နောက်ယောင်ခံလိုက်လာသူ
Vol. 18 Ch. 3.7
သိပ်မကြာခင်မှာဘဲ သူတို့နှစ်ယောက် အတူတူ စားသောက်ဆိုင်ထဲက ထွက်လာပြီး ကျီးကန်းက ခေါင်းကို ငုံ့ပြီး အပြင်ထွက်တာနဲ့ ထိုးအန်တော့သည်။
"ဒါကို ဝိုင်လို့ခေါ်သေးရဲ့လား? မင်းငါ့ကို ဘယ်ခေါ်လာတာလဲ?"
၎င်း၏ မကျေနပ်ချက်များကို ကြားသော်လည်း လုရွှမ်က ရယ်မောလိုက်သည်။
ဒီလောကီလောကကို မေ့လိုက်ပါဆိုတဲ့ စားသောက်ဆိုင်က အရမ်းခမ်းနားပေမယ့် ဝိုင်ကတော့ မကောင်းပါဘူး။ ရိုးရိုးသားသား ပြောရလျှင် ဤကျီးကန်းသည် အလွန်ကြည့်ကောင်းပုံ မရသော်လည်း ဝိုင်နှင့်ပတ်သက်လျှင် အလွန်ဇီဇာကြောင်သည်။
"ဝိုင်း ကောင်းကောင်းသောက်ဖို့ ငါ့ကို ခေါ်သွားပေး!!"
အချိန်အတော်ကြာ အန်ပြီးနောက် ကျီးကန်းသည် သက်ပြင်းချကာ အတောင်များကို ခတ်လိုက်သည်။
"ကောင်းပြီ ငါ မင်းကို လိုက်ပို့ပေးမယ်...."
လုရွှမ်သည် ခေါင်းယမ်းလိုက်ပြီး လမ်းမပေါ်ထွက် ရှာတော့မယ့်အခိုက် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။
"ဘာဖြစ်လို့လဲ သခင်လေး..."
မုယန်ဖုန်းသည် သူ့အပြုအမူက မှားယွင်းနေကြောင်း ချက်ချင်း ခံစားမိလိုက်ပြီး သံသယစိတ်ဖြင့် ကြည့်လိုက်သည်။
"စကားမပြောနဲ့... တစ်ယောက်ယောက် နောက်က လိုက်လာနေတယ်!" လုရွှမ် ခပ်တိုးတိုး ပြော၏။
"နောက်ကလိုက်လာတာလား?" မုယန်ဖုန်း၏ အမူအရာမှာ မည်းမှောင်သွားသည်။
ဝူယန် တော်ဝင်မိသားစုတွင် သခင်လေးသည် အဓိပတိနယ်ပယ် ပြီးပြည့်စုံသော အဆင့်ကိုပင် မကြောက်ဘဲ လွတ်လွတ်လပ်လပ် ကိုင်တွယ်နိုင်ခဲ့သည်။ ယခုအချိန်တွင် သူ့နောက်သို့ တစ်စုံတစ်ယောက် လိုက်လာနေသည်ဟု ခံစားလိုက်ရ၏။ ဒါဟာ နည်းနည်းလေးမှ မရိုးရှင်းတော့ချေ။
ပိုအရေးကြီးတာက အဓိပတိနယ်ပယ် တစ်ယောက်အနေနဲ့ သူ လုံးဝ သတိမထားမိတာပဲ။ သူသတိမထားမိတာကို သခင်လေး ဘယ်လိုလုပ် သတိထားမိတာလဲ။
"တစ်ယောက်ယောက် ငါတို့နောက်ကို လိုက်နေတယ်!"
ကျီးကန်းသည် ခေါင်းကို မြှောက်လိုက်သည်။ သူလည်း တွေ့သွားသည်။
"ဘယ်လိုလုပ်ရမလဲ? သခင်လေး ကျုပ်ကို ဘယ်သူလဲဆိုတာ သွားကြည့်စေချင်လား"
မုယန်ဖုန်းရဲ့ စစ်မှန်တဲ့ ဝိညာဥ်စွမ်းအင်တွေ ထွက်လာ၏။
"မလောနဲ့... ဒီလူရဲ့ စွမ်းအားက မင်းထက် အများကြီး မြင့်တယ် ထွက်လိုက်တာနဲ့ အလွယ်တကူ ရှာတွေ့သွားမှာ!"
