← Chapters

အလောင်းအစား

Vol. 18 Ch. 3.14

အလောင်းအစား

Vol. 18 Ch. 3.14

"အိုး.. ကျုပ်အဲဒါကို မထုတ်နိုင်တာ ခင်ဗျားသေချာရဲ့လား?"

လုရွှမ်သည် မျက်ခုံးများကို ပင့်လိုက်ပြီး တစ်ဖက်ကို ကြည့်လိုက်သည်။

"မင်းသာ ထုတ်နိုင်ရင် ငါနဲ့ စကားအများကြီးပြောဖို့ လိုလို့လား?

သက်လတ်ပိုင်း အမျိုးသားက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

"ဒါဆို ကျုပ်တို့ဘာလို့ အလောင်းအစား မလုပ်တာလဲ!"

လုရွှမ်က ဖြည်းညှင်းစွာ ကြည့်လိုက်သည်။

"လောင်းကစား? ဟုတ်ပြီလေ!" သက်လတ်ပိုင်း အမျိုးသားက ခေါင်းညိတ်ပြီး

"မင်း ဘာကို အလောင်းကစား လုပ်ချင်လဲ"

"ကြီးကြီးမားမား မတတ်နိုင်တော့မှာကို ကြောက်ရတယ် ကျုပ်ငွေပမာဏကို ထုတ်နိုင်ရင် ခင်ဗျားအမှားကို ဒူးထောက်ပြီး ဝန်ခံလိုက်!"

လုရွှမ်၏ မျက်လုံးများတွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက်လာသည်။

ဝယ်သည်ဖြစ်စေ မဝယ်သည်ဖြစ်စေ သူ့ကိုယ်ပိုင်လုပ်ငန်းကို ဝင်နှောင့်ယှက်တာကိုတော့ ခွင့်မပြုနိုင်ဘူး။ ထုံးစံအတိုင်း သူ့စိတ်ကို အနှောင့်အယှက် ပေးသူတွေကို သနားညှာတာပြမှာ မဟုတ်ဘူး။

"ကောင်းပြီ မင်းမထုတ်နိုင်ရင် နာခံစွာနဲ့ ဒူးထောက်လိုက်!"

လူလတ်ပိုင်းအရွယ်က သူ့နှုတ်ခမ်းကို တွန့်ပြီး ရယ်မောလိုက်သည်။

"သခင်လေး"

တစ်ဖက်လူက သခင်လေးအား ယခုလို လောင်းကြေးထပ်လာရန် မမျှော်လင့်ထားတဲ့ မုယန်ဖုန်းသည် အလွန်စိုးရိမ်သွားခဲ့သည်။

သူ့မှာ ငွေရှိမရှိ သူ ကောင်းကောင်းသိတယ်လေ။ သန်း၆၀ မပြောနဲ့ ၆သန်းတောင် ပြည့်ပါတော့မလားမသိ။ အလောင်းအစားလုပ်ရင် ရှုံးမှာသေချာပါသည်။

"သူဌေး!"

တစ်ဖက်မှ မာနကြီးနေသော သက်လတ်ပိုင်း အမျိုးသားနှင့် မုယန်ဖုန်း၏ စိုးရိမ်ပူပန်မှုကို လျစ်လျူရှုကာ လုရွှမ်သည် မလှမ်းမကမ်းမှ သူဌေးကို လှည့်ကြည့်ကာ

"ဒီကိုလာ!"

"အမ်?"

သူဌေးက ဘာလုပ်ရမှန်း မသိသော်လည်း သူ့ဆီလာခဲ့သည်။

"သွားပြီး ရွှေစသန်း ၆၀ ရအောင် ကူညီပေးပါဦး...!" လုရွှမ်က ပေါ့ပါးတဲ့ စကားတစ်ခွန်းကို ပြောလာသည်။

"အာ?"

