← Chapters

အဓိက အလုပ်အကိုင် သုံးခု

Vol. 19 Ch. 3.21

အဓိက အလုပ်အကိုင် သုံးခု

Vol. 19 Ch. 3.21

ဆိုင်ပိုင်ရှင်ငယ်လေးသည် အကြီးအကဲလုံယွမ်နှင့် ဤကဲ့သို့ စကားပြောဝံ့သည်ကို ကြားတော့ အားလုံးက အကြီးအကဲတော့ ဒေါသထွက်တော့မည်ဟု ထင်ကြသော်လည်း မထင်မှတ်ဘဲ အကြီးအကဲလုံယွမ်က သက်ပြင်းချကာ ပြန်ထိုင်ချလိုက်သည်။

"ဟူး!"

အကြီးအကဲလုံယွမ် ၏ အသွင်အပြင်ကြောင့် အခြားသူများသည် စကားမပြောဝံ့တော့ဘဲ အားလုံးက တိတ်တိတ်ဆိတ်ဆိတ် စောင့်ဆိုင်းနေကြသည်။

အချိန်အနည်းငယ် ကြာပြီးနောက် တံခါးဖွင့်သံနှင့်အတူ လုရွှမ်သည် မောပန်းနေသော မျက်နှာဖြင့် ထွက်လာခဲ့သည်။

သူသည် အဓိပတိနယ်ပယ်သို့ ရောက်ရှိသွားသော်လည်း ကျွမ်းကျင်သော လက်မှုပညာရှင် တစ်ဦးအတွက်ပင် ရွှေတုံးသတ္တုရိုင်းကို သန့်စင်ရန် ခက်ခဲဆဲပင်။

"ဒီမှာ ခင်ဗျားရဲ့ သံတုံးကြီးပဲ!"

သူ့လက်ကို တစ်ချက် ဝေ့ယမ်းလိုက်ပြီး ဆိုင်ပိုင်ရှင်၏ လက်ထဲသို့ သံတုံးတစ်တုံး ထည့်ပေးလိုက်သည်။

"ကျန်တာတော့ ခင်ဗျား မုယန်ဖုန်းနဲ့ ဆက်ပြောလိုက်ပါ... ကျုပ် ခဏအနားယူချင်တယ် မနှောင့်ယှက်နဲ့!"

ပြောပြီးနောက် လှည့်ကြည့်ကာ အခန်းထဲသို့ ပြန်ဝင်သွားသည်။

"ကောင်လေး"

မမျှော်လင့်ဘဲ ဂုဏ်သိက္ခာရှိသော အကြီးအကဲလုံယွမ်သည် အခန်းထဲတွင် တစ်နာရီကြာ စောင့်ဆိုင်းနေခဲ့သည်။ ဤလူသည် တစ်ချက်မျှ မကြည့်ဘဲ ထွက်လာပြီး နောက်တဖန် ပြန်ဝင်သွားခဲ့သည်။

သို့သော် အကြီးအကဲ လုံယွမ်သည် ဒေါသထွက်ကြောင်း စကားမပြောသောကြောင့် တလြား အကြီးအကဲများသည်လည်း ဒေါသထွက်ပေမယ့် မည်သူမျှ မလှုပ်ရဲကြပေ။

ထိုအခိုက်အတန့်တွင် အကြီးအကဲ လုံယွမ်၏ မလှမ်းမကမ်းမှ ဆိုင်ပိုင်ရှင်အား ကြည့်လိုက်ရာ ဆိုင်ပိုင်ရှင်သည် သူ့လက်ဖဝါးပေါ်ရှိ အရာအား တောက်ပသော မျက်လုံးများဖြင့် ကြည့်နေသည်ကို တွေ့ရ၏။

လုရွှမ်က အခုလေးတင် ပစ်ပေးလိုက်တဲ့ အရာက ကြောင်တစ်ကောင်ထက် အလေးချိန် ပိုပေါ့ပြီး ရွှေနဲ့တူပေမယ့် ရွှေထက် ပိုထူပြီး ပိုမာပါသည်။

