← Chapters

သတ်လိုက်ပြီ

Vol. 18 Ch. 3.9

သတ်လိုက်ပြီ

Vol. 18 Ch. 3.9

"ဒါက အလယ်အလတ်အဆင့် တစ္ဆေအဆင့် သိုင်းစွမ်းရည်ပဲ!"

မုယန်ဖုန်း စိုးရိမ်နေသည့် အရာနှင့်မတူဘဲ လုရွှမ်သည် တစ်ဖက်လူမှ အရွက်တစ်ထောက်လက်ဝါးအား အသုံးပြုလိုက်သည်ကို မြင်လိုက်ပြီးနောက် သူ၏ခြေဖဝါးကို ပွတ်ဆွဲလိုက်ရာ မြေပြင်ပေါ်ရှိ သစ်ကိုင်းတစ်ခတ်သည် သူ့လက်ဖဝါးထဲသို့ ရောက်ရှိလာသည်။

အကိုင်းအခက်က သေးပေမယ့် သူ့အရှိန်အဝါက ချက်ချင်း ပြောင်းလဲသွားပြီး ကမ္ဘာကြီးကို လုပ်ကြံတော့မယ် ဓားသမားအဖြစ် ပြောင်းလဲသွားသည်။ သူ မလှုပ်ရှားခင်မှာ သူ့ရဲ့ဓားစွမ်းအင်ဟာ လျှော့တွက်လို့မရတဲ့ ဓားရှည်စွမ်းအင်တွေ လွင့်ထွက်လာ၏။

"ချိုးဖျက်စေ!"

ဟစ်ကြွေးသံနှင့်အတူ အကိုင်းအခက်များ ပြေးထွက်လာသည်။

"သစ်ကိုင်းနဲ့ အရွက်တစ်ထောင်လက်ဝါး သိုင်းစွမ်းရည်ကို တိုက်မယ်?"

မုယန်ဖုန်း ငိုတော့မည်။

မဆင်မခြင်များ လုပ်နေတာလား? ဒါက ငယ်ငယ်က အိမ်မှာ ကစားနေတဲ့ သိုင်းကွက်တွေ မဟုတ်ဘူးနော်။

အကိုင်းအခက် အသေးလေးတွေက အချိန်မရွေး ကျိုးသွားလိမ့်မယ်။ ပြိုင်ဘက်ရဲ့ လက်ဖဝါးတွေက မြေပြင်မှာ နေရာအနှံ့ ပြန့်ကျဲနေတယ် ခွန်အားကလည်း ထောင်ပေါင်းများစွာ ရှိနေသည်။

ဘယ်လိုလုပ် ခုခံနိုင်မှာလဲ?

မှန်ကန်သော ဦးတည်ရာကို ရှာမတွေ့ပါက လေကို ဓားဖြင့်ထိုးလိုက် သကဲ့သို့ တစ်ကိုယ်လုံး၏ အားနည်းချက်သည် ပြိုင်ဘက်ရှေ့တွင် ပေါ်လာပြီး သေသည်အထိ အရိုက်ခံရမည် ဖြစ်သည်။

တစ်ဖက်လူအတွက် ပျော်စရာ ကောင်းလွန်းသည်။

ကူကယ်ရာမဲ့စွာ ခံစားရနေရစဥ်တွင် သူနှင့် ဆန့်ကျင်ဘက် လူလတ်ပိုင်း အမျိုးသား၏ မျက်နှာသည် ရုတ်တရက် ပြောင်းလဲသွားသည်။

ဝူ!

အကိုင်းအခက် အသေးများနှင့် အရွက်တစ်ထောင် လက်ဖဝါးတို့ တိုက်မိသွားသည်။ စိတ်ကူးထားသည့်အတိုင်း ကြီးမားသော ပေါက်ကွဲသံနှင့် စွမ်းအားလှိုင်းများ ပြန့်ကျဲသွား၏။

လက်ဝါးပုံရိပ်တွေ ပျက်စီးသွားပြီး အရွက်တစ်ထောင်လက်ဝါး သိုင်းစွမ်းရည်လည်း ပျောက်ကွယ်သွား၏။

တန်ခိုးကြီးသော တစ္ဆေအဆင့် အလယ်အလတ်ဆင့် သိုင်းစွမ်းရည်သည် မမျှော်လင့်ဘဲ သစ်ကိုင်းတစ်ခတ်ကြောင့် ပျက်စီးသွားသည်။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? အရွက်တစ်ထောင်လက်ဝါးရဲ့ အားနည်းချက်ကို မင်းဘယ်လိုလုပ် သိနေတာလဲ?"

