← Chapters

ယင်းယန်ရေကန်

Vol. 19 Ch. 3.22

ယင်းယန်ရေကန်

Vol. 19 Ch. 3.22

"အတုတံဆိပ်နယ်ပယ်? ငါတို့ သခင်လေးက အတုတံဆိပ်နယ်ပယ်လို့ ဘယ်သူပြောလဲ?"

မုယန်ဖုန်း မျက်မှောင်ကြုတ်လိုက်သည်။

"ထုံးရွှမ်နယ်ပယ်လည်း မဟုတ် အတုတံဆိပ်နယ်ပယ်လည်း မဟုတ်... အကြီးအကဲဟူယွင် ပြန်ရောက်တာတင် သုံးလ မပြည့်သေးဘူး အဲဒီသုံးလအတွင်း အတုတံဆိပ်နယ်ပယ်ကနေ ဂိုဏ်းဆရာနယ်ပယ်အထိ ထိုးဖောက်သွားပြီလို့တော့ လာမပြောနဲ့နော်!!"

အကြီးအကဲ တစ်ယောက်သည် မုယန်ဖုန်းတို့ ဝံ့ကြွားနေသည်ဟု ထင်၍ အကြီးအကျယ် အော်ဟစ်နေ၏။

ကျင့်ကြံသူ တစ်ယောက်အတွက် အတုတံဆိပ်နယ်ပယ်ကို ထိုးဖောက်သွားရန် တစ်ကြိမ်တွင် တစ်ဆင့်ချင်း လုပ်ဆောင်သွားရန် လိုအပ်သည်။ အတုတံဆိပ်နယ်ပယ် မှ ဂိုဏ်းဆရာနယ်ပယ် သို့ အချိန်တိုအတွင်း ဖြတ်ကျော်သွားနိုင်တဲ့ ပါရမီရှင် အဘယ်မှာ ရှိမည်နည်း။

ထို့အတွက်ကြောင့်လည်း သူသည် ထုံးရွှမ်နယ်ပယ်တွင်သာ ရှိနေကြောင်း လူတိုင်းကြားသိရသောအခါတွင် ကျင့်ကြံခြင်းအတွက် တန်ဖိုးမရှိဟု ခံစားခဲ့ရသည်။

"ငါတို့သခင်လေးက...."

တစ်ဖက်လူက လုရွှမ်ကို အလွန် အကဲခတ်နေသည်ကို ကြားတော့ မုယန်ဖုန်းသည် ရန်ပြန်တွေ့မည်အလုပ် တံခါးဖွင့်သံကို ကြားလိုက်ရပြီး သူ၏ ခွန်အားအမှန်ကို ထုတ်ပြတော့မည့် လုရွှမ် ထွက်လာခဲ့သည်။

သံတုံးကို သန့်စင်ခြင်းက သူ့အတွက် အလွန်အကျွံ အားကုန်စေပြီး အချိန်အတော်ကြာ အသက်ရှုချိန်ညှိပြီးနောက် နောက်ဆုံးတွင် ပြန်လည်သက်သာလာခဲ့သည်။

"သခင်လေး!"

သူထွက်လာတာကို မြင်တော့ မုယန်ဖုန်းက စကားအများကြီး ထပိမပြောဘဲ

"ယင်းယန်အကယ်ဒမီက အကြီးအကဲ တော်တော်များများက သခင်လေးကို စောင့်နေတာကြာပါပြီ"

"အင်း!"

လုရွှမ် ခေါင်းညိတ်လိုက်သည်။

ဆိုင်ပိုင်ရှင်ကို ရွှေသံတုံး လာပေးတဲ့ အချိန်မှာ အားလုံးကို မြင်တွေ့ခဲ့ရပေမယ့် အဲဒီအချိန်မှာ ပင်ပန်းနွမ်းနယ် နေတာကြောင့် ခွန်အားမရှိသလို ဖြစ်နေရာ လေ့ကျင့်ဖို့ အလျင်စလို မလုပ်ရင် အရင်းကို ထိခိုက်သွားနိုင်တဲ့အတွက် ဘာမှမပြောဘဲ အခန်းထဲ ပြန်ဝင်ခဲ့၏။

"လုရွှမ်... ဒါက ကျောင်းမှာရှိတဲ့ အကြီးအကဲ ကိုးပါးထဲက တစ်ယောက်ဖြစ်တဲ့ အကြီးအကဲလုံယွမ်ပဲ!"