"တကယ်ကို ရွှေသံတုံးပဲ"

တစ်ချက်ကြည့်လိုက်ရုံနဲ့ ဆိုင်ရှင်လည်း ရွှေ သံတုံးဆိုတာ သေချာပေါက် သဘောပေါက်သွားသည်။

သူ့လက်ထဲမှာ ဖြတ်သန်းလာတဲ့ မရေမတွက်နိုင်တဲ့ ရတနာတွေရှိတယ်။ အဲဒါတွေက အစစ်ဟုတ် မဟုတ်၊ နဲ့ အရင်သတ္တုရိုင်းတွေကနေ ထုတ်ယူခဲ့တာလား ဆိုတာ တစ်ချက်လောက် ကြည့်ရုံနဲ့ ပြောပြနိုင်ပါ၏။

"တစ်နာရီအတွင်း ရွှေစင်ကျောက်တုံးက ရွှေသံတုံးကို သန့်စင်နိုင်တဲ့သူနဲ့ ဆက်ဆံရေး ကောင်းကောင်း တည်ဆောက်ထားရမယ် သူ့ကို မစော်ကားသင့်ဘူး!"

ဆိုင်ပိုင်ရှင်က သူ့စိတ်ထဲမှာ ဆုံးဖြတ်ချက်တစ်ခုကို တိတ်တဆိတ် ချထားလိုက်သည်။

တစ်ဘီလီယံလောက်သုံးဖို့ တခြားသူကိုရှာပြီး မသန့်စင်ချင်ဘူး။ အဓိကက တစ်နှစ်လောက် စောင့်ရဦးမယ်လေ။ ဒီအခန်းထဲက ဒီလူက တစ်နာရီအတွင်း ပြီးမြောက်အောင် သန့်စင်နိုင်ခဲ့တယ်တဲ့။

စီးပွားရေးသမား တစ်ယောက်အနေနဲ့ ဒီလိုလူမျိုးကို ဘယ်သူက စော်ကားဝံ့မှာလဲ။

"အစ်ကို.... ခင်ဗျား နာမည်က မုယန်ဖုန်း မဟုတ်လား?"

သူ့ရင်ထဲက စိတ်လှုပ်ရှားမှုတွေကို နှိမ့်ချပြီး မျက်နှာပေါ် အပြုံးတစ်ပွင့်ကို တပ်ဆင်လိုက်ပးကာ ဆိုင်ပိုင်ရှင်က မုယန်ဖုန်းကို မော့ကြည့်လိုက်သည်။

"ဟုတ်ပါတယ်!"

"အရင်က ခင်ဗျားရဲ့ သခင်လေးက ကျုပ်ကိုဒီရွှေတုံးကို သန့်စင်ပေးရင် ရွှေစ သန်း ၂၀၀ ပေးရမယ်လို့ သဘောတူထားတယ်.... ဒါပေမဲ့ အခုက ခင်ဗျားရဲ့သခင်လေး အတွက် ခက်ခဲခဲ့တာ တွေ့ရပါတယ်... ဒါက သန်း ၂၀၀ ပါတဲ့ ရွှေကတ်ပါ ရွှေစတွေကို အရင်ယူထားလိုက်.... ခင်ဗျားကြိုက်တဲ့လှံရှည်ကို နောက်မှလက်ဆောင်ပေးဖို့ လူတစ်ယောက်ကို စေခိုင်းလိုက်ပါမယ်!"

ဆိုင်ရှင်က ပြုံး၍ ဆိုသည်။

"ကျေးဇူးတင်ပါတယ်!"

