← Chapters

အကြီးအကဲများ၏တုန်လှုပ်မှု (ဒုတိယပိုင်း)

Vol. 18 Ch. 3.18

အကြီးအကဲများ၏တုန်လှုပ်မှု (ဒုတိယပိုင်း)

Vol. 18 Ch. 3.18

"မင်းဘာပြောလိုက်တယ်? အတုတံဆိပ်နယ်ပယ် အထွတ်အထိပ်ကို အနိုင်ယူလိုက်တယ်?"

"မင်းရဲ့ သိုင်းကွက် ၃ကွက်ကိုလည်း တားနိုင်တယ်?"

"ဒါက ဘယ်လိုဖြစ်ရတာလဲ!"

"ငါတို့အကယ်ဒမီရဲ့ နံပါတ်တစ် ဟူရိတောက်တောင် အပ်စိုက်အမှတ် ၂၄ခု ကိုဖွင့်ထားရင်တောင် ဒါကို မလုပ်နိုင်လောက်ဘူး!"

"ထုံးရွှမ်နယ်ပယ်က အတုတံဆိပ်နယ်ပယ်ကို သတ်တယ်? ဒါ ကောင်းကင်ကို အန်တုနေတာပဲမလား?"

ဆရာကြီးဟူယွင်၏ စကားများသည် ဒယ်အိုးထဲသို့ ပစ်ချလိုက်သော မီးပွားများကဲ့သို့ပင်။ လူတိုင်းကို ရုတ်ရုတ်သဲသဲနှင့် ထိတ်လန့်တကြား ဖြစ်သွားစေသည်။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

သူတို့ကို နောက်နေတာလား!

လူတစ်ဦးသည် မည်မျှပင် အရည်အချင်းရှိပါစေ ကန့်သတ်ချက် ရှိပါသေးသည်။ စိန်ခေါ်မှုအဆင့် မြင့်မားလေ ဤအရာသည် ပါရမီရှင် မဟုတ်တော့ဘဲ မကောင်းဆိုးဝါး တစ်ကောင်သာ ဖြစ်သည်။

"ဒါဟာ လုံးဝအမှန်ပဲ... အမှန်ပဲ!"

လူတိုင်းက မယုံကြတာကို မြင်တော့ ဆရာကြီး ဟူယွင်က ထပ်ပြောလိုက်သည်။

"မင်းပြောခဲ့တဲ့ စကားက အမှန်ဆိုရင် သူကတကယ် ပါရမီရှင် တစ်ယောက်ဖြစ်ပြီး ပြုစုပျိုးထောင်ရကျိုး နပ်ပေမယ့် ထုံးရွှမ်နယ်ပယ်ရဲ့ အစွမ်းသတ္တိတွေပဲ ရှိသေးတယ်။ ပုံမှန်အချိန်လေးမှာ စာရင်းသွင်းမယ်ဆိုရင် သေချာပေါက် စုဆောင်းနိုင်မှာပါ ဒါပေမယ့် အခု ဆယ်ရက် နောက်ကျနေပြီ မဖြစ်တော့ဘူး"

စကားဝိုင်းကို နားထောင်ပြီးနောက် အကြီးအကဲ လုံယွမ်က ဆုံးဖြတ်ခဲ့သည်။

အရာအားလုံးအတွက် စည်းမျဥ်းစည်းကမ်းတွေရှိတယ်။ ယင်းယန် အကယ်ဒမီအတွက် စာရင်းသွင်းမှုဟာ အရမ်း နောက်ကျသွားတဲ့ အတွက် အကယ်ဒမီကို မျက်စိထဲ မထည့်သလို ဖြစ်သွားပြီလေ။

တကယ်လည်း ထူးချွန်တဲ့သူ တစ်ယောက်ဆိုရင် အထူးခွင့်ပြုချက်နဲ့ ခေါ်ယူတာ ကောင်းပါ၏။

လူတစ်ဦး၏ တိုက်ခိုက်ရေး စွမ်းအား၊ လက်နက်များနှင့် ကိုယ်ခံပညာ အားလုံးသည် ကြီးမားသော သြဇာလွှမ်းမိုးမှု ရှိသည်။ အကယ်၍ သူသည် အတုတံဆိပ်နယ်ပယ်ကို သတ်ရန် အဆင့်မြင့် လက်နက်ကို အသုံးပြုခဲ့ပါက အနိုင်ခဲ့ရတာဟာ အံ့သြစရာ မဟုတ်တော့ပေ။

