← Chapters

အကြီးအကဲများ၏ တုန်လှုပ်မှု (ပထမပိုင်း)

Vol. 18 Ch. 3.17

အကြီးအကဲများ၏ တုန်လှုပ်မှု (ပထမပိုင်း)

Vol. 18 Ch. 3.17

"ဟားဟား.... မာနကြီးတဲ့ကောင် ငါ ကျောင်းသားတွေကို စုဆောင်းနေတာ အနှစ်လေးဆယ်ကျော်ပြီ ဒီလိုမောက်မာတဲ့ လူအကြောင်းကို တစ်ခါမှ မကြားဖူးဘူး!"

"မာနဆိုတာ မောဟကို ဆိုလိုတာဘဲ... ဒီကောင်က ယင်းယန်အကယ်ဒမီက ဘယ်လောက် အစွမ်းထက်တယ် ဆိုတာ မသိဘူး ထင်တယ်!"

"ဟူယွင်က ဒီလိုအရူးကို ဘယ်လိုများ လက်ခံလိုက်တာလဲ"

"ဟားဟား... အရမ်းရယ်ရလွန်းလို့ ဗိုက်တောင် နာတယ်"

ပထမကျောင်းသား၏ စကားကို အခြားလူစုဆောင်းရေး အကြီးအကဲများက ကြားလိုက်ရပြီး အားလုံး အသက်ရှုကြပ် သွားကြသည်။

ယင်းယန်အကယ်ဒမီ ကဲ့သို့ ကြီးမားသော နေရာတစ်ခုတွင် ကျောင်းသားများကို ခေါ်ယူသော အကြီးအကဲ တစ်ဦးတည်းသာ ရှိရန် မဖြစ်နိုင်ပေ။ သေချာစွာ ပေါင်းလိုက်လျှင် ၎င်းတို့ ရာနှင့်ချီ၍ ဝန်းကျင်ရှိ နိုင်ငံများမှ ထူးချွန်သူများ အားလုံးကို အကယ်ဒမီတွင် ရရှိနိုင်မည်ဖြစ်သည်။

လင်ပေါ်ရှန်း နှင့် ဟူရိတောက် အပါအဝင် အကယ်ဒမီရှိ ထူးချွန်သူ အားလုံးနီးပါးကို ဤလူများက ခေါ်ယူထားခြင်း ဖြစ်သည်။ ၎င်းတို့သည် ပါရမီရှင်များကို မြင်ဖူးကြသည်ဟု ဆိုနိုင်သော်လည်း ဤမျှမာနထောင်လွှားသူ တစ်ယောက်ရှိကြောင်း ပထမဆုံးအကြိမ် ကြားလိုက်ရခြင်းပင်။

ယင်းယန်အကယ်ဒမီ အတွက် ဂုဏ်ယူစရာ ဖြစ်ရမယ်? သူ့ကိုယ်သူ ဘယ်သူလို့ ထင်နေတာလဲ?

"ဘာဖြစ်နေတာလဲ? ဘာကိစ္စက လူတိုင်းကို ရယ်အောင်လုပ်နေတာလဲ"

အဲဒီ့အချိန်မှာပဲ အဘိုးကြီး တစ်ယောက် ရောက်ရှိလာသည်။

"ဟူယွင်... မင်းအချိန်မှန် ရောက်လာပဲ။ မင်းဘယ်လိုထူးဆန်းတဲ့ လူကို စုဆောင်းခဲ့တာလဲ?"

အဘိုးအိုကို တွေ့တော့ လူကြီးတစ်ယောက်က ထိန်းမထားနိုင်စွာ ထမေးလိုက်သည်။

"မင်း ဘာကိုဆိုလိုတာလဲ?"