သူဌေး ထိတ်လန့်သွားသည်။

သူ အံ့အားသင့်သွားရုံ သာမက လူလတ်ပိုင်းအရွယ်လည်း ခဏလောက် ထိတ်လန့်သွား၏။ ထို့နောက်

"ဟား ဟား.... ကောင်လေး... မင်းဦးနှောက်က ပျက်နေပြီလား? သူဌေးကိုများ မင်းအတွက် ပိုက်ဆံပေးခိုင်းတယ်?"

မုယန်ဖုန်းလည်း ခေါင်းမူးသွားသည်။

သခင်လေး ဘာလုပ်နေတာလဲ?

သူဌေးဆီက ပစ္စည်းတွေ ဝယ်ဖို့ကို သူ့ဆီကနေ ရွှေစသန်း ၆၀ ပေးခိုင်းနေတယ်? ဒါက ပစ္စည်းတွေကို အလကားပေးတာနဲ့ မတူဘူးလား။

"ဒီကလူငယ်လေး မင်း နောက်နေတာလား?"

သူဌေးက ကမန်းကတန်း ပြောရင်း အနည်းငယ်လည်း ရှက်သွားသည်။

"မနောက်ပါဘူး!" လုရွှမ်က ပေါ့ပေါ့ပါးပါးနဲ့

"အဲဒီသတ္တုရိုင်းအတွက် ရွှေစသန်း ၂၀၀ ကို ခင်ဗျားအတွက် ကျုပ်သန့်စင်ပေးနိုင်တယ်!"

"ရွှေစသန်း၂၀၀? ရွှေတုံးသတ္တုရိုင်း?"

သူဌေးက အသက်ရှု မြန်လာသော်လည်း စီးပွားရေးသမား တစ်ယောက်အနေဖြင့် လုရွှမ် စကားကို ပေါ့ပေါ့ဆဆ မယုံနိုင်ဘဲ ပဟေဠိမျက်နှာဖြင့် ကြည့်နေလေသည်။

"ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ အခွင့်အရေးက ခင်ဗျားလက်ထဲမှာပဲ! လက်လွတ်သွားရင် အနာဂတ်မှာ အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး! ရွှေစသန်း ၆၀ ပဲလေ... ကျုပ်တကယ်လိုချင်ရင် နာရီဝက်တောင် မလိုဘူး သန်း ၁၀၀ကို အလွယ်တကူ ထုတ်ယူလို့ရတယ်"

လုရွှမ်ဟာ တစ်ဖက်လူ သူ့ကို သံသယရှိမှန်း သိပေမယ့်လည်း အများကြီး ရှင်းပြနေဖို့ စိတ်မ၀င်စားပေ။

သူ့စကားက ချဲ့ကားတာ မဟုတ်ပါဘူး။ ရွှေစသန်း၁၀၀ ဆိုတာ အဂ္ဂိရတ်ပညာရှင် အဖွဲ့မှာ အချိန်တိုအတွင်း ငွေအများကြီး မရှာနိုင်ပေမယ့် အခင်းအကျင်း ပညာရှင်ကတော့ သေချာပေါက် လုပ်နိုင်သည်။

ပြည်မကြီးမှာ အချမ်းသာဆုံး အဖွဲ့အစည်း တစ်ခုအနေနဲ့ လက်မှုပညာရှင် အသင်းမှာလည်း ဆုကြေးတံတိုင်း တစ်ခုပါရှိပြီး မေးခွန်းတစ်ခုစီရဲ့စျေးနှုန်းက မြင့်မားနေမည်။ တကယ်လို့ ငွေသုံးချင်တယ် ဆိုရင်တော့ ရွှေစသန်း ၆၀ဆိုတာ အနည်းငယ် ဖြေပေးရုံနဲ့ ရလာလိမ့်မည်။

ငွေရှာရန် ဆုတံတိုင်းကို အသုံးမပြုသော်လည်း သူ၏ ဝိညာဉ်စွမ်းအား အတိုင်းအတာသည် ၀.၉၉ သို့ ရောက်ရှိသွားပြီ။ အဂ္ဂိရတ်ပညာရှင် အဖွဲ့ဆီသွား၍ အဆင့်၉ အဂ္ဂိရတ်ဆရာကို အကဲဖြတ်ပါက သန်းဆယ်ချီကို သူ အလွယ်တကူ ထုတ်ယူနိုင်သည်။

ဒါက အဂ္ဂိရတ်ဆရာပဲ။

"ဒါက..."

