ဟွမ်ချောင်
Vol. 19 Ch. 3.26
"အာ?"
"သူက စီနီယာဟွမ်ချောင်ကို လစ်စမ်းလို့ ပြောလိုက်တာလား?"
"တကယ်လား?? ဒီကလေးက တကယ် ရူးနေတာလား"
"မြည်းတစ်ကောင်က သူ့ဦးနှောက်ကို ကန်သွားတာ ဖြစ်မယ်!"
လုရွှမ်၏ မာနကြီးသော စကားလုံးများကို ကြားလိုက်ရတော့ လူတိုင်း ရင်တထိတ်ထိတ်ဖြင့် ဖြစ်သွားသည်။
ဒါဘယ်သူလဲ?
ပြင်ပအခန်တွင် ထိပ်တန်းဆယ်ယောက်အနက် ဟွမ်ချောင်သည် အဓိပတနယ်ပယ် ပြီးပြည့်စုံခြင် အဆင့်ဖြစ်သည်။ သူ့ကိုမြင်သူတိုင်း နှိမ့်ချပြီး နာခံမှုရှိရှိနဲ့ “စီနီယာ” ဟုခေါ်ကြလိမ့်မည်။ သို့သော် အသစ် ရောက်လာသူကတော့ သူ့ကိုလစ်စမ်းဆိုတဲ့ စကားသာ ပြောလိုက်သည်။
တကယ့် အရူးပဲ!
"မင်းဘာပြောလိုက်တယ်?"
ဟွမ်ချောင်၏ မျက်နှာသည် နီရဲနေပြီး အသစ်တစ်ယောက်က ဒီလောက် မာနကြီးမည်ဟု သူမျှော်လင့်မထားသည်မှာ ထင်ရှားလေသည်။
"ငါတို့သခင်လေးက မင်းကို သွားခိုင်းနေတာ မင်းနားမကြားဘူးလား?"
မုယန်ဖုန်း ပြုံးလိုက်သည်။ လုရွှမ်နောက်ကို အချိန်အတော်ကြာ လိုက်ပြီးနောက် ဤ "အရူး" စိတ်ဓာတ်ကို သူ အနည်းငယ် သင်ယူခဲ့သည်။
"မဆိုးဘူး!"
မုယန်ဖုန်းကို အေးစက်စွာ ကြည့်နေပြီးနောက် လုရွှမ်ကို ကြည့်လိုက်သည်။ ထိုလူနှစ်ယောက်ရဲ့ အသွင်အပြင်ကို ကြည့်၍ ဟွမ်ချောင်ရဲ့ နှုတ်ခမ်းထောင့်စွန်းများ ကွေးညွတ်သွား၏။
"ကောင်းကင်နဲ့ မြေကြီးရဲ့ အနိမ့်အမြင့်ကို မသိတဲ့ လူသစ်လေး မင်းက ဘာမှ မသိပါဘူးပဲကွ!! မင်းစော်ကားနေတဲ့ လူက ဘယ်သူမှန်းတောင် မသိပါဘူး မာန်မာနထောင်လွှားပြီး မိုက်မဲသူတွေက များသောအားဖြင့် သနားစရာလေးတွေ ဖြစ်သွားတတ်ကြတယ်"
တစ်ဖက်လူက အရမ်းရူးနေတာကို မြင်သော် လုရွှမ်က ခေါင်းခါပြီး အဓိပ္ပါယ်မဲ့စကားတွေ ထပ်ပြောရဖို့ ပျင်းလွန်းတာကြောင့် ဝမ့်ထျန်းနန်းဆောင်ဆီကို လျှောက်သွားလေသည်။
တစ်ဖက်လူက မောက်မာလွန်းကာ သူကလည်း စကား ပြောဖို့ ပျင်းတယ်လေ။ တကယ် ဒုက္ခရောက်ချင်နေတယ် ဆိုရင်တော့ ကြီးကျယ်ခမ်းနားတဲ့ အရူးဧကရာဇ်ကလည်း ကြောက်နေမှာ မဟုတ်ဘူး။
"အရူးကောင်!! မင်းကငါ့ကို စိန်ခေါ်တယ်ပေါ့ မင်းရဲ့အစွမ်းသတ္တိက မင်းရဲ့စရိုက်နဲ့ တူပါ့မလား ကြည့်ရသေးတာပေါ့!"
သူ့အား လျစ်လျူရှုထားပြီး ဝမ့်ထျန်းနန်းဆောင်ဆီသို့ လျှောက်သွားနေရာ ဟွမ်ချောင် ဒေါသများ ပေါက်ကွဲထွက်လာ၏။ သူ့မျက်နှာသည် ယခင်ကလို မဟုတ်တော့ဘဲ ပို၍ပင် ပုံပျက်ပန်းပျက် ဖြစ်သွားသည်။ သူ့လက်ကြီးကို ဆန့်တန်းကာ လုရွှမ်ကို ဖမ်းဆုပ်လိုက်သည်။
"ဟမ့်!"
မုယန်ဖုန်းသည် အေးစက်စက် အသံကို ထုတ်လိုက်တဲ့ အခိုက် လှံသည် အဆိပ်ပြင်းသော နဂါးတစ်ကောင်ကဲ့သို့ တစ်ဖက်လူဆီကို တည့်တည့် တိုးဝင်သွားသည်။
ပြိုင်ဘက်သည် သန်မာသည်ဟု သိထားတဲ့အတွက် ဤလှံအတွက် သူ၏ခွန်အား အားလုံးကို အသုံးပြုခဲ့သည်။ ခွန်အား ၂သိန်း ကျော်၏ ကောင်းချီးအောက်တွင် လှံသည် ပြိုးပြိုးပြက်ပြက်ပြက် အလင်းရောင်ဖြင့် ရောင်ပြန်ဟပ်နေသော ဧရာမနဂါးကြီးနှင့်တူလေသည်။
ဝုန်း!
သူတို့ရှေ့မရောက်ခင် လေပြင်းက ပတ်ဝန်းကျင်မြေကို ဖြိုခွဲလိုက်ပြီး ကျောက်ဆောင်တွေ၌ အက်ကွဲကြောင်းတွေ ပေါ်လာ၏။ ဒီလှုပ်ရှားမှုကို ကြည့်ရုံနဲ့ အဓိပတိနယ်ပယ် အစွမ်းထက်သူနဲ့သာ ထိပ်တိုက်တွေ့ခဲ့ရင် ရှောင်ကြရမယ်ဆိုတာ လူတိုင်းသိပါသည်။
"ဒါက တိုက်ကွက်ကောင်း တစ်ခုပါပဲ... ဒါပေမဲ့ ငါ့အတွက်ကတော့