ယွမ်ယန်ကျင့်စဥ် ဒုတိယအဆင့်၏ တံခါးဖွင့်အဆင့်
Vol. 17 Ch. 3.1
"အရင်ဆုံး မထိုးဖောက်သေးနဲ့ဦး... ယွမ်ယန်ကျင့်စဥ်ရဲ့ ပထမအဆင့် ပြီးပြည့်စုံမှုကို ဖြတ်ကျော်နိုင်ပြီး ဒုတိယအဆင့်ကို ဝင်ရောက်နိုင်မလား ဆိုတာ ကြည့်ကြည့်လိုက်ပါဦး"
လုရွှမ်သည် ထိုနေရာတွင်ပင် ထိုင်နေတာကို မြင်လိုက်ရသဖြင့် ကျီးကန်းက တိုက်တွန်းလိုက်သည်။
"အင်း!"
ထိုမှသာ လုရွှမ်သည် ၎င်းကို တွေးမိပြီး တုံ့ဆိုင်းမနေဘဲ ယွမ်ယန်ကျင့်စဥ်ကို သူ့ခန္ဓာကိုယ်ထဲတွင် ချက်ချင်း အလုပ်လုပ်စေလိုက်သည်။
ဗုန်း!
အရင်တုန်းကတော့ ယွမ်ယန်ကျင့်စဥ်က ရေစီးကြောင်းလိုပင်။ အရှိန်က အရမ်းမြန်ပေမယ့် အရမ်းအားမပြင်းချေ။ ဒီအချိန်မှာတော့ သွေးကြောထဲတွင် ဝိညာဥ်ချီက ပျံ့လွင့်နေပြီး မြစ်ရေလိုလို မိုးခြိမ်းသံလိုလို ဝိညာဥ်ချီသည် အချိန်မရွေး ခန္ဓာကိုယ်ထဲမှ ထွက်သွားတော့မလို ပြင်းထန်လွန်းလှသည်။
"ထိုးဖောက်စေ!"
စွမ်းအားကို ပြေးလွှားစေရင်း လုရွှမ် မျက်ခုံးပင့်လိုက်သည်။
ဗုန်း!
တံခါးကို တွန်းဖွင့်လိုက်သလိုမျိုး ပေါက်ကွဲသံကြီးက ပြင်းထန်စွာ ပေါက်ကွဲထွက်သွားသည်။
ထိုခံစားချက်ကို ခံစားလိုက်ရသည်နှင့် တပြိုင်နက် လုရွှမ်သည် ကြမ်းပြင်ကပါ ပြင်းထန်စွာ လှုပ်ယမ်းသွားသည်ကို ခံစားလိုက်ရသည်။ သူ မျက်လုံးများကို အမြန်ဖွင့်လိုက်ရာ မူလ မီတာ ၄၀ နှင့် အကျယ် မီတာ ၂၀ ကျော်ရှိသည့် ကျောက်စိမ်းတုံးကြီး၏ နေရာသည် သိသိသာသာ ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။
အလျား နှင့် အနံ မီတာ ၂၀၀ နှင့် ၁၀၀ မီတာ အသီးသီး ဖြစ်လာသည်။ အလယ်မှာ နောက်ထပ် ကျောက်နံရံတစ်ခုပါ ပေါ်လာပြန်၏။
ယွမ်ယန်ကျင့်စဥ်၏ ဒုတိယအဆင့်။
"အောင်မြင်ပြီ!"