သူဌေးက အစကတော့ မယုံပေမယ့် လူငယ်လေးရဲ့ မျက်လုံးထဲမှာ ယုံကြည်မှုရှိတဲ့ အလင်းရောင်ကို မြင်လိုက်ရတော့ သူ မတွန့်ဆုတ်နိုင်ခဲ့ချေ။

ဒီမှာ စီးပွားရေးလုပ်ရင်း လူမျိုးပေါင်းစုံကို တွေ့ဖူးတယ်။ လူငယ်တစ်ယောက်လို ယုံကြည်မှုအပြည့်နဲ့ ရဲရင့်တဲ့သူကို တစ်ခါမှ မတွေ့ဖူးဘူး။

"ကောင်းပြီ.... ဒါက ရွှေစသန်း ၆၀ တန်တဲ့ ရွှေကတ်ပဲ!"

အကြာကြီး တုံ့ဆိုင်းမနေဘဲ သူဌေးက သွားများ အံကြိတ်ကာ အိတ်ကပ်ထဲမှ ကတ်ပြားကို ထုတ်ကာ စားပွဲပေါ် တင်လိုက်သည်။

"အာ?"

သူတကယ် ထုတ်လိုက်တာကို မြင်တော့ မုယန်ဖုန်း အံ့အားသင့်သွားသည်။ အခုနက မာနကြီးခဲ့တဲ့ လူလတ်ပိုင်းအရွယ်က ခွေးချေးကို စားလိုက်ရသလို သူ့မျက်နှာက တုန်လှုပ်သွားပြီး မယုံနိုင်အောင် ဖြစ်သွားရသည်။

"သူဌေး... ခင်ဗျား ဘာလုပ်နေတာလား?"

"ဘာမှ မလုပ်ပါဘူး.... ဒါက ဒီကသခင်လေးရဲ့ ပိုက်ဆံ!"

အခု ဆုံးဖြတ်ချက် ချပြီးပြီဖြစ်လို့ သူဌေးက အပိုစကားတွေ မပြောဘဲ တိုက်ရိုက်ပဲ ပြောလိုက်သည်။

"မင်း"

လူလတ်ပိုင်းအရွယ် အမျိုးသား၏ မျက်နှာသည် တခဏတာ ညှိုးနွမ်းသွားသည်။

"မင်းတို့ ပူးပေါင်းပြီး ငါကို လုပ်ကြံဖို့ လုပ်နေကြတာပေါ့! ဟုတ်လား? အရမ်းကောင်းတယ် မင်းတို့စောင့်နေလိုက်!"

ပြောပြီးတာနဲ့ လှည့်ထွက်သွားသည်။

သို့သော်လည်း သူ ဝေးဝေးကို မသွားခင်မှာ လုရွှမ်ရဲ့ ငြီးငြူသံက ထွက်လာသည်။

"ရှုံးတော့ ထွက်သွားချင်တယ်ပေါ့!! ကျုပ်တို့မှာ အလောင်းအစား တစ်ခုရှိနေသေးတယ် ထင်တယ်နော်!"

"မင်းက ငါ့ကို ဒူးထောက်စေချင်တာလား? အိပ်မက်မက်နေလိုက်!"

လူလတ်ပိုင်းအရွယ် မျက်လုံးများ အေးစက်နေပြီး နှာချေမှုတ်သဲ ထုတ်ကာ လှည့်ထွက်ရန် ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် သူ့ရှေ့တွင် မုယန်ဖုန်းက ပိတ်ဆို့ထားလိုက်သည်။

"လောင်းကြေးက အခုထိ မပြီးသေးဘူးလေ... ဒီလိုမျိုး ထွက်သွားတာက သိပ်ရိုင်းလွန်းရာ မကျဘူးလား!"

"မင်းသေချင်နေတာလား!"