ဟူယွင်ရောက်လာပြီး လူတိုင်းကို စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်နေလေသည်။

"အကြီးအကဲကို တင်ပြပါတယ်... အဖြစ်အပျက်က ဒီလိုပါ"

ပထမကျောင်းသားက အခုလေးတင် ဖြစ်ပျက်ခဲ့တာကို အသေးစိတ် ရှင်းပြလာ၏။

"လုရွှမ်ပဲ! ငါကသူ မလာတော့ဘူးလို့ ထင်နေတာ"

သူပေးခဲ့ဖူးတဲ့ တံဆိပ်ပြားကို မြင်တော့ ဆရာဟူယွင်က တခြားအရာတွေကို ဂရုမစိုက်ဘဲ စိတ်လှုပ်ရှားစွာ ထခုန်လုမတတ် ဖြစ်သွားပြီး။

"သူဘယ်မှာလဲ? သူ့ကိုတွေ့ဖို့ ငါ့ကို အမြန်ခေါ်သွား... ဒီလိုအရည်အချင်းမျိုး ရှိတဲ့လူကို မစုဆောင်းထားဘူး ဆိုရင် ငါတို့ရဲ့ အကယ်ဒမီအတွက် ကျိန်းသေပေါက် ဆုံးရှုံးသွားလိမ့်မယ် !"

အဘိုးကြီး ဟူယွင်သည် သူ့စိတ်ခံစားချက်များကို အမြဲလျှို့ဝှက်ထားသော်လည်း ယခုအချိန်တွင် သူရုတ်တရက် ပြောထွက်လာခဲ့သော စကားကြောင့် လူတိုင်းက မယုံနိုင်စွာ ကြည့်နေမိသည်။

"ဒီကောင်က တကယ် ပါရမီရှင်ကြီး ဖြစ်နေတာ မဟုတ်ဘူးလား?"

လူကြီးတစ်ယောက်က မေးလိုက်သည်။

တပည့်တွေကို စုဆောင်းတဲ့အခါမှာ ဘယ်သူကိုမှ လျှော့တွက်ထားလို့ မရပါဘူး။ တကယ်လို့ ပါရမီရှင်တွေဆိုရင် သူတို့ကို မစုဆောင်းထားနိုင်ရင် ယင်းယန်အကယ်ဒမီ အတွက် ဆုံးရှုံးမှု ဖြစ်သွားလိမ့်မယ်။

"အခု သူဘယ်လောက်ခွန်အားရှိလဲ? အသက်ဘယ်လောက်ရှိပြီလဲ?"

နောက်အကြီးအကဲ တစ်ယောက်ကလည်း သိချင်စိတ်ဖြင့် ထမေးလိုက်သည်။

"သူက အသက်၁၇နှစ် လောက်ရှိပြီ... ထုံးရွှမ်နယ်ပယ်ကို ရောက်သွားပြီ!"

အဘိုးကြီး ဟူယွင်က ခဏစဉ်းစားပြီး ပြောလိုက်သည်။

"၁၇ နှစ်ပဲ ရှိသေးတာကို ထုံးရွှမ်နယ်ပယ် ရောက်နေပြီ? ဟားဟား... အကြီးအကဲဟူ... မင်းနောက်နေတာတော့ မဟုတ်ဘူးမလား ငါတို့အကယ်ဒမီက လူတွေကို ဒီလိုမျိုး ခွန်အားတွေနဲ့ စုဆောင်းထားမယ် ဆိုရင် သူတို့အကုန်လုံး ပါရမီရှင်တွေချည်းပဲ ဖြစ်ကုန်ပြီပေါ့"

"ဟုတ်တယ် ဟာသပဲ! အသက်၁၇မှာ ဂိုဏ်းဆရာနယ်ပယ်ကို ရောက်ခဲ့တယ် ဆိုလို့ရှိရင် တော်တော် ကောင်းနေပြီ... ဒါပေမဲ့ ထုံးရွှမ်နယ်ပယ်ဆိုတော့ ညံ့လွန်းတယ်!"

"ဒီလိုမျိုး ခွန်အားတွေနဲ့ သူ့ကို စုဆောင်းတာက ကျောင်းရဲ့ကံကောင်းမှုလို့ မင်းပြောရဲတယ်ပေါ့? ဒီလိုမောက်မာတဲ့လူကို ဖမ်းပြီး သင်ခန်းစာတစ်ခု သင်ပေးသင့်တယ်လို့ ငါထင်တယ်။ မဟုတ်ရင် ငါတို့ရဲ့ ယင်းယန်အကယ်ဒမီက အနိုင်ကျင့်ဖို့ လွယ်တယ်လို့ လူတိုင်းက ထင်သွားလိမ့်မယ်"

ဆရာကြီး ဟူယွင်၏ စကားကို ကြားပြီးနောက် သူ့ပတ်ဝန်းကျင်တွင် ဆွေးနွေးမှုများ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။