ဒါကိုမြင်တော့ လုရွှမ်ဟာ ယွမ်ယန်ကျင့်စဥ်ရဲ့ ပထမအဆင့်ကို အောင်မြင်စွာ ဖြတ်ကျော်ပြီး ဒုတိယအဆင့်ကို ရောက်နေပြီဆိုတာ သဘောပေါက်လိုက်သည်။
ကျောက်နံရံပေါ်က အကြောင်းအရာတွေကို အမြန်ကြည့်လိုက်တော့ ပထမအဆင့်နဲ့ ထပ်တူကျပေမယ့် ပိုအဆင့်မြင့်သွား၏။ ကိုယ့်မျက်စိနဲ့ မမြင်ရရင် စိတ်ကူးယဥ်မိဖို့ပင် ခက်လိမ့်မည်။ ဤသည်မှာ ကမ္ဘာပေါ်တွင် အစွမ်းထက်သော ကျင့်ကြံရေး နည်းလမ်းတစ်ခုပဲ ဖြစ်သည်။
မဆိုင်းမတွ ချက်ခြင်းပင် ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ စတင်လေ့ကျင့်လိုက်သည်။
ယွမ်ယန်ကျင့်စဥ်၏ ပထမအဆင့်သည် စမ်းချောင်းဖြစ်ပြီး ဒုတိယအဆင့်မှာ မြစ်ဟု ဆိုနိုင်သည်အထိ ၎င်းတို့နှစ်ခုသည် တူညီသောအဆင့်မဟုတ်ပေ။
ဒုတိယအဆင့်၏ လေ့ကျင့်နည်းအရ လုရွှမ်သည် သူ၏စစ်မှန်သော ဝိညာဥ်စွမ်းအင်ကို ဖြန့်ကျက်ထားလိုက်သည်။
နောက်သုံးရက် ကြာသော်။
ဝိညာဥ်ချီသည် တစ်ပတ်ကြာပြီးနောက် အောင်မြင်စွာ ပျံ့နှံ့သွားခဲ့သည်။
ယွမ်ယန်ကျင့်စဥ်၏ ဒုတိယအဆင့် တံခါးဖွင့်အဆင့်ပင်။
"ယွမ်ယန်ကျင့်စဥ်လို့ကို မပြောရဘူး... ဒါက တံခါးဖွင့် အဆင့်ဖြစ်ပေမယ့် အဓိပတိနယ်ပယ်ရဲ့ အစောပိုင်းအဆင့်က အလယ်အလတ် အဆင့်နဲ့ သိပ်မဝေးတော့ဘူး"
လေ့ကျင့်မှုကို ရပ်ပြီးနောက် လုရွှမ် မတ်တပ်ထရပ်လိုက်သည်။
ဤသုံးရက် လေ့ကျင့်မှုတွင် သူသည် ယွမ်ယန်ကျင့်စဥ်၏ ဒုတိယအဆင့်ကို တံခါးဖွင့်အဆင့်အထိသာ လေ့ကျင့်ခဲ့သော်လည်း မတိုင်ခင်က ဖီးနစ်အမွေးကို သန့်စင်ခြင်း၏ စွမ်းအားသည် လုံး၀ ပေါင်းစပ်သွားခဲ့ပြီမို့ အဓိပတိနယ်ပယ် အလယ်အလတ်အဆင့်နဲ့ သိပ်မဝေးတော့ပေ။
ဟူ!
လက်ဖဝါး တစ်ဖက်နဲ့ ရှေ့ကို ဝေ့ယမ်းလိုက်သည်။ ကြီးမားသော လက်ဖဝါးပုံရိပ်များသည် ရှေ့သို့ ပျံသွားကာ ဖိသိပ်ထားသော လေသည် ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။
"ငါ့ရဲ့ စစ်မှန်တဲ့ ဝိညာဥ်စွမ်းအင်က ၅သိန်းလောက်အထိ ရောက်နေပြီ.... တချို့ အဓိပတိနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်ကလူတွေနဲ့ သိပ်မကွာတော့ဘူး!"
အဆင့်တိုးပြီးတော့ ဘယ်လောက်ထိ အားကောင်းတယ် ဆိုတာ မစမ်းသပ်ခဲ့ရသေးဘူး။ အခုစမ်းကြည့်တော့ လုရွှမ် ကိုယ်တိုင်တောင် အံ့သြမဆုံး ဖြစ်နေရသည်။
အဓိပတိနယ်ပယ်၏ အစောပိုင်းအဆင့် ဖြစ်သော်လည်း တကယ့်စွမ်းအားသည် သာမန်အဓိပတိနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်နဲ့ အတူတူပင် ဖြစ်သည့် စွမ်းအား ၅သိန်း အထိရောက်ရှိခဲ့သည်။
ဆိုလိုသည်မှာ သူသည် အဓိပတိနယ်ပယ်၏ အစောပိုင်းအဆင့်တွင် ရှိနေသော်လည်း အဓိပတိနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်ရဲ့ တိုက်ခိုက်ရေးစွမ်းအား အပြည့်ရှိသည်။
စိတ်ဝိညာဉ်သခင် ထိန်းချုပ်ထားသည့် ခွန်အား ၅သိန်း ကို ပေါင်းထည့်ပါက အဓိပတိနယ်ပယ်တွင် ပြိုင်ဘက် မရှိနိုင်တော့ပါ။
"အပြင်ထွက်ကြည့်ဖို့ အချိန်ရောက်ပြီ!"
