← Chapters

ကျောင်းရွှမ်

Vol. 19 Ch. 3.25

ကျောင်းရွှမ်

Vol. 19 Ch. 3.25

"ကြည့်လို့ကောင်းတဲ့ ကစားပွဲလေးတော့ လာပြီ"

"ဒီလို ရူးသွပ်နေတဲ့ လူသစ်က သေချာပေါက် ဒုက္ခရောက်လိမ့်မယ်!"

"ဒါက ထိုက်တန်ပါတယ်... သူ့ကိုဘယ်သူက ဒီလောက် ကြမ်းကြမ်းတမ်းတမ်း ပြုမူခိုင်းလို့လဲ? အမည်စာရင်းသွင်းဖို့ နောက်ကျနေတာ မပြောနဲ့သူရောက်လာတာနဲ့ ဒီမှာပဲ ချက်ချင်း နေရတာပဲ... ဒါဟာ ရိုးရိုးရှင်းရှင်း အမုန်းတရားတွေ ဖြန့်နေတာပဲ!"

"စီနီယာဟွမ်ချောင်က သူ့ကို ဘာလုပ်မယ်လို့ မင်းထင်လဲ?"

"ပြောစရာတောင် မလိုဘူး... စီနီယာဟွမ်ချောင်က ရက်စက်တဲ့ လူတစ်ယောက် အနေနဲ့ ငါတို့ရဲ့အပြင်ခန်းမှာ နာမည်ကြီးတယ်လေ သူ့အငယ်တွေကို စော်ကားရင် မင်းသေတဲ့အထိ အရိုက်ခံရမှာကို ကြောက်ရတယ်ကွ!"

"ခြေတွေလက်တွေ အချိုးခံရရင် အကြီးအကဲက ဂရုစိုက်ပါ့မလား?"

"ငါတို့ ယင်းယန်အကယ်ဒမီက ခွန်အားကို အဓိကထားတယ်.. ခွန်အားမရှိတဲ့ ကျောင်းသားတစ်ယောက် အသတ်ခံရရင် အကြီးအကဲတွေလည်း ဝင်ရောက် စွက်ဖက်ပိုင်ခွင့် မရှိဘူး"

"အင်း ဒီကလေးတော့ ကံဆိုးနေပုံပဲ"

လုရွှမ်နဲ့ မုယန်ဖုန်းကို ပိတ်ဆို့ထားတဲ့ လူငယ်ကို မြင်လိုက်ရတော့ ရင်ခုန်စိတ်လှုပ်ရှား ရတော့မယ်ဆိုတာ လူတိုင်းသိလိုက်သည်။

ဟွမ်ချောင်သည် ပြင်ပခန်း၌ အဆင့် ၁၀ သာရှိသော်လည်း သူ၏ ခွန်အားကို လျှော့မတွက်သင့်ပေ။ ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများဖြင့် သူ့ကို စော်ကားသူများကို လက်စားချေတတ်၏။ လူတိုင်း၏အမြင်တွင် ဤလူငယ်သည် သေလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

"ဘာလဲ? မင်းကငါ့ကို တကယ် လှုပ်ရှားစေချင်တာလား?"

ဗုန်း!

ဆွေးနွေးမှုကြားတွင် ဓားကိုင်ထားတဲ့ လူငယ်က သူ့တစ်ကိုယ်လုံးကို လှုပ်ခါလိုက်ကာ မခံမရပ်နိုင်သော ရောင်ဝါများ ရုတ်တရက် ထွက်ပေါ်လာသည်။ သူ့လက်ထဲက ဓားရှည်နဲ့ ပေါင်းစပ်ထားတဲ့ အဓိပတိနယ်ပယ်ရဲ့ ရောင်ဝါက လူတွေကို တောင့်မခံထားနိုင်တဲ့ ခံစားချက်ကို ပေးစွမ်းနိုင်၏။

အဓိပတိအဆင့်သာ ရှိသော်လည်း ဝူယန်အင်ပါယာ၏ ဘုရင်မင်းမြတ် ဟန်ချီသည်ပင် အလယ်အလတ်အဆင့် ဖြစ်ခဲ့သော်လည်း သူ့အတွက် ပြိုင်ဘက် မဟုတ်ခဲ့ပေ။

"သန်မာလွန်းတယ်ကွာ!"