လူလတ်ပိုင်းအရွယ် အမျိုးသားသည် အင်အားတစ်ခုဖြင့် ပြင်းထန်စွာ တုံ့ပြန်ခံရပြီးနောက် ပါးစပ်မှ သွေးများ စီးကျလာရင်း မယုံနိုင်အောင် ဖြစ်နေတော့သည်။

အရွက်တစ်ထောက်လက်ဝါးသည် အလယ်အလတ်အဆင့် တစ္ဆေသိုင်းပညာတစ်ခု ဖြစ်သော်လည်း ကြီးမားသော ချို့ယွင်းချက်များလည်း ရှိပါသည်။ တစ်စုံတစ်ယောက်သည် ဤနေရာကို ရှာတွေ့သည်နှင့် ချွန်ထက်သော ဓားတစ်ချောင်းကိုမျှ မပြောဘဲ သစ်သားချောင်းကိုပင် အလွယ်တကူ ဖြတ်သွားနိုင်သည်။

ဒီလက်ဖဝါး သိုင်းပညာကို သင်ယူပြီးနောက်မှာတော့ ပြိုင်ဘက်ကောင်းကို မတွေ့ခဲ့ဖူးချေ။ သူအသုံးပြုပြီးတာနဲ့ ပြိုင်ဘက်က သေမှာ သေချာပါ၏။ မျက်စိတစ်မှိတ်အတွင်း သေးငယ်တဲ့ နိုင်ငံကနေလာတဲ့ ကောင်လေး တစ်ယောက်ရဲ့ လက်ထဲမှာ အလွယ်တကူ အက်ကွဲသွားလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး။

ဝှစ်!

တစ်ဖက်လူ၏ မေးခွန်းကို လျစ်လျူရှုကာ လုရွှမ်သည် ခြေဖဝါးဖြင့် ရှေ့သို့တိုးကာ လျှို့ဝှက်ဆန်းကြယ်သော ရည်ရွယ်ချက်ဖြင့် လေထဲတွင်ရှိသော သစ်ကိုင်းကို လွှဲရိုက်လိုက်သည်။

အရှိန်က အရမ်းမြန်ပြီး စွမ်းအားကလေကို ခွင်းလာသည်။

"ဟမ့်!"

တုန်လှုပ်ချောက်ချားမှုသည် တစ်ခဏမျှသာ ကြာမြင့်ခဲ့ပြီး သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်က ကျွမ်းကျင်သူသည် အလွန်လျင်မြန်စွာ တုံ့ပြန်ခဲ့သည်။ သူ ထပ်မံတိုက်ခိုက်လာသည်ကို မြင်တွေ့ရပြီးနောက် လူလတ်ပိုင်းအရွယ် အမျိုးသားက ဓားရှည်တစ်ချောင်းလို ပြေးဝင်သွားသည်။

မည်သည့် လက်နက်ကိုမျှ အသုံးမပြုသော်လည်း လက်ချောင်းများပေါ်ရှိ သိုင်းကျွမ်းကျင်မှုသည် ယခင်အချိန်က အရွက်တစ်ထောင်လက်ဝါးထက် ပို၍ ခြိမ်းခြောက်မှုကို ဖြစ်စေသည်။

ဤရွေ့လျားမှုသည် အရွက်တစ်ထောင်လက်ဝါးထက် ပိုမိုအားကောင်းပြီး မြင့်မားသောအဆင့် မဟုတ်သော်လည်း နောက်တွင် စွမ်းအင်ကိုခွဲခြမ်းကာ လက်ဝါးတစ်ထောင်ကိုပါ ဖွဲ့စည်းထားသောကြောင့် စွမ်းအားသည် ပိုမိုပြင်းထန်လာသည်။

ဝုန်း!

လက်ချောင်းများသည် အကိုင်းအခတ်များနှင့် ရိုက်ခတ်သွား၏။

ဗုန်း ဗုန်းဗုန်း!

လုရွှမ်၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုများ ပေါင်းစပ် ပါဝင်သော အကိုင်းအခက်များသည် အမှုန့်အဖြစ်သို့ ကွဲကြေသွားခဲ့သည်။

ဝုန်း!

