိုင်းမတွဘဲ လှေကားထစ်တွေ အတိုင်း တက်သွားကာ အထဲသို့ ဝင်သွားလိုက်သည်။

လှေကားထစ်များအတိုင်း ရှေ့သို့လျှောက်၍ လှေကားပေါင်း ရာချီလောက်ကို ဖြည်းဖြည်းချင်း ပြန်ဆင်းလာရင်း မျက်လုံးရှေ့တွင် အလင်းရောင်တစ်ခု ပေါ်လာသည်။

၎င်းသည် ကျယ်ပြန့်သော မြေအောက်နေရာ ဖြစ်ပြီး အလယ်တွင် မီးတောက်များ လျှံတက်လာကာ နေရာတိုင်းတွင် အလွန်ပူပြင်းသော မီးတောက်များ တောက်လောင်နေသည့် မြေအောက် မီးတောင်ကြားတစ်ခု ဖြစ်နေတာ တွေ့ရ၏။

"မြေအောက်မီးတောင်?"

လုရွှမ်သည် ဝူယန်ဘုရင်၏ နန်းတော်အောက်တွင် မီးတောင်ရှိမည်ဟု မမျှော်လင့်ထားသောကြောင့် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

မီးတောင် ပေါက်ကွဲပြီးသည်နှင့် တော်ဝင်မိသားစု တစ်ခုလုံး မြေပြင်အောက်သို့ ချက်ချင်း ပြိုကျသွားမည် မဟုတ်လော။

"ဟင်? အဲဒါက"

သူ့စိတ်ထဲမှာ ထူးဆန်းနေတယ်လို့ ခံစားနေရချိန် မီးတောင်အလယ်ကို ရုတ်တရက် မော့ကြည့်လိုက်ပြီး သူ့မျက်တောင်တွေပင် စိတ်လှုပ်ရှားမှုကြောင့် လှုပ်ခတ်သွား၏။

မီးတောင်အလယ်က တောက်လောင်နေတဲ့ မီးတောက်တွေထက်မှာ ရွှေရောင်အမွေးတစ်ခု လွင့်နေတာကို တွေ့လိုက်ရသည်။

ဤအမွေးသည် ထင်ရှားသော စွမ်းအားမရှိဘဲ ပေါ့ပါးစွာ ကခုန်နေသော်လည်း ၎င်းသည် လူများကို ကူကယ်ရာမဲ့ ဆွဲဆောင်နိုင်ပြီး ဒီအတိုင်း ပစ်ထားခဲ့ရန် ခက်ခဲစေသည်။

All Chapters