ရွှေကတ်ကို ရရှိပြီးနောက် မုယန်ဖုန်းသည် ခေါင်းညိတ်ပြကာ သခင်လေးအား လေးလေးနက်နက် ထပ်မံဂုဏ်ပြုလိုက်သည်။

သူများတွေ ငွေရှာဖို့က ပိုခက်တယ်။ သခင်လေးကတော့ တစ်နာရီအတွင်း သန်း ၂၀၀ ဝင်ငွေ ရရှိလာတယ်။ အဓိကအချက်ကတော့ တခြားလူတွေဟာ သူတို့ကို ဈေးပေါတယ်လို့ ထင်နေတာပဲ။ ကိုယ့်မျက်စိနဲ့ မမြင်ရရင် မယုံနိုင်မှာတောင် မဟုတ်ဘူး။

"ကျေးဇူးတင်တဲ့ စကားက ကျုပ်ကပြောရမှာပါ! ကျုပ်အရင် ထွက်သွားလိုက်ပါမယ် ခင်ဗျားရဲ့သခင်လေး ပြန်ကောင်းလာတဲ့အခါ ကျုပ်ကို အကြောင်းကြားပေးပါ ကျုပ်နောက်တစ်ခေါက် ထပ်လာလည်ပါ့မယ်"

ဆိုင်ပိုင်ရှင်က ပြုံးပြီး ထရပ်လိုက်သည်။ ထို့နောက် မျက်နှာလွှဲကာ ထွက်ခွာသွားသည်။

"ရှင်းချန်...."

သူထွက်သွားတာကို မြင်တော့ အကြီးအကဲလုံယွမ်က ကမန်းကတန်း ထရပ်လိုက်သည်။

"မင်းနဲ့ငါနဲ့ ဘာမှမဆိုင်ဘူး! ငါ့ကို လာမခေါ်နဲ့!"

ဆိုင်ပိုင်ရှင်က သူ့အသံကို အရင် လွှင့်တင်လိုက်ပြီး ကျေနပ်အားရမှုက ချက်ချင်း အေးစက်သွားတော့သည်။

"ငါတို့ ပြန်ဖြေရှင်းလို့ မရနိုင်ဘူးလား?"

အကြီးအကဲ လုံယွမ်မှ မှုန်ကုပ်ကုပ်နဲ့ ပြန်ကြည့်နေလိုက်သည်။

"သူမက ပြန်ရှင်လာမှာလား?" ဆိုင်ပိုင်ရှင်က မျက်နှာကြောကို တင်းထားသည်။

သူ့စကားကြားတော့ အကြီးအကဲ လုံယွမ်လည်း သူ့ခေါင်းကို အားကိုးရာမဲ့ ခါယမ်းလိုက်ပြီး တစ်ခုခုပြောချင်လို့ သူ့နှုတ်ခမ်းကို အကြိမ်အနည်းငယ် ပွင့်လိုက်ပေမယ့် စကားတစ်ခွန်းမှ ပြောမထွက်လာခဲ့။

"ကောင်းပြီ ငါမင်းကို ပြောစရာမရှိဘူး! ငါမဆက်သွယ်ချင်ဘူး! ဒါ့အပြင် လုရွှမ်က ငါ့ရဲ့ အထူးဧည့်သည်ပဲ သူမင်းကို တွေ့ချင်ရင် တွေ့လိမ့်မယ်။ သူမင်းကို မတွေ့ချင်ရင် မင်းအတင်းအကြပ် လုပ်တာမျိုး မကြားရစေနဲ့ မဟုတ်ရင် ငါ့စိတ်အခြေအနေကို မင်းသိပါတယ်..."

ဆိုင်ရှင်က အော်ဟစ်ပြီး လှည့်ထွက်သွားတော့သည်။

"ဟူး....!"

မရေမတွက်နိုင်သော စကားများ ဆိုပြီးနောက် လုံယွမ်မှာ သက်ပြင်းတစ်ချက်သာ ချလိုက်သည်။

အနိုင်ယူလုနီးပါး ဖြစ်နေတဲ့ သူ့ကိုမြင်တော့ သူဘယ်လောက်ပဲ မိုက်မဲနေပါစေ သူတို့မျက်စိထဲမှာ ပြောမပြထိုက်တဲ့ ဆိုင်ပိုင်ရှင်ဟာ အကြီးအကဲ လုံယွမ်နဲ့ အများကြီး ရင်ဆိုင်နိုင်မယ် ဆိုတာကို သူတို့ သိလိုက်သည်။

သို့သော် အကြီးအကဲက ဘာမှ မပြောတာကြောင့် လူတိုင်းလည်း မမေးရဲကြပေ။ အခန်းက အရမ်း တိတ်ဆိတ်သွားတာ ဘယ်လောက် ကြာသွားလဲ မသိ။

"မင်းနာမည်က မုယန်ဖုန်းလား?"

