ဝမ့်ထျန်းနန်းဆောင်
Vol. 19 Ch. 3.24
တစ်ချက် ကြည့်လိုက်ရုံဖြင့် အကြီးအကဲလုံယွမ်၏ အမြင်တွင် လုရွှမ်သည် လူသားနှင့်ဓား ပေါင်းမှုနယ်ပယ်သို့ သေချာပေါက်ရောက်ရှိနေပြီ ဖြစ်သည်။ ဒါတင်မကသေးဘဲ သူ့အစွမ်းအစကိုလည်း ကောင်းကောင်းနားလည်လိုက်၏။
အဓိပတိနယ်ပယ်ပဲ။
သူသည် လွန်ခဲ့သော သုံးလခန့်ကပင် ထုံးရွှမ်နယ်ပယ်မှာ ရှိခဲ့သည်။ ထိုအချိန်တိုလေး အတွင်းတွင် အတုတံဆိပ်နယ်ပယ် နှင့် ဂိုဏ်းဆရာနယ်ပယ်ကို ဖြတ်ကျော်ခဲ့သည်။ ဤအရည်အချင်း တစ်ခုတည်းကို သူ့ကို ပြုစုပျိုးထောင်ရန် ငွေအမြောက်အမြား သုံးစွဲရကျိုး နပ်ပါသည်။
"အင်း!"
သူ့ကတိကို ကြားတဲ့အခါ လုရွှမ်က ခေါင်းညိတ်လိုက်သည်။ ယင်းယန်အကယ်ဒမီကို သူ သိပ်စိတ်မဝင်စားပေမယ့် ယင်းယန်ရေကန်ကိုတော့ သွားကြည့်ဖို့ စိတ်ကူးထားသည်။
ထိုနေရာတွင် ယင်း နှင့် ယန် ပေါင်းစပ်မှုစွမ်းအား ရှိခြင်းသည် သူ၏အဆင့်တိုးခြင်းအတွက် များစွာအထောက်အကူ ဖြစ်စေနိုင်၏။
အကြီးအကဲလုံယွမ် ကိုယ်တိုင် ကူညီပေးခြင်းဖြင့် ယင်းယန်အကယ်ဒမီသို့ ဝင်ရောက်ရန် ပိုမိုလွယ်ကူသွားသည်။ နေ့တစ်ဝက် မပြည့်မီတွင် လုပ်ထုံးလုပ်နည်းအားလုံး အဆင်သင့် ဖြစ်နေပြီဖြစ်ပြီး သူနှင့် မုယန်ဖုန်းတို့သည် အကယ်ဒမီဝင်းထဲတွင် လမ်းလျှောက်နေကြသည်။
အကယ်ဒမီကျောင်းဝင် အတွင်းတွင် တစ်ခုပြီးတစ်ခု ဆောက်လုပ်နေသည့် အဆောက်အဦအမျိုးမျိုးရှိသည်။ ဤမျှကြီးကျယ် ခမ်းနားသောနေရာကို မြင်သူတိုင်း အလွန်စိတ်လှုပ်ရှားပြီး စိတ်တည်ငြိမ်ရန် ခက်ခဲလိမ့်မည် ဖြစ်သည်။
သို့သော် သူကတော့ လုံးဝ မအံ့သြသလိုပဲ။
တစ်စုံတစ်ခုကို တိုင်းတာရသလို ဖြည်းညှင်းစွာ လမ်းလျှောက်ရင်း လူတွေကို ရှက်ရွံ့စွာ ကြည့်ကာ မြို့ထဲသို့ ဝင်သွားသော နိုင်ငံသူလေးနှင့် လုံးဝမတူချေ။
"စီနီယာလုရွှမ်... အရှေ့က အကြီးအကဲ လုံယွမ်ကိုယ်တိုင် စီနီယာအတွက် စီစဥ်ပေးထားတဲ့ ဝမ့်ထျန်းနန်းဆောင်ပါ"
ကျောင်းသားတစ်ယောက်က ရှေ့ကို လျှောက်လာရင်း ညွှန်ပြသည်။ အကြီးအကဲ လုံယွမ်သည် အရာအားလုံးကို စီစဉ်ပြီးနောက်တွင် တာဝန်ခံကျောင်းသားများကို စီစဉ်ပေးကာ အတန်းတက်ရန် သူ့အား ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးရန် မဖြစ်နိုင်ပေ။
