စိတ်ဝိညာဥ်စွမ်းအင် ၀.၉၉
Vol. 17 Ch. 3.5
အတုတံဆိပ်နယ်ပယ်သို့ ရောက်ရှိပြီးနောက် ကျင့်ကြံမှု အရှိန်နှေးသွားကာ အထူးသဖြင့် ဂိုဏ်းဆရာနယ်ပယ်တွင် စုဆောင်းရန် အချိန်ယူရပါလိမ့်မည်။ ၎င်းတို့၏ စစ်မှန်သော ဝိညာဥ်ချီကို တိုးတက်စေရုံသာမက ခိုင်မာသော အသိပညာအရံရှိရန်လည်း လိုအပ်သည်။ ဝိညာဥ်ချီဖွဲ့စည်းရန် ကျွမ်းကျင်နိုင်သည့် အနေနှင့် တစ်ရှိန်ထိုး အောင်မြင်သည်။
သူတို့ကို အတုတံဆိပ်နယ်ပယ်မှ လဝက်အတွင်း အဓိပတိသို့ ရောက်ရှိကြောင်း ပြောလိုက်လျှင် နောက်ပြောင်နေသည်ဟု ထင်မည်မှာ သေချာပါသည်။
မယုံနိုင်လောက်အောင် ဇဝေဇဝါတွေ ဖြစ်ကုန်ကြမည်။
သူတို့ အကြောက်ဆုံး ရန်သူဖြစ်တဲ့ အဓိပတိနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်က ဘာကြောင့် ဒီလောက် လွယ်လွယ်နဲ့ သခင်လေးကို ကြောက်ရွံ့သော မျက်လုံးများဖြင့် ကြည့်နေရသနည်း။
"မေ့လိုက်ပါ... ကျုပ်လည်း နောက်မျိုးဆက် ဖြစ်နေတာပဲလေ... အကောင်းဆုံး လင်းယုန်နီ သုံးကောင်ကိုပဲ ရှာပေးပါ!"
လုရွှမ် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
တစ်ဖက်က သူ့ကို လုံး၀ စော်ကားတာ မဟုတ်ဘဲ ပြေပြေလည်လည်နဲ့ အရှုံးပေးလိုက်တာကြောင့် သူ့ဖက်ကလည်း တိုက်ခိုက်နေစရာ အကြောင်း မရှိပေ။
"ဒါက ရိုးရိုးရှင်းရှင်းပါပဲ... ကျုပ် တစ်ယောက်ယောက်ကို အခုချက်ချင်း လုပ်ခိုင်းလိုက်ပါမယ်!"
တော်ဝင်မိသားစု၏ ဘိုးဘေးက ကမန်းကတန်း ပြောလိုက်သည်။
အချိန်အတော် ကြာအောင် စောင့်ဆိုင်းပြီးနောက်တွင် လင်းယုန်နီကြီး ၃ကောင်သည် ခြံအပြင်ဘက်တွင် ရောက်ရှိလာခဲ့သည်။
"သွားကြရအောင်!"
လုရွှမ်သည် အဓိပ္ပါယ်မဲ့သော စကားများ ဆက်ပြောရန် ပျင်းလွန်းသဖြင့် ထွက်လာခဲ့ရာ မုယန်ဖုန်းနဲ့ ဟန်ရောင်တို့ကလည်း နောက်က လိုက်လာခဲ့ကြသည်။
ဖီးနစ်အမွေး လက်ထဲတွင် ရှိနေပြီဖြစ်သဖြင့် ဝူယန်အင်ပါယာတွင် ဆက်ရှိနေရန် မလိုအပ်တော့ပါ။ ယခုအရေးကြီးဆုံး အရာမှာ ပေရွှီးအင်ပါယာက ယင်းယန်အကယ်ဒမီသို့ အလျင်အမြန် သွားရန် ဖြစ်သည်။