လုရွှမ် ခေါင်းယမ်းလိုက်သည်။
ထိုလူ၏ နောက်လိုက်နိုင်မှုသည် မုယန်ဖုန်းထက် သာလွန်သည်သာ မကဘဲ သူ့ထက်များစွာ မြင့်မားနေပေလိမ့်မည်။ သူ့တွင် ယခင်ဘဝက အသိဉာဏ်များသာ မရှိနေခဲ့ရင် တစ်ဖက်လူ လိုက်လာတာကို သိမည်မဟုတ်ပေ။
"ဘယ်သူဖြစ်မလဲ ဆိုတာ ငါ ခန့်မှန်းပြီးသွားပြီ။ လာသင့်တဲ့သူက အမြဲလာမှာပဲ... သူ့ကို ဆွဲဆောင်ဖို့ နေရာရှာမယ် သူ့ရည်ရွယ်ချက်က ဘာလဲဆိုတာ ကြည့်ရအောင်"
ခဏကြာမျှ မဆိုင်းမတွ တွေးပြီးနောက် လုရွှမ် အမိန့်ပေးလိုက်သည်။ .
တိတ်တိတ်ဆိတ်ဆိတ် လိုက်လာသူကြောင့် သူတို့နှစ်ယောက် အရက်သောက်ဖို့ စိတ်မဝင်စားတော့ပေ။ တုန်လှုပ်ခြောက်ခြား မနေတော့ဘဲ လမ်းလျှောက်လာရင်း သိပ်မကြာခင်မှာပဲ တော်ဝင်မြို့ အပြင်ဘက် တောကြီးမျက်မည်းထဲ ရောက်လာခဲ့သည်။
အချင်း ရာဂဏန်းမျှသာရှိသော သစ်တောသည် ကြီးမားသည် မဟုတ်သော်လည်း ထိုသစ်ပင်များတွင် မြင့်မားပြီး အုံ့မှိုင်းနေကာ နေကို ပိတ်ဆို့ထားလို့ အပြင်ကမ္ဘာကို မမြင်နိုင်အောင် တားဆီးထားသည်။
မြေပြင်ကို လှည့်ပတ် ကြည့်ရှုပြီးနောက် လုရွှမ်သည် ရပ်တန့်ကာ အနည်းငယ်ပြုံး၍ ကျယ်လောင်စွာ အော်ပြောလိုက်သည်။
"နောက်က လိုက်လာနေတဲ့ မိတ်ဆွေ... မင်းမှာ လုပ်စရာရှိရင် ထွက်လာပြီး ပြောလို့ရတယ် တိတ်တိတ်ဆိတ်ဆိတ်နဲ့ နောက်က လိုက်နေတာ အရှုံးသမားရဲ့ ပုံစံပဲ... သန်မာတဲ့ လူရဲ့ပုံစံ မဟုတ်တော့ဘူး!"
တောအုပ်ထဲတွင် ပဲ့တင်ထပ်နေသည့် အသံ ငှက်အော်သံသာ ကြားရပြီး တုံ့ပြန်မှု လုံးဝမရှိ။
"သခင်လေး.... သခင်လေး အာရုံခံမိတာများ မှားနေလား? ဒီမှာ ဘယ်သူမှမရှိဘူး"
မုယန်ဖုန်းက ထူးဆန်းစွာ ကြည့်နေသည်။
အကယ်၍ တစ်ယောက်ယောက်က သူ့နောက်ကို တကယ်လိုက်ခဲ့မယ်ဆိုရင် ထိုသူဟာ ဟိုးအရင်ကတည်းက ထွက်လာလိမ့်မည်။ အခုတော့ လှုပ်ရှားမှုက လုံးဝမရှိဘူး။
နောက်ဆုံးတွင် သူသည် အဓိပတိနယ်ပယ်က ဖြစ်ပြီး သခင်လေးသည် အတုတံဆိပ်နယ်ပယ်တွင်သာ ရှိနေသည်ကို သူကတော့ ဘာကိုမှ မသိလိုက်ဘူးလေ။
"မင်းက မထွက်လာချင်ဘူး ဆိုမှတော့ မုယန်ဖုန်း ငါတို့ သွားကြစို့!"