လုရွှမ်သည် ပြင်းထန်စွာ ထိမှန်ပြီးနောက် နောက်သို့ ခြေလှမ်း ခုနစ်လှမ်း သို့မဟုတ် ရှစ်လှမ်းဆုတ်ကာ သူ့မျက်နှာ နီမြန်းလာပြီး သွေးများ စီးကျလာသည်။

သစ်ကိုင်းတွင် အသုံးပြုထားသော ဓားနည်းပညာသည် ကြောက်မက်ဖွယ်ကောင်းပြီး လှည့်ကွက်များသည် ထက်မြက်နေသော်လည်း သစ်ကိုင်းသည် အကိုင်းအခက်မျှသာ ဖြစ်ကာ ပြိုင်ဘက်၏ ပြင်းထန်သော စွမ်းအားကို လုံးဝမခုခံနိုင်ခဲ့သည့်အတွက် နှမြောစရာ ကောင်းလှသည်။

"သေစမ်း!"

လုရွှမ် နောက်ဆုတ်သွားရပေမယ့် လူလတ်ပိုင်းအရွယ်က ဤလူငယ်သည် နည်းလမ်းများစွာ ရှိကြောင်း သိထားပြီး သတိမပြုပါက ဤနေရာတွင် သေရပေလိမ့်မည်။ ပေါ့ပေါ့တန်တန် သဘောမထားရဲတော့ဘဲ သံနွားထွန်ယက်သကဲ့သို့ ရှေ့သို့ တိုးသွားလေသည်။ ပြင်းထန်သော စွမ်းအားနှင့် အထိန်းအကွပ်မဲ့ ရူးသွပ်မှုတို့ဖြင့် မြေပြင်ကိုပင် တုန်ခါသွားစေ၏။

မြင့်မားသော သစ်ပင်များသည် ချက်ချင်းပြိုကျပြီး မူလတောအုပ်ငယ်များသည် ကမ္ဘာကြီး၏ အဆုံးသတ်ခြင်းကို တွေ့ကြုံခံစားခဲ့ရသလို အပျက်အစီးများ အဖြစ်သို့ ပြောင်းလဲသွားသည်။

သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်သည် သာမန်လူများ၏ ကန့်သတ်ချက်ကို ကျော်လွန်ခဲ့ပြီး လူသားများထက် သာလွန်သော စွမ်းအင်ကို ရရှိထားပြီ။ အဓိပတိနယ်ပယ်က ယှဉ်ပြိုင်နိုင်သည့် အရာမဟုတ်ပါ။

"ထွက်သွားစမ်း!"

သူအရမ်း ရက်စက်လာတာကို မြင်တော့ လုရွှမ် မျက်မှောင်ကြုတ်သွားပြီး လေပြင်းလက်ဝါးကို ထုတ်သုံးလိုက်ပေ၏။

လေပြင်းလက်ဝါးသည် အသေးစား အောင်မြင်မှုအဆင့်သို့ ရောက်ရှိခဲ့ပြီး ၎င်းသည် အင်အားအလွန် တိုးများလာသည်။

ဗုန်း!

တိုက်ခိုက်မှုများ ထိပ်တိုက်ဆုံသွားကာ စစ်မှန်သော ဝိညာဥ်စွမ်းအင်သည် မုန်တိုင်းကဲ့သို့ လှိမ့်တက်သွားသည်။

ဖူး....!

သွေးများ တဖျပ်ဖျပ် စီးကျလာကာ လုရွှမ်သည် မြေပြင်ပေါ်သို့ လဲကျသွားပြီး သူ့မျက်နှာ ဖြူဖျော့သွားခဲ့သည်။ တစ်ဖက်လူလည်း နောက်ပြန်ဆုတ်သွားရ၏။

ဤကာလအတွင်း သူသည် ကြီးကျယ်သော တိုးတက်မှုကို ရရှိခဲ့သော်လည်း သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်မှ ကျွမ်းကျင်သူများထက် များစွာ နောက်ကျ ကျန်နေပါသေးသည်။

"ငါ့ကိုဒဏ်ရာရစေတယ်?.... ကြည့်ရတာ မင်းကိုငါ လျှော့တွက်ထားမိပုံ ရတယ်... ဒါပေမဲ့ ဒါက မင်းအတွက် ကံကောင်းမှုရဲ့ အဆုံးသတ်ပဲ။ သေပေတော့...."

လုရွှမ်ကို ဒဏ်ရာတစ်ချက် ပေးပြီးနောက် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ရှေ့သို့ လျှောက်သွားကာ လက်ဖဝါးကို မြှောက်၍ လုရွှမ်ကို တည့်တည့် ရိုက်ချလိုက်သည်။

ဒီလက်ဖဝါးက လုံးဝ ပြင်းထန်တဲ့ စွမ်းအားတွေ တဟုန်းဟုန်း ထွက်လာသည်။ ထိလိုက်တာနဲ့ သူအထွတ်အထိပ်မှာ ရှိနေရင်တောင် တားလို့ မရတော့ဘူး။

"ခဏလေး... ငါဘာလို့ဒီလောက် မြန်မြန်နဲ့ တိုးတက်နေတာလဲ မင်းမသိချင်ဘူးလား?"

