← Chapters

ပိုးတစ်ရာပုံစံ

Vol. 18 Ch. 3.12

ပိုးတစ်ရာပုံစံ

Vol. 18 Ch. 3.12

"လက်မှုပညာရှင် ဆရာကြီး တစ်ယောက်ကိုရှာဖို့ တစ်နှစ်လောက်ကြာတယ်?"

လုရွှမ် အံ့အားသင့်သွားသည်။

အဂ္ဂိရတ်ဆရာများ ကဲ့သို့ပင် အဆင့်၇နှင့် အထက်ရှိသော လက်မှုပညာရှင်များကို ဆရာကြီးဟု ခေါ်ကြသည်။ စစ်မှန်သော ဆရာများသည် အဆင့်၇ သို့မဟုတ် ထိုထက်မြင့်သော အဆင့်သို့ ရောက်နေသူများ ဖြစ်သည်။

အဆင့်၉ ကိုကျော်ပြီး အသွင်ပြောင်းတဲ့ နယ်ပယ်ကို ရောက်ရင် ဂိုဏ်းဆရာလို့ ခေါ်ကြသည်။ ဂိုဏ်းဆရာအဆင့် အဂ္ဂိရတ်ပညာရှင်နှင့် ဂိုဏ်းဆရာအဆင့် လက်မှုပညာရှင်တို့ကို အဓိပတိနယ်ပယ်ထက် သာလွန်သော အရာများဟု ရည်ညွှန်းကြသည်။

ဒီလိုလူမျိုးက ရွှေတုံးသတ္တုရိုင်းကို သန့်စင်ဖို့ တစ်နှစ်လောက် အချိန်ယူရတယ် ဆိုတာ တကယ်ကြီးလား?

ဒီလိုဖြစ်ရင် ကုန်ကျစရိတ်က တစ်ဘီလီယံထက် မနည်းတော့ဘူးလေ။

ရုပ်သေးပင်လယ်ဂိုဏ်း၏ ရွှေစ သန်းဆယ်ဂဏန်းတောင် မလိုဘဲ လျှို့ဝှက်စာအုပ်ကို သူ့မျက်စိဖြင့် မြင်ဖူးသည်။ အလွန်ရိုးရှင်းသည်။ ပစ္စည်းများ ပြည့်စုံသရွေ့ ရွှေစ သန်းဆယ်ဂဏန်းတောင် မကုန်ဘဲ လုံး၀ သန့်စင်နိုင်သည်။

"မှန်တယ်.. လက်မှုပညာရှင် အဖွဲ့အတွက် ကောင်းမွန်တဲ့ နည်းလမ်း မရှိပါဘူး။ သူတို့ကို သန့်စင်အောင် လုပ်ခိုင်းတာက ကုန်ကျစရိတ် ပိုများပါတယ်။ ဒီလိုလုပ်မယ့်အစား ဒီလိုရောင်းလိုက်ရင် အနည်းဆုံးတော့ ပိုက်ဆံ အများကြီး မဆုံးရှုံးစေတော့ဘူးပေါ့"

သူဌေးက ပြောသည်။

"အိုး!" လုရွှမ်က ခေါင်းညိတ်လိုက်ပြီး သူ့စိတ်တွေ တစ်ချက်လှုပ်ရှားသွားပြီး

"ဆရာသမားက တစ်ယောက်ကို သန့်စင်ခိုင်းဖို့ အနည်းဆုံး ရွှေစ တစ်ဘီလီယံလောက် ကုန်ကျလိမ့်မယ်။ သန်း ၂၀၀တန်တဲ့ ကျောက်တုံးကို ရောင်းမှာလား သေချာပေါက် ရွှေတုံးသတ္တုရိုင်းကြီးကို ရောင်းဖို့ ရွေးမှာပေါ့"

"ဟုတ်ပါတယ်....ဒါကြောင့် ငါဒါကို ရောင်းနေတာ။ သန်း ၂၀၀နဲ့ သန့်စင်နိုင်ရင် ရောင်းစရာတောင် မလိုဘူး။ လက်မှုပညာရှင်အဖွဲ့ကို တိုက်ရိုက်ရောင်းပြီး အမြတ်ထုတ်နိုင်တယ်"

သူဌေးကဆက်၍

"ဒါတောင် ရွှေစတွေ မသုံးဘဲ ပိုအဖိုးတန်တဲ့ ဝိညာဥ်ကျောက်တွေနဲ့ လဲလှယ်လို့ရတယ်!"

