← Chapters

မင်းသားငါး

Vol. 17 Ch. 3.2

မင်းသားငါး

Vol. 17 Ch. 3.2

မီးတောက် ပျောက်သွားပြီ။

သူ့လက်ထဲတွင် တစ္ဆေအဆင့်လက်နက်မှာ ထက်ဝက်မျှသာ ကျန်ရှိတော့သည်ကို မြင်လိုက်ရသဖြင့် တော်ဝင်မိသားစု၏ ဘိုးဘေးမှာ နှုတ်ဆိတ်သွား၏။

ဤအခိုက်အတန့်တွင် တစ္ဆေအဆင့်လက်နက်ကို အရည်ဖျော်ပစ်ရန် တစ်ဖက်လူအတွက် အလွန်လွယ်ကူလေတာက သူ့ကို သတ်ပစ်ရန်မှာလည်း အလွန်လွယ်ကူတယ် ဆိုတဲ့ သဘောပဲ မဟုတ်ပါလား။

သို့သော်လည်း တစ်ဖက်လူက မလုပ်ခဲ့ပေ။ သူပြောတဲ့အတိုင်း အတိအကျပဲ မသတ်ပစ်ချင်ပုံရသည်။

"ရန်သူလုပ်လို့ မဖြစ်တော့ဘူး"

ထိတ်လန့်သွားပြီးနောက် တော်ဝင်မိသားစု၏ ဘိုးဘေးမှာ နောက်ဆုံးတွင် နားလည်သွား၏။

အဓိပတိနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့် အနေဖြင့် စိတ်ကြီးဝင်နေသော်လည်း မိမိအင်အား၏ အကန့်အသတ်ကိုလည်း သိပါသည်။ သူသည် အစွမ်းရှိသမျှ အသုံးပြုသော်လည်း အဆင့်နိမ့်သော တစ္ဆေလက်နက်ကို ချိုးဖျက်သွားသည်။

အကယ်၍ ပြိုင်ဘက်က မသက်ညှာဘဲ ပြင်းပြင်းထန်ထန် တိုက်ခိုက်လာရင် အခုချက်ချင်း မီးတောက်က သူ့အပေါ်ကို ကျသွားနိုင်သည်။

တွေးကြည့်ရုံနဲ့ ကြောက်စရာ ကောင်းလှသည်။

"ငါတို့ဘိုးဘေးတွေ ကျန်ခဲ့တဲ့ ဒီရတနာက ဘာများလဲ?"

အထိတ်တလန့် ဖြစ်ပြီးနောက် တော်ဝင်မိသားစု၏ ဘိုးဘေးသည်လည်း အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။

ဖီးနစ်အမွေးသည် နန်းတော်အောက်တွင် အချိန်အတော်ကြာ ချိတ်ပိတ်ခံထားရသော်လည်း ဤအရာ၏ အမည် သို့မဟုတ် ၎င်း၏ တိကျသောစွမ်းရည်ကို သူမသိပေ။

ထူးဆန်းသော ရတနာသည် တိမ်ပင်လယ် နယ်မြေရှိ အဆင့်မြင့် စွမ်းအားရှင်များသာ သိနိုင်သော လျှို့ဝှက်ချက်တစ်ခု ဖြစ်သည်။ တော်ဝင်မိသားစု၏ ဘိုးဘေးများသည် အားနည်းသော်လည်း တိမ်ပင်လယ် တစ်ခုလုံးတွင် ၎င်းတို့သည် သေးငယ်သော လူတစ်ဦးမျှသာဖြစ်ပြီး ဝေးလံခေါင်သီသော အရပ်၌ နေသူအတွက် သိပိုင်ခွင့်မရှိချေ။

သူသည် တစ်ဖက်လူ၏ ပြိုင်ဘက်မဟုတ်ကြောင်း သိလိုက်ရသဖြင့် တော်ဝင်မိသားစု၏ ဘိုးဘေးက ဆက်လက်ခြေရာခံရန် မဝံ့မရဲဖြစ်ကာ သက်ပြင်းချ၍ သူ့နေအိမ်သို့ ပြန်လာခဲ့ရသည်။

ဝှစ်!