သူ့လမ်းကို ပိတ်ဆို့ထားတာကို မြင်တဲ့အခါ လူလတ်ပိုင်းအရွယ်က ကျယ်လောင်စွာ အော်ပြီး မုယန်ဖုန်းကို လက်ဖဝါးနဲ့ ဝေ့ရိုက်ပစ်သည်။

သူ့လက်ကို စတင်လှုပ်ရှား လိုက်သည်နှင့် တပြိုင်နက် သူသည် ဂိုဏ်းဆရာနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်ဖြစ်ကြောင်း ချက်ချင်းပြသခဲ့သည်။

"ဟမ့်!"

ဂိုဏ်းဆရာနယ်ပယ်သည် ဝူယန်အင်ပါယာတွင် အားနည်းသည် မဟုတ်သလို ကျန်းဝူအင်ပါယာတွင်လည်း နံပါတ်တစ်ပုဂ္ဂိုလ်ဟု ဆိုရမည်။ သို့သော် ဤနေရာတွင် လက်ရှိ မုယန်ဖုန်း၏ ရှေ့တွင် အပိုလှုပ်ရှားမှု တစ်ခုသာဖြစ်သည်။ ယေဘုယျအားဖြင့် ယင်ကောင်များကဲ့သို့ ဖျတ်လိုက်ရုံပင်။

ဗုန်း!

အဓိပတိနယ်ပယ်၏ တန်ခိုးအရှိန်အဝါသည် တဟုန်ထိုး တိုးဝင်လာ၏။ သက်လတ်ပိုင်း အမျိုးသားသည် ခုခံရန် အချိန်မရှိသဖြင့် ဒူးများ ပျော့သွားကာ ဒူးထောက်လိုက်ရ၏။

"အား..."

အတင်းတိုက်ရိုက် နှိပ်ကွပ်ခံလိုက်ရပြီးနောက် ဒူးထောက်လိုက်ရရာ ပြင်းထန်သော အရှက်တရားက သူ့ကို ရူးသွပ်သွားစေခဲ့သည်။

သို့သော် သူ့မျက်လုံးများထဲတွင် ထိတ်လန့်တကြားလည်း အမူအရာလည်း ရှိနေသည်။ သေချာသည်မှာ အစောင့်အကြပ်ငယ်သည် ထိုကဲ့သို့ ခွန်အားရှိမည်ကို သူ တစ်ခါမှ အိပ်မက်မမက်ခဲ့ခြင်းပင်။

"မင်းက အရမ်းထက်မြက်ပြီး မှန်ကန်တဲ့လမ်းကို ရွေးခဲ့တာပဲ!"

လုရွှမ်သည် လူလတ်ပိုင်းကို အာရုံစိုက်ရန် အလွန်ပျင်းနေပြီး မဝေးလှသော နေရာမှ သူဌေးကို ကြည့်ကာ ခေါင်းကိုလှည့်၍ အနည်းငယ် ပြုံးလိုက်သည်။

"မင်းအခုနက ပြောတာပဲ"

သူဌေးက ကမန်းကတန်း လှမ်းကြည့်သည်။

တစ်ဖက်လူပြောသည့် စကားသာမှန်ပါက သူသည် ရွှေစသန်း ၂၀၀ ပမာဏ ရွှေစများကို အမှန်တကယ် ထုတ်ယူနိုင်မည် ဖြစ်သည်။ အနာဂတ်တွင် ငွေအမြောက်အမြား ရရှိပြီး အဆုံးမဲ့ငွေများပါ ရရှိနိုင်မည်ဟု စိတ်ကူးယဉ်နိုင်သည်။

သို့သော် သူသည် မိုက်မဲစွာ ပြောနေလျှင် တစ်စုံတစ်ဦးကို စော်ကားပြီး ရနိုင်သည်များ ဆုံးရှုံးသွားလိမ့်မည်။ ယင်းမှာ သေးငယ်သော ဆုံးရှုံးမှု မဟုတ်ပါ။