ဒီကျောင်းသားက ထိုလူပင်။ ယင်းယန်အကယ်ဒမီမှ ကျောင်းသားများကို အပြင်ခန်းနှင့် အတွင်းခန်းဟူ၍ ခွဲခြားထားသည်။
အပြင်ခန်း ကျောင်းသား အားလုံးနီးပါးသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်အောက်ရှိ ကျွမ်းကျင်သူများ ဖြစ်သည်။ အတွင်းခန်း အတွင်းသို့ ဝင်ရောက်နိုင်ခြင်းဖြင့် ၎င်းတို့သည် ကောင်းကင် အတားအဆီးကို ဖြတ်ကျော်ပြီး သေမျိုးများ၏ ကန့်သတ်ချက်များကို ကျော်လွန်သွားပြီဟု ဆိုလိုရမည် ဖြစ်သည်။
လုရွှမ်က အခုမှ ရောက်လာပြီး သူ့ရဲ့ ခွန်အားက သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ကို မရောက်သေးတဲ့အတွက် အပြင်ဘက် ခြံဝင်းထဲကိုပဲ ဝင်သွားနိုင်သည်။
ကျန်းဝူအကယ်ဒမီ နှင့် မတူဘဲ အပြင်ခန်း သို့မဟုတ် အတွင်းခန်းတို့တွင် မည်သည့် အသက်အရွယ် ကန့်သတ်ချက်များ မရှိပါ။ ခွန်အား အဆင့်အလိုက်၊ နေအိမ်များကို စီစဥ်ပေးပြီး ဆုလာဘ်များနှင့် အမျိုးမျိုးသော ပစ္စည်းများကို ရယူနိုင်သည်။
ဝမ့်ထျန်းနန်းဆောင်သည် အပြင်ဝင်း အတွင်းရှိ အကောင်းဆုံး နေထိုင်ရာများထဲမှ တစ်ခုဖြစ်သည်။ ၎င်းသည် အပြင်ဝင်း တစ်ခုလုံးတွင် ထိပ်တန်းဆယ်ခုစာရင်းတွင် ပါဝင်နေသည်။ မရေမတွက်နိုင်သော လေ့ကျင့်သူများ အိပ်မက်မက်နေသည့် နေရာတစ်ခုလည်း ဖြစ်သည်။
လုရွှမ်ဟာ အကယ်ဒမီကို ဝင်လာပြီးတာနဲ့ သူ့ကို ဒီမှာ နေထိုင်ဖို့ စီစဉ်ပေးခဲ့သည်။ ဒါဟာ အကြီးအကဲလုံယွမ်က သူ့ကို အလေးအနက် ထားတယ် ဆိုတာ ပြောလို့ရ၏။
သူ့အတွက်ကတော့ သူဘယ်မှာနေနေ အရေးမကြီးပါပေ။ လေ့ကျင့်ရေး နည်းလမ်းများကို နားလည် သဘောပေါက်မှုအရ ယင်းယန်အကယ်ဒမီ၏ ကျောင်းအုပ်ကြီးပင်လျှင် သူနှင့် မနှိုင်းယှဉ်နိုင်ပါ။
သို့သော် ဝမ့်ထျန်းနန်းဆောင်တွင် လွတ်လပ်သော ဝင်းနှင့် နေအိမ် ရှိပြီး လူအများမသိနိုင်သော လျှို့ဝှက်ချက်များစွာ ရှိနေသောကြောင့် ဤနေအိမ်ကို သူ အတော်လေး ကျေနပ်နေသည်။
သို့သော် သာမန်အပြင်ခန်း တပည့်တိုင်းအတွက် ဤမျှကျယ်ဝန်းပြီး လွတ်လပ်သော အဆောင်များတွင် နေထိုင်ရန် မဖြစ်နိုင်ပေ။
"တွေ့လား? အဲဒါအသစ်ရောက်လာတဲ့ ကောင်ပဲ!"
"သူ့ကို အကြီးအကဲလုံယွမ်က လူကိုယ်တိုင် သွားတွေ့ခဲ့ရရုံမက အပြင်မှာ အချိန်အကြာကြီး စောင့်ခိုင်းထားတယ်လို့ ပြောတယ်!"
"တန်ဖိုးမရှိတဲ့ အရာလေးပါကွာ... သူ့ကိုယ်သူ တကယ်ကြီး ဉာဏ်ရည်ထက်မြက်တဲ့ ပါရမီရှင်တစ်ယောက်လို့ ထင်နေတာလား မသိဘူး!!"
"ရှူး.... မင်းအသံကို လျှော့ထား.... စီမီယာဟွမ်ချောင်က သူ့ကြောင့် အိပ်ခန်းကနေ ညတွင်းချင်း ရွှေ့ပေးလိုက်ရတယ်လို့ ငါကြားခဲ့တယ်!"
"စီနီယာဟွမ်ချောင်က အပြင်ခန်း ကျောင်းသားတွေထဲမှာ အဆင့်၁၀ ပါရမီရှင်လို့ ကြားတယ်... သူ့ကို ဝမ့်ထျန်းနန်းဆောင်က ထုတ်ပယ်လိုက်တော့ ဖြေသိမ့်ဖို့ ဒီလောက် မလွယ်ကူမှာကို ကြောက်ရတယ် "
"ဖြေသိမ့်ရမယ်? မင်းဘယ်လိုထင်လဲ? မင်း အမှားတစ်ခုမှ မလုပ်ဖူးဘဲ မင်းအိပ်ခန်းကို လူသစ်တစ်ယောက် အတွကိ စီစဉ်ပေးလိုက်မယ် ဆိုရင် မင်းဘယ်လိုခံစားရလဲ?"
"ငါသူ့ကိုသတ်ချင်တယ်!"
"ဒါဆို လုံလောက်ပြီ... စီနီယာဟွမ်ချောင်က ဝမ့်ထျန်းနန်းဆောင်မှာ အကြာကြီးနေနေပြီး သူ့ကိုနေရာပေးဖို့ ထိုင်စောင့်နေတယ်လို့များ ထင်လား?"
"ကြည့်လို့ကောင်းတဲ့ ကစားပွဲ ရှိလာပြီပေါ့...ဒီကောင်လေး နေရာတကာ အရိုက်ခံရတော့မှာ သေချာတယ်!"
"ဘယ်သူက မဟုတ်ဘူး ပြောလို့လဲ? အကယ်ဒမီကို စစရောက်ခါစမှာ နှိမ့်ချပြီး ထိန်းသိမ်းတာက ပိုကောင်းတယ် ရန်လိုဟန် ဆောင်နေရင်တော့ ကိုယ့်ကိုကိုယ် သေလမ်းရှာနေတာ မဟုတ်လို့ ဘာဖြစ်ဦးမှာလဲ"
လမ်းနှစ်ဘက်လုံးတွင် တိုးတိုးသာသာဖြင့် ဆွေးနွေးနေကြသည်။
လုရွှမ်သည် ယင်းယန်အကယ်ဒမီသို့ မ၀င်မီတွင် လူအများက ဒီသတင်းကို သိခဲ့ကြပြီး ယခုအခါ ဝမ့်ထျန်းနန်းဆောင်တွင် နေထိုင်ရန် စီစဉ်ထားသောကြောင့် လူအများသည် စိတ်လှုပ်ရှားစွာကြည့်ရှုရန် ပြေးလာကြသည်။
ဝမ့်ထျန်းနန်းဆောင်သည် အပြင်ခန်းမှ ထိပ်တန်းကျောင်းသား ၁၀ယောက် နေထိုင်ရာ နေရာဖြစ်ပြီး ဟွမ်ချောင်သည် နံပါတ် ၁၀ဖြစ်သည်။ ကျောင်းထဲသို့ ဝင်လာသောအခါ လူငယ်လေးများ သူ့ကို ဒေါသထွက်နေသည်မှာ အံ့ဩစရာ မရှိပေ။
"သခင်လေး"
ပတ်ဝန်းကျင်မှာ စိတ်လှုပ်ရှားစွာ ကြည့်နေတဲ့သူတွေ ပိုများလာတာ မြင်လိုက်ရတော့ အားလုံးက သူတို့ကို အရူးလုပ်နေကြတာကို မြင်ချင်နေကြရာ မုယန်ဖုန်း သူ့သခင်လေးအား စိုးရိမ်တကြီး ပြန်ကြည့်နေလိုက်သည်။
ယင်းယန်အကယ်ဒမီသည် ထူးချွန်သူများနှင့် ပြည့်စုံပြီး ၎င်းတို့အားလုံးသည် သန်မာကြသည်။ သူသည် အဓိပတိနယ်ပယ်သို့ ရောက်ရှိသွားသည့်တိုင် အနည်းငယ် ကြောက်စရာကောင်းသည်ဟု ခံစားရသေးသည်။
"ပြဿနာမရှိပါဘူး!"
လုရွှမ်က သူ့လက်တွေကို လုံးဝဂရုမစိုက်စွာ ဝှေ့ယမ်းလိုက်သည်။ သူ့အရင်ဘဝတုန်းကဆို ပိုလို့တောင် အငြင်းအခုံ ဖြစ်ခဲ့ဖူးသည်။ ဒီလိုအခြေအနေမျိုးကို သူဘယ်သွားသွား ကြုံခဲ့ရဖူး၏။
ဟွမ်ချောင်လို့ ခေါ်တဲ့လူကလည်း သူ့ကိုပြဿနာမရှာရင် ကိစ္စမရှိပေ။ ပြဿနာလာရှာရင် သူ့ဖက်ကလည်း သင်ခန်းစာ တစ်ခုလောက်ကတော့ ပေးရလိမ့်မည်။
သူသည် အဓိပတိနယ်ပယ်၏ အစောပိုင်းအဆင့်တွင်သာ ရှိသော်လည်း နည်းလမ်း အမျိုးမျိုးကို အသုံးပြု၍ တိုက်ခိုက်ပါက သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်အောက်တွင် သူ့တွင်ပြိုင်ဘက် မရှိသလောက် ဖြစ်ပြီး ကြောက်စရာ မရှိပေ။
"စီနီယာ... ဝမ့်ထျန်းနန်းဆောင်ကို ရောက်ပါပြီ... စီနီယာ အနားယူတာကို မနှောက်ယှက်တော့ပါဘူး... သွားခွင့်ပြုပါဦး!"
လမ်းတာဝန်ခံ ကျောင်းသားက ပတ်ဝန်းကျင်လေထု မူမမှန်တော့တာကို မြင်တော့ လှည့်ပြီးထွက်သွားလေ၏။ ဒီလိုကိစ္စမျိုးမှာ ဝင်မပါတာ ပိုကောင်းပါတယ်။ မဟုတ်ရင် ဘယ်လိုသေလို သေသွားရမှန်း သိမှာမဟုတ်ဘူး။
သူထွက်သွားတာကို မျက်နှာလွှဲပြီး လုရွှမ် စကားအများကြီး မပြောဘဲ သူ့ရှေ့က အခန်းကို မော့ကြည့်လိုက်သည်။
အပြင်ခန်းတွင် အကောင်းဆုံး အခန်းများထဲမှ တစ်ခုဖြစ်သည်။ ၎င်းသည် မြင့်ရုံသာမက ကျယ်ဝန်းသော ခြံဝင်းကျယ်ကြီးလည်း ပါရှိသည်။ အဝေးမှ ကြည့်လျှင် အိမ်ကြီးတစ်ခုလိုပင်။
"ဝိညာဥ်စွမ်းအင်က တခြားနေရာတွေထက် သုံးဆ ရှိနေတာပဲ!"
ကျယ်ဝန်းသည်ထက် အဓိကအချက်မှာ မြေအောက်တွင် ဝိညာဥ်စွမ်းအင် ကြွယ်ဝသည့် ဝိညာဉ်စုစည်းခြင်း အခင်းအကျင်းကို ခင်းကျင်းထားသောကြောင့် လူများကို အသက်ရှုပြီးနောက် သက်တောင့်သက်သာ ဖြစ်စေသည်။ ဤသို့ဆိုလျှင် သူ၏တိုးတက်မှုနှုန်းသည် မလွဲမသွေ များပြားလာမည် ဖြစ်သည်။
ကျောင်းရှိ ကျောင်းသားများသည် ဤကဲ့သို့သော နေရာမျိုးအတွက် အပြင်းအထန် လေ့ကျင့်လိုကြသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။ ဝိညာဉ်စွမ်းအင် တစ်ခုတည်း၏ အာရုံစူးစိုက်မှုသည် လူများစွာကို စွန့်လွှတ်ရန် ခက်ခဲစေသည်။
"ရပ်လိုက်ပါ... ဒါက စီနီယာဟွမ်ချောင်ရဲ့ အိပ်ခန်းပဲ...မဆိုင်တဲ့လူတွေ ဒီနေရာကနေ ထွက်သွားသင့်တယ်!"
သူ့ရှေ့ကို မရောက်ခင်မှာ လူတစ်ယောက် ထွက်လာပြီး သူ့ရှေ့မှာ အေးစက်စက် အငွေ့အသက်တွေနဲ့ ရပ်နေလေ၏။ အသက် ၂၀ ကျော်၊ ခိုင်ခံ့သော ၀တ်စုံကို ဝတ်ဆင်ကာ ဓားကြီးတစ်လက်ကို ကိုင်ဆောင်လျကိ ပေါ်လာသောအခါတွင် သူသည် လုရွှမ်တို့ကို မထီမဲ့မြင်ပြုကာ ကြည့်နေသည်။
"စီနီယာဟွမ်ချောင်ရဲ့ အိပ်ခန်း? အကြီးအကဲလုံယွမ်က သူ့ကို ဖယ်ခိုင်းလိုက်ပြီမလား? အခုဒါက ငါတို့သခင်လေးရဲ့ နေရာပဲ!"
မုယန်ဖုန်းက ဝင်ဆိုလိုကိသည်။
"မင်းတို့ရဲ့ သခင်လေး?"
လူငယ်က မျက်ခုံးပင့်ကာ လုရွှမ်ကို ပြန်ကြည့်၍ ပေါ့ပေါ့ပါးပါး ရယ်မောရင်း
"နောက်ဖေးတံခါးက ဝင်လာတဲ့ကလေးက ဒီမှာနေဖို့ ဘာအခွင့်အရေး ရှိလို့လဲ? ငါ မင်းကို အခွင့်အရေး ပေးမယ်... ချက်ချင်း ထွက်သွားလိုက်တော့ ဒါဆို ဘာမှမဖြစ်ခဲ့ဘူး ဆိုပြီး ဟန်ဆောင်ပေးထားမယ်... မဟုတ်ရင်တော့ အကြီးတွေကို ဘယ်လို လေးစားရမယ် စည်းကမ်းက ဘာကိုဆိုလိုသလဲ ဆိုတာ သင်ပြရလိမ့်မယ်!!"
"အတင့်ရဲလိုက်တာ! မင်းက အကြီးအကဲလုံယွမ်ရဲ့ အမိန့်ကို အာခံချင်နေတာလား?"
မုယန်ဖုန်း၏ မျက်နှာသည် မည်းမှောင်သွားသည်။
"အမိန့်ကို အာခံတယ်?? ငါ့ကို ပြန်ချေပဖို့ အကြီးအကဲလုံယွမ်ရဲ့ နာမည်ကို လာမသုံးနဲ့....အကယ်ဒမီမှာ စည်းကမ်းတွေ အများကြီး မရှိဘူး ခွန်အားက ပထမပဲ.. နောက်ဖေးက ဝင်လာတဲ့ လူကများ!! အခုချက်ချင်း ထွက်သွား!! မဟုတ်ရင်တော့ နောင်တရနေရလိမ့်မယ်!"
လူငယ်၏လက်ထဲမှ ဓားရှည်သည် တုန်ခါသွားပြီး လေထဲတွင် အသံတစ်ခုနှင့်အတူ လုရွှမ်နှင့် နှင့် သူတို့နှစ်ယောက် ကြားတွင် ပေါ်လာ၏။ ဓားပိုင်ရှင်က လုရွှမ်အား အေးစက်စက် မာနကြီးစွာ ကြည့်လိုက်သည်။
သူ မလှုပ်ပေမယ့် တစ်ဖက်လူရဲ့ ခန္ဓာကိုယ်ပေါ်က အငွေ့အသက်တွေ ထွက်လာရာ အဓိပတိနယ်ပယ် အစောပိုင်းအဆင့် ဆိုတာ သိလိုက်ရသည်။