နန်းတော်မှ ထွက်ခွာပြီးနောက် လုရွှမ်သည် လေဟာနယ် အတွင်းပျံသန်းရန် ဖီးနစ်အတောင်ကို ထိန်းချုပ်ခဲ့သည်။

ကောင်းကင်မှာ လွတ်လွတ်လပ်လပ် ပျံသန်းနေတဲ့ ဒီခံစားချက်ကို ရရှိဖို့ အချိန်အတော်ကြာမယ်လို့ တွေးထားပေမယ့် မကြာခင် ဖြစ်လာမယ်လို့ မမျှော်လင့်ထားဘူး။

"ဧကရာဇ်ကျိုးရန် ငါပြန်လာခဲ့မယ်!"

သူ့လက်သီးတွေကို တင်းတင်းဆုပ်ထားရင်း လုရွှမ် သူ့မျက်ခုံးကို ပင့်တင်လိုက်သည်။ ခိုင်မာတဲ့ ယုံကြည်မှုနဲ့ ဂုဏ်ယူမှုကို အကြည့်တွေကတစ်ဆင့် ထုတ်ဖော်လိုက်ပါသည်။

ယွမ်ယန်ကျင့်စဥ်နှင့် ယိပေါင်ရတနာတို့ ရှိနေလျှင် အနှစ်သုံးရာမှာ ပြဿနာမဟုတ်ဟု အခိုင်အမာ ယုံကြည်သည်။ တစ်နေ့တွင် သူ့ကို နာကျင်စေခဲ့သူကို ရှာတွေ့ပြီး လုံလောက်သော ပေးဆပ်မှုကို ထိုသူ ပြန်ပေးရလိမ့်မည်။

အချိန်အတော်ကြာ ပျံသန်းပြီးနောက် ဖီးနစ်အတောင်ပံများနှင့် သူ့ခန္ဓာကိုယ်တွင်းရှိ စွမ်းအားများကို အသုံးပြုပြီးနောက် လုရွှမ်သည် ၎င်း၏နေအိမ်ဆီသို့ ပျံသန်းသွားခဲ့သည်။ မြေပြင်ပေါ် မရောက်မီတွင် သူသည် တောင်ပံများကို ပြန်ရုတ်သိမ်းပြီးမှ မြေပြင်ပေါ်သို့ ဆင်းသက်ခဲ့သည်။

သူ၏ ခွန်အားသည် အခြားသူများထက် များစွာသာလွန်နေသဖြင့် မည်သူမျှ ရှာမတွေ့နိုင်ပေ။

"မမျှော်လင့်ထားဘူး... တစ်လခွဲကျော် ကြာသွားပြီး ရက်နှစ်ဆယ်နီးပါးရှိပြီ!"

နန်းတော်၏ မြေအောက်ခန်းမှ ထွက်သွားပြီးနောက် ဤကျင့်စဉ်အတွက် အချိန်ကို သူသိသည်။

ဖီးနစ်အမွေးကို သန့်စင်နေစဥ် အပူအအေးကို ၉ကြိမ်တိတိ ခံစားခဲ့ရသည်။ အချိန်မကြာလိုက်သလို ခံစားရသော်လည်း အမှန်မှာ လဝက်ကျော် ကြာသည်။

မုယန်ဖုန်းနှင့် အခြားလူများသည် အချိန်အတော်ကြာအောင် စိတ်ပူပန်စွာ စောင့်ဆိုင်းနေခဲ့ကြရပေမည်။

"သခင်လေး ပြန်လာပြီလား?"

"သခင်လေး ဘယ်သွားတာလဲ? ကျုပ်တို့ လိုက်ရှာနေတာ...."

"သခင်လေး အန္တရာယ်နဲ့ မတွေ့ခဲ့ဘူးမလား?"

သေချာပါသည်။ သူတို့အခန်းထဲကို ဝင်လိုက်တာနဲ့ မုယန်ဖုန်း၊ ဟန်ရောင် နဲ့ တခြားသူတွေ အားလုံးဟာ စိုးရိမ်တဲ့ အမူအရာတွေနဲ့ ပြေးလာကြလေ၏။

ထိုညတွင် လုရွှမ် ထွက်သွားပြီးနောက် သူလုံးဝ ပျောက်ကွယ်သွားခဲ့ကာ ဝူယန်တော်ဝင် မြို့တော် တစ်ခုလုံးကို ရှာဖွေသော်လည်း မတွေ့ခဲ့ရပေ။

