လောကီလောကကို မေ့လိုက်ပါ
Vol. 18 Ch. 3.6
"ဒီလိုစွမ်းအားမျိုးနဲ့ဆို သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ရဲ့ ပထမအဆင့်မှာ သန်မာတဲ့ လူတစ်ယောက်တောင်မှ တစ်ချက်တည်းနဲ့ ထိုးသတ်နိုင်လိမ့်မယ်!"
သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်သည် သေခြင်းမှ လွတ်မြောက်ပြီး နာမ်ရုပ်ကို အသွင်ပြောင်းကာ သေခြင်းမှ လွတ်ထွက်သွားသော ဤအခြေအနေဖြစ်ကာ နယ်ပယ်၉ခု ရှိသည်။
ပထမဆုံးအဆင့်က အနိမ့်ဆုံးအဆင့်ပင် ဖြစ်သော်လည်း အနည်းဆုံး ခွန်အား၁ သန်း၏ အင်အားနှင့်ပင် တောင်များကို ရွေ့လျားနိုင်သော စွမ်းအားရှိသည်။
ဤအခိုက်အတန့်တွင် လုရွှမ်သည် အနီရောင် သစ်သား၏ အကူအညီဖြင့် ခွန်အား ၁ သန်း၏ ကြီးမားသော အားကိုထုတ်နိုင်ပြီ။ ဆိုလိုသည်မှာ ပထမအဆင့်တွင်ရှိ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်အကြား အများကြီး ကွာခြားမှု မရှိတော့ပေ။
အံ့အားသင့်စရာ ကောင်းလောက်အောင် ထိုနယ်ပယ်က ပထမအဆင့်ကို သတ်ဖို့က မခက်ခဲနိုင်ပေ။
သေချာတာကတော့ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ကိုဝင်ရောက်ပြီး မရေမတွက်နိုင်တဲ့ နည်းလမ်းတွေကို ပိုင်ဆိုင်လာမှာကြောင့် သူဆိုသည်မှာ ခွန်အားနဲ့ သတ်ပစ်နိုင်တဲ့ အရာ မဟုတ်တော့ဘူး။
"အကြီးမားဆုံး အမြတ်က အရှိန်ပဲ.... ဖီးနစ် အတောင်ပံတွေကို ဖြန့်ပြီး ခွန်အားအပြည့်နဲ့ ပျံသန်းရင် အမြန်နှုန်းက လင်းယုန်နီထက် အဆပေါင်းများစွာ ပိုမြန်လိမ့်မယ်!"
လုရွှမ်၏ မျက်နှာသည် ရွှင်လန်းမှု အပြည့်ရှိနေသည်။
ဖီးနစ်အမွေးသည် ကောင်းကင်နှင့် ကမ္ဘာ၏ မြေရှားပါးရတနာများထဲမှ အဆင့်၁၈ ဖြစ်ပြီး ဖီးနစ်သည် ရှေးခေတ်ဒဏ္ဍာရီလာ သားရဲ၏ဝိညာဉ် ပါ၀င်သည့်အပြင် အရှိန်အားဖြင့် အကောင်းဆုံး ဖြစ်သည်။
လက်ရှိ ကျင့်ကြံမှုက အဆင့်နိမ့်သော်လည်း ဖီးနစ်အမွေးများ၏ စွမ်းအားကို အသုံးချ၍ မရနိုင်ပေ။ အတောင်များ အဖြစ်သို့ ပြောင်းလဲပျံသန်းသည့် အရှိန်ကတော့ အလွန်လျင်မြန်သည်။ အနည်းဆုံး ထောင်ပေါင်းများစွာ သွားလာနိုင်သော လင်းယုန်ငှက်ကြီးကဲ့သို့ ပျံသန်းသားရဲကြီး၏ အမြန်နှုန်းထက် အဆပေါင်းများစွာ မြန်ပေ၏။
ဤကဲ့သို့သော အမြန်နှုန်းဖြင့် လူများနှင့်တိုက်ခိုက်ခြင်း သို့မဟုတ် ဆုတ်ခွာခြင်းသည် လွယ်ကူပြီး ပေါ့ပေါ့ပါးပါးဖြင့် မည်သူမျှ သူ့ကို မယှဉ်နိုင်တော့ပေ။
"ကောင်လေး.... မင်း ယွမ်ယန်ကျင့်စဥ်ကို ဒုတိယအဆင့်အထိ လေ့ကျင့်ပြီးပြီဆိုတော့ ငါ့ကိုဒီထဲက မြန်မြန် ပေးထွက်တော့!"