အဓိပတိနယ်ပယ်ကို ရောက်ပြီးနောက် လုရွှမ် စိတ်လှုပ်ရှားသွားသည်။
တော်ဝင်မိသားစုရဲ့ ဘိုးဘေး ပြန်လာတာကြောင့် သူ့မှာ ချော်ရည်ထဲ ဝင်ပုန်းနေခဲ့ရ၏။ ယခု သူ့ရဲ့ ခွန်အားတွေ သိသိသာသာ တိုးလာတာကြောင့် ဒီကနေ ထွက်သွားသင့်ပြီ။
ဝုန်း!
ကျောက်စိမ်းထဲမှ ထွက်လာပြီးနောက် ချော်ရည်တွေထဲဲ ပြန်ရောက်လာခဲ့သည်။
အရင်က ရေခဲသွေးဆေးကို မသောက်ထားရင် ချော်ရည်က အရမ်းပူလို့ ပြာကျသွားလိမ့်မည်။ သို့သော် ယခု ဖီးနစ်အမွေးကို သန့်စင်လိုက်တာနဲ့ ခန္ဓာကိုယ်ထဲမှာ ဖီးနစ်မီးရဲ့ အပူချိန်က ချော်ရည် အပူချိန်ထက် အဆပိုမိုမြင့်မား၍ သူ့အပေါ် ထိခိုက်မှုမရှိပါ။
မီးတောက်များကြားတွင် ၎င်း၏အတောင်ပံများကို ဖြန့်ကာ လုရွှမ်သည် ချော်ရည်ထဲ မှထွက်ကာ မီးတောင်ဝ၏ အပြင်ဘက်သို့ ဆင်းသက်ခဲ့သည်။
"တကယ်ရှိနေတာပဲ!! ကြွက်သူခိုးကောင်! ငါတို့မိသားစုရဲ့ အဖိုးတန်ဆုံး ရတနာကို မြန်မြန်လွှဲလိုက်!! မဟုတ်ရင် မင်းကို ငါသေအောင် သတ်ပစ်မယ်!"
ချော်ရည်ပူထဲမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် အဝေးက ပြင်းထန်သော ဟိမ်းဟောက်သံကို ကြားလိုက်ရပြီး တော်ဝင်မိသားစု၏ ဘိုးဘေးသည် မျက်လုံးနီရဲကာ ရပ်နေတာကို တွေ့ရလေ၏။
တော်ဝင်မိသားစု၏ ဘိုးဘေးသည် ယခုအချိန်တွင် လုံးဝ ရူးသွပ်သွားပြီ။
ဖီးနစ်အမွေးကို ခိုးတဲ့လူက မထွက်ဘူးဆိုတာ သေချာခဲ့တာကြောင့် သူ ဒီမှာစောင့်ရှောက်ရင်း စောင့်နေခဲ့တာ လဝက်ပြည့်တော့မည်။ သူ့ကိုယ်သူတောင် မယုံချင်တော့ဘူး။
ချော်ရည်၏ အပူဒဏ်ကို မကြောက်ပါက ၎င်းကို ရှာဖွေရန် အလျင်အမြန် ဝင်ရောက်လာပေမည်။
ရက်အတော်ကြာအောင် စောင့်ပြီးမှ နောက်ဆုံး တစ်ယောက်ယောက် ထွက်လာတာကို မြင်ရင် ဘယ်လိုမှ စိတ်မဆိုးဘဲ မနေနိုင်တော့ဘူး။
မျက်ခုံးပင့်လိုက်သည်နှင့် တစ်ကိုယ်လုံး၏ စွမ်းအားများသည် မုန်တိုင်းကဲ့သို့ ထွက်ပေါ်လာသည်။
"လောကမှာရှိတဲ့ ရတနာတွေကို ဘယ်သူမဆို ပိုင်တယ်။ ဒီဖီးနစ်အမွေးကို မင်းတို့က သိမ်းထားတယ် ဆိုပေမယ့် အဲဒါကို နှစ်ပေါင်းများစွာ ကြာတာတောင် မသန့်စင်နိုင်ဘူး။ ငါယူသွားလို့လည်း ဘာမှမဖြစ်ဘူးမလား!"