သူ့အမိန့်ကို စိတ်ထဲမထားဘဲ ဆက်မစောင့်နေခဲ့ရင် မြို့အပြင်အထိ ထွက်ရှာဖို့ ဟိုးအရင်ကတည်းက ထွက်သွားလောက်ပြီ။

"အော.... ကျုပ်ခဏ တံခါးပိတ် ကျင့်ကြံဖို့ ထွက်သွားတာပါ"

လုရွှမ် အများကြီး မပြောပြချင်ပေ။

ဖီးနစ်အမွေး အကြောင်းက လူသိနည်းလေ ပိုလုံခြုံလေပဲ။ ကြီးကြီးကျယ်ကျယ် ပြောပြး နေစရာ မလိုပါ။ အကျယ်တဝင့် မပြောချင်တော့တာကို မြင်တော့ လူတိုင်းကလည်း မေးတာကို ရပ်လိုက်ကြသည်။

"ကျုပ် တံခါးပိတ် ကျင့်ကြံပြီးတော့ ဘာဖြစ်သွားတာလဲ?"

လုရွှမ် မေးလိုက်သည်။

"သခင်လေး ထွက်သွားပြီးနောက် ဘုရင်မင်းမြတ် ဟန်ချီက ဘုရင်ခုနစ်ပါးနဲ့ ဘာဆွေးနွေးခဲ့လဲ မသိခဲ့ဘူး။ သူ၂ရက်လောက် ထွက်ခွာသွားပြီး ပဉ္စမမြောက်မင်းသားကို သားတော်အဖြစ် သတ်မှတ်ခဲ့ကြောင်း သတင်းကို ချက်ချင်း ကြေညာခဲ့တယ်။ မင်းသားက အဓိပတိ နယ်ပယ်ကို ဖြတ်ကျော်သွားခဲ့တယ်... သူတို့ဝယ်ခဲ့တဲ့ အဓိပတိအဂ္ဂိရတ်ဆေးကို သူ့အတွက် သုံးခဲ့ပုံပဲ.."

မုယန်ဖုန်းက ရှင်းပြ၏။

"အင်း"

ထိုနေ့က ဥယျာဉ်၌ ဘိုးဘေးနှင့် ဘုရင်မင်းမြတ် ဟန်ချီတို့ စကားဝိုင်းကို သတိရရင်း လုရွှမ် ခေါင်းညိတ်လိုက်သည်။

တော်ဝင်မိသားစုမှ ဤဘိုးဘေး၏ နည်းလမ်းသည် အလွန်ကောင်းမွန်ပုံရပြီး ၎င်းသည် အင်ပါယာခုနစ်ခုကို အမှန်တကယ် ဆုတ်ခွာသွားစေသည်။

"သခင်လေး... ဟန်ရွှယ်၊ ဟွာချောင်နဲ့ တခြားသူတွေက ယင်းယန်အကယ်ဒမီက ရွေးချယ်ခံရပြီး စာရင်းသွင်းဖို့ သွားကြပါပြီ"

ဟန်ရောင်က ပြောသည်။

"ယင်းယန်အကယ်ဒမီ?"

ယခုအချိန်မှ လုရွှမ်သည် ၎င်းတို့အထဲမှ တစ်ဦးဖြစ်သည်ကို သတိရမိပြီး ပထမတွင် ဆရာကြီးဟူယွင်က သူ့ကို နှစ်လအတွင်း ရောက်ရှိလာရန် တောင်းဆိုခဲ့သော်လည်း ယခုအချိန်သည် သဘောတူထားသည့် အချိန်ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

ယင်းယန်အကယ်ဒမီသည် ဝင်ခွင့်ရရှိရန်အတွက် လျောက်ချင်း နှင့် အခြားသူများကိုပင် ခေါ်ယူနိုင်ခဲ့သည်။ ပုံမှန်အားဖြင့် သူတို့လို ပါရမီရှင်များသည် ၎င်းကို လက်လွတ်မခံသင့်ပါ။ သူတို့ရွေးချယ်ခံရတာ အံ့သြစရာတော့ မဟုတ်ပေ။

"ဟန်ရောင်... လင်းယုန်ငှက် တစ်ကောင်ကို ပြင်ဆင်ထားပါ... ကျုပ်တို့လည်း ပေရွှီးအင်ပါယာက ယင်းယန်အကယ်ဒမီကို သွားကြမယ်!"