အချိန်အတော်ကြာ လေ့ကျင့်ပြီး နောက်တွင် အားမာန်အပြည့်နှင့် ကျောက်နံရံပေါ်ရှိ ကျီးကန်းအော်သံကို ကျယ်လောင်စွာ ကြားလိုက်ရသည်။
"ငါ မင်းကို ဘယ်လို ထုတ်ပေးရမှာလဲ?"
လုရွှမ် တစ်ချက်ကြည့်လိုက်သည်။
"ဒါက အရမ်းလွယ်ပါတယ်... မင်းရဲ့ ယွမ်ယန်ချီ ဒုတိယအဆင့်ကို ကျောက်နံရံထဲကို ထည့်ပြီး မင်းခန္ဓာကိုယ်ပေါ်က တံဆိပ်ခတ်ထားတာကို ဖွင့်ပြီးရင် ငါ ဒီနေရာကနေ ထွက်သွားနိုင်ပြီ!"
ကျီးကန်း မျက်လုံးများ တောက်ပနေသည်။
ဒီနေ့ကို ရောက်နိုင်ဖို့အတွက် အချိန်အကြာကြီး စောင့်ခဲ့ရတာ။
"ကောင်းပြီ!"
လုရွှမ်က ခေါင်းညိတ်ပြပြီး ကျောက်နံရံဆီကို လျှောက်သွား၍ သူ့ခန္ဓာကိုယ်ထဲက ဝိညာဥ်ချီကို ခုန်ထွက်လာစေတဲ့အခါ သူ့လက်ဝါးထဲ ထူထဲတဲ့ ယွမ်ယန်ဝိညာဥ်ချီက အားလုံးကို ဖုံးအုပ်လိုက်သည်။
ချွင်း! ချွင်း!
ကျီးကန်းသည် ၎င်း၏လှောင်အိမ်အား ဖွင့်လိုက်သကဲ့သို့ သံကြိုများ ပြတ်တောက်သွားသည့် မြည်သံရှည်များ ထွက်လာကာ ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ ဝိညာဥ်စွမ်းအင်များ ပိုမိုထူထပ်ကာ အားကောင်းလာ၍ ရုတ်တရက် ပျံတက်သွားခဲ့သည်။
"အဓိပတိနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်?"
သံကြိုးများကို ဖျက်လိုက်ခြင်းဖြင့် သာမန်ကျီးကန်းသည် ခွန်အားများ ရရှိလာတော့သည်။ တော်ဝင်မိသားစု၏ ဘိုးဘေး ကဲ့သို့ပင် အဓိပတိနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်ရောက်သွား၏။
"မှန်တယ်... ငါနဲ့အတူပါတဲ့ တံဆိပ်ခတ်ထားတာတွေ ပွင့်လေ ငါ့ရဲ့ ခွန်အားတွေ ပိုသန်မာလာလိမ့်မယ်... အဓိပတိနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်က ဘာမှမဟုတ်သေးဘူး!"
ကျီးကန်းသည် ဂုဏ်ယူသော မျက်နှာဖြင့် ၎င်း၏အတောင်ပံများကို လှန်လိုက်သည်။
"အိုး!"
လုရွှမ်သည် သူ့ရဲ့အံ့သြသွားတဲ့ မျက်နှာကို မပြချေ။
ယွမ်ယန်ကျင့်စဥ် ကဲ့သို့ ကောင်းကင်ကို စိန်ခေါ်နိုင်သော ကျင့်စဥ်ကို ဖန်တီးနိုင်ကာ အာကာသ မှော်လက်နက်အတွင်း အဂ္ဂိရတ်ဆေး သန့်စင်ရန်အတွက် ကျောက်စိမ်းပြားသည် ကြွယ်ဝသော သမိုင်းကြောင်းရှိရမည် ဖြစ်ပြီး ကျောက်စိမ်းတွင်းရှိ တစ်ဦးတည်းသော သက်ရှိသတ္တဝါအဖြစ် အဓိပ္ပါယ်အများကြီးရှိတဲ့ ကျီးကန်းတစ်ကောင်ဟာ ရိုးရှင်းတယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ပါဘူး။
အဓိပတိနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်က ကျီးကန်းဟာ ကြည့်လိုက်တော့ တန်ခိုးကြီးပုံ ပေါက်သော်လည်း သူ့အတွက်က ဘာမှမထူးခြားပေ။
"ကောင်းပြီ... ငါ့ကို ထုတ်ပေးတော့ ဒီကျီးဖိုးဖိုး အပြင် မထွက်ရတာ နှစ်တော်တော်ကြာနေပြီ အပြင်မှာ ဘယ်လိုပုံစံလဲ ဆိုတာတောင် မေ့တော့မယ်!"