သူ၏ အသိပညာနှင့် နားလည်မှုဖြင့် အင်ပါယာတစ်ခုရှိ ကျောင်းတစ်ကျောင်းကို မပြောနှင့် တိမ်ပင်လယ်နယ်မြေ တစ်ခုလုံးရှိ အကြီးဆုံးကျောင်းသည်ပင် သူ့ဆရာဖြစ်ရန် အရည်အချင်း မပြည့်မီသောကြောင့် အသစ်အဆန်းများကို သင်ကြားပေးနိုင်ခြင်း မရှိချေ။
တကယ်တော့ ယင်းယန်အကယ်ဒမီကို သူတက်ရတဲ့ အကြောင်းရင်းက စာသင်ဖို့ မဟုတ်ဘဲ သူ့ရဲ့ ကြံ့ခိုင်မှု မြန်မြန်ဆန်ဆန် တိုးတက်လာစေဖို့အတွက် စမ်းသပ်ခံ တစ်ခုအနေနဲ့ အသုံးပြုဖို့ပါပဲ။ အရာအားလုံးက အတုအယောင်တွေ ချည်းပါပဲ၊ ခွန်အားကသာ အစစ်။
ခွန်အားမရှိလျှင် ကလဲ့စားချေခြင်း နှင့် နာကြည်းခြင်းဟူသော အရာများကို စကားထဲတောင် ထည့်ပြောလို့ မရတော့ပေ။
"ဘိုးဘေး... သူတို့မှာ အဓိပတိနယ်ပယ် အစောပိုင်းအဆင့်က လူနှစ်ယောက်ပဲရှိတယ် ဘိုးဘေး လှုပ်ရှားလိုက်ရင် သူတို့ကို အလွယ်တကူ ချေမှုန်းပစ်နိုင်တယ်.... ဘာလို့ "
လုရွှမ်နှင့် တခြားသူများ လင်းယုန်နီနှင့် ထွက်ခွာသွားသည်ကို မြင်လျှင် ဘုရင်မင်းမြတ် ဟန်ချီသည် မတတ်နိုင်ဘဲ ရှုပ်ပွနေသော မျက်နှာဖြင့် လျှောက်လာခဲ့သည်။
ဘိုးဘေးက တစ်ဖက်ဘူကို ရိုသေလေးစားတဲ့ သဘောထားနဲ့တောင် ဘာကြောင့် လွှတ်ပေးလိုက်မှန်း သူမသိဘူး။
"အဓိပတိနယ်ပယ် အစောပိုင်းအဆင့်? ငါသေချာပေါက် အဓိပတိနယ်ပယ် အစောပိုင်းအဆင့်က လူနှစ်ယောက်ကို ဂရုမစိုက်ဘူးပေါ့!!"
"ဒါဆို...."
"ခုနက သခင်လေးလို့ခေါ်တဲ့ သူရဲ့ ခွန်အားကို မင်းသိလား” ဘိုးဘေးက လှမ်းကြည့်လိုက်သည်။
"ဘာခွန်အားလဲ? အဲဒါက အတုတံဆိပ်နယ်ပယ် မဟုတ်ဘူးလား"
"အတုတံဆိပ်နယ်ပယ်? ဟင့်!"
ဘိုးဘေး မျက်နှာမှာ မည်းမှောင်သွားပြီး လက်မောင်းကိုဆွဲကာ
"ငါနဲ့မယှဉ်နိုင်တဲ့ အတုတံဆိပ်နယ်ပယ်ကို မင်းမြင်ဖူးလား? ကံကောင်းစွာနဲ့ ငါအချိန်မီရောက်လာလို့ မဟုတ်ရင် သူဒေါသထွက်ပြီး ငါတို့ ဝူယန်တော်ဝင်မိသားစုက မင်းလက်ထဲမှာ သေချာပေါက် ပျက်စီးသွားလိမ့်မယ်!"
"ဘိုးဘေးတောင် သူ့ရဲ့ပြိုင်ဘက် မဟုတ်ဘူး?"
