← Chapters

ဖီးနစ်အမွေးကိုလက်ဝယ်ရခြင်း (တတိယပိုင်း)

Vol. 17 Ch. 2.93

ဖီးနစ်အမွေးကိုလက်ဝယ်ရခြင်း (တတိယပိုင်း)

Vol. 17 Ch. 2.93

"ဘယ်သူလဲ?????"

ဒေါသသံနှင့်အတူ တော်ဝင်ဘိုးဘေး၏ အဓိပတိ အသက်ရှုသံသည် ကျယ်လောင်လာပြီး မြေအောက်ခန်း တစ်ခုလုံး တုန်ခါသွားကာ မရေမတွက်နိုင်သော ကျောက်စရစ်ခဲများ လှိမ့်ဆင်းလာသည်။

အဓိပတိနယ်ပယ် ဖြစ်ပေမယ့် ပြီးပြည့်စုံခြင်း အဆင့်နှင့် နှောင်းပိုင်းအဆင့်တို့၏ ခြားနားချက်သည် ကြီးမားလွန်းသဖြင့် နှစ်ခုကြားတွင် နှိုင်းယှဉ်စရာပင် မရှိပေ။

အစပိုင်းတွင် လုရွှမ်သည် မုယန်ဖုန်း နှင့် ဟန်ရောင်ကို ခေါ်ဆောင်လာကာ ချင်မိသားစု၏ ဘိုးဘေးကို အလွယ်တကူ သတ်နိုင်သော်လည်း တော်ဝင်မိသားစု၏ ဘိုးဘေးများနှင့် ရင်ဆိုင်ရသောအခါတွင် အစောပိုင်းအဆင့် အယောက်၄၀ ရှိလျှင်ပင် အနိုင်ယူနိုင်မည် မဟုတ်ချေ။

၎င်းတို့ဟာ တူညီတဲ့ အဆင့်မှာ လုံးဝ မရှိဘူး။

"ဘယ်သူပဲဖြစ်ဖြစ်... လုံးဝပြေးလို့ လွတ်မှာမဟုတ်ဘူး!! ငါမင်းကို ဒီကနေ ထိုင်စောင့်နေမယ်... မင်းဘယ်အချိန်ထိ ပုန်းထားနိုင်မလဲ ကြည့်ရသေးတာပေါ့!"

အသက်ရှုသံများ ကျယ်လာသည်နှင့်အမျှ တော်ဝင်မိသားစု၏ ဘိုးဘေးသည် ခေါင်းပေါ်တွင် အနီရောင် သွေးပြန်ကြောများ ပေါက်ထွက်လာတော့မတတ် တင်ပျဉ်ခွေ ထိုင်နေလေသည်။

ဒီရတနာကို သူတို့မိသားစုမှာ ဘယ်သူမှ မသန့်စင်နိုင်ပေမယ့် အဖိုးတန်မှန်း သိပါသည်။ ဒါကြောင့် သူတို့က ဒီမှာ နန်းတော်တစ်ခုဆောက်ပြီး စွမ်းအင်အားလုံးကို ဖုံးကွယ်ဖို့ ထိပ်တန်း အခင်းအကျင်း ဖွဲ့စည်းမှုကို အသုံးပြုခဲ့တာ။

အနာဂတ်မှာ သင့်တော်တဲ့ စွမ်းအင်ကျင့်စဥ်နဲ့ နောက်မျိုးဆက်တွေကို မွေးထုတ်ပေးနိုင်မယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့။

အဲဒီနောက်မျိုးဆက်က ထွက်မလာခင် ခိုးယူခံလိုက်ရမယ်လို့ ဘယ်သူက ထင်မှာလဲ?

ဘယ်သူလဲ? သူဘယ်တုန်းက ဝင်လာတာလဲ။

တော်ဝင်မိသားစု၏ ဘိုးဘေးသည် သူခိုးကိုဖမ်းပြီး အရှင်လတ်လတ် သတ်ပစ်ချင်စိတ်များဖြင့် မျက်လုံးများက နီရဲလျက်ရှိသည်။

အပြင်မှာ ဒေါသထွက်နေတဲ့ တော်ဝင်မိသားစုရဲ့ ဘိုးဘေးတစ်ယောက် ထိုင်စောင့်နေတာကို မသိတဲ့ လုရွှမ်က ချော်ရည်ထဲကို ဝင်လိုက်တာနဲ့ သူ့တစ်ကိုယ်လုံးပေါ် တောက်လောင်နေတဲ့ မီးတောက်တွေကို ခံစားလိုက်ရပြီး အချိန်မရွေး ပြာဖြစ်သွားတော့မလို ဖြစ်နေပါပြီ။

ရေခဲသွေးဆေးကိုသာ ကြိုမသောက်ထားရင် ခန္ဓာကိုယ်က ခံနိုင်ရည်ရှိမှာ မဟုတ်ပေ။

"ဝင်သွား!"