တစ်ဖက်လူက ငြိမ်သက်နေပြီး ပေါ်မလာတော့တာကို မြင်လိုက်ရတော့ လုရွှမ်က ခေါင်းခါပြီး တောပြင်ဘက် လှည့်ထွက်သွားဖို့ ပြင်လိုက်သည်။
ဝေးဝေးမရောက်ခင်မှာ သစ်ရွက် နင်းသံကို ကြားလိုက်ရ၏။
"အစကငါမင်းကို မသတ်ချင်ပေမယ့် မင်းကိုယ်တိုင်က သေလမ်းရှာနေတာ ဆိုတော့လည်း ငါ့ကိုအပြစ်မတင်ပါနဲ့"
ချက်ချင်းပင် မှုန်ကုပ်ကုပ် အသံတစ်ခု ထွက်ပေါ်လာသည်။ မုယန်ဖုန်း မတုံ့ပြန်မီ မဝေးလှသော သစ်ပင်သစ်ကိုင်း တစ်ခုပေါ်တွင် ရပ်နေသော အရိပ်တစ်ခုကို သူတွေ့လိုက်ရသည်။
သူသည် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး အစိမ်းရောင် အဝတ်အစားကို ၀တ်ဆင်ထားကာ မျက်နှာကို ဖုံးကွယ်ထားပြီး အနည်းငယ် အေးစက်တင်းမာ နေသော အငွေ့အသက်တွေ လွှမ်းခြုံထားသည်။
သူ၏ ခွန်အားကို မထုတ်လွှတ်ထားသော်လည်း သူ၏ ဝိညာဥ်စွမ်းအင်သည် ခန္ဓာကိုယ် တစ်ခုလုံးပေါ်တွင် တည်ငြိမ်နေသည်။ သူ၏ ခွန်အားသည် တော်ဝင်မိသားစု၏ ဘိုးဘေးထက်ပင် ပို၍ပင် ပြင်းထန်၏။
အကယ်၍ ကျန်းဝူအကယ်ဒမီမှ ဒုကျောင်းအုပ်ချန်သာ ဤနေရာတွင် ရှိနေခဲ့ပါက ၎င်းသည် သူ့ကို ဝိညာဥ်ချီဆေး ပေး၍ လုရွှမ်ကို သတ်ခွင့်ပေးခဲ့သော လူဖြစ်ကြောင်း သေချာပေါက် အသိအမှတ်ပြုနိုင်မည် ဖြစ်သည်။
"ငါခန့်မှန်းတာ မမှားရင် ကျန်းဝူအင်ပါယာက တုယန်၊ လျိုချွမ်း နဲ့ တခြားသူတွေ သေဆုံးမှုတွေ၊ ငါနဲ့ ဒုကျောင်းအုပ်ချန်ရဲ့ ပြဿနာက မင်းနဲ့ တစ်ခုခုတော့ ပတ်သက်နေတယ်မလား!"
လုရွှမ်က ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
ကျန်းဝူအင်ပါယာတွင် တုယန်၊ လျိုချွမ်း နှင့် အခြားသူများ အသတ်ခံခဲ့ရပြီး ၎င်းနောက်တွင် ကြီးမားသော လက်မည်းကြီး ရှိနေကြောင်း သူအမြဲတမ်း ခံစားခဲ့ရသည်။ နောက်ပိုင်းတွင် ဒုကျောင်းအုပ်ချန်၏ ပါးစပ်မှ စကားလုံးတချို့ကို ကြားလိုက်ရပြီး သူ့မှန်းဆချက် မှန်ကန်ကြောင်း သိလိုက်သည်။
ကျန်းဝူအင်ပါယာမှ လမ်းတစ်လျှောက်လုံးတွင် ဤလူသည် သည်းမခံနိုင်တော့ဘဲ သူ့ကို သတ်မည်ကို စိုးရိမ်သောကြောင့် သူ၏ ခွန်အားကို အပြင်းအထန် မြှင့်တင်ခဲ့သည်။
နောက်တော့ ဝမ့်ဖုန်းချိုင့်ဝှမ်းရဲ့ နက်နဲတဲ့ နေရာမှာ ဟန်ရွှယ်နဲ့ တခြားလူတွေကို တွေ့ခဲ့ရပြီး ပျံသန်းသားရဲစီး၍ ဝူယန်အင်ပါယာကို ရောက်လာခဲ့သည်။ အရှိန်က အရမ်းမြန်လို့ သူခြေရာခံတာကို အနှောင့်အယှက် ဖြစ်စေခဲ့၏။
ဖီးနစ်အမွေးတွေကို သန့်စင်ပြီး သူ့ရဲ့ကျင့်ကြံမှုကို ပေါင်းစည်းပြီးနောက် ရက်ပေါင်း ၂၀ နီးပါးလောက် အချိန်ယူရပြီး တစ်ဖက်က လိုက်မဖမ်းမိပေမယ့် ဝူယန်မြို့မှာ အချိန်အတော်ကြာအောင် ရောက်ရှိနေပြီ ဖြစ်သည်။
"မျိုးနွယ်စု ဘိုးဘေးတွေရဲ့ သွေးက မျှော်လင့်ထားသလိုပဲ မင်းက အလွန်ထက်မြက်တယ် ဒါပေမဲ့ မင်းလုပ်ခဲ့တဲ့ အဆိုးဆုံး အရာကတော့ မင်းငါ့ကို ထွက်လာခိုင်းလိုက်တာပဲ!"