ဘုရင်မင်းမြတ် ဟန်ချီ နှင့် ပဉ္စမမင်းသားသည် တစ်ချိန်တည်းတွင် မူးဝေသွားကြသည်။
ဘိုးဘေးရဲ့ စကားတွေကို သံသယ မဝင်ရဲကြပေမယ့် ဒီကောင်လေးက အသက်၁၆ ၁၇ပဲ ရှိသေးတယ် မဟုတ်ပါလား။ အဲဒီလူကို အဓိပတိနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်ကလူတောင် မယှဥ်နိုင်ဘူးတဲ့လား။
နှစ်ယောက်သား လေကို တစ့ပြိုင်တည်း ရှုရှိုက်ရင်း ကျောပြင်မှာ ချွေးတွေ စီးကျလာသလို ခံစားလာရလေသည်။
"ကျုပ် ပေရွှီးအင်ပါယာကို သွားတော့မယ် ခင်ဗျား ကျုပ်နဲ့အတူ လိုက်ခဲ့မှာလား"
လင်းယုန်နီရဲ့ နောက်ကျောမှာ ရပ်နေတဲ့ လုရွှမ်က အဝေးက ဟန်ရောင်ကို ဘာမှမထူးခြားသကဲ့သို့ ကြည့်နေလိုက်သည်။
ဟန်ရောင်သည် ဝူယန်အကယ်ဒမီ၏ ကျောင်းအုပ်ကြီး ဖြစ်ပြီး ဟန်မိသားစု၏ အိမ်တော်သခင် တစ်ဦးလည်းဖြစ်သည်။ သူ၏ အဆင့်အတန်း သို့မဟုတ် ရာထူးသည် အလွန်အရေးကြီးသောကြောင့် ထွက်ခွာရန် မလွယ်ကူလောက်ပေ။
သူ မသွားနိုင်ရင် မိမိနဲ့ မုယန်ဖုန်းသာ ထွက်သွားရလိမ့်မည်။
"သခင်လေး... ဒီလက်အောက်ငယ်သားက သခင်လေးနဲ့အတူ လျှောက်လည်ဖို့ ဆန္ဒရှိပြီးသားပါ...ပြီးတော့ ကျုပ်ဆရာကလည်း ပေရွှီးအင်ပါယာမှာ ရှိနေတယ်... ဒါကြောင့် သခင်လေးတို့ကို့ မိတ်ဆက်ပေးလို့ ရတယ်"
ဟန်ရောင်က သူ့လက်သီးတွေကို ကမန်းကတန်း ဆုပ်လျက် သူ့ဆန္ဒတွေကို ပြောပြလိုက်သည်။
သူ့အမြင်အရတော့ သူ့ရှေ့က လူငယ်လေးက သူ့ထက် အသက်အရွယ်အရ အများကြီး ငယ်ပေမယ့် တစ်ဖက်လူရဲ့နောက်ကို လိုက်နေသရွေ့တော့ သူ့မှာ ခြားနားတဲ့ ကမ္ဘာတစ်ခု ရှိနေမှာဖြစ်ပြီး သူ့ဘဝတောင် ပြောင်းလဲသွားလိမ့်မယ်ဆိုတာ သိလေသည်။
သူ့ရဲ့ မြင့်မြတ်တဲ့ အဆင့်အတန်းနဲ့ ဝူယန်အင်ပါယာမှာ ဆက်နေမယ်ဆိုရင် အဆုံးမဲ့ ဘုန်းအသရေနဲ့ စည်းစိမ်ဥစ္စာတွေကို ခံစားနိုင်ပေမယ့် ကျင့်ကြံမှုကို ဒီထက်ပိုပြီး သွားချင်တယ်ဆိုရင်တော့ မဖြစ်နိုင်ဘူးဆိုတာ သေချာပါ၏။
အားသာချက် အားနည်းချက်တွေကို စဉ်းစားပြီးရင် ဘယ်လိုရွေးချယ် ရမလဲဆိုတာ သိလာပါလိမ့်မယ်။
"ကောင်းပြီ.... ကျုပ်ခင်ဗျားကို ဒီမှာ ကိစ္စတွေကို ကိုင်တွယ်ဖို့ တစ်ရက် အချိန်ပေးမယ်.... မနက်ဖြန် ထွက်ကြတာပေါ့!"
ဘာပဲဖြစ်ဖြစ် နှစ်လကျော်သွားပြီ ဆိုတော့ လောနေစရာ မလိုတော့ဘူး။
"ဟုတ်ကဲ့!"