လက်ဖဝါးက သူ့ခန္ဓာကိုယ်ကို ထိတော့မည့်အခိုက် လုရွှမ် ကမန်းကတန်း ထအော်လိုက်သည်။

"အမ်?"

ဒါကိုကြားတော့ လူလတ်ပိုင်းအရွယ်က ရုတ်တရက် ရပ်သွား၏။

မပြောချင်ဘူးလေ။ ဒါက လှည့်ကွက်တစ်ခုပဲ။

လအနည်းငယ်အတွင်း သာမန် လေ့ကျင့်သူ တစ်ဦးမှ ပြီးပြည့်စုံသော တိုက်ခိုက်ရေး စွမ်းအားတစ်ခုသို့ တိုးတက်မှု၏ အရှိန်အဟုန်သည် စိတ်ကူးစိတ်သန်းထက်ကို ကျော်လွန်သွားခဲ့ပြီ။ ၎င်းနှင့်နှိုင်းယှဉ်ပါက မရေမတွက်နိုင်သော ပါရမီရှင်များသည်ပင် ငတုံးနှင့် တူသွားပြီ။

နည်းလမ်းကို သင်ယူနိုင်လျှင် သူသည် သခင်ဖြစ်လာနိုင်ပြီး အခြားသူများ၏ ထိန်းချုပ်မှုကို ဖယ်ရှားနိုင်မည် ဖြစ်သည်။

"ပြောလေ"

ဒါကိုတွေးပြီး မျက်လုံးတွေ မှိတ်ထားရင်း မေးခါနီးမှာ အနောက်ကနေ တိုက်ခတ်လာတဲ့ လေပြင်းတစ်ချက်ကို အာရုံခံမိလိုက်စဥ် ပြင်းထန်တဲ့ ဝေဒနာတစ်ခုကိုပါ ခံစားလိုက်ရသည်။

အလျင်အမြန် လှည့်ကြည့်လိုက်တော့ ကျီးကန်းတစ်ကောင်က သူ့နောက်မှာ ချွန်ထက်တဲ့ ခြေသည်းတွေနဲ့ ပျံသွားပြီး သူ့နောက်ကျောက ကြွက်သား အပိုင်းအစတွေကို ဆုတ်ဖြဲပစ်လိုက်တာ တွေ့ရ၏။

သူသည် မသေနိုင်သော အသွင်ကူးပြောင်းရေးနယ်ပယ်တွင် သန်မာသူတစ်ဦး ဖြစ်သည်။ သူ၏ခန္ဓာကိုယ်သည် သေမျိုးအရာမှ လွတ်ကင်းသွားပြီး အလွန်မာကျောသည်။ သူတိတ်ဆိတ်စွာ ချဉ်းကပ်ပြီး သူ၏ကြွက်သားများကို ခြေသည်းတစ်ချောင်းဖြင့် ဖြဲလိုက်သည်က သိပ်မနာကျင်စေပေ။

"သေမင်းကို ရှာနေတာပဲ!"

ကျယ်လောင်သော ဟောက်သံဖြင့် ကျီးကန်းကို လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။

ဖျတ် ဖျတ်!

ကျီးကန်းသည် တိုက်ခိုက်ခံရသည်နှင့် တပြိုင်နက် လျစ်လျူရှုကာ လှည့်ပတ်ပျံသန်းကာ မျက်စိတစ်မှိတ်အတွင်း တောထဲသို့ တိုးဝင် ပျောက်ကွယ်သွားခဲ့သည်။

"ဟမ့်"

ဝှစ်!

ဒေါသတွေအပြည့်နဲ့ ကျီးကန်း ဘယ်သွားမလဲ သိချင်၍ ပြေးလိုက်သွားမည် အပြု ရုတ်တရက် ရင်ဘတ်မှာ စူးစူးရှရှ နာကျင်မှုကို ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာ ရင်ဘတ်ကို ထိုးဖောက်ထားတဲ့ သစ်သားချောင်း တစ်ချောင်းကို မြင်လိုက်ရပြီး သူ့နှလုံးသားကို တည့်တည့်ဖောက်သွားတာ တွေ့ရလေ၏။

"မင်း"

သူ့ခေါင်းကို လှည့်ကြည့်လိုက်တော့ မြေပြင်မှာ ဒဏ်ရာ အပြင်းအထန် ရနေတဲ့ လုရွှမ်က လှုပ်ရှားလိုက်မှန်း တွေ့လိုက်ရသည်။

"မင်းနဲ့ငါအတူ သေရမယ်..."