အကြီးအကဲ လုံယွမ်ဟာ သူ့အတွေးထဲကနေ သက်သာလာပုံရပြီး အဝေးက မုယန်ဖုန်းကို ကြင်နာစွာကြည့်လိုက်သည်။

"ဟုတ်ပါတယ်!" မုယန်ဖုန်းက ဟန်ဆောင်ရန် စိတ်မဝင်စားပေ။

"အခုလေးတင် ဆိုင်ပိုင်ရှင် ရှင်းချန်က မင်းရဲ့သခင်လေးနဲ့ စီးပွားရေး လုပ်နေပုံရတယ်။ အဲဒါက ဘယ်လိုစီးပွားရေးမျိုးလဲ?"

အကြီးအကဲ လုံယွမ်သည် သံသယစိတ် တစ်ခုဖြင့် ကြည့်နေ၏။

ဆိုင်ပိုင်ရှင်သည် သူ့အပေါ် လွန်စွာ မလိုမုန်းထားမှုများ ရှိနေသေးသည်။ ဤနေရာတွင် ဖြတ်ကျော်ရန် မဖြစ်နိုင်သေးသော်လည်း ဤလူငယ်က ဖြတ်သွားနိုင်လောက်သည်။

"ကျွန်တော်လည်း မသိဘူး ရွှေရောင် သတ္တုရိုင်းတချို့ကို ရွှေသံတုံး အနေနဲ့ သန့်စင်တာလား မပြောတတ်ဘူး!"

ဒါက သူသိတာ အကုန်ပဲ။ တခြားဘာမှလည်း မသိဘူး။

"မင်းဘာပြောတယ်? ရွှေရောင် သတ္တုရိုင်းတုံးကို ရွှေသံတုံးဖြစ်အောင် သန့်စင်တယ်? မင်းရဲ့သခင်လေးက ရွှေတုံးသံကို သန့်စင်ပေးနိုင်တာလား"

အကြီးအကဲ လုံယွမ် လန့်သွားပြီး အလျင်အမြန် ထရပ်လိုက်သည်။ အရင်က အဲဒါကို သတိမထားမိပေမယ့် အခုတော့ ဆိုင်ပိုင်ရှင်ကို ကိုင်ထားတဲ့အရာကို ပြန်တွေးကြည့်မိတော့ ဒါဟာ ရွှေသံတုံးကြီး ဖြစ်နေတာ သေချာသွားသည်။

သံထည်များကို သန့်စင်ခြင်း၏ တန်ဖိုးကို အခြားသူများက မသိကြသော်လည်း သူကတော့ ရှင်းရှင်းလင်းလင်း သိပါသည်။ လက်မှုပညာရှင် ဖြစ်ဖို့ဆိုတာ မလွယ်ကူတဲ့ အလုပ်တစ်ခုပဲ။

"မင်းရဲ့သခင်လေးက လက်မှုပညာရှင်လား?"

မယုံကြည်မှုကို တွန်းလှန်ပြီး အကြီးအကဲ လုံယွမ်မှာ ထပ်မေးလိုက်သည်။

"လက်မှုပညာရှင်?" မုယန်ဖုန်း ခဏစဉ်းစားပြီး ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်.... ကျုပ်ရဲ့သခင်လေးက အဆင့်၉ လက်မှုပညာရှင် ၊ အဆင့်၉ ကိုးတန်းအဆင့် အဂ္ဂိရတ်ဆရာနဲ့ အဆင့်၉ အခင်းအကျင်းပညာရှင်!"

"အဆင့်၉နဲ့ အဓိက အသက်မွေးဝမ်းကျောင်း သုံးခု???"