အသက်၁၇ နှစ်အရွယ် ထုံးရွှမ်နယ်ပယ်သည် ကျန်းဝူအင်ပါယာတွင် သခင်တစ်ဦးဟု ယူဆနိုင်သော်လည်း ပေရွှီးအင်ပါယာ သို့မဟုတ် ပါရမီရှင်များစုရုံးရာ ယင်းယန်အကယ်ဒမီတွင်မူ သူသည် ဘာမျှထည့်ပြောဖို့ မလိုပါ။

ဒီလို ပါရမီရှင်တွေ အများအပြား စုဆောင်းမိတယ်လို့ ပြောလို့ရရင် စည်းကမ်းတွေ ပြောင်းလဲဖို့ မလိုအပ်ဘဲ အလယ်အလတ် အရည်အချင်းရှိတဲ့ အကယ်ဒမီကျောင်းကို ၀င်ခွင့်ပေးလိုက်လို့ ရသည်။

"ဒီလူငယ်လေးရဲ့ ခွန်အားက မမြင့်ပေမယ့် ပြုစုပျိုးထောင်ဖို့ ထိုက်တန်ပါတယ်! ငါ့အမြင်က လုံးဝကို ကောင်းတယ်"

လူတိုင်းရဲ့ လှောင်ပြောင်သံကို ကြားတော့ ဆရာကြီးဟူယွင်က မျက်မှောင်ကြုတ်ပြီး မထိန်းနိုင်ဘဲ ပြောလိုက်သည်။

"ဟာဟား မင်းရဲ့အမြင်က ကောင်းပါတယ်... မင်း လှည့်စားခံခဲ့ရတာ ဖြစ်မယ်"

"ဒီကလေးရဲ့ စကားအရတော့ သူက မာနကြီးပြီး သောင်းကျန်းတတ်တာကို တွေ့နိုင်တယ်။ ဒီလိုလူမျိုးက အနာဂတ်မှာ အကန့်အသတ်နဲ့ အောင်မြင်မှုတွေ ရလာရင်တောင် အကယ်ဒမီအတွက် ပြဿနာရှာမှာ ကြောက်ရတယ် ရပ်လိုက်တာ ပိုကောင်းပါတယ်"

"ဟုတ်သားပဲ ဆရာကြီးဟူယွင် အဲ့ကိစ္စကို မေ့လိုက်ပါ"

"မင်း သူ့ကို အကယ်ဒမီထဲ အရမ်းဝင်စေချင်နေတာ.. ဧကန္တ သူကအပြင်မှာ မင်းရဲ့တရားမဝင် ကလေးများ ဖြစ်နေလို့လား?"

အဘိုးကြီး ဟူယွင်က အခိုင်အမာ ပြောနေတာကိုတွေ့တော့ တခြားလူကြီးတွေရဲ့ လေသံက နည်းနည်းတော့ စိတ်မသက်မသာ ဖြစ်လာတော့သည်။ နောက်ဆုံးတော့ ဂိုဏ်းထဲမှာ လူတိုင်းဟာ ရန်သူနဲ့မိတ်ဆွေဆိုပြီး ရှိကြတာပဲလေ။

"အကယ်ဒမီရဲ့ အကြီးအကဲ တစ်ယောက်အနေနဲ့ ဘယ်လိုတွေတောင် ဆူညံနေတာလဲ"

အားလုံးဝိုင်းပြီး ငြင်းခုံနေကြစဉ်တွင် ကျယ်လောင်သော အော်သံတစ်ခု ထွက်ပေါ်လာပြီး အရပ်မြင့်မြင့်နဲ့ တစ်စုံတစ်ယောက် ဖြတ်လျှောက်လာသည်။

"အကြီးအကဲလုံယွမ်..."