ရွှေစများသည် အင်ပါယာအတွင်း ရောင်းဝယ်ဖောက်ကားသည့် ငွေကြေးမျှသာ ဖြစ်သည်။ အင်ပါယာနှင့် ပတ်သက်လာလျှင် ဝိညာဥ်ကျောက်တုံးများကို အခြေခံအားဖြင့် အသုံးပြုကြသည်။

ဝိညာဥ်ကျောက်တုံးကို သုံး၍ တိုက်ရိုက် ကျင့်ကြံနိုင်သလို ဒီလိုပစ္စည်းနဲ့ လဲလှယ်တဲ့အခါ ကိုယ့်အထောက်အထား သို့မဟုတ် အဆင့်အတန်းကို ဖော်ပြရာရောက်သည်။

ပေရွှီးအင်ပါယာသည် အဆင့်အတန်း မြင့်သောနိုင်ငံ ဖြစ်သော်လည်း ဝိညာဉ်ကျောက်တုံးများ ရောင်းဝယ်ဖောက်ကားမှုမှာ မပြန့်ပွားသေးဘဲ ထိပ်တန်း အရောင်းအဝယ်များတွင်သာ ပေါ်လာတတ်သည်။

ဝိညာဥ်ကျောက်တုံးဟာ ကြွယ်ဝမှုနှင့် စွမ်းရည်ကို ကိုယ်စားပြုသည်။

"ဟားဟား!"

တစ်ဖက်လူ ပြောသည်ကို ကြားသော် လုရွှမ်ပြုံးလိုက်ပြီး စကားဆက် မပြောတော့ပေ။

ရုပ်သေးပင်လယ်ဂိုဏ်းထဲက လျှို့ဝှက်စာအုပ်တွေ အားလုံးကို သူဖတ်ပြီးပြီ။ ရွှေတုံးသတ္တုရိုင်းအား သန့်စင်နည်းကိုလည်း ရှင်းရှင်းလင်းလင်း သိပြီး အဆင့်တိုင်းကိုတောင် သူ့စိတ်ထဲ စွဲမှတ်ထားသည်။

သူသန့်စင်မည်ဆိုလျှင် ငွေအမြောက်အမြား ကုန်ကျစရာ မလိုဘဲ ရွှေစသန်းပေါင်း ဆယ်ဂဏန်းမျှသာ ပေးလျှင် နေ့တစ်ဝက်တည်းနဲ့ အပြီးသတ်နိုင်သည်။

တကယ်ငွေရှာချင်ရင် အဲဒါကို ကူညီသန့်စင်ပေးနိုင်ပြီး သန်း၂၀၀ရဲ့ ၂ဆမကသော ဝင်ငွေများပင် ရလာနိုင်၏။ သို့သော် ယခုအချိန်တွင် သူသည် ငွေမလိုသေးပါ။ ဤအရာကို သန့်စင်ရန်လည်း ပျင်းလှသည်။

မတ်တပ်ရပ်ပြီး လမ်းလျှောက်ကြည့်နေတုန်း ဆိုင်ထဲ လူတွေ ပိုများလာသည်။

"ဒါက?"