အကြီးအကဲ ဟူယွင်က သူနဲ့ ရင်းနှီးပြီးသားမို့ သူနဲ့ မိတ်ဆက်ပေးဖို့ အလျင်အမြန် ထွက်လာခဲ့သည်။

"အကြီးအကဲလုံယွမ်....."

လုရွှမ် အဖိုးအိုကို ကြည့်လိုက်တော့ သူ့မျက်လုံးတွေ မှိတ်လိုက်သည်။

"သန်မာလိုက်တဲ့ခွန်အား!"

တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ့ရှေ့မှလူသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်တွင် သန်မာသူ တစ်ဦးသာမဟုတ် ဤနယ်ပယ်ကြီးတွင် ခရီးရှည်ကြီးလည်း သွားခဲ့ဖူးကြောင်း သူသိလိုက်သည်။

သူ ပြန်မွေးဖွားလာပြီး ကတည်းက မြင်ဖူးသမျှထဲ အသန်မာဆုံးလူ ဖြစ်သည်။

"လုရွှမ် အကြီးအကဲလုံယွမ်ကို နှုတ်ဆက်ပါတယ်..."

ပြိုင်ဘက်၏ အင်အားကို သိလိုက်ရတဲ့အခါ လက်သီးများကို ဆုပ်လျက် တစ်ဖက်လူကို ပြန်နှုတ်ဆက်လိုက်သည်။

"အင်း... ဟူယွင်က မင်းက ပါရမီရှင် တစ်ယောက်လို့ ပြောတုန်းက ငါမယုံသေးဘူး။ အဲဒါကြောင့် ငါ ကိုယ်တိုင် လာကြည့်ချင်ခဲ့တာ... မင်းက ပါရမီရှင် တစ်ယောက် ဖြစ်ရုံတင်မကဘူး ရာစုတစ်ခုအတွင်း ရှားရှားပါးပါး ပါရမီရှင်ပဲ!"

အကြီးအကဲ လုံယွမ်က ကျေနပ်စွာ ခေါင်းညိတ်လေသည်။ ကျင့်ကြံသူ တစ်ယောက်ဟာ ထက်မြက် တိုးတက်စေရန် အတွက် မကြောက်ရွံ့သော နှလုံးသား ရှိရမည်။

ကောင်းကင်ပြင်မှာ လေ့ကျင့်ပြီး ကောင်းကင်ကို တိုက်ခိုက်နေတဲ့ သန်မာတဲ့သူကို ကြောက်ရင် ကောင်းကင်နဲ့ ယှဉ်ပြိုင်ဖို့ ဘယ်လို ယုံကြည်မှု ရှိနိုင်မလဲ။

ချီးကျုးမှုကို လုရွှမ်က တည်ငြိမ်စွာ လက်ခံခဲ့ပြီး မာနမထားချေ။

သူ၏ယခင်ဘဝတွင် သူသည် လေလွင့်ကျင့်ကြံသူ ဖြစ်ပြီး အဓိကဂိုဏ်းခြောက်ခုကို လွှမ်းမိုးထားကာ နတ်ဆိုးဧကရာဇ် ချုံလူကိုပင် အနိုင်ယူနိုင်ခဲ့သည်။ သူ၏စွမ်းရည်နှင့် ပတ်သက်၍ သံသယဖြစ်စရာ မရှိပါ။

ယခုတစ်ကြိမ် ပြန်လည်မွေးဖွားလာသည့်အတွက် သူ့တွင် အကန့်အသတ် မရှိသော မှတ်ဉာဏ်များရှိသည်။ သက်တမ်းနှစ်ခုမှာ လူသားတစ်ယောက်ဖြစ်ရတဲ့ အတွေ့အကြုံ၊ ကွင်းကိုးကွင်း၊ တန်လိစွမ်းအင် ကိုးခု၊ အမှတ်၃၆ခုနဲ့ သွေကြောတစ်ခု ဒါက အံ့ဖွယ်ပါရမီရှင် မဟုတ်ရင် တိုက်ရိုက် သတ်သေနိုင်ပြီ။

"ယုံကြည်မှုရှိပြီး ဘဝမမြင့်ဘူး... မာနမကြီးဘူး မဆိုးဘူး မဆိုးဘူး!"