ထိုလူငယ်လေးသည် လုံးဝ မအံ့သြဘဲ ကျီးကန်း၏ အောင်ပွဲခံသွားပုံကို ကြည့်၍ ခေါင်းကို ခါယမ်းကာ ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
"မင်းကို ဘယ်လိုထုတ်ရမလဲ"
"ဒါပေမဲ့ မင်း ကျောက်စိမ်းပြားထဲ ပစ္စည်းတွေကို ယူလိုက်သလိုပဲ ငါ့ကို ထုတ်ပေါ့ကွ!"
"ကောင်းပြီ!"
လုရွှမ် သိပ်မပြောဘဲ ယွမ်ယန်ရဲ့ ဝိညာဥ်စွမ်းအင်ကို အသုံးပြုလိုက်သည်။
ဝူ!
အခန်းထဲမှာ လူတစ်ယောက်နဲ့ ကျီးကန်းတစ်ကောင် ပေါ်လာခဲ့သည်။
"ဟားဟား.... ငါရွှေကျီးကန်း နောက်ဆုံးတော့ ပြန်ထွက်လာပြီ.... ဝိုင်ကောင်းကောင်း၊ အစာကောင်း၊ ကျီးကန်းလှလှလေး.... ငါ လာပြီကွ!!"
အခန်းတွင်းမှ နေရောင်ခြည် ဖြာထွက်နေပြီး အပြင်မှ လေကို ရှူရှိုက်ရင်း ကျီးကန်းသည် စိတ်လှုပ်ရှားစွာ အော်ဟစ်နေသည်။
၎င်း၏အသံသည် ဆူညံနေပြီး ဤအော်သံသည် အလွန်နားထောင်ရ ဆိုးလေ၏။
"ကျီးကန်းလှလှ?"
လုရွှမ်သည် ခဏတာ စကားမပြောနိုင်အောင် ဆွံ့အသွားသည်။
ကမ္ဘာပေါ်က ကျီးကန်းတွေဟာ အနက်ရောင်များ ဖြစ်ကြသလို သူပြောတဲ့ ကျီးကန်းလှလှကလည်း မည်းနေမှာပဲမလား။
"သခင်လေး အဆင်ပြေရဲ့လား?"
သူ့ရဲ့ မျက်ရည်ကျမတတ် အော်သံကိုကြားတော့ မုယန်ဖုန်းက တစ်ခုခုဖြစ်သွားပြီဟု တွေးကာ တံခါးကို အမြန်ဖွင့်ကာ ဝင်လာခဲ့သည်။
"ရပါတယ်!" လုရွှမ် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
မုယန်ဖုန်း သက်ပြင်းတစ်ချက် ချကာ ပြတင်းပေါက်နားမှာ ပျံသန်းနေတဲ့ ကျီးကန်းတစ်ကောင်ကို မြင်လိုက်ရပြီး စိတ်လှုပ်ရှားစွာနဲ့။
"သခင်လေး... တောင်းပန်ပါတယ် ဒီလက်အောက် ငယ်သားတွေက တင်းတင်းကြပ်ကြပ် မကာကွယ်ပေးခဲ့လို့ ကျီးကန်းတစ်ကောင်ကို ပြေးဝင်လာစေမိပါပြီ"
ကျီးကန်းတစ်ကောင် ပျံသန်းလာပြီး သခင်လေး၏ ကျင့်ကြံမှုကို နှောင့်ယှက်သည်ဟု တွေးကာ မုယန်ဖုန်း လန့်သွားပြီး ရွှေကျီးကန်းကို အနိုင်ယူရန် ကြံရွယ်ကာ ရှေ့သို့ ပြေးသွားခဲ့သည်။
"မဆင်မခြင် မလုပ်နဲ့ ဒါ ငါ့အိမ်မွေးတိရစ္ဆာန်ပဲ!"