ခဏအကြာ လှည့်ပတ်ကြည့်နေစဥ် သူ့ကိုစိတ်ဝင်စားစေတဲ့ အရာတစ်ခုမှ မတွေ့ရပေ။ ဆိုင်ရှင်က ထွက်သွားခါနီးမှ သူ့မျက်လုံးတွေက တစ်နေရာကို ရောက်သွားပြီး မျက်ခုံးတွေ ပင့်တက်သွားသည်။

ပုလင်းငယ်သည် အနည်းငယ် ဟောင်းနေပုံရပြီး ၎င်းပေါ်တွင် အထူးစာကြောင်းများ ရေးထိုးထားသောကြောင့် နားလည်ရခက်စေသည်။

ဤမျဉ်းကြောင်းများကို မြင်လျှင် လုရွှမ်၏မျက်ခုံးများ စိတ်ဝင်စားစွာ ပင့်တက်သွားကာ ထိုအရာကို ကြည့်နေ၏။

“သြော်... ဒါက အရင်တုန်းက ဖောက်သည်တစ်ယောက်က ရောင်းထားတာ။ ရှေးဟောင်းသင်္ချိုင်းတချို့ကနေ ရလာပုံရတယ်။ ထူးဆန်းတဲ့ ပုံစံတွေနဲ့ အထဲမှာ ရေတွေရှိတယ်။ အဲဒါက ဘာလဲဆိုတာတော့ မသိဘူး။ အချိန်အတော်ကြာ လေ့လာကြည့်ပေမယ့် အကျိုးသက်ရောက်မှုက သိပ်မရှိပါဘူး... ဒါကြောင့် လက်လျှော့လိုက်တာ တန်ဖိုးမဖြတ်နိုင်ပေမယ့် ရှေးဟောင်းပစ္စည်းဖြစ်လို့ စုဆောင်းမှုတန်ဖိုးတစ်ခုရှိပြီး ရွှေစ ၁၀ သန်းလောက် စျေးရှိတယ်"

ကျောက်စိမ်းပုလင်းကို ကြည့်ပြီး သူဌေးက ပြန်လာပြီး အပြုံးနဲ့ ရှင်းပြလေ၏။

"ရေ? ကျုပ်ကြည့်လို့ရမလား?"

လုရွှမ် မေးလိုက်သည်။

"ဒါပေါ့... တော်တော်များများက ယူကြည့်ဖူးကြပေမယ့် အသုံးမဝင်ပါဘူး!"

သူဌေးက ပုလင်းကို ပေါ့ပေါ့ပါးပါး ကမ်းပေးလာသည်။

လုရွှမ်က ခေါင်းငုံ့ပြီး အထဲကို ကြည့်လိုက်စဥ် သူက တစ်ချက် ကြည့်လိုက်ရုံဖြင့် သူ့မျက်လုံးထဲမှာ စိတ်လှုပ်ရှားမှုတွေ တဖျပ်ဖျပ် တောက်ပလာသည်။

"ဒါက တကယ်ပဲ"

စိတ်လှုပ်ရှားနေသော်လည်း သူ့မျက်နှာတွင် အရိပ်အယောင် မရှိပေ။

"ဟုတ်ပါတယ် ဒါက ရိုးရိုးရေပဲ... ဒါကြောင့် ကျောက်စိမ်းပုလင်းပေါ်က စာကြောင်းတွေက လေ့လာခွင့်ရဖို့ တန်ဖိုးတစ်ခုရှိတယ်။ သူဌေး... ဒါကျုပ်ကို ရောင်းလိုက်ပါလား? ရွှေစနှစ်သန်း ပေးမယ်"

"ရွှေစ၂သန်း...မဖြစ်ဘူး!" သူဌေးက ခေါင်းခါပြီး

"ငါပြောသလိုပဲ ဒီပစ္စည်းက ရှေးဟောင်း ပစ္စည်းတစ်ခုပဲ တစ်ယောက်ယောက်က ရွှေစ ၁၀ သန်းပေးရင် ပြဿနာမရှိပေမယ့် ၂ သန်းနဲ့ ရောင်းလို့ မရဘူး"

"အဟဲ... ကုန်စည်ပို့ဆောင်သူကို တွေ့လို့ရမလား? ကျုပ်သူနဲ့ စကားပြောလိုက်မယ်... ဒါကြောင့် သူဌေးလည်း ခက်ခဲနေစရာ မလိုဘူး!"