"ဟုတ်ပါတယ် ခုန်ပျံကျော်လွှားနိုင်တဲ့ စိန်ခေါ်မှုဟာ ခြွင်းချက်အနေနဲ့ ဝင်ခွင့်နဲ့ မထိုက်တန်ပါဘူး... ဒါပေမဲ့ သူ့ရဲ့ဓားပညာဟာ လူသားနဲ့ ဓားရဲ့ ပေါင်းစည်းမှု အဆင့်ကို ရောက်သွားရင်ရော?"

အဘိုးကြီး ဟူယွင်သည် ဗုံးတစ်လုံး ထပ်မံကြဲချသည်။

"ဘာ? လူသားနဲ့ဓား ပေါင်းစည်းမှုနယ်ပယ်? ယင်းယန်အကယ်ဒမီရဲ့ ကျောင်းအုပ်ကြီးပဲ လူသားနဲ့ဓား ပေါင်းစည်းမှုနယ်ပယ်ကို ရောက်ထားတာလေ မင်းသေချာရဲ့လား?"

လုံး၀ ဂရုမစိုက်ခဲ့သော အကြီးအကဲ လုံယွမ်သည် ထိုစကားကို ကြားသောအခါ ချက်ချင်းပင် အသက်ရှုကြပ်လာပြီး သူ၏မျက်ခုံးများလည်း ကျုံ့သွားသည်။

လူသားနှင့်ဓားတို့၏ ပေါင်းစည်းမှုသည် ဓားလမ်းစဥ် နားလည်မှု တစ်မျိုးကို ကိုယ်စားပြုသည်။ ဤအဆင့်သို့ညရောက်သူများသည် အခြေခံအားဖြင့် ဓားလမ်းစဥ်တွင် အသန်မာဆုံးဖြစ်လာနိုင်ပြီး အုပ်စိုးသူ ဖြစ်လာနိုင်သည်။

အခက်အခဲသည် အလွန် ကြီးမားသောကြောင့် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်သို့ ကျင့်ကြံရခြင်းထက် အဆပေါင်းများစွာ ပိုရှုပ်ထွေးသည်။

ပေရွှီးအင်ပါယာ တစ်ခုလုံးရှိ ယင်းယန်အကယ်ဒမီမှ ကျောင်းအုပ်ကြီး တစ်ဦးတည်းသာ ထိုအဆင့်အထိ အောင်မြင်စွာ ပြုစုပျိုးထောင် နိုင်ခဲ့သည်ကို တွေ့မြင်နိုင်ပါသည်။

ဒီကောင်လေးက အသက်ဘယ်လောက် ရှိသေးလို့လဲ?

အသက်၁၇နှစ် အရွယ် လူနဲ့ဓားပေါင်းစည်းမှု နယ်ပယ်? ကြားတောင် မကြားဖူးဘူး!

အနာဂတ်မှာ သူတို့ မပြိုလဲသရွေ့ ပေရွှီးအင်ပါယာ တစ်ခုလုံးမှာ ပြိုင်ဘက်မရှိ ဖြစ်သွားမှာကို ကြောက်ရသည်။

“တစ်ရာ ရာခိုင်နှုန်း သေချာတယ်!” ဆရာဟူယွင်က ခေါင်းညိတ်သည်။

"ဒါက ဉာဏ်ရည်ထက်မြက်တဲ့ အရည်အချင်းတစ်ခုပါ.... သူ့ကို စုဆောင်းရမှာပေါ့!"

သူပြောသည်ကို မြင်လျှင် အကြီးအကဲ လုံယွမ်က သံသယမရှိဘဲ ပြောလိုက်သည်။

၁၇နှစ်အရွယ် လူနဲ့ဓားပေါင်းစည်းမှု နယ်ပယ် ရောက်ထားသူဟာ ယင်းယန်အကယ်ဒမီတွင် သာမက ၎င်းအကြောင်းကို သိသောမည်သူမဆို တံတိုင်းကို ထိပါးသွားနိုင်သည်။

"သူ အခုဘယ်မှာလဲ? သူက တခြားသူတွေနဲ့ တစ်သားတည်း ဖြစ်မဖြစ်ကိုလည်း ကြည့်ချင်တယ်!"