ဒီလူကိုမြင်တော့ ငြင်းခုံကြသူတိုင်းဟာ တစ်ချိန်တည်းမှာ ငြိမ်သက်သွားပြီး တစ်ယောက်ပြီး တစ်ယောက်ထ၍ ဦးညွှတ် ဂါဝပြုကြသည်။

ယင်းယန်အကယ်ဒမီ၏ အကြီးအမှူး ဖြစ်သော သင်းထောက်အကြီးအကဲ လုံယွမ်သည် ကျောင်းသားများကို စုဆောင်းရာတွင် တာဝန်ရှိသည်။ ဤလူတိုင်းသည် သူ၏အမိန့်ကို နာခံရမည် ဖြစ်သည်။

ဒါတင်မကသေးဘဲ ယင်းယန်အကယ်ဒမီ တစ်ခုလုံးမှာတောင် သူ့မှာ အဆင့်အတန်း မြင့်မြင့်ရှိပြီး သူ့ရဲ့ စွမ်းအားက ကောင်းကင်ထက်ကို မြင့်ပါတယ်။ အတိမ်အနက်ကို ဘယ်သူမှ မသိပေမယ့် လုရွှမ်ကို တိုက်ခိုက်ခဲ့တဲ့ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က သန်မာတဲ့လူပင် မျက်စိတစ်မှိတ်အတွင်း အသတ်ခံလိုက်ရနိုင်သည်။

"ဘာကိစ္စရှိလဲ? ဒီလောက်တောင် ငြင်းခုန်နေကြတာ!"

အကြီးအကဲ လုံယွမ်က မျက်ခုံးပင့်လိုက်ပြီး မျက်လုံးတွေ အေးစက်နေ၏။

သူစိတ်ဆိုးတာကို မြင်တော့ ပတ်ဝန်းကျင်က တိတ်ဆိတ်နေပြီး ဘယ်သူမှ စကားမပြောရဲကြတော့ပေ။

"မင်းပြော!"

အားလုံးတိတ်ဆိတ် နေကြသည်ကို မြင်တော့ အဘိုးကြီး လုံယွမ်က သူတို့ကို ပေါ့ပေါ့ဆဆ ညွှန်ပြသည်။

"အဲဒါက ဒီလိုဖြစ်တာပါ"

မကြာခင်မှာပဲ အကြီးအကဲ တစ်ဦးက ဒီကိစ္စကို ရှင်းပြလေ၏။ အသေးစိတ်တော့ မထည့်ထားပေမယ့် အကြီးအကဲဟူယွင်က လူတွေကို ကောင်းကောင်း မသိသလို စိတ်ကြီးဝင်နေတဲ့ အမှိုက်တွေကို စုဆောင်းချင် နေတာကိုလည်း ပြသနေသလို ဖြစ်သွားသည်။

"ဟူယွင်.... မင်းလာဖြေ!"

ထိုရှင်းပြချက်ကို နားထောင်ပြီးနောက် အကြီးအကဲ လုံယွမ်က မျက်မှောင်ကြုတ်ကာ အကြီးအကဲ ဟူယွင်သည် မဆင်မခြင် လုပ်တတ်တဲ့ လူတစ်ယောက် မဟုတ်ကြောင်း သူသိသောကြောင့် ခေါင်းလှည့်ကာ မေးလိုက်သည်။

"သူ့ရဲ့ခွန်အားက ထုံးရွှမ်နယ်ပယ်ရဲ့ ပြီးပြည့်စုံမှု အဆင့်မှာ ရှိနေတယ်ဆိုတာ အမှန်ပါပဲ... ပြီးတော့ ကျွန်တော်အကဲဖြတ်တဲ့ အတောအတွင်း ဖိရွှယ်နယ်ပယ် ပြီးပြည့်စုံတဲ့ အဆင့်ကိုတောင် ရောက်ခဲ့တယ်!"

"ဖိရွှယ်နယ်ပယ်? ဟားဟား လာနောက်နေတာလား?"

"လင်ပေါ်ရှန်း ဖိရွှယ်နယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်ကိုရောက်တော့ အသက်ဘယ်လောက် ရှိပြီလဲ သိလား? ငါးနှစ်၊ ငါးနှစ်ပဲရှိသေးတယ်... အခု ၁၇နှစ်မှ ဖိရွှယ်နယ်ပယ် ပြီးပြည့်စုံတဲ့ အဆင့်ကို ရောက်သွားတဲ့လူက ပါရမီရှင်ဖြစ်တယ်လို့ မင်းပြောချင်တာလား??"

"ဟူယွင်... မင်း ငါတို့ကို နောက်နေတာလား!"