ရေခဲသွေးဆေးကလည်း အကြာကြီး မထိန်းထားနိုင်လောက်တာကို သိတဲ့ လုရွှမ်သည် နောက်အခိုက်အတန့်တွင် ကျောက်စိမ်းပြားထဲက နေရာသို့ ဝင်ထားလိုက်သည်။

ကျောက်စိမ်းပြားသည် အာကာသ မှော်လက်နက်တစ်ခု ဖြစ်သည်။ ၎င်းသည် ဝင်သွားပြီးနောက် ခြေရာလက်ရာများကို ချန်ထားခဲ့သော်လည်း ဤချော်ရည်အဆင့်ကြောင့် မပျက်စီးနိုင်ပါ။

သေချာတာပေါ့ သူဝင်ပြီးတာနဲ့ ချော်ရည် ပင်လယ်ပြင်ကိုသာ မြင်ပြီး ကျောက်စိမ်းပြားကိုတော့ မထိခိုက်ပေ။

"ဟူး!"

သက်ပြင်း တစ်ချက်ချရင်း လုရွှမ်သည် လောင်မြိုက်နေသော ဖီးနစ်အမွေးကို ကြည့်လိုက်သည်။

ထိုရတနာသည် သူနဲ့ မလှမ်းမကမ်းရှိ လေပေါ်တွင် ရပ်တန့်နေပြီး တစ်ချက်မှ မလှုပ်တာတောင် လူ့စိတ်ဝိညာဉ်၏ ဖိနှိပ်မှုတစ်မျိုးကို ပေးစွမ်းနိုင်သည်။

"အကြီးအကဲရွှေကျီးကန်.... ဒါကိုဘယ်လို သန့်စင်ရမလဲ?"

လုရွှမ်သည် ယခုက အလေးအနက် ထားရမယ်ဆိုတာ လေးနက်မှုကို သိရှိပြီး ကျီးမည်းဟုခေါ်ပါက သဘောမတူမှာ သိသောကြောင့် အကြီးအကဲဟု တိုက်ရိုက် ခေါ်ဝေါ်စကားပြောခဲ့သည်။

"မဆိုးပါဘူး..."

လူငယ်ကသူ့အား ကျီးမည်း အစား အကြီးအကဲရွှေကျီးကန်းဟု ခေါ်လာသော် ကျီးကန်းက ကျေနပ်စွာ ခေါင်းညိတ်ပြပြီး သူ့တောင်ပံတွေကို ခတ်လိုက်သည်။

"ရှားပါးရတနာတွေကို သန့်စင်ဖို့ နည်းလမ်းနှစ်ခုရှိတယ်!"

လုရွှမ်သည် အသေးစိတ် အချက်အလက်များကို လွဲချော်သွားမည်ကို ကြောက်၍ သေချာ နားထောင်နေသည်။

"ပထမနည်းလမ်းကို သွေးသန့်စင်ခြင်းလို့ ခေါ်တယ်...အဲဒါက အန္တရာယ် အကင်းဆုံးနှင့် အသုံးအများဆုံး နည်းလမ်းပဲ။ ရေခဲသွေးဆေးကို မျိုချပြီးရင် ဖီးနစ်အမွေးကို ဆက်သွယ်ဖို့ နည်းလမ်းကို ရှာဖွေ.... အဲဒါက မင်းရဲ့ ခန္ဓာကိုယ်နဲ့ ကျင့်စဥ်တွေကို အလိုအလျောက် သန့်စင်ပေးလိမ့်မယ်...ဒီနည်းလမ်းက အရမ်းနှေးကွေးပေမယ့် အန္တရာယ်က အထူးကြီးကြီးမားမားတော့ မဟုတ်ဘူး... အများဆုံး မင်းကို အသိအမှတ် မပြုဘူးဆိုရင်တောင် ဖီးနစ်အမွေးက မင်းကို ပြာဖြစ်အောင် မီးရှို့လို့မရဘူး!"