လုရွှမ်က ပြုံးပြီး

"ရိုးရိုးသားသား ပြောရရင် ဒီပုလင်းပေါ်က ပုံစံတွေကို ကျုပ်စိတ်ဝင်စားတယ်... ဈေးအရမ်းကြီးတော့ ဝယ်ဖို့ အဆင်မပြေဘူးလေ"

"ဒါဆို ကောင်းပြီ... သူဒီမှာရှိနေတာ အတော်ပဲ... ငါ တစ်ယောက်ယောက်ကို လွှတ်လိုက်မယ်... မကြာခင်တော့ ရောက်လာလောက်တယ်..."

သူပြောတာကို ကြားတော့ သူဌေးက ခဏတုံ့ဆိုင်းသွားပြီး နောက်ဆုံးတော့ ခေါင်းညိတ်လိုက်သည်။

ကျောက်စိမ်းပုလင်း တစ်လုံးကို ရွှေစ ၁၀ သန်းနဲ့ ရောင်းတာ ဆိုတော့ နည်းနည်းတော့ ဈေးကြီးပါတယ်။ ဒီလိုမဟုတ်ဘဲ မရောင်းဘဲနဲ့ ဒီမှာတင် တစ်နှစ်နီးပါး ထားလို့မရဘူးလေ။

သိပ်မကြာခင်မှာပဲ ပိန်ပိန်ပါးပါး လူတစ်ယောက် ရောက်လာသည်။

"သခင်လေး ...ဒီကသခင်လေးက ကျောက်စိမ်းပုလင်းအကြောင်း ပြောနေတာပါ... ခင်ဗျားတို့ စကားပြောကြပါ" သူဌေးက ပြောသည်။

"သခင်လေး... ခင်ဗျား ကျွန်တော့်ရဲ့ ရတနာပုလင်းကို ဝယ်ချင်လို့လား"

ပိန်ပါးတဲ့လူရဲ့ မျက်လုံးများက တောက်ပနေကာ

"ဒီပုလင်းကို ကျုပ်ရလာကတည်းက နာရီပေါင်းများစွာ လေ့လာခဲ့ပြီးပြီ... သူ့ပုံစံက ထူးခြားတဲ့ တံဆိပ်တစ်ခု ခတ်ထားတယ်ဆိုတာ တွေ့ရတယ်.... အထဲမှာပါတဲ့ ပစ္စည်းတစ်ခုခုကို ကာကွယ်ဖို့ အသုံးပြုထားပုံပဲ.... ပုလင်းမှာ ရေးထွင်းထားတဲ့ အားကောင်းတဲ့ လိုင်းတွေနဲ့ ကာကွယ်ထားမှတော့ ဘယ်လိုလုပ် သာမန်ရေ ဖြစ်နိုင်တော့မှာလဲ? ကျုပ် နားမလည်နိုင်ပေမယ့် ရွှေစ၁၀ သန်းက မင်းအတွက် မခက်ခဲစေလောက်ပါဘူး...”

"ဒါက သာမာန်ရေ မဟုတ်ဘူး? အဲဒါက ဘာလဲ?"

လုရွှမ်က ပျင်းရိစွာ ကြည့်နေ၏။

"ငါ ငါလည်း မသိဘူး!"

ပိန်ပါးတဲ့လူလည်း ခေါင်းကုတ်လိုက်သည်။

"ဟားဟား... ငါမင်းကိုပြောပါရစေ ငါဒီပုံစံကိုသိတယ် အထဲကရေကိုလည်း ငါသိတယ်!"

လုရွှမ်သည် သူ့မျက်နှာပေါ်တွင် ယုံကြည်မှု အကြည့်များဖြင့် ကြည့်နေသည်။

"သိတယ်? သခင်လေး ပြောပြလို့ ရမလား?"