သူ့အသွင်အပြင်ကို မြင်လိုက်ရတော့ လုရွှမ်လည်း ဘာမှန်း မသိတာကြောင့် အလျင်စလိုပြောလိုက်သည်။
မုယန်ဖုန်းသည် အဓိပတိနယ်ပယ်ကို ရောက်ရှိထားသော်လည်း ကျီးကန်းသည် တကယ့်အမြင့်မြတ်ဆုံးသော အဓိပတိနယ်ပယ် ပြီးပြည့်စုံသော အဆင့် တစ်ခုဖြစ်သည်။ ထို့အပြင် သူသည် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး အဆုံးမဲ့နည်းလမ်းများစွာ ရှိခဲ့သည်။
သူသည် ပြိုင်ဘက်တစ်ဦး မဟုတ်သောကြောင့် မုယန်ဖုန်းက ၎င်းကို မည်သို့ တားဆီးနိုင်မည်နည်း။
"အိမ်မွေးတိရိစ္ဆာန်?"
မုယန်ဖုန်း အံ့အားသင့်သွားပြီး လုရွှမ်ကို ထူးဆန်းသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
ကျီးကန်းသည် ခန္ဓာကိုယ်တွင် မည်းမှောင်ကာ အသံပြာပြီး အသားကို နှစ်သက်သည်။ ၎င်းကို လူများက အမြဲမုန်းတီးခဲ့ကြပြီး ကံဆိုးခြင်း၏ သင်္ကေတအဖြစ် မှတ်ယူကြသည်။
"အဟမ်း အဟမ်း... သခင်လေး ငါ မင်းကို ရွှေကြိုးကြာ တစ်ကောင်ကို ဖမ်းပေးရမလား ကျီးကန်းထက်တောင် ပိုလှတယ်"
ခဏတုံ့ဆိုင်းပြီးနောက် မုယန်ဖုန်းက အကြံပြုလိုက်သည်။
"ကျီးကန်း...ကျီးကန်း ကျီးကန်း... ငါက ရွှေကျီးကန်းကွ!! ကမ္ဘာပေါ်မှာ တစ်ခုတည်းသော ရွှေကျီးကန်း!!"
သူတို့နှစ်ဦးကြား စကားပြောသံကို နားထောင်ရင်း ကျီးကန်းသည် သွေးအန်လုမတတ် ဒေါသထွက်သွားကာ အတောင်ပံများ တဖျပ်ဖျပ်ခတ်ကာ အရူးအမူး ဟောက်တော့သည်။
"အာ?"
ကျီးကန်းတစ်ကောင် စကားပြောနိုင်သည်ကိုကြားတော့ မုယန်ဖုန်းသည် တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသည့် အကြည့်ဖြင့် ထိတ်လန့်စွာ နောက်သို့ ခြေလှမ်းနှစ်လှမ်း ဆုတ်သွားခဲ့သည်။
ဘာပြောလဲဆိုတာ လုံးဝ မကြားခဲ့ရင် ကောင်းလိမ့်မယ်။ ကြားလိုက်ရတာက ကျီးကန်းက စကားပြောရုံတင်မက သူ့ကိုယ်သူ ရွှေကျီးကန်းလို့ ပြောနေသေးတယ်။ ဘာပဲဖြစ်ဖြစ် မည်းနေတဲ့ ကျီးကန်းပဲ မဟုတ်ဘူးလား။
"ကောင်လေး ငါက ကျီးကန်း မဟုတ်ဘူး ရွှေကျီးကန်း ဆိုတဲ့အကြောင်း မင်းလက်အောက် ငယ်သားတွေကို ပြောလိုက်... ငါက မြင့်မြတ်တဲ့အသွေးနဲ့ ကမ္ဘာပေါ်မှာ တစ်ဦးတည်းသော ရွှေကျီးကန်း ဖြစ်ကြောင်း သူ့ကိုပြောပြလိုက်!"
ကြိမ်းမောင်းပြီးနောက် ကျီးကန်းသည် လုရွှမ်ကို ကျေနပ်စွာ ကြည့်နေသည်။
"ကောင်းပြီ!"