စိတ်လှုပ်ရှားပြီးနောက် အကြီးအကဲလုံယွမ်က ထပ်ပြောလေသည်။

"ဒါ…" အကြီးအကဲဟူယွင်လည်း ရှက်ကိုးရှက်ကန်းနဲ့

“သူ ဘယ်ရောက်နေမှန်းလည်း မသိပါဘူး”

"ဒါဆို မင်းရှာမတွေ့မချင်း မြန်မြန်သွားရှာလေ!"

အဘိုးကြီးလုံယွမ် ကျယ်လောင်စွာ အော်ဟစ်လိုက်တော့သည်။

"ဟုတ်ကဲ့!"

ဒါကိုကြားတော့ အရင်က ရယ်မောနေတဲ့ တခြားသော အကြီးအကဲတွေ တုန်လှုပ်သွားပြီး တစ်ချိန်တည်းမှာပဲ မတ်တတ်ထရပ်လိုက်ကြသည်။

"သူက တကယ်ပဲ ပါရမီရှင်လား?"

သတင်းပို့တဲ့ ပထမကျောင်းသားက ဒီမြင်ကွင်းကို မြင်လိုက်ရပြီး သူ့ခန္ဓာကိုယ်က အလိုအလျောက် တုန်လှုပ်သွားတော့သည်။

ကံကောင်းထောက်မစွာ ဒုတိယကျောင်းသားက သူ့ကို ရပ်တန့်ခိုင်းပြီး တံဆိပ်ပြားကို ပို့ခိုင်းလိုက်လို့သာ မဟုတ်ရင် ပါရမီရှင်တစ်ယောက် အကယ်ဒမီကို ဝင်ရောက်ဖို့ နှောင့်နှေးသွားလိမ့်မယ်။ တခြားဘာမှ မပြောဘဲ ဒီအကြီးအကဲ လုံယွမ်ကိုယ်တိုင် သူ့ကို အရှင်လတ်လတ် အရေခွဲ ခွာပစ်နိုင်သည်။

မောဟိုက်စွာ ပြေးထွက်သွားသော အကြီးအကဲ အများအပြားကို ကြည့်လိုက်ရင်း ခြံဝင်းတံခါးဆီသို့ သူ ဘယ်လို ပြန်ရောက်လာသည် မသိ။

အရမ်း စိတ်လှုပ်ရှားစရာ ကောင်းတာပဲ!

အနာဂတ်မှာ ပါရမီရှင်တွေကို မစော်ကားသင့်ဘူး။ မဟုတ်ရင် ဘယ်လိုသေရမှန်းတောင် မသိတော့ဘဲ ဖြစ်သွားနိုင်သည်။

ပေရွှီးဧည့်ကြိုတည်းခိုခန်းသည် ပေရွှီးအင်ပါယာ တစ်ခုလုံးတွင် ဇိမ်ခံအခမ်းနားဆုံး တည်းခိုခန်းများထဲမှ တစ်ခုဖြစ်ပြီး စျေးနှုန်းမှာ ကြောက်စရာ ကောင်းလောက်အောင် စျေးကြီးပါသည်။ နေ့စဉ်ကြေးမှာ ရွှေစနှစ်ထောင် ဖြစ်သည်။

ဤငွေ အနည်းငယ်သည် လုရွှမ်အတွက် ဘာမှမဟုတ်သောကြောင့် ခဏတည်းခိုရန် မုယန်ဖုန်းကိုပါ ခေါ်ဆောင်လာခဲ့သည်။

"ဒါက လေ့ကျင့်ရေး နည်းလမ်းတစ်ခုပဲ... ရှီးယောင်မြေမှုန့်ရဲ့ စွမ်းအားကို စုပ်ယူဖို့ ဒီနည်းလမ်းကို အသုံးပြုရင် မင်းခန္ဓာကိုယ်ထဲက သတ္တုဓာတ်ကို မြန်မြန်ဆန်ဆန် ပေါင်းစပ်နိုင်စေလိမ့်မယ်"