"ဒုတိယနည်းလမ်းက ဝိညာဥ်ကျင့်ကြံခြင်းလို့ ခေါ်တယ်....အဲဒါက ဝိညာဥ်က ခန္ဓာကိုယ်က ထွက်ပြီး ဖီးနစ်အမွေး အမှုန်အမွှားတွေကို ဝိညာဉ်အစိတ်အပိုင်း တစ်ခုအဖြစ် အပူပေးခြင်းပဲ.... အဲ့နည်းလမ်းက အရမ်း အန္တရာယ်များတယ်။ ပြောင်းပြန်လှန်လိုက်တာနဲ့ ဝိညာဉ်က အလွယ်တကူ လောင်ကျွမ်းသွားနိုင်တယ်။ ဒါပေမဲ့ ဒီနည်းလမ်းမှာ အားသာချက် တစ်ခုရှိတယ်....အဲဒါက သန့်စင်မှု အမြန်နှုန်းက အရမ်း လျင်မြန်ပြီး ထူးဆန်းတဲ့ ရတနာနဲ့ စိတ်ဝိညာဉ်က ပေါင်းစပ်သွားမယ်။ စိတ်ဝိညာဉ်အတွက် ကောင်းကျိုးလို့ ပြောလို့ရတယ်... ဖီးနစ် အမှုန်အမွှားတွေနဲ့ ချည်နှောင်ထားတာက တစ်သက်တာမှယ ရှားပါးရတနာ တစ်မျိုးတည်းကိုသာ သန့်စင်နိုင်မှာ... အနာဂတ်တွင် ကောင်းတဲ့အရာတွေနဲ့ တွေ့ကြုံရရင်တောင် ပြောင်းလဲလို့ မရနိုင်တော့ဘူး။ ပထမနည်းလမ်းလည်း အဲ့လိုပဲ မင်းရဲ့ခန္ဓာကိုယ်ထဲကို ထူးဆန်းတဲ့ရတနာ ဖီးနစ်အမွေး ဝင်ရောက်သွားတာနဲ့ မင်းရဲ့ခန္ဓာကိုယ်က ဖီးနစ်တစ်ကောင်လို ပြောင်းလဲသွားစေလိမ့်မယ်။ အနာဂတ်မှာ တခြားထူးဆန်းတဲ့ ရတနာတွေနဲ့ တွေ့ကြုံရတဲ့အခါ မင်း ငြင်းပယ်ခံရပြီး သန့်စင်ဖို့ ခက်လိမ့်မယ်!"

ကျီးကန်းက ရှည်လျားစွာ ရှင်းပြလေသည်။

"လူတစ်ယောက်က တစ်သက်မှာ ရှားပါးရတနာတစ်ခုပဲ သန့်စင်နိုင်တယ်လို့ ဆိုလိုတာလား?"

လုရွှမ်သည် မည်သည့်နည်းဖြင့်မဆို အောင်မြင်သည်နှင့် ထူးဆန်းသော ရတနာများ ပြောင်းလဲသွားလိမ့်မည် ဖြစ်ကြောင်း နောက်ဆုံးတွင် နားလည် သဘောပေါက်သွားခဲ့သည်။ အခြားထူးဆန်းသော ရတနာများကို နောင်တွင် ရှာဖွေနိုင်သော်လည်း မသန့်စင်နိုင်ဘဲ ထိုင်ကြည့်ရုံပဲ တတ်နိုင်တော့မည်။

"ထူးဆန်းတဲ့ ရတနာတွေ ကမ္ဘာက မွေးဖွားလာတာ.... တစ်ခုကို ရှာတွေ့ပြီး သန့်စင်နိုင်ရင်ကို မင်းကံကောင်းနေပြီ....ဧကန္တ မင်းက တော်တော်များများကို သန့်စင်ချင်နေတာလား?"

ကျီးကန်းက တအံ့တသြနဲ့ အော်မေးလိုက်၏။

"ဒါပေမဲ့ မင်းငါ့ကို အစောက ပြောခဲ့ပုံအရဆိုရင်... " လုရွှမ် ခဏလောက် အံ့အားသင့်သွားပြီး

"မင်းမှာ တတိယနည်းလမ်း ရှိသေးတာလား?"