"စီနီယာကျောင်းရွှမ် လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က စီနီယာဟွမ်ချောင်ရဲ့ နောက်ကို လိုက်ခဲ့တာ... သူရဲ့ လေဟုန်ဓား ၁၃ကွက်မှာ ၇ကွက်လောက်အထိ သင်ယူခဲ့တယ်လို့ ပြောကြတယ်။ သူ့ရဲ့ဓားစွမ်းရည်ကို ထက်မြက်ဖို့အတွက် ဝိညာဉ်သားရဲတောင်ကြားကို အမဲလိုက်သတ်ဖို့တောင် သွားခဲ့တယ်တဲ့ အမျိုးအမည်မသိတဲ့ ရက်စက်တဲ့ အကောင်တွေကို သတ်ခဲ့တဲ့ သူ့ခန္ဓာကိုယ်ပေါ်က သွေးတွေက ပြင်းထန်လွန်းတယ်... သာမန်လူတွေက တိုက်ခိုက်ဖို့ နေနေသာသာ သူတို့ကို ကြည့်ရုံနဲ့ သေတဲ့အထိ ခြောက်လန့်နိုင်တယ်!”

"လေဟုန်ဓား၁၃ကွက်က စီနီယာဟွမ်ချောင်ရဲ့ ထူးခြားတဲ့ စွမ်းရည်လို့ ကြားဖူးတယ်... သူက အကြီးစား အောင်မြင်မှု အဆင့်ထိ လေ့ကျင့်ထားပြီးပြီတဲ့ သူ့လမ်းညွှန်မှုနဲ့ဆို စီနီယာကျောင်းရွှမ်ရဲ့ စွမ်းအားက အရမ်းကြောက်ဖို့ကောင်းမှာ သေချာတယ်!"

ဓားကိုင်ထားသည့် လူငယ် ကျောင်းရွှမ်သည် မလှုပ်မယှက် ရပ်နေတာကပင် တွန်းလှန်ရခက်သည့် ခံစားချက်ကို ပေးစွမ်းနေပြီး လူအုပ်ကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။

အကယ်ဒမီမှာ ဟွမ်ချောင်လို့ မပြောခင် ကျောင်းရွှမ် တစ်ယောက်တည်းက ရက်စက်တဲ့လူ ဖြစ်ကြောင်း ပြောလိုက်ရင်ကို လူအများကို ကြောက်လန့်သွားစေနိုင်သည်။

သို့သော် လုရွှမ် အတွက်တော့ သူ့အရင်ဘဝက ဘယ်လို ရက်စက်ကြမ်းကြုတ်တဲ့ လူမျိုးကို မတွေ့ဖူခဲ့တာ မရှိဘူး။ ကမ္ဘာပေါ်တွင် နံပါတ်တစ်လူဟု လူသိများသော နတ်ဆိုးဧကရာဇ် ချုံလူတောင် သူ့လက်ထဲမှာ အသတ်ခံခဲ့ရတာ။ သေးငယ်တဲ့ ကျောင်းသားလေးက ဘာဂရုစိုက်စရာလိုလဲ။

"မသေစေနဲ့!"

တစ်ဖက်လူ၏ မောက်မာမှုကို လျစ်လျူရှုရင်း လုရွှမ်သည် မုယန်ဖုန်းဘက်ကို လှည့်ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"ဟုတ်ကဲ့!"

မုယန်ဖုန်းက ခေါင်းညိတ်ပြပြီး အရှေ့ တက်လာခဲ့သည်။

"အဟွတ် အဟွတ်... သူ ဘာပြောလိုက်တယ်?"

"မသေစေနဲ့??... တကယ်ကြီးလားဟ??"

"သူရူးနေတာလို့ပဲ ကြားခဲ့တာ သူတကယ် ရူးနေတာပဲဟ"

လုရွှမ်ရဲ့ ဆုံးဖြတ်ချက်ကို ကြားတော့ လူတိုင်းမှာ တံတွေးနဲ့ ရင်ဆို့လုမတတ် ဖြစ်သွားသည်။ ဒီလိုအခြေအနေမျိုးမှာ ဒီလူသစ်က အနားကိုရှောင်ပြီး လှည့်ထွက်သွားမယ်လို့ တွေးလိုက်မိတာလေ။

"သေလမ်းကို ရှာနေတာပဲ!"