သူ့အပြုအမူကို မြင်တော့ အကြီးအကဲ လုံယွမ်က ကျေနပ်စွာ ခေါင်းညိတ်ပြပြန်သည်။

"မင်းက ဓားပညာကို အလွန်နက်နဲတဲ့ နားလည်မှုရှိတယ်လို့ ဟူယွင်ဆီက မင်းဟာ လူနဲ့ဓားရဲ့ ပေါင်းစည်မှုနယ်ပယ်ကို ရောက်နေပြီလို့ ကြားမိတယ် ဒီအဖိုးကြီး မျက်စိပွင့်အောင် တစ်ချက်လောက် ပြပေးနိုင်မလား!"

"ဒါက အကဲဖြတ်တာလား?"

လုရွှမ် မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်သည်။ တစ်ဖက်က ဘာကိုဆိုလိုသည်ကို သူသိပါသည်။ သူ့ကို ခေါ်ယူမလား မဆုံးဖြတ်ခင် အရည်အချင်း ရှိလားမရှိလား ဆိုတာကို အကဲဖြတ် ချင်နေကြခြင်းပင်။

"စိတ်မကောင်းပါဘူး... ကျုပ်လေ့ကျင့်ထားတဲ့ ကိုယ်ခံပညာက လူသတ်ဖို့ပဲ ပြစားတဲ့ အနုပညာ နည်းလမ်းမဟုတ်ဘူး!"

လုရွှမ်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ သူယင်းယန် အကယ်ဒမီကို ဝင်ရဖို့အတွက် တခြားသူတွေက သူ့ကို မျောက်တစ်ကောင်လို ကြည့်ဖို့ မလိုဘူး။

"အတင့်ရဲလိုက်တာ!! အကြီးအကဲလုံယွမ်က မင်းကို အထင်ကြီးပြီး အခွင့်အရေး ပေးတဲ့အတွက် မင်းကို ဓားသိုင်းပြခွင့်ကို ခွင့်ပေးထားတာ။ ဘာက ကောင်းလဲဆိုးလဲ မသိဘူးပဲကွ!"

"ကောင်လေး... မင်း ဒီအခွင့်အရေးကို လွတ်သွားရင် မင်းတစ်သက်လုံး နောင်တရနေရလိမ့်မယ်"

မမျှော်လင့်ဘဲ လုရွှမ်က ဒီလိုပြောလာတဲ့အခါ နောက်လိုက်လာတဲ့ တခြား အကြီးအကဲတွေက သည်းမခံနိုင်တော့ဘဲ ဆူပူကြိမ်းမောင်းလိုက်ကြသည်။ ရိုးရိုးသားသား ပြောရရင် သူတို့ သည်းခံနေတာ ကြာပါပြီ။

ယင်းယန်အကယ်ဒမီမှ ခေါ်ယူခြင်း ခံရကြောင်း အခြားသူများ ကြားတဲ့အခါ ၎င်းတို့သည် အလွန်စိတ်လှုပ်ရှားသွားကာ ချက်ချင်း အပြေးအလွှား လာကြလိမ့်မည်။

ဒီကောင်လေးကတော့ သူတို့ကို ကိုယ်တိုင် လာခိုင်းပြီး အကြာကြီးလည်း စောင့်နေခိုင်းလိုက်သေးသည်။

ငါတို့က ယင်းယန်အကယ်ဒမီအတွက် တပည့်လာစုဆောင်းတာ။ မင်းမျက်နှာကို လာကြည့်တာ မဟုတ်ဘူးကွ!

"အကုန် ပါးစပ်ပိတ်ထား၊!"