"မှန်တယ်!"

ကျီးကန်းက အောင်ပွဲခံစွာဖြင့် ခေါင်းညိတ်လိုက်ပြီး

"တခြားသူတွေ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ တတိယနည်းလမ်းတော့ မရဘူး... ဒါပေမဲ့ ယွမ်ယန်ကျင့်စဥ်ရဲ့ အမွေဆက်ခံသူ အနေနဲ့ မင်း တတိယနည်းလမ်းကို လေ့ကျင့်လို့ ရပါတယ်... အဲဒါကတော့ နန်းတော်ပင်လယ် အသစ်ကို ဖွင့်ဖို့ပဲ.... ရှားပါးရတနာတွေကို သန့်စင်ဖို့ နန်းတော်ပင်လယ်ကို သုံးရမယ်!"

"နန်းတော်ပင်လယ်ကို အသစ်ဖွင့်ရမှာလား?"

လုရွှမ် အသက်ရှူမဝသလို ဖြစ်သွားသည်။

နန်းတော်ပင်လယ်သည် စစ်မှန်သော ဝိညာဥ်ချီများ ပါ၀င်စုဆောင်းထားသည့် နေရာဖြစ်သည်။ နန်းတော်ပင်လယ်ကို ဖွင့်ခြင်းသည် ခန္ဓာကိုယ်အတွင်း စစ်မှန်သော ဝိညာဥ်ချီများ ပိုမိုပါဝင်ခြင်းနှင့် ညီမျှသည့်အတွက် အနာဂတ် ကျင့်မှုအပေါ် များစွာအကျိုး သက်ရောက်စေမည် ဖြစ်သည်။

သူအရင်က ပထမအဆင့် နန်းတော်ပင်လယ်ကို ဖွင့်ဖို့ အသည်းအသန် ကြိုးစားနေခဲ့သလိုပါပဲ။ နောက်ထပ် နန်းတော်ပင်လယ်ကို ဖွင့်နိုင်ရင် သူ့ရဲ့ ခွန်အားတွေ တိုးလာမှာ မဟုတ်လား။

"အင်း... ယွမ်ယန်ကျင့်စဥ်ရဲ့ သာမာန်ကျင့်ကြံ နည်းအတိုင်းဆိုရင် မင်း အဆင့်ကိုးရောက်မှ နန်းတော်ပင်လယ်သစ်ကို ဖွင့်နိုင်မှာ... နန်းတော်ကိုးခုက တစ်ခုတည်းအဖြစ် ပေါင်းစည်းပြီး အမြင့်ဆုံး အဓိပတိ နန်းတော်ပင်လယ်ကြီး ဖြစ်လာနိုင်တယ်... အဲဒါကလည်း ဘယ်နှစ်နှစ်လောက် ကြာမလဲ မသိဘူး.... ရှားပါးရတနာတွေကို သန့်စင်ခြင်းက မတူဘူး... ထူးဆန်းတဲ့ ရတနာရဲ့ အကူအညီနဲ့ နန်းတော်ပင်လယ် အသစ်ကို ဖွင့်လှစ်ဖို့က လုံးဝဖြစ်နိုင်တယ်!"

ကျီးကန်းမျက်လုံးများ တောက်ပစွာ လင်းလက်နေသည်။

နန်းတော်ပင်လယ် အသစ်ကို ဖွင့်လှစ်ပြီး ရှားပါးရတနာများကို သန့်စင်ပေးသည့်တိုင် စိတ်လှုပ်ရှားမှုကို ထိန်းနိုင်မည် မဟုတ်ပေ။

"ဘယ်လိုလုပ်ရမလဲ?"

လုရွှမ်က တစ်ချက်ကြည့်လိုက်သည်။

နန်းတော်ပင်လယ်သည် မည်မျှ အစွမ်းထက်သည်ကို သူသိသည်။ ထို့ကြောင့် သူကြိုတင် ဖွင့်ထားနိုင်လျှင် အကောင်းဆုံး ဖြစ်လိမ့်မည်။

"မင်းကို ငါ့နည်းလမ်းကို နောက်မှဆက်ပြောမယ်... ဒါပေမဲ့ မင်းကိုကြိုတင်ပြီး သတိပေးထားမယ် နန်းတော်ပင်လယ်ကိုဖွင့်ဖို့ ထူးဆန်းတဲ့ရတနာကို သုံးတာက ကောင်းကင်ကို ဆန့်ကျင်နေတာပဲ အရမ်းအန္တရာယ်များတယ်။ မင်းသတိမထားရင် သေသွားနိုင်တယ်! တကယ်လို့ အရင်ကငါ ပြောခဲ့သည့် နည်းလမ်းနှစ်ခုက ကျရှုံးနိုင်ခြေ ၁၀ ဆိုရင်....အခုနည်းလမ်းက ကျရှုံးနိုင်ခြေ ၁၀၀ပဲ!"