လုရွှမ် ခေါင်းယမ်းလိုက်သည်။
ထူးဆန်းသော ရတနာများ၊ သဘာဝပစ္စည်းများဟာ မသန့်စင်သေးသရွေ့ ၎င်းတို့သည် မည်သူတစ်ဦးတစ်ယောက်နှင့်မျှ မသက်ဆိုင်ပါ။
ထို့အပြင် ၎င်းတို့ကို ဤနေရာတွင် နှစ်ပေါင်းများစွာ ထိန်းသိမ်းထားခဲ့ပြီး သန့်စင်ရန် ၎င်းတို့ကို အချိန်လုံလောက်စွာ ပေးထားသည်။ ရတနာကို သူကိုယ်တိုင်ယူ၍ သန့်စင်ပစ်နိုင်တာကတော့ သူ့ကိုချည်း အပြစ်တင်လို့ မရဘူးလေ။
"သေလိုက်စမ်း!"
တော်ဝင်မိသားစုရဲ့ ဘိုးဘေးက သူ့ကို ရှင်းပြဖို့ အခွင့်မပေးခဲ့ပေ။
ဗုန်း!
ကြီးမားသော လက်ဖဝါးပုံနှိပ်များသည် ခွန်အား ၅သိန်း ကျော်ဖြင့် ပြေးဝင်လာ၏။
"ဟမ့်!"
တစ်ဖက်လူက တိုက်ရိုက် လှုပ်ရှားနေတာကို တွေ့လိုက်ရတော့ လုရွှမ်လည်း ဆက်ပြောဖို့ စိတ်မ၀င်စားတော့ဘဲ ရှေ့တစ်လှမ်းတိုးပြီး လက်ဝါးတစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။
လှည့်ကွက်တွေ မရှိတဲ့ သန့်စင်သော ဝိညာဥ်စွမ်းအင်တွေချည်းပင်။
ဗုန်း!
လက်သီးနှင့် လက်ဖဝါးတို့ ထိမိသွားရာ လုရွှမ် အနောက်သို့ ခြေတစ်လှမ်း အနည်းငယ် ဆုတ်ကာ တော်ဝင်မိသားစု၏ ဘိုးဘေးသည် ခုနစ်လှမ်း ရှစ်လှမ်း ဆက်တိုက် နောက်ပြန်ဆုတ်သွားကာ သူ့မျက်နှာမှာ နီမြန်းပြီး ရုပ်ဆိုးလာ၏။
လုရွှမ်သည် အဓိပတိနယ်ပယ်၏ အစောပိုင်းအဆင့်တွင်သာ ရှိသော်လည်း သူ၏ခွန်အားသည် ခွန်အား၅သိန်း ကျော်သွားခဲ့ပြီ ဖြစ်သည်။ ထို့အပြင် ယွမ်ယန်ကျင့်စဥ်၏ ကောင်းကင်ကိုခုခံသည့် ကျင့်စဥ်ကို လေ့ကျင့်ခဲ့ပြီး သူ၏စစ်မှန်သော ဝိညာဥ်စွမ်းအင်သည် ပြိုင်ဘက်ထက်ပို ပိုထူထဲသည်။
"ငါမင်းကို မသတ်ချင်ဘူး ထွက်သွား!"
ပြိုင်ဘက်ကို ပြန်ခုခံပြီးနောက် လုရွှမ်သည် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
သူသည် ဖီးနစ်အမွေးကို သန့်စင်ပြီးနောက် ကျင့်ကြံမှုတွင် ကြီးကြီးမားမား တိုးတက်ခဲ့သည်။ ယွမ်ယန်ကျင့်စဥ်ကို ဒုတိယအဆင့်အထိ လေ့ကျင့်ခဲ့သည်။ ယခုလောလောဆယ် စိတ်ကောင်းဝင်နေ၍ မည်သူ့ကိုမျှ မသတ်ချင်ပေ။
ထို့အပြင် ရတနာများသည် မည်သူမဆို ပိုင်ဆိုင်နိုင်သည်ဟု ဆိုကြသော်လည်း ဖီးနစ်အမွေးကို တစ်ဖက်လူက နှစ်ပေါင်းများစွာ ကြာအောင် ရှာဖွေ ထိန်းသိမ်းခဲ့ခြင်းကြောင့် ၎င်းကိုသန့်စင်ရန် တိုက်ရိုက်လာရောက်မိခြင်းက အနည်းငယ် ရှက်စရာကောင်း နေသေးသည်လေ။
"မင်းငါ့ကိုမသတ်နိုင်လို့ ဒီလိုပြောနေတာမလား? ကြောင်သူတော် လုပ်မနေနဲ့! ငါ့တော်ဝင်ရတနာကို ယူသွားတဲ့အတွက် ဒီနေ့ မင်းသေရမယ်ကွ!!"