ဟန်ရောင် ယက ခေါင်းညိတ်လိုက်ပြီး လင်းယုန်နီကို လှည့်ကာ ဟန်မိသားစုဆီသို့ လှည့်ပြန်လာခဲ့သည်။ လုရွှမ်မှာ ထုပ်ပိုးစရာ ဘာတစ်ခုမှ မရှိတော့သဖြင့် သူ့အခန်းသို့ ပြန်သွားပြီး ကျောက်စိမ်းထဲသို့ တစ်ဖန် ဝင်ရောက်ခဲ့သည်။
သူ့အတွက် ဘာပဲဖြစ်ဖြစ် အချိန်မဖြုန်းသင့်ချေ။
ယွမ်ယန်ကျင့်စဥ်၏ ဒုတိယအဆင့်သည် ခန္ဓာကိုယ်တွင် စတင် အလုပ်လုပ်လာပြီး အာကာသ မှော်လက်နက် အတွင်းရှိ ဝိညာဉ်စွမ်းအင်များသည် အပ်စိုက်သည့် အမှတ်နေရာများ တစ်လျှောက်မှ စီးဆင်းနေသော ရေကဲ့သို့ သွေးကြောတစ်လျှောက် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်။
တိမ်ဆွဲမျှော်စင် ၉ထပ်ကို ဖြတ်ကျော်ခဲ့ပြီးနောက် ဝိညာဥ်ချီများကို ဆုလာဘ်တွေ အဖြစ် အများကြီးရခဲ့သည်။ သူ့ရဲ့ကျင့်ကြံမှုကို နှစ်အတော်ကြာကြာ ထိန်းထားဖို့ လုံလောက်မယ်လို့ ထင်ခဲ့သည်။ ဖီးနစ်အမွေးကို သန့်စင်ပြီးတဲ့အခါမှာတော့ ဝိညာဥ်ချီတွေ ကုန်ခမ်းလုနီးပါး ဖြစ်နေတာကို တွေ့လိုက်ရ၏။
ဝိညာဥ်ချီ နည်းနည်းပဲ ရှိတာမဟုတ်ပေမယ့် သူ့ကျင့်စဥ်နဲ့ နန်းတော်ပင်လယ်က ကောင်းကင်နဲ့ တကယ်ကို ဆန့်ကျင်နေပြီ။
"သာမန်အဆင့်ငါးရှိတဲ့ နန်းတော်ပင်လယ်ရဲ့ ပြင်းထန်တဲ့ စွမ်းအားက နန်းတော်ပင်လယ်ထဲမှာ ဝိညာဥ်ချီ ၁သောင်း ပဲရှိတယ်... ပြီးတော့ ငါ့မှာ စုစုပေါင်း တစ်သန်းရှိတယ်။ နန်းတော်ပင်လယ်ကြီးနှစ်ခုကို ပေါင်းထည့်လိုက်တာနဲ့ စစ်မှန်တဲ့စွမ်းအင်က ပိုလို့တောင် ကျယ်ပြောနေပြီ"
ဒန်တန်တွင် ဘေးချင်းယှဉ် လှည့်ပတ်နေသော နန်းတော်ပင်လယ်ကြီး နှစ်စင်းကို မြင်လိုက်ရပြီး ၎င်းတို့ထဲသို့ လေထဲမှ ဝိညာဥ်ချီကို ဆွဲထုတ်လိုက်ရာ လုရွှမ်သည် အလွန် ကျေနပ်သွားခဲ့သည်။
အဓိပတိနယ်ပယ်သို့ ဝင်ရောက်လာပြီးနောက် သူ၏ ခွန်အားသည် အဆပေါင်းများစွာ တိုးလာရုံ သာမကဘဲ နန်းတော်ပင်လယ်၏ စစ်မှန်သော စွမ်းအင်ပမာဏသည်လည်း စိတ်ကူးမယဉ်နိုင်သော အဆင့်အထိ တိုးလာခဲ့သည်။
ယခုအချိန်တွင် သူသည် သူ၏စစ်မှန်သော ဝိညာဥ်စွမ်းအင်အရန် တစ်ခုတည်းအပေါ် အခြေခံ၍ ပြောရလျှင် အဓိပတိနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်ကလူထက်တောင် သာလွန်နေပြီ။
"ဖီးနစ်အမွေးတွေကနေ ထွက်လာတဲ့ ဖီးနစ်မီးဟာ အရမ်း အစွမ်းထက်တယ်... ဒါပေမဲ့ ပထမဆုံးအနေနဲ့ ငါ့ရဲ့ လက်ရှိကျင့်ကြံမှု အရတော့ သူ့ရဲ့ စွမ်းအားရဲ့ တစ်ရာခိုင်နှုန်းတောင် မထုတ်နိုင်သေးပါဘူး။ ဒါတောင်မှ အဓိပတိနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်က စွမ်းအားရှင်ကို အလွယ်တကူ သတ်နိုင်လောက်တယ်!"