ပိန်ပါးတဲ့လူက အနည်းငယ် အားနာသွားပုံဖြင့်။ အခြားသူများ သိသောအရာသည် အခြားသူများ၏ အသိပညာဖြစ်ပြီး ယေဘူယျအားဖြင့် ၎င်းတို့သည် ပြောပြရန် ဆန္ဒမရှိတတ်ပေ။

ပြင်ပလူများ၏ အမြင်ကိုသိရန် တိုက်ရိုက်တောင်းဆိုခြင်းသည် ရိုင်းစိုင်းသော တောင်းဆိုမှုဖြစ်သည်။

"ခင်ဗျားကို ပြောပြတာ အဆင်ပြေပါတယ်... ခင်ဗျား ခန့်မှန်းတာ မှန်တယ်... ဒီပုံစံတွေက ပိုးတစ်ရာပုံစံ လို့ခေါ်တဲ့ အတွင်းက ပစ္စည်းတွေကို ကာကွယ်ပေးနိုင်တဲ့ အထူးတံဆိပ် တစ်ခုပဲ... ဒီပုံစံက အချိန်ကို တံဆိပ်ခတ်နိုင်ပြီး အထဲမှာ ပါဝင်တဲ့ အရာတွေကို မပြောင်းလဲအောင် ထိန်းထားနိုင်တာတော့ အမှန်ပါပဲ... ပစ္စည်းရဲ့ အဆင့်က ပိုးတစ်ရာပုံစံရဲ့ စွမ်းရည်ထက်ကျော်ရင်တော့ သက်ရောက်မှု လုံးဝ ဆုံးရှုံးသွားလိမ့်မယ်!"

"ဘာလို့လဲဆိုတော့ ဒီကျောက်စိမ်း ပုလင်းထဲက အရည်ဟာ အရင်က အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် အချိန်ကြာလာတာနဲ့ အမျှ ပိုးတစ်ရာပုံစံရဲ့ တံဆိပ်ခတ်မှုဟာ အရမ်း အားနည်းလာပြီး အဖိုးမဖြတ်နိုင်တဲ့ ရတနာဟာ တဖြည်းဖြည်း ယိုယွင်းလာပြီး ကြည်လင်တဲ့ ရေအဖြစ် ပြောင်းလဲသွားတယ်။ ဒီကျောက်စိမ်းပုလင်းရဲ့ အဖိုးအတန်ဆုံး အရာက ဒီပိုးတစ်ရာပုံစံပဲ... ကျုပ်အခုနက ကြည့်ပြီးပြီ အဲဒါကို ပြန်ဆွဲလို့ရတယ်... ကျောက်စိမ်းပုလင်းက ကျုပ်အတွက် စိတ်ဝင်စားစေတဲ့ စုဆောင်းမှု တန်ဖိုးတစ်ခုပဲ ရွှေစဆယ်သန်းဆိုတာ ကျုပ်အတွက်တော့ မတန်ဘူး!"

လုရွှမ်က ပေါ့ပေါ့ပါးပါး ပြောသည်။

"ပိုးတစ်ရာပုံစံ..."

ပိန်လှီသော လူသည် တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ ခဏတာ အံ့အားသင့်သွားသည်။

"ခင်ဗျားပြောမှ ကျုပ်သတိရသွားပြီ... ဒီအကြောင်းကို အရင်က ကြားဖူးပုံသလိုပဲ.... ဖော်ပြချက်က ဒီပုံနဲ့တူတယ်။ တကယ်ပဲကိုး..."

ခေါင်းကို ခါယမ်းရင်း ပိန်ပါးသောလူသည် ခဏတုံ့ဆိုင်းသွားသည်။

"မင်းဒါကို စုဆောင်းမှု တစ်ခုအနေနဲ့ သိမ်းထားချင်တာဆိုတော့ ဘယ်လောက်ပေးနိုင်လဲ"

သူ့ပုံစံကို ဒီလိုမြင်ရတော့ လုရွှမ်က ပြုံးပြီး

"ခင်ဗျားဒါကို စုဆောင်းထားတဲ့ တန်ဖိုးက မမြင့်ဘူး။ နောက်တစ်ခုက ကျုပ်လို စုဆောင်းသူက တော်တော်နည်းတယ်လေ...ရှေးဟောင်းသင်္ချိုင်းထဲက သိမ်းယူလာရတာ မလွယ်ဘူး ဆိုပေမယ့် ရွှေဒင်္ဂါး ၂ သန်း များလွန်းရင် တန်ဖိုးရှိမှာ မဟုတ်ဘူး!"

All Chapters