လုရွှမ်က အသေးစိတ် ရှင်းပြသည်။

မုယန်ဖုန်း၏ အရည်အချင်းသည် ကောင်းမွန်သော်လည်း ကောင်းကင်ဘုံကို သိမ်းပိုက်ခြင်းဆိုင်ရာ ဒြပ်ငါးပါးအပေါ် နားလည်မှုမှာ ဆိုးဝါးသေးသည်။ ၎င်းကို ရိုးရှင်းသော စကားလုံးများဖြင့် ရှင်းပြကာ အရိုးရှင်းဆုံးသော အနက်ရှိုင်းဆုံးသော အဓိပ္ပါယ်ကို ရှင်းပြပေးလျှင် ဤကာလအတွင်း မုယန်ဖုန်းလည်း တိုးတက်လာနိုင်သည်။

"သွားပါ!"

ရှင်းပြပြီးနောက် မုယန်ဖုန်းကို လေ့ကျင့်ရန် အချိန်ပေးလိုက်သည်။ လုရွှမ်လည်း အခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။ သူ့လက်ကောက်ဝတ်ကို လှည့်လိုက်ကာ စောစောက သူဝယ်ခဲ့သော ပိုးဖြူပုံစံ ကျောက်စိမ်းပုလင်းကို ထုတ်ယူလိုက်သည်။

"ဒါက ပစ္စည်းကောင်းလေးပဲ!"

ကျောက်စိမ်းပုလင်းကို ကြည့်ရင်း လုရွှမ်ရဲ့ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားသည်။ ပိုးတစ်ရာပုံစံနဲ့ သာမာန်ရေသာဆိုရင် သူ ဒီလောက် အများကြီး စကားတွေ ပြောနေစရာ မလိုဘူး။

ကျောက်စိမ်းပုလင်းပေါ်ရှိ ပုံစံသည် ပိုးတစ်ထောင် ပုံစံဟု လူသိများသော ပိုးတစ်ရာ ပုံစံ၏ အဆင့်မြှင့် တီထွင်ထားသော ပုံစံတစ်ခုဖြစ်သည်။ ရလဒ်အနေဖြင့် သူသည် တံဆိပ်ခတ်ခြင်းကို အကျိုးသက်ရောက်စေသည်။

သို့သော် အလုံပိတ်ထားသည့် အရာက သာမန်ရေ မဟုတ်ပါ။

"ယွမ်ဗောဓိရေ!"

လုရွှမ်၏ ပါးစပ်ထောင့်မှ အမည်တစ်ခု ထွက်ပေါ်လာသည်။ ဤရေသည် သာမန်ရေနှင့် တူသောလည်း အမှန်မှာ ယွမ်ဗောဓိရေဖြစ်၏။

ယွမ်ဗောဓိရေသည် အင်ပါယာတွင်ပင် ရှားပါးသော သဘာဝ ရတနာတစ်ခု ဖြစ်သည်။ ပုံမှန်ဝယ်လျှင် ရွှေစ နှစ်သန်းကိုပင် သန်းရာနှင့်ချီလျှင်ပင် မဝယ်နိုင်ပါ။ ဒါက ငွေနဲ့တိုင်းတာလို့ရတဲ့ ရတနာကို မဟုတ်ပေ။

"ယွမ် ဗောဓိရေက ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံသူများအတွက် ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိတယ်... ကြွက်သား၊ အရိုးနဲ့ အတွင်းအင်္ဂါတွေကို ပြေလျော့စေဖို့ အတွက် အသုံးပြုတယ်... လူ့ခန္ဓာကိုယ်ကို ကျောက်စိမ်းကဲ့သို့ ကြည်လင်စေပြီး အညစ်အကြေးတွေလည်း ကင်းစေတယ်"

ယွမ်ဗောဓိရေ၏ အဓိက အရေးကြီးဆုံးသော အာနိသင်မှာ ခန္ဓာကိုယ်ကို သန့်စင်စေပြီး အညစ်အကြေး ကင်းစင်စေခြင်းပင် ဖြစ်သည်။