ကျောင်းရွှမ်က တစ်ဖက်လူဟာ ဒီလိုစကားမျိုးပြောဖို့ မမျှော်လင့်ထားကာ သူ့မျက်နှာက ဒေါသတွေနဲ့ နီမြန်းလာပြီး လက်ထဲက ဓားကြီးကို ကိုင်လိုက်ပြီး လုရွှမ်ဆီကို တည့်တည့် ပြေးဝင်လာတော့သည်။

"မင်းရဲ့ ပြိုင်ဘက်က ငါပဲ... မင်း ငါတို့သခင်လေးကို တိုက်ခိုက်ချင်ရင်တောင် မင်းမှာ အဲ့အရည်အချင်း မရှိသေးဘူး!"

မုယန်ဖုန်းက ကဲ့ရဲ့ပြီး သူ့နောက်ကို တစ်ချက် ဆွဲထုတ်လိုက်တဲ့အခါ သူ့လက်ဖဝါးထဲ လှံတစ်ချောင်း ပေါ်လာသည်။ လက်ဖဝါးကို လှုပ်ခါလိုက်ပြီး ရှေ့တည့်တည့်က ဓားကို တားဆီးထားလိုက်သည်။

ဒီလှံကို ဆိုင်ပိုင်ရှင် သူဌေးက ပေးလိုက်တာပဲ ဖြစ်သည်။ အကြီးအကဲလုံယွမ်သည် အကယ်ဒမီသို့ ဝင်ခွင့်အတွက် စီစဉ်ပေးသည့် အချိန်အတွင်း ၎င်းကို သေချာစွာ သန့်စင်ပြီးသား ဖြစ်သည်။ သူ၏ ခွန်အားကို မြှင့်တင်ရန်အတွက် လုရွှမ်က သူ့ကို လက်တည့်မတ်မှု၊ ကျွမ်းကျင်မှု အစုံအလင်ကို သင်ကြားပေးခဲ့သည်။

အပြည့်အစုံ မလေ့လာရသေးပေမယ့် အသွင်အပြင်တစ်ခု ရှိပြီးသား ဖြစ်သည်။ တစ်ချက်တည်းဖြင့် လှံရှည်သည် လေထဲသို့ ထိုးဖောက်ဝင်ရောက်ကာ ကျောင်းရွှမ်၏ ဓားသွားလမ်းကို ပိတ်ဆို့လိုက်သည်။

လှံရှည်က တိုးဝင်လာပြီ။ အကယ်၍ ကျောင်းရွှမ် သူ့ရဲ့တိုက်ကွက်ကို မပြောင်းပါက လုရွှမ်အနား မရောက်ခင် သူ့ခန္ဓာကိုယ်က အဖောက်ခံလိုက်ရလိမ့်မည်။

"ဟမ့်!"

အခြေအနေက စိုးရိမ်ရမှန်းသိတော့ ကျောင်းရွှမ်သည် လုရွှမ်ကို မတိုက်ခိုက်တော့ဘဲ သူ့ဓားကို လှည့်ပြီး လှံရှည်ဆီ တိုးဝင်သွားသည်။

သို့သော် ယခုအချိန်တွင် မုယန်ဖုန်းသည် သူ၏ နည်းဗျူဟာကို ပြောင်းလဲနေပြီ ဖြစ်ပြီး လှံဖြင့် သုတ်သင်ခြင်းကဲ့သို့သော လှည့်ကွက်များ သဲသဲမဲမဲ ရွာချလာခဲ့သည်။

"တော်လိုက်တာ!"

"လုရွှမ်ရဲ့ ကိုယ်ရံတော်က အဲ့လောက်တောင် အစွမ်းထက်တယ်??"