လူကြီးနှစ်ယောက် စကားမဆုံးခင်မှာ အဘိုးကြီး လုံယွမ်ရဲ့ မျက်နှာက မည်းမှောင်သွားတော့သည်။

ပါရမီရှင် တစ်ယောက်မှာ သူ့မာနနဲ့သူ မရှိရင် ဘယ်လိုလုပ် ပါရမီရှင် ဖြစ်တော့မလဲ။

သူတို့နှစ်ယောက်ကို ကြိမ်းမောင်းပြီးနောက် လုရွှမ်ကို ကြည့်ကာ ခေါင်းကိုလှည့်ကာ အနည်းငယ်ပြုံးပြီး

"ဒါက အကဲဖြတ်တာ မဟုတ်ပါဘူး... ဒါပေမဲ့ မင်းကို ယင်းယန် ရေကန်ထဲကို ဝင်ရမယ့်နေရာကို ငါစာရင်းပေးနိုင်မလား ဆိုတာ ကြည့်ချင်တယ် ဓားလမ်းစဥ်ကို နားလည်ပြီး အကြီးအကဲဟူယွင် ပြောသလို အရည်အချင်းရှိရင် အကယ်ဒမီထဲ ဝင်ဖို့က သိပ်မခဲယဥ်းပါဘူး... ဒါပေမဲ့ မင်းရဲ့တိကျတဲ့ ကျင့်စဥ်အဆင့်ကို မသိရင် မင်းအတွက် ပိုကောင်းတဲ့ ကျင့်ကြံနည်းတွေကို ပုံဖော်ဖို့ ခက်တယ်... သင့်တော်တဲ့ ကျင့်ကြံနည်းတွေအတွက် အကယ်ဒမီကို လျှောက်ထားဖို့ လိုတယ်"

"ယင်းယန်ရေကန်?? အမည်စာရင်း?"

"အကြီးအကဲ မဖြစ်ပါဘူး..."

"ယင်းယန်အကယ်ဒမီ တစ်ခုလုံးမှာ တစ်နှစ်ကို လူ ၁၀၀ ပဲ ဝင်နိုင်တယ်။ နေရာရနိုင်တဲ့ သူတွေက ထိပ်တန်းအဆင့်ကို ဝင်ခဲ့ကြတဲ့ ဖြစ်တည်မှု အားလုံးနီးပါးပဲ... သူက အကယ်ဒမီကိုတောင် မ၀င်ရဘူး ယင်းယန်ရေကန်ကို ဝင်ဖို့ ဘယ်လိုလုပ် အရည်အချင်း ပြည့်မီနိုင်မှာလဲ?"

"ယင်းယန်ရေကန်က ကျုပ်တို့ ယင်းယန်အကယ်ဒမီရဲ့ အဓိကသွေးကြောပဲ မရေမတွက်နိုင်တဲ့ လူတွေက ဝင်ချင်နေကြတာ သူက အကယ်ဒမီက ကျောင်းသားတောင် မဟုတ်တာကို ဘယ်လိုလုပ် ဝင်ခွင့်ပေးလို့ ဖြစ်မလဲ?"

အကြီးအကဲလုံယွမ်ရဲ့ စကားကို ကြားတော့ လူတိုင်း လန့်သွားပြီး တညီတညွတ်တည်း ပြောလာကြသည်။

ယင်းယန်အကယ်ဒမီ၏ လေ့ကျင့်ရေး နေရာဖြစ်သည့် ယင်းယန်ရေကန်သည် ယင်းနှင့် ယန် တို့ အတူယှဉ်တွဲနေပြီး ပြိုင်ဘက်ကင်းသော လေ့ကျင့်ရေး ဝိညာဥ်စွမ်းအင်များ ပိုင်ဆိုင်ထားပြီး မရေမတွက်နိုင်သော ကျောင်းသားများ အသည်းအသန် ဝင်ရောက်လိုသည့် နေရာဖြစ်သည်။

လုရွှမ်ဟာ ကျောင်းသား မဟုတ်သေးတဲ့အတွက် သူ့ကိုမခေါ်ယူခင်မှာ ဝင်ခွင့်ပေးခြင်းကတော့ ကျင့်ဝတ်နဲ့ ကျောင်းစည်းကမ်းတွေကို ဆန့်ကျင်သလို ဖြစ်နေသည်။