"ဒါက ၁၀ကြိမ်သေပြီး အသက်ရှင်နိုင်ချေ မရှိဘူးလို့လည်း ပြောလို့ရတယ်...ဒါပေမဲ့ အောင်မြင်သွားရင်တော့ အနာဂတ် အောင်မြင်မှုက သူတော်စင် ဒါမှမဟုတ် သူတော်စင်ကြီး ဖြစ်လာဖို့ ပြဿနာမရှိဘူး... တိမ်ပင်လယ် နယ်မြေရဲ့ ချည်နှောင်မှုကို ကျော်ဖြတ်ပြီး ပိုမြင့်တဲ့အဆင့်ကို ရောက်နိုင်လိမ့်မယ်"

ကျီးကန်းက ပြောသည်။

"၁၀ကြိမ်သေပြီး အသက်ရှင်နိုင်ချေ မရှိရင်တောင် ငါစမ်းကြည့်ရမှာပဲ!"

လုရွှမ်၏ မျက်လုံးများသည် လေးနက်နေခဲ့သည်။

ဧကရာဇ်ကျိုးရန်သည် လွန်ခဲ့သော နှစ်ပေါင်း ၃၀၀ က တိမ်ပင်လယ်ထဲတွင် နံပါတ်တစ်လူ ဖြစ်ခဲ့သည်။ သူသည် ကမ္ဘာကို ပေါင်းစည်းပြီး မရေမတွက်နိုင်သော အရင်းအမြစ်များ ပိုင်ဆိုင်ထားသည်။

သူ၏ လက်ရှိ ခွန်အားသည် ပို၍ပင် မြင့်မားနေပေမည်။ သူသည် အဆင့် တစ်ဆင့်ပြီးတစ်ဆင့် လေ့ကျင့်ခဲ့သည်င လက်စားချေရန် တစ်ခုတည်းသော ရည်ရွယ်ချက်ကြောင့် ဖြစ်သည်။

သွေးကြွေး!

သူသည် မြင့်မားသော အနေအထားတွင် ရှိနေသောခဲ့ကြောင့် သေချာပေါက် သူ့အသက်ကို မစွန့်ဝံ့အောင် သတ္တိမကြောင်ပေ။ တစ်ကြိမ်သေပြီးနောက် ဂရုမစိုက်တော့ပါ။

အန္တရာယ် ရှိနေတော့ရော ဘာဖြစ်လဲ? ဆယ်ယောက်သေပြီး အသက်မရှင်နိုင်တော့ရော ဘာဖြစ်လဲ?

ဂုဏ်သရေရှိတဲ့ အရူးဧကရာဇ် လုရွှမ်က မအောင်မြင်ဘူးလို့ မယုံဘူး!

ကောင်းကင်ဘုံက သူ့အား ပြန်လည် အသက်ရှင်ရန် အခွင့်အရေး ပေးသောကြောင့် သူသည် ဤအခက်အခဲကို ကျော်လွှားနိုင်ပြီး ရှားပါးရတနာကို အောင်မြင်စွာ သန့်စင်ကာ ကောင်းကင်သို့ ပျံတက်နိုင်မည် ဖြစ်သည်။

လုရွှမ်တွင် ခိုင်မာသော ယုံကြည်မှု ရှိလေသည်။

ဤသည်မှာ ယခင်ဘဝများတွင် မရေမတွက်နိုင်သော အတွေ့အကြုံများဖြင့် မွေးမြူထားခဲ့သော စိတ်ဓာတ်သာ ဖြစ်သည်။

"ကောင်းပြီ ယွမ်ယန်ကျင့်စဥ်က လူရွေးမမှားဘူးပဲ!"

လုရွှမ်၏ အသွင်အပြင်ကို မြင်လိုက်ရသဖြင့် ကျီးကန်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

All Chapters