"ဒါက မိသားစု နောက်ခံကောင်းနဲ့ ခိုင်ခံ့တဲ့ အစောင့်အကြပ်ကို မှီခိုနေရတာပဲလေ"

မုယန်ဖုန်း၏ လှံရှည်သည် လေပြင်းနှင့် မိုးများကဲ့သို့ တစ်ချက်ပြီးတစ်ချက် ကျလာသည်ကို မြင်လိုက်ရသဖြင့် လူတိုင်း တိတ်တိတ်ဆိတ်ဆိတ် မနေနိုင်တော့ဘဲ ဆွေးနွေးပြန်သည်။

ပထမဆုံး လှုပ်ရှားမှုဖြင့် လူတိုင်းသည် မုယန်ဖုန်း၏ စစ်မှန်သော စွမ်းအားမှာ အဓိပတိနယ်ပယ် အလယ်အလတ် အဆင့် ဆိုတာကို တွေ့လိုက်ရသည်။

လက်ရည်က သိပ်မကွာသော်လည်း အဆင့်က အနည်းငယ် ပိုမြင့်သောကြောင့် တိုက်ပွဲ၏ရလဒ်ကို မစဉ်းစားဘဲ ခန့်မှန်းနိုင်သည်။ ထိုသခင်လေးက သူ့လက်အောက်ငယ်သားကို မသတ်ဖို့ ပြောတာက ကြွားလုံးထုတ်တာ မဟုတ်ဘူးပဲ။

ဗုန်း!

လှံရှည်ထိပ်နှင့် ဓားတို့ ထိခတ်သွားသောအခါ ကျောင်းရွှမ်သည် ၇လှမ်း ၈လှမ်း ဆက်တိုက် နောက်ပြန်ဆုတ်သွားရပြီး သူ့မျက်နှာက နီရဲလာကာ ပါးစပ်ကလည်း သွေးများ စီးကျလာသည်။

ဆက်တိုက် လှုပ်ရှားမှုများ ရှုံးနိမ့်ပြီးနောက် သူခွန်အားက ထိန်းမနိုင်သိမ်းမရ ဖြစ်လာသည်။ သူသည် မုယန်ဖုန်း၏ ပြိုင်ဘက် လုံးဝမဟုတ်ပေ။

"မင်းရဲ့သခင်ကို ခေါ်လိုက်... မင်းက ငါ့ပြိုင်ဘက် မဟုတ်ဘူး!"

လှံရှည်ကို ဘေးမှာထောင်ထားရင်း မုယန်ဖုန်းမှ ဆိုလိုက်သည်။

သူဒီနေ့ဒီလို အချိန်မျိုး ရှိလာမယ်လို့ ဘယ်တုန်းကမှ စိတ်ကူးမယဉ်ခဲ့ဖူးဘူး။ အဲဒီတုန်းက သူဟာ အောက်နိုင်ငံငယ်လေးမှာ ပါရမီရှင်တစ်ယောက်ပဲ။ ငယ်ငယ်တုန်းကလည်း အထက်နိုင်ငံတော်ရဲ့ အမြင့်ဆုံး အကယ်ဒမီမှာ အစွမ်းမပြနိုင်ပေ။

ဒါပေမဲ့ ဒီအချိန်မှာ တကယ်ဖြစ်လာပါပြီ။

"စီနီယာဟွမ်ချောင်ကို မလိုအပ်ဘူး... ငါဆိုရင် လုံလောက်ပြီ!"

ထိုကဲ့သို့ မထီမဲ့မြင်ပြုသော စကားကိုညကြားတော့ ကျောင်းရွှမ် မျက်နှာသည် နီမြန်းလာသည်။ သူ့လက်ထဲတွင် ဓားကြီးတစ်ချောင်းကို ကိုင်ထားရင်း သူ့နောက်မှ တိုးညှင်းသောအသံကို ကြားလိုက်ရသည်။

"ကောင်းပါပြီ... မင်းသွားတော့ မင်းက သူ့အတွက် ပြိုင်ဘက်မဟုတ်ဘူး!"

တံခါးဖွင့်သံကို ကြားလိုက်ရပြီး လူငယ်တစ်ယောက် ထွက်လာသည်။

ဤလူငယ်သည် အသက်နှစ်ဆယ် ကျော်သာရှိသေးပြီး သူ၏မျက်လုံးများသည် ဒေါသမထွက်ဘဲ ကြီးကျယ်ခမ်းနားပြီး သာလွန်အားကောင်းသော အသွင်အပြင်ရှိကာ လူတို့အား ဖိနှိပ်ချုပ်ချယ်မှုကို ပြင်းထန်စွာ ခံစားရစေသည်။

"စီနီယာဟွမ်ချောင် ထွက်လာပြီ!"