လုရွှမ် ခေါင်းညိတ်လိုက်ပြီး မုယန်ဖုန်းကို ကြည့်ကာ
"ဒါက ငါ့အိမ်မွေးရွှေကျီးကန်းပဲ!"
"......." ကျီးကန်း။
"......." မုယန်ဖုန်း။
တချို့ စကားများ ပြောပြီးနောက် ကျီးကန်းသည် မလိုလားသော်လည်း သူသည် ကျီးကန်းဖြစ်ကြောင်း ဝန်ခံရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။
နောက်ဆုံးတော့ တိမ်ပင်လယ်နယ်မြေမှာ ရွှေကျီးကန်းရဲ့ ထူးဆန်းတဲ့ ဘဝအကြောင်းကို ဘယ်သူမှ မသိကြသလို ဘယ်ရှင်းပြချက်မှလည်း အထောက်အကူ မပြုနိုင်ချေ။
မူလက ကျီးကန်းတစ်ကောင်ကို ဒီလောက်လွယ်လွယ်နဲ့ အနိုင်ပေးလို့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ လုရွှမ်ကသူ့ကို အပြင်ထွက်ဖို့ ခေါ်သွားပေးမယ် ပြောတဲ့အခါ သူ့ဆန္ဒကို ချက်ချင်းပြောင်းလိုက်သည်။
ကျီးကန်းဆိုတော့လည်း ကျီးကန်းပေါ့။ ဘာပဲဖြစ်ဖြစ် ကျီးကန်းကလည်း ရွှေကျီးကန်းရဲ့ အမျိုးအနွယ်ပဲလေ။ ဘာမှတော့ မဖြစ်ပါဘူး။
ကိုယ့်ကိုကိုယ် နှစ်သိမ့်ပြီးနောက် နှစ်ယောက်သား အကယ်ဒမီမှ ထွက်ခွာကာ ဝူယန်မြို့ဆီသို့ လျှောက်ထွက်လာကြသည်။
ဝူယန်မြို့တော်သည် ကြီးပွားချမ်းသာဆဲ ဖြစ်ပြီး တော်ဝင်မိသားစု တစ်ခုလုံး ပျက်စီးလုနီးပါး ဖြစ်နေသည်ကို သူတို့မသိကြပေ။
လမ်းမကျယ်ကြီးပေါ်တွင် ဖြည်းညှင်းစွာ လျှောက်လာရင်း ကျီးကန်းသည် အရာအားလုံးကို စူးစမ်းလိုစိတ်ဖြင့် ကြည့်နေသည်။
လမ်းသွားလမ်းလာတွေ မှာတော့ အိမ်မွေးတိရစ္ဆာန်အဖြစ် ကျီးကန်းတစ်ကောင်ကို ထိန်းကျောင်းနေတာ တွေ့တော့ အားလုံးက လက်ညိုးထိုးပြပြီး လုရွှမ်ကို ထူးဆန်းစွာ ကြည့်နေကြသည်။
"လုရွှမ်... ငါသောက်ချင်တယ် စားသောက်ဆိုင် သွားရအောင်!"
အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက် ကျီးကန်က သူ့သဘာဝအမှန်ကို ထုတ်ဖော်ပြသခဲ့သည်။ ဝိုင်ကောင်းကောင်း အကြောင်း ပြောတဲ့အခါ ပါးစပ်မှ သွားရည်များပင် ကျလာသည်။
ဟိုအရင်ကတည်းက ဒီလိုမျိုးဖြစ်မယ်လို့ ထင်ထားတဲ့ လုရွှမ်က ပြုံးပြီး လှည့်ကြည့်လိုက်ပြီး အနီးဆုံး စားသောက်ဆိုင်ထဲကို ဝင်လိုက်၏။
တံခါးရှေ့မှာ ဆိုင်းဘုတ်တစ်တွဲကို ချိတ်ဆွဲထားသည်။
ဘယ်ဘက်တွင် အိပ်မက်ကြီးတစ်ခု။
ညာဘက်တွင် လောကီလောကကို မေ့ပစ်လိုက်ပါ။
"လောကီလောကကို မေ့ပစ်လိုက်...အမ်း နေရာကောင်းလေးပဲ!"
ပြုံးရင်း နှစ်ယောက်သား တစ်ပြိုင်နက် ဝင်လာခဲ့ကြသည်။