ဆင်သံချပ်ရွှေကိုယ်ထည် ကဲ့သို့ ခန္ဓာကိုယ် ကြံ့ခိုင်မှုအတွက် သုံးသော နည်းလမ်းဖြစ်ကာ ခွန်အားများစွာ မတိုးသော်လည်း ခန္ဓာကိုယ်ကို အညစ်အကြေး ကင်းစင်စေပြီး အနာဂတ်တွင် ရှေ့ဆက်ရန်အတွက် ခိုင်မာသော အခြေခံအုတ်မြစ်ကို ချပေးနိုင်သည်။

တစ်နည်းဆိုရသော် လူပိန်း အသုံးအနှုန်းအရ လုရွှမ်သည် ဆင်သံချပ်ရွှေကိုယ်ထည်ကို သူ၏ယခင်ဘဝ အတွေ့အကြုံကို အားကိုးပြီး လေ့ကျင့်နိုင်သော်လည်း သတ္တမအဆင့်သို့ ရောက်သောအခါတွင် တစ်ဆို့သွားနိုင်သည်။ ရတနာများ လုံလုံလောက်လောက် ရှိမှသာ အဆင့်၈ လွယ်ကူစွာ ဖြတ်ကျော်နိုင်မည်။

ထို့အတွက်ကြောင့် လုရွှမ်သည် ဤဗောဓိရေကို မြင်သောအခါ ဘာပဲဖြစ်ဖြစ် ဝယ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

"ငါ ဆင်သံချပ်ရွှေကိုယ်ထည်ကို လေ့ကျင့်တုန်းက တစ်ရက်တည်းနဲ့ မအောင်မြင်ခဲ့ဘူး ဒါပေမဲ့ မလောပါဘူး... အရင်ဆုံး စမ်းကြည့်လိုက်ရအောင်.."

ဗောဓိရေ၏ ဒြပ်စင်တစ်ခု ရှိသော်လည်း ကိုယ်ခန္ဓာ ကြံ့ခိုင်မှုကို တစ်ရက်အတွင်း လေ့ကျင့်ရန် မရနိုင်သော်လည်း လုရွှမ်သည် အလျင်စလို မဖြစ်ပေ။ သူသည် ပေါ့ပေါ့ပါးပါးပြုံးကာ ကျောက်စိမ်းပုလင်းကိုဖွင့်ကာ ဗောဓိရေတစ်စက်ကို ထုတ်ယူလိုက်သည်။

ဗုန်း!

ရေစက် ခန္ဓာကိုယ်ထဲ ဝင်သွားသည်နှင့် မြူမှုန်များကဲ့သို့ ပေါက်ကွဲသွားသည်။

သန့်စင်သော ဗောဓိရေသည် ခန္ဓာကိုယ်အတွင်း စီးဆင်းသွားပြီး ခန္ဓာကိုယ်၏ လုပ်ဆောင်ချက်များကို ပြောင်းလဲစေပြီး ချွေးပေါက်များမှ အညစ်အကြေးများကို တဖြည်းဖြည်း စွန့်ထုတ်နိုင်စေသည်။

အသက်ရှုသံသည် ခန္ဓာကိုယ်အတွင်း ပျံ့နှံ့သွားပြီး လုရွှမ်၏ တစ်ကိုယ်လုံးသည် တဖြည်းဖြည်း အရည်အသွေး ပြည့်ဝသော ရတနာတစ်ခု အသွင် ပြောင်းသွားသည်။

အချိန် အနည်းငယ် ကြာပြီးနောက် မျက်လုံးဖွင့်ကြည့်လိုက်သည်။

"နံလိုက်တာ!"

ထိုမှသာလျှင် သူ၏ခန္ဓာကိုယ်တွင် အညစ်အကြေး အလွှာများ ထူထပ်စွာ ရှိနေကြောင်းကို သဘောပေါက်သွား၏။ အနံ့အသက်က ဆိုးရွားလွန်းလို့ ကောင်းကောင်း ရေချိုးရတော့မည်။

ရေချိုးပြီး အဝတ်အစား လဲပြီးတာနဲ့ အပြင်ကနေ မုယန်ဖုန်းရဲ့ အသံကို ကြားလိုက်ရသည်။

"သခင်လေး ယင်းယန်အကယ်ဒမီက လူကြီးတစ်ယောက်က လာရှာပါတယ်!"

All Chapters