"ကျောင်းစည်းကမ်းက လူတွေက ဖန်တီးထားတာပဲ... သူက အကြီးအကဲဟူယွင် ပြောတဲ့အတိုင်း ဓားလမ်းကြောင်းအပေါ် သူ့နားလည်မှုက လူသားနဲ့ ဓား ပေါင်းစည်းမှု နယ်ပယ်ကို ရောက်နေသရွေ့ ယင်းယန်ရေကန်ထဲကို ဝင်ဖို့က ပြဿနာမရှိဘူး... ငါတို့ကျောင်းရဲ့ ရည်ရွယ်ချက်က ပါရမီရှင်တွေကို ပြုစုပျိုးထောင်ဖို့ပဲ... တကယ်လို့ ပါရမီရှင်တစ်ယောက်ကို လွှတ်လိုက်ရရင် နှမြောစရာကောင်းတယ်..."

အကြီးအကဲလုံယွမ်သည် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

လူနှင့်ဓားပေါင်းစပ်မှု နယ်ပယ်သည် အကယ်ဒမီ၏ ကျောင်းအုပ်ကြီး တစ်ဦးတည်းသာ အောင်မြင်နိုင်သည့် အခြေအနေတစ်ခုဖြစ်သည်။ သူ့တွင် ဤအရည်အချင်း အမှန်တကယ်ရှိလျှင် ကျောင်းစည်းကမ်းက ဘာအရေးကြီးသနည်း။ ကျောင်းစည်းကမ်းကို ဖောက်ဖျက်ရရင်တောင် ဒီပါရမီရှင်ကို ထိန်းထားရမည်။

"ယင်းယန်ရေကန်?" လုရွှမ် ရေရွတ်လိုက်သည်။

ယွမ်ယန်ကျင့်စဥ်၏ လေ့ကျင့်မှုသည် သန့်ရှင်းသော ယန်စွမ်းအင် တစ်ခုတည်း မဟုတ်သော်လည်း အရာခပ်သိမ်း၏ အရင်းအမြစ် ဖြစ်သည်။ ယင်းနှင့်ယန် ရောနှောထားသည့် ယင်းယန်ရေကန်သို့ သွားနိုင်ခဲ့ပါက သူသည် လေ့ကျင့်မှု တိုးတက်လာမည်မှာ သေချာပါသည်။

အဆင်မပြေပါက ကျင့်ကြံမှုအဆင့်ကို လျင်မြန်စွာ တိုးမြှင့်ကာ အဓိပတိနယ်ပယ်ကို အမြန်ဆုံး ဖြတ်ကျော်သွားနိုင်မည် ဖြစ်သည်။

"ကောင်းပြီ ကျုပ်ရဲ့ဓားစွမ်းရည်ကို ပြနိုင်တယ်!"

ဒါကိုတွေးကြည့်ပြီး လုရွှမ် မတတ်နိုင်ဘဲ ခေါင်းညိတ်လိုက်သည်။

"အမ်!"

သူ့သဘောတူချက်ကို မြင်ရတော့ အကြီးအကဲ လုံယွမ်နှင့် အကြီးအကဲ ဟူယွင်တို့သည် တစ်ချိန်တည်းမှာ သက်ပြင်းတစ်ချက် ချလိုက်ကြသည်။ ကျန်တဲ့သူတွေကတော့ မိုက်မဲတဲ့စကားများ မပြောဘဲ သူဘယ်လို အစွမ်းထက်တဲ့ ဓားပညာကို ပြသနိုင်မလဲ ဆိုတာကို စေ့စေ့ စောင့်ကြည့်နေကြ၏။

သို့သော် အချိန်အတော် ကြာအောင် ကြည့်နေပေမယ့် တစ်ဖက်လူက မလှုပ်မယှက် ဖြစ်နေတာကို တွေ့လိုက်ရ၏။

"မင်းရဲ့ဓားပညာကို ထုတ်ပြဖို့ ပြောနေတာ မဟုတ်ဘူးလား?"

"ဟုတ်တယ်လေ!" လုရွှမ် ရိုးသားစွာ ပြောလိုက်သည်။

"ဒါပေမဲ့ ကျုပ်မှာ ဓားမရှိဘူး!"

All Chapters