ဖီးနစ်၏မီးသည် အဆင့်နိမ့် တစ္ဆေအဆင့်ရှိ လက်နက်များကို အလွယ်တကူ အရည်ပျော်သွားစေသည်။ တကယ်တော့ လုရွှမ်၏ လက်ရှိအင်အားဖြင့် ဖီးနစ်မီး၏စွမ်းအားကို တစ်ရာခိုင်နှုန်းပင် မပြနိုင်သေးပေ။
တကယ့် ဖီးနစ်အမွေးတွေမှာရှိတဲ့ ဖီးနစ်မီးဟာ လောင်ကျွမ်းပြီးတာနဲ့ ကမ္ဘာကြီးတစ်ခုလုံး လောင်ကျွမ်းသွားနိုင်ပြီး တိမ်ပင်လယ်နယ်မြေကိုပါ သန့်စင်ပြီးသား ဖြစ်သွားနိုင်သည်။
ဖီးနစ်အမွေးကို သန့်စင်သောအခါတွင် ဤအရာများကို သူ့စိတ်ထဲတွင် ရေးထွင်းထားသဖြင့် ရှင်းရှင်းလင်းလင်း သိထားလေသည်။
လက်ရှိမှာ သူ့ရဲ့ စွမ်းအားက အားနည်းနေရင်တောင်မှ ဖီးနစ်မီးကတော့ အစွမ်းထက်နေဆဲပဲ။ သာမန် အဓိပတိနယ်ပယ် ပြီးပြည့်စုံခြင်းက လူနဲ့ တွေ့ဆုံခဲ့မယ်ဆိုရင် လွယ်လွယ်ကူကူ မီးလောင်ပြာကျသွားမှာ သေချာသွားပြီ။
"ဖီးနစ်အမွေးကို သန့်စင်ပြီး ငါ့ရဲ့ ကျင့်ကြံမှုကို မြှင့်တင်လိုက်တော့ ဝိညာဉ်စွမ်းအားတွေ ထပ်ပြီးတိုးလာဖို့ မမျှော်လင့်ထားဘူး... အခု ၀.၉၉ လောက်ထိ ရောက်သွားပြီ!"
ရှားပါးရတနာကို သန့်စင်ပြီး သူ၏ ကျင့်ကြံမှုစွမ်းအင်ကို အတုတံဆိပ်နယ်ပယ်မှ အဓိပတိနယ်ပယ်အထိ တိုးမြှင့်သွားသည့်အတွက် လုရွှမ်၏ ဝိညာဉ်စွမ်းအားသည် တစ်ဖန် တိုးလာခဲ့သည်။ ဤအချိန်သည် တိုးတက်မှုသည် ကြီးကြီးမားမား မဟုတ်ဘဲ ၀.၉၈ မှ ၀.၉၉ သာရှိသော်လည်း သူ့ကတော့ ကျေနပ်သည်။
ဝိညာဉ်စွမ်းအားသည် ၁အဆင့် ဖြစ်လာပါက သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်သို့ ရောက်ရှိကာ သေမျိုးများထက် သာလွန်သွားမည်။
၀.၉၉သည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်၏ ကန့်သတ်ချက်သို့ ရောက်ရှိသွားပြီဟု ဆိုနိုင်သည်။
၎င်းကို ပုံမှန်လေ့ကျင့်လျှင် ၀.၉၈မှ ၀.၉၉သို့ ၀.၀၁ တိုးလာရန် ဆယ်စုနှစ်များစွာကြာ လေ့ကျင့်ယူရမည် ဖြစ်ပြီး ဖီးနစ်အမွေးကို သန့်စင်ခြင်းဖြင့်သာ ယခုလို အောင်မြင်နိုင်မည် ဖြစ်သည်။
"ဝိညာဉ်စွမ်းအား ၀.၉၉.... ငါ့ထိန်းချုပ်မှု အကွာအဝေးနဲ့ဆို သစ်သားနီကို မီတာ ၂၀ သို့ နှစ်ဆတိုးပြီး ထိန်းချုပ်နိုင်ပြီ... စွမ်းအားကလည်း ၁ သန်းအထိ တိုးလာပြီ"
စိတ်ဝိညာဉ်စွမ်းအား တိုးလာသည်နှင့်အမျှ စိတ်ဝိညာဉ်သခင်၏ စွမ်းအားသည် သဘာဝအတိုင်း တိုးမြင့်လာခဲ့သည်။ အနီရောင်ရှိသော သစ်သားကို မထိန်းချုပ်မီ သူသည် ဆယ်မီတာအကွာအဝေး အတွင်းသာ တိုက်ခိုက်နိုင်ပြီး ခွန်အား ၅သောင်းကို အသုံးချနိုင်ခဲ့သည်။
ခွန်အားက ၂ဆ တိုးလာခဲ့ပြီ။