တော်ဝင်မိသားစု၏ ဘိုးဘေးသည် လုံးဝသဘောမပေါက်ဘဲ ဟိန်းဟောက်ကာ နောက်ကျောဖက်မှ ကြီးမားသော သရဲဦးခေါင်းဓားကို ထုတ်ယူလိုက်သည်။
ဤဓားကြီးသည် အမည်မသိ ပစ္စည်းများဖြင့် ပြုလုပ်ထားသည်။ ၎င်း၏ကိုယ်ထည်သည် မှောင်မိုက်နေပြီး ဓားကို ဝှေ့ယမ်းလိုက်သည်နှင့် အလင်းတန်းတစ်ခုသည် သူ့ထံကို တည့်တည့် ဝင်ရောက်လာစေသည်။
"တစ္ဆေအဆင့်... အဆင့်နိမ့်လက်နက်?"
ဤသရဲဓား၏ အဆင့်ကို သိပြီးနောက် လုရွှမ်သည် ပြိုင်ဘက်၏ တိုက်ခိုက်မှုကို ရှောင်ရှားရန် သူ့ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သည်။
"မပြေးနဲ့!!"
ရှောင်တိမ်းသွားသည်ကို မြင်သော် တော်ဝင်မိသားစု၏ ဘိုးဘေးသည် ပို၍ပင် ဒေါသထွက်သွားလေ၏။
"ကောင်းကင်ဘုံက ပေးတဲ့ ဖီးနစ်မီးရဲ့ စွမ်းအားကို စမ်းကြည့်လိုက်စမ်းပါ!"
လုရွှမ်က မရှောင်တော့ဘဲ သူ့လက်ညှိုးကို တစ်ချက် ထိုးညွှန်လိုက်သည်။
ဟုန်း!
ဖီးနစ်မီးသည် ဒုတိယနန်းတော်ပင်လယ်မှ ချက်ချင်း ခုန်ထွက်ပြီး လက်မအရွယ် မီးတောက်တစ်ခု ဖြစ်လာသည်။
လေပြင်းတစ်ချက်နဲ့အတူ မီးတောက်များ ကြီးထွားလာပြီး ဓားအလင်း သူ့ရှေ့သို့ မရောက်မီ ၎င်းသည် ပေဆယ်နှင့်ချီ ရှည်လျား ကျယ်ဝန်းပြီး ကြီးမားသော မီးတောက်ပင်လယ်ကြီး ဖြစ်သွားသည်။
ဝူ!
တစ္ဆေဦးခေါင်း ဓားအလင်းက မီးအိုင်ထဲ ဖြတ်ဝင်လာခဲ့သည်။
ရွှံ့ထဲတွင် ပိတ်မိနေသော မြင်းတစ်ကောင်ကဲ့သို့ အနှိုင်းမဲ့ ခမ်းနားထည်ဝါသော ဓား၏ရောင်ဝါသည် မဆိုင်းမတွ ပျောက်ကွယ်သွားခဲ့သည်။ နောက်အခိုက်အတန့်တွင် သရဲဓားသည် ပျော့ပြောင်းသွားကာ အရည်အဖြစ်သို့ အဆက်မပြတ် စီးကျလာတော့သည်။
ဖီးနစ်မီး အရှိန်က ပြင်းထန်လွန်း၏။ တစ္ဆေဦးခေါင်းဓားဟာ တစ္ဆေအဆင့် လက်နက်ဖြစ်ရင်တောင် အပူဒဏ်ကို မခံနိုင်ဘဲ သံသွန်းပြီးသား ဖြစ်သွားသည်။
"အာ?"
တစ္ဆေအဆင့်နိမ့် လက်နက်ကို အရည်အဖြစ် မီးရှို့ရတာ ဘယ်လောက် လွယ်လဲဆိုတာ မြင်လိုက်ရတော့ လုရွှမ်ဟာ ခဏလောက် ထိတ်လန့်သွားပြီး မထိန်းနိုင်ဘဲ ပြုံးလိုက်သည်။
"နောက်မှတွေ့မယ်!"
အသံဆုံးသော် ဖီးနစ် အတောင်ပံများ ဖြန့်ထွက်လာကာ နောက်အခိုက်အတန့်တွင် မြင်ကွင်းထဲမှ ပျောက်ကွယ်သွားလေ၏။