လူလတ်ပိုင်းအရွယ်က လက်ခုပ်တီးပြီး လုရွှမ် သူ့ကိုခန့်မှန်းမိတာကြောင့် အံ့သြသွားခဲ့သည်။
"အရင်က ငါမလှုပ်ရှားချင်ပါဘူး... လှုပ်ရှားလိုက်တာနဲ့ လူတွေကို ရှာတွေ့ဖို့ သဲလွန်စတွေ ချန်ထားပေးသလို ဖြစ်သွားမှာ... ဒုတိယအကြီးအကဲနဲ့ တခြားသူတွေက ပင်မသွေးကြောနဲ့ သိပ်ပြီး အဆင်ပြေမှာ မဟုတ်ဘူး။ ရလဒ်အနေနဲ့ မင်းက ဉာဏ်ကောင်းပြီး အတုတံဆိပ်နယ်ပယ်အထိ ခုန်တက်သွားခဲ့တဲ့ အတွက် တခြားသူတွေကို အပြစ်မတင်နဲ့တော့ ဒါမင်းဘာသာ သေကြောင်းရှာတာပဲ!"
လူလတ်ပိုင်းအရွယ် အမျိုးသားသည် လူသတ်ရန် ရည်ရွယ်ချက်ဖြင့် လှောင်ပြောင်နေ၏။
လုရွှမ်သည် ယခင်က လူထူထပ်သောနေရာ၌ အမြဲရှိနေသည့် အတွက် သူဘာမှ မလုပ်နိုင်ဘဲ ရှိနေခဲ့သည်။
ဒီအချိန်မှာ သူတို့နောက်ကို လိုက်လာကြောင်း သိလိုက်ရပေမယ့် လူမရှိတဲ့ နေရာကို အထင်ကြီးစွာနဲ့ ရောက်လာမယ်လို့ ဘယ်သူက ထင်မှာလဲ။
သေချင်ရင်တော့ အသက်ရှင်လို့ မရတော့ဘူး။
"ဒုတိယအကြီးအကဲ ပင်မသွေးကြော?" လုရွှမ် မျက်ခုံးပင့်လိုက်သည်။
"ငါပြန်ဖြေမယ်လို့ မမျှော်လင့်ပါနဲ့! မင်းတစ်လျောက်လုံး အမှိုက်ပဲ ဖြစ်နေတယ်ဆိုရင် ကောင်းပါတယ်။ လအနည်းငယ် အတွင်းမှာ သာမန်အဆင့်ကနေ အတုတံဆိပ်နယ်ပယ် အထိကို ရောက်ရှိသွားခဲ့တယ်... မင်းကို ကြီးပြင်းလာဖို့ ခွင့်ပြုရင် ဒီအရှိန်ကြောင့် ငါတို့သခင်လေးက မင်းလောက်ကောင်းအောင် ဘယ်လိုလုပ်ရမှာလဲ? မင်းအပြစ်တင်ချင်ရင် မင်း မြန်မြန်လေ့ကျင့်ခဲ့တာကို အပြစ်တင်ပါ"
လူလတ်ပိုင်းအရွယ် အမျိုးသားသည် ရက်စက်သော ကဲ့ရဲ့သံကို ထုတ်ပြလာသည်။
"တခါတရံမှာ အရည်အချင်း ရှိတာက အရမ်းကောင်းပေမယ့် အခုအချိန်မှာ ကောင်းတဲ့အရာတော့ မဟုတ်ဘူး!"