လုရွှမ် ပြောလိုက်သည်။

"ယင်းယန်အကယ်ဒမီကို သွားမယ်?"

ဟန်ရောင် ထိတ်လန့်သွားသည်။

"အဟက်... ကျုပ်လည်း ယင်းယန်အကယ်ဒမီ ရဲ့ ကျောင်းသားတစ်ယောက်ပါ.... စာရင်းသွင်းဖို့အချိန်ရောက်ပြီလေ"

"သခင်လေးကလည်း အဲ့ဒီက ကျောင်းသားလား"

ဟန်ရောင် မျက်တောင်များကို ပုတ်ခတ်လိုက်၏။ လုရွှမ်သည် ယင်းယန်အကယ်ဒမီမှ ကျောင်းသားတစ်ဦး ဖြစ်ကြောင်းကို မည်သည့်အခါမျှ မပြောခဲ့ပေ။

"ဟုတ်ပြီ....ကျုပ်ချက်ချင်း ပြင်လိုက်ပါ့မယ်!"

အံ့သြသွားပေမယ့် သေသေချာချာ ပြန်တွေးကြည့်တော့ ကောလိပ်ရဲ့ ထိပ်တန်းကျောင်းသားတွေပဲ ဒီလိုအရည်အချင်းမျိုး ရှိနိုင်တယ် ဆိုတာ သိလိုက်ရသည်။

မဆိုင်းမတွ ချက်ချင်း လှည့်ထွက်သွားသော်လည်း ခဏအကြာတွင် ပြန်ဝင်လာလေသည်။

"သခင်လေး... ဘုရင်မင်းမြတ် ဟန်ချီက တွေ့ချင်နေတယ်တဲ့!"

"ကျုပ်ကိုတွေ့ချင်တယ်?"

"ချင်မိသားစုရဲ့ အကြွင်းအကျန်တွေကို သုတ်သင်လိုက်သင့်တယ်!" ဟန်ရောင်က ထင်ကြေးတစ်ခု ပေးလာသည်။

ချင်မိသားစုက ဂိုဏ်းဆရာနယ်ပယ်နဲ့ အထက်လူများကို ထိုနေ့တွင် ခေါင်းဖြတ်ပြီးနောက် လုရွှမ်သည် ချင်မိသားစု၏ မိသားစုဝင် အားလုံးကို မသတ်ခဲ့ပေ။

သို့သော် တော်ဝင်မိသားစု ဖြစ်သည့် ဘုရင်မင်းမြတ် ဟန်ချီသည် ကွဲပြားသည်။ ချင်မိသားစု ဖျက်ဆီးခံရပြီးကတည်းက လုံးဝပျက်စီးသွားရမည် ဖြစ်ပြီး တန်ပြန်တိုက်ခိုက်လာရန် အလားအလာ မရှိရပေ။

ရက်အတော်ကြာအောင် ချင်မိသားစုဝင်တွေကို ရှာဖွေဖို့ လူတွေ ပို့ခဲ့ကြသည်။ ဝူယန်အင်ပါယာရဲ့ နံပါတ် ၁ မိသားစုဝင်ဟောင်းတွေဟာ အခုအချိန်မှာ လုံးလုံးလျားလျား ကွယ်ပျောက်သွားပြီး သဲလွန်စပင် မကျန်တော့ပေ။

"သွားကြည့်ရအောင်... စကားမစပ် သူ့မှာ လင်းယုန်နီ အကောင် ဘယ်လောက်ရှိလဲ မေးကြည့်ရမယ်"

လုရွှမ် ပြုံးလိုက်သည်။

ဝူယန်အကယ်ဒမီတွင် ဟန်ရောင်နှင့် ဟန်ရွှယ်တို့ရဲ့ လင်းယုန်နီ အကောင်ကြီး နှစ်ကောင်သာ ရှိသေးသည်။ ယခု ဟန်ရွှယ် ထွက်သွားတော့ သူမကို စီးသွားမည် ဖြစ်သည်။

အကယ်၍ ဝူယန်အင်ပါယာ တစ်ခုလုံးသည် လင်းယုန်နီသားရဲကို ရှာဖွေလိုလျှင် တော်ဝင်မိသားစုမှ သာလျှင် ဤစွမ်းရည် ရှိပေမည်။