"စိတ်မပူပါနဲ့... ကျုပ် ပြောပြီးပြီပဲ ရွှေတုံးသတ္တုရိုင်းကို သန့်စင်ဖို့ ကျုပ်ခင်ဗျားအတွက် စာရင်းတစ်ခု လုပ်လိုက်မယ်... ဒီပစ္စည်းတွေကို ခင်ဗျားအဆင်သင့် ပြင်ထားရလိမ့်မယ်"

စာရွက်တစ်ရွက်ကို ပေါ့ပေါ့ပါးပါး ယူပြီး လုရွှမ်က စာရေးပြီး လက်လွှဲပေးလိုက်သည်။

သူဌေးက စာရင်းယူလိုက်ပြီး

"ဒီပစ္စည်းတွေက အရမ်းထူးခြားတယ်... အဲဒါတွေဝယ်ဖို့ လက်မှုပညာရှင် အဖွဲ့ကို သွားရမှာ ဆိုတော့... တစ်ရက်လောက်တော့ ကြာမယ်!"

"အင်း!" လုရွှမ် ခေါင်းညိတ်သည်။

သူရေးထားတာတွေ အများကြီး မဟုတ်ပေမယ့် အရမ်းရှုပ်ပွနေပြီး တစ်နေ့တည်းနဲ့ ရနိုင်မယ်ဆိုတော့ ဒီသူဌေးက တော်တော်ကို အရည်အချင်း ရှိတယ်လို့ ပြောရမည်။

"ဒါက ကျုပ်ရဲ့ အမှတ်အသားကတ်ပြားပဲ... ပစ္စည်းအားလုံးကို ရှာပြီးရင် ခင်ဗျားကျုပ်ကို ရှာဖို့ ယင်းယန်အကယ်ဒမီကို လာနိုင်တယ်။ ဒီလှံရှည်အတွက်ကတော့... ရွှေသတ္တုရိုင်းကို ငါသန့်စင်ပြီးမှ ကျုပ်ဆီပို့ပေးပါ...!"

လုရွှမ်သည် ဆရာကြီးဟူယွင်၏ ကိုယ်စားပြု တံဆိပ်ပြားကို ထုတ်ယူလိုက်သည်။

တစ်ဖက်လူက ပစ္စည်းတွေကို ရှာဖို့ တစ်ရက်လောက် အချိန်ယူရလိမ့်မယ်။ သူ ဒီမှာပဲ တစ်ချိန်လုံး နေလို့မရဘူး။ သူ့အထောက်အထားကို ကိုယ်စားပြုတဲ့ တံဆိပ်ပြားကို ထုတ်လိုက်ရင် တစ်ဖက်လူက သူ့ကို လာတွေ့နိုင်တယ်။ ဒါကြောင့် စိတ်ပူစရာ မလိုပေ။

"လတ်စသတ်တော့ သခင်လေးက ယင်းယန်အကယ်ဒမီရဲ့ ကျောင်းသားတစ်ယောက်ကိုး!"

တံဆိပ်ပြားကို ရရှိပြီးနောက် သူဌေးက ဂရုတစိုက်ကြည့်ကာ မှန်ကန်ကြောင်း အတည်ပြုပြီးနောက် သိမ်းထားလိုက်သည်။တစ်ဖက်လူ၏ အထောက်အထားကို သိလိုက်ရသဖြင့် သူဌေးက သက်ပြင်းချမိသည်။

ပေရွှီးအင်ပါယာ၏ ယင်းယန်အကယ်ဒမီသည် ဌာနခွဲတစ်ခုသာ ဖြစ်သော်လည်း ၎င်းသည် မရေမတွက်နိုင်သော ပါရမီရှင်များကို မွေးထုတ်ပေးသည်။ ဒီလိုလူမျိုးဟာ ဆိုင်ပိုင်ရှင်ထက်ကို အလားအလာ ရှိသည်။

ထို့အပြင် ရွှေစသန်း ၂၀ ကျော်ကို ထုတ်ယူပြီး အဓိပတိနယ်ပယ်က အစေခံတစ်ဦး ရှိသူသည် ရိုးရှင်းသော အထောက်အထား မည်သို့ ရှိနိုင်မည်နည်း။

All Chapters