ဆရာကြီး ဟူယွင်က စကားမဆုံးသေးခင် အနီးနားရှိလူများကလည်း တပြိုင်နက် လှောင်ပြောင် ရယ်မောနေကြသည်။

အသက်၁၇ နှစ်တွင် ထုံးရွှမ်နယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်ထားသူကို ပါရမီရှင်လို့ မခေါ်နိုင်သလို ဖိရွှယ်နယ်ပယ် ရောက်ထားရင်လည်း ပါရမီရှင် စာရင်းထဲ ထည့်တွက်လို့ မရသေးပေ။

"မဟုတ်သေးဘူး... မင်းရဲ့အကဲဖြတ်မှု လုပ်နေတုန်း သူက ထုံးရွှမ်နယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်ကိုပဲ ရောက်သေးတာလို့ ပြောခဲ့တယ်နော်..."

ရုတ်တရက် လူအုပ်ထဲက တစ်ယောက်ယောက်က တုံ့ပြန်လာပုံရပြီး ထပြောလိုက်သည်။

"ငါတို့ အဲဒီအချိန်က တပည့်တွေ စုဆောင်းနေတာ အချိန်က အရမ်းကြပ်တယ်.. ရက်ပိုင်းအတွင်းမှာ အပြီးသတ်ရတယ် သူက ရက်အနည်းငယ်အတွင်း ထုံးရွှမ်နယ်ပယ်ရဲ့ ပြီးပြည့်စုံတဲ့ အဆင့်ကနေ ဖိရွှယ်နယ်ပယ်ကို ခုန်တက်သွားတယ်လို့ ဆိုလိုတာလား?"

"ဟုတ်သားပဲ ငါဘာလို့ သတိမထားမိ ခဲ့တာလဲ"

"မဖြစ်နိုင်ဘူး... ထုံးရွှမ်နယ်ပယ်က ငါတို့ ယင်းယန်အကယ်ဒမီမှာ အကောင်းဆုံး ကျောင်းသားတွေပဲ... ဖိရွှယ်နယ်ပယ်ကို ခုန်တက်ဖို့ မပြောနဲ့ အမှတ်တွေကိုဖွင့်ပြီး သွေးကြောနဲ့ အားလုံးကို ချိတ်ဆက်ရတာ ဘယ်လောက်ကြာတယ်ထင်လဲ? လင်ပေါ်ရှန်းလို ပါရမီရှင်တောင် ၁နှစ်လောက် အချိန်ယူရတာ ရက်အနည်းငယ်နဲ့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?"

"ဟုတ်တယ် နောက်နေတာ ဖြစ်ရမယ်!"

"ဘယ်လိုမှ မဖြစ်နိုင်ဘူး... သူက ထုံးရွှမ်နယ်ပယ်မှာ အရန်အမှတ် တစ်ခုကို မဖွင့်ထားဘဲ အခြေခံအမှတ် ဆယ့်ငါးခုပဲ ဖွင့်ထားတယ် ဆိုရင်တောင် အဆင့်တက်ဖို့ မရိုးရှင်းဘူး"

"တကယ်တော့ ဒီလိုလူမျိုးဟာ အနိမ့်ဆုံးအဆင့် ကျင့်ကြံသူတွေနဲ့ သက်ဆိုင်ပြီး သူတို့ရဲ့ အနာဂတ် အောင်မြင်မှုတွေက အကန့်အသတ် ရှိပါလိမ့်မယ်။ ငါတို့ရဲ့ ယင်းယန်အကယ်ဒမီမှာ အမှတ် ဖွင့်ထားတဲ့သူတွေက အနည်းဆုံး ၁၈ ခုဖွင့်ထားနိုင်တယ်...၁၅ ခုက တကယ်ကို တန်ဖိုးမရှိဘူး!"

အားလုံးက တခဏတာ ထိတ်လန့်သွားပြီး ရုတ်တရက် သဘောပေါက် သွားကြပြန်သည်။

"တကယ်လို့ သူက ထုံးရွှမ်နယ်ပယ်ပဲ ရှိပေမယ့် အတုတံဆိပ်နယ်ပယ် အထွတ်အထိပ်က လူတွေကို သတ်ပစ်နိုင်ပြီး ငါ့ရဲ့ တိုက်ကွက် သုံးကွက်ကို ဖမ်းနိုင်ခဲ့တယ် ဆိုရင်ရော ဘယ်လိုလဲ?"

ဆရာကြီး ဟူယွင်က ပြောလိုက်သည်။

All Chapters