သူတို့ အဖွဲ့သည် အလျင်စလို မဖြစ်ဘဲ မကြာမီတွင် နန်းတော်သို့ ထပ်မံရောက်ရှိလာခဲ့သည်။ အစောင့်တွေက ဦးဆောင်ပေးပြီး နန်းတော်ထဲကို ဝင်လာခဲ့ကြသည်။

ခမ်းနားထည်ဝါသော နန်းတော်တွင် ဘုရင်မင်းမြတ် ဟန်ချီသည် ပင်မထိုင်ခုံတွင် မထိုင်ဘဲ တစ်ဖက်တွင် ထိုင်နေပါသည်။ အဓိကထိုင်ခုံမှာ လွတ်နေပြီး မည်သူမျှ ရှိမနေပါ။ အခန်း၏ တစ်ဖက်တစ်ချက်စီတွင် လူများစွာ မတ်တပ်ရပ်နေပြီး ၎င်းတို့အားလုံးသည် ဝူယန်အင်ပါယာ၏ အဓိကကျသူများ ဖြစ်သည်။

လူငယ်တစ်ဦးသည် သူ၏ တန်ခိုးဩဇာကို ဖုံးကွယ်မထားဘဲ လူအုပ်ရှေ့တွင် ဂုဏ်ယူစွာ ရပ်နေခဲ့သည်။

အဓိပတိနယ်ပယ်!

ကြည့်ရသည်မှာ သူသည် ရာထူးတိုးခြင်းခံရသော ပဉ္စမမြောက်မင်းသား ဖြစ်လိမ့်မည်။

"ဘုရင်ရွှမ်.... မင်းလာပြီ!"

လုရွှမ်နှင့် အခြားသူများ လာနေသည်ကိုမြင်လျှင် ဘုရင်မင်းမြတ် ဟန်ချီ ပြုံးလိုက်သည်။

"အရှင်မင်းကြီး!"

လုရွှမ်သည် သူ့လက်သီးများကို ပေါ့ပေါ့ပါးပါး ဆုပ်လိုက်ပြီး မနီးမဝေးတွင် လွတ်နေသော ထိုင်ခုံကို မြင်လိုက်ကာ တိုက်ရိုက် ဝင်ထိုင်လိုက်စဥ် မုယန်ဖုန်းနှင့် ဟန်ရောင်က သူ့နောက်တွင် ရပ်နေလေသည်။

"အတင့်ရဲလိုက်တာ! ဒါတော်ဝင်ခန်းမ!! ငါ့ခမည်းတော်က မင်းတို့ကို ထိုင်ခွင့်ပေးမှ မင်းတို့ထိုင်ရမယ်!! ပုန်ကန်ဖို့ ကြံစည်နေတာလား?"

ဝူယန် တော်ဝင်မိသားစု၏ ကြီးကျယ်မြင့်မြတ်မှုကို မကြောက်ဘဲ ပေါ့ပေါ့ပါးပါး ဝင်ထိုင်လိုက်ရာ ပဉ္စမမြောက်မင်းသားလေး၏ မျက်နှာမှာ မည်းမှောင်သွားပြီး ကျယ်လောင်စွာ အော်လိုက်သည်။

"ဘုရင်မင်းမြတ် ဟန်ချီ.... ဒါက ခင်ဗျားရဲ့သားလား?"

တစ်ဖက်လူကို လျစ်လျူရှုပြီး လုရွှမ်က ဘုရင်မင်းမြတ်ကို လှည့်ကြည့်လိုက်သည်။

"ဒီမင်းသားက ခမည်းတော် ဘုရင်မင်းမြတ်၏

ရဲ့ ပဉ္စမမြောက် သားဖြစ်တဲ့ ဝူယန်နန်းပုလ္လင်ရဲ့ အမွေဆက်ခံသူပဲ!... မင်းလို သေးငယ်တဲ့ ဘုရင်ရွှမ်က ဒူးမထောက်သေးဘဲ ပြဿနာ ရှာချင်နေတာလား?"

ပဉ္စမမင်းသားသည် မျက်ခုံးပင့်ကာ ပြောလိုက်တဲ့ အသံမှာ ကြောက်စရာ ကောင်းလှသည်။

All Chapters