"ဒီနေ့ မင်းငါ့ကိုသတ်ဖို့ ဆုံးဖြတ်ထားပုံရတယ်!"
တစ်ဖက်လူ၏ စကားသံကို ကြားလျှင် လုရွှမ်သည် တိုက်ပွဲတစ်ခု မဖြစ်မနေ ဖြစ်လာနိုင်မှန်း သိလိုက်သည်။ သူအသက်ပြင်းပြင်း ရှူလိုက်ကာ တစ်ကိုယ်လုံး ဆတ်ဆတ် တုန်ခါနေပြီး သူ့တစ်ကိုယ်လုံးမှာ တိုက်ပွဲဝင်စိတ်ဓာတ် အပြည့် ထုတ်လွှတ်လိုက်၏။
ဖီးနစ်အမွေးကို သန့်စင်ပြီးနောက် ၎င်း၏အစွမ်းကို ကောင်းကောင်း မသုံးရသေးတော့ ဒီလူအပေါ်မှာ စမ်းသပ်ကြည့်ရမည်။
"ဘာလဲ? ခုခံချင်တာလား? စိတ်မပူပါနဲ့... ငါမင်းနဲ့ ကောင်းကောင်း ကစားပြီး သိက္ခာရှိရှိ သေစေရမယ်!" လို့ ရယ်မောရင်း သက်လတ်ပိုင်းအမျိုးသားက သစ်ကိုင်းပေါ်ကနေ ပေါ့ပါးစွာ ပျံသန်းလာခဲ့သည်။
အလေးချိန် အနည်းငယ်မျှ မရှိဘဲ သစ်ရွက်တစ်ရွကိကဲ့သို့ ပေါ့ပါးသည်။
"သန်မာလိုက်တာ"
တစ်ဖက်တွင်မူ မုယန်ဖုန်း၏ မျက်ဝန်းတွေ ပြူးကျယ်သွားသည်။
ပညာရှင်က လှုပ်ရှားလိုက်သည်နှင့် ရွေးချယ်စရာမရှိတော့ပေ။ ယခင်က သခင်လေးသည် ချဲ့ကားနေသည်ဟု သူထင်ခဲ့၏။ တစ်ဖက်လူ၏ အားကောင်းတဲ့ အငွေ့အသက်ကို သူမြင်သောအခါတွင် သူသည် ချဲ့ကားမပြောဆိုရုံ သာမက လျှော့တွက်ခဲ့မိသည်ကိုလည်း သူသိသည်။
ဝူယန် တော်ဝင်မိသားစုရဲ့ ဘိုးဘေးနဲ့ ယှဉ်ရင် သူ့ရှေ့က ဒီလူရဲ့ ခွန်အားက လုံးဝ အားမနည်းချေ။
"သခင်လေး... မြန်မြန် ပြေးတော့! ကျုပ်တားထားမယ်!"
ဒါကိုတွေးပြီး မုယန်ဖုန်းက တုံ့ဆိုင်းမနေဘဲ ရှေ့ကို ပြေးသွားသည်။
သူ့အမြင်အရ သခင်လေးသည် အတုတံဆိပ်နယ်ပယ် သာရှိသည်။ ထို့ကြောင့် ပြိုင်ဘက် မဟုတ်တော့ဘဲ ယခု သူတစ်ဦးတည်းသာ ခုခံရန် နည်းလမ်းရှာနိုင်ကာ သခင်လေးကို လွတ်မြောက်ရန် အချိန်ပေးနိုင်သည်။
"သေရမယ့်ကောင်က တော်တော်သစ္စာရှိတာပဲ!"
မုယန်ဖုန်းသည် သူ့ဆီသို့ အပြေးအလွှား ပြေးလာသည်ကို မြင်လိုက်ရသည်နှင့် လူလတ်ပိုင်းအရွယ် အမျိုးသားက ရယ်မောလိုက်သည်။
လုရွှမ်လည်း မုယန်ဖုန်းက တိုက်ရိုက် အပြေးအလွှား ပြေးထွက်သွားမယ်လို့ မမျှော်လင့်ထားရာ သူ့ကို တားဖို့ နောက်ကျသွားသည်။