နှလုံးသားကို ထိုးဖောက်သွားပြီဆိုရင် သေမျိုးအသွင်ပြောင်း နယ်ပယ်မှာ သန်မာတဲ့ လူတစ်ယောက်တောင် ရှင်သန်နိုင်မှာ မဟုတ်ဘူး။ သက်လတ်ပိုင်းအရွယ်ဟာ ၁၆ ၁၇နှစ်အရွယ်ရှိတဲ့ ကောင်လေး တစ်ယောက်ဆီက အသတ်ခံရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။

ဒေါသနှင့် လုရွှမ်ကို ထပ်မံ သတ်ပစ်ချင်လာသည်။ သူသေခါနီးအချိန်မှာ လက်ဖဝါးကို ရိုက်လိုက်ရင်တောင် သူ့ဆီက အရိုက်ခံရရင် မလွတ်မြောက်နိုင်ဘူး။

"သေလိုက်စမ်း!"

ဝူး!

အကျပ်အတည်း အောက်တွင် လုရွှမ်သည် ကျယ်လောင်သော ဟိန်းဟောက်သံကို ထုတ်လွှတ်လိုက်ပြီး သူ၏ဆန့်တန်းထားသော လက်ဖဝါးမှ ပြင်းထန်သော မီးတောက်တစ်ခု ထွက်ပေါ်လာသည်။

ဓါတ်ဆီ မီးလောင်သွားသလိုမျိုး ပြိုင်ဘက်ရဲ့ လက်ဖဝါးကို တိုက်ရိုက် ကူးခတ်သွား၏။

မျက်စိတစ်မှိတ် အတွင်းမှာပင် လူလတ်ပိုင်း တစ်ကိုယ်လုံး လောင်ကျွမ်းသွားပြီး အစွမ်းထက်သော လက်ဖဝါးသည် မီးခိုးငွေ့ထဲတွင် ပျောက်ကွယ်သွားခဲ့သည်။

သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်မှ ကျွမ်းကျင်သူ တစ်ဦးသည် မီးလောင် ပြာကျသွားခဲ့သည်။

"ဟူး..."

လုရွှမ် သက်ပြင်းချလိုက်ပြီး ကုသဆေးကို အမြန်သောက်လိုက်သည်။

ကျွန်းငယ်လေးမှာ ဟန်ရွှယ်နဲ့ တွေ့ကြုံရတဲ့ အတွေ့အကြုံက သူ့ကို ကုစားဆေးတွေရဲ့ အရေးပါပုံကို နားလည်စေတဲ့အတွက် သူပြန်လာတဲ့အခါ တော်တော်များများကို သန့်စင်ခဲ့သည်။

ယခုအချိန်ရဲ့ ခြေလှမ်းတိုင်းဟာ ထိတ်လန့်စရာလို့ ပြောလို့ရသည်။ တစ်ဖက်လူကို သူ့ရဲ့ ခွန်အားနဲ့ နည်းစနစ်တွေကို မရေမရာ ပြောခဲ့မယ်ဆိုရင် နောက်ဆုံးမှာ ဘယ်သူ အနိုင်ရမယ်ဆိုတာ မသိနိုင်ဘူး။

ပြိုင်ဘက်ရဲ့ ရင်ဘတ်ကို အခုနလေးတင်က ဖောက်ထွက်ထားတဲ့ သစ်သားတုတ်နဲ့ ပတ်သတ်ပြီး ဆိုရလျှင် ဒါဟာ သဘာဝကျကျ ဒါဟာ ကျောက်စိမ်းပြားထဲကနေ သူထုတ်ယူလိုက်တဲ့ ဝိညာဉ်သခင်ရဲ့ အနီရောင် ဝိညာဉ်သစ်သားပဲ ဖြစ်သည်။

စိတ်ဝိညာဉ်သခင်။ ဖီးနစ်မီးတောက် နှင့် ကျီးကန်းတို့၏ ပူးပေါင်းမှုကြောင့်သာ သေမျိုးအသွင်ကူးပြောင်းခြင်း နယ်ပယ်က ပထမအဆင့်တွင် လူတစ်ဦးကို သတ်နိုင်ခဲ့သည်။

သူသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က လူများနှင့် ကြီးမားသော ကွာဟချက် ရှိနေသေးသည်။

All Chapters