အကြီးအကဲ လုံယွမ်သည် အသက်ရှူမဝ ဖြစ်လာကာ ခေါင်းတစ်ခုလုံး မူးဝေသွားတော့သည်။

အဆင့်၉၏ အနေအထားက ဘာလဲ။ တစ်နည်းဆိုရသော် စိတ်ဝိညာဉ်စွမ်းအား အတိုင်းအတာသည် အနည်းဆုံး ၀.၉၅ နှင့်အထက် ရှိရမည်။ အသက် ၁၇ နှစ်တွင် ဤကဲ့သို့ ဝိညာဉ်စွမ်းအား အတိုင်းအတာ ရှိနေခြင်းသည် အလွန်အားကောင်းပြီး အနာဂတ်တွင် အောင်မြင်မှုများသည် မယုံနိုင်စရာ ဖြစ်လာလိမ့်မည်။

အဓိကက အဓိက အလုပ်အကိုင် သုံးခုရှိနေတာ မဟုတ်ပါလား။

အဂ္ဂိရတ်ပညာရှင် ၊ အခင်းအကျင်း ပညာရှင်နှင့် လက်မှုပညာရှင်တို့သည် အလုပ်အကိုင်များကို ကိုယ်စားပြုရုံ သာမက တစ်ဖက်လူ၏ အဆင့်အတန်းနှင့် စွမ်းရည်များကို ကိုယ်စားပြုပါသေးသည်။

အသက်၁၇နှစ် အရွယ်နှင့် အဆင့်အတန်း ၃ခုကို ရရှိထားခြင်းသည် ယင်းယန်အကယ်ဒမီ တစ်ခုလုံးတွင်ပင် ထိုမျှလောက် အစွမ်းထက်သော တည်ရှိမှုမျိုး မရှိပါ။

"မဟုတ်ဘူးမလား? အဆင့်၉? မင်းရဲ့သခင်လေးက ထုံးရွှမ်နယ်ပယ်မှာပဲ ရှိသေးတာကို သူက ဘယ်လိုလုပ် စိတ်ဝိညာဉ်စွမ်းအားကို ၀.၉၅အထိ ကျင့်ကြံထားနိုင်မှာလဲ?"

အကြီးအကဲ တစ်ဦးသည် မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်နေပြီး မထိန်းနိုင်ဘဲ ဟစ်အော်လိုက်သည်။

စိတ်ဝိညာဉ်စွမ်းအား ကြီးထွားမှုသည် ကျင့်ကြံခြင်းထက် နှေးကွေးသည်။ အများအားဖြင့် ကျင့်ကြံခြင်း စွမ်းအင်သည် မြင့်မားပြီး ဝိညာဉ်စွမ်းအားသည် နိမ့်ပါးသည်။ လုရွှမ်၏ စွမ်းအားသည် ထုံးရွှမ်နယ်ပယ်တွင်သာ ရှိပြီး သူသည် ဝူအဆင့်၆သာ ရှိနေသည်။

သူ၏ ဝိညာဉ်စွမ်းအားသည် အဆင့်ကိုးသို့ ရောက်ရှိသွားခြင်းက ဖြစ်နိုင်ပါ့မလား။

"ထုံးရွှမ်နယ်ပယ်?... ငါတို့သခင်လေးက ထုံးရွှမ်နယ်ပယ်ပဲ ရှိတယ်လို့ မင်းကိုဘယ်သူပြောတာလဲ?"

မုယန်ဖုန်းသည် ထိုအကြီးအကဲဟာ အရူးတစ်ယောက်ကို ကြည့်နေသလို ကြည့်နေသည်။

"ထုံးရွှမ်နယ်ပယ် မဟုတ်လို့ ဘာလဲ? အဲဒါက အတုတံဆိပ်နယ်ပယ် ဆိုရင်တောင် ဝိညာဉ်စွမ်းအား အတိုင်းအတာ ၀.၉၅အထက် ရှိဖို့ မဖြစ်နိုင်ဘူး!"

အကြီးအကဲက မယုံနိုင်သေးချေ။

ဒါက ပါရမီရှင်ဆိုတာ မဖြစ်နိုင်ဘူး။

All Chapters