"ဟေ့ စီနီယာဟွမ်ချောင် ကိုယ်တိုင်က ထွက်လာပြီဆိုတော့ ကောင်လေး အသစ်ကတော့ ဒုက္ခရောက်ပြီ!"

"စီနီယာဟွမ်ချောင်က အဓိပတိနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်ဖြစ်ပြီး သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်က ဝိညာဥ်သားရဲ လက်ထဲကနေတောင် လွတ်အောင်ရုန်းနိုင် ခဲ့တာတဲ့ သူ့ခွန်အားက တကယ်ကို ထူးကဲတာ!"

"သူ့ရဲ့လေဟုန်ဓား ၁၃ကွက်ကို ဘယ်သူမှ မခုခံနိုင်ဘူး...."

"စီနီယာဟွမ်ချောင်က ဒီ မသိနားမလည်တဲ့ ကောင်လေးကို ဘယ်လို သင်ပေးမလဲ ကြည့်လိုက်ရအောင်... ယင်းယန်အကယ်ဒမီက ဘယ်လောက် အစွမ်းထက်လဲ ဆိုတာ သိသွားစေရမယ်..."

"စီနီယာဟွမ်ချောင်က ငါ့ရဲ့စံပြပုဂ္ဂိုလ်ပဲ... ဒီနေ့တော့ သူတိုက်ခိုက်တာကို ပြန်မြင်ရပြီ"

လူငယ်လေး ပေါ်လာတာကို မြင်တော့ လူတိုင်းက ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး သဘောကျတဲ့ အရိပ်အယောင်တွေ ပြသလာကြသည်။ ဟွမ်ချောင်သည် ယင်းယန်အကယ်ဒမီတွင် ပရိသတ်များစွာရှိပြီး အများစုမှာ သူ၏ သစ္စာစောင့်သိသူများ ဖြစ်သည်။

သူပေါ်လာသည်နှင့် ချက်ချင်းဆိုသလိုပင် မရေမတွက်နိုင်သော ရုတ်ရုတ်သဲသဲများ ဖြစ်လာပြီး ပရိသတ် အများအပြားက သူ့အား အစွမ်းကုန်ထုတ်ပြချင်သည့် စိတ်ဖြင့် စိတ်လှုပ်ရှားစွာ ကြည့်ရှုနေကြသည်။

ပြီးတော့ သူကိုယ်တိုင်ကလည်း လုရွှမ်နဲ့ မုယန်ဖုန်းကို အေးတိအေးစက် တိတ်တိတ်လေး ကြည့်နေပုံက မာနကြီးတဲ့ မင်းသားတစ်ယောက်လိုပဲ။

"ချက်ချင်း ဒူးထောက်ပြီး တောင်းပန်.... မင်းရဲ့ ကျင့်ကြံမှုကို ဖျက်သိမ်းပြီး ထွက်သွား!! ဒါဆို ငါလည်း ဒီနေ့ ငါ့အိမ်ဝင်းထဲကို ဖောက်ထွင်းဝင်ရောက်တာကို မေ့ထားပေးမယ်... မဟုတ်ရင် မင်းဘာသာ အကြီးအကဲလုံယွမ်က စုဆောင်းလာသူ ဖြစ်ဖြစ် ဒါမှမဟုတ် ဘယ်လို ပါရမီရှင်မျိုးပဲ ဖြစ်ဖြစ် ငါက မင်းစော်ကားဖို့ မဟုတ်တဲ့လူဆိုတာ ပြောပြရလိမ့်မယ်!"

သူ့လက်ကို လှန်လိုက်သည်နှင့် အေးစက်ပြီး မာနကြီးသော အသံတစ်ခု ထွက်ပေါ်လာသည်။

တစ်ဖက်လူ၏ မာနကြီးသော စကားကို ကြားပေမယ့် လုရွှမ်သည် ခေါင်းကိုခါကာ အပိုစကားများ ပြောရန် ပျင်းလွန်းသဖြင့် ပါးစပ်ကို ဖွင့်၍ စကားတစ်ခွန်းသာ ပြောလိုက်သည်။

"လစ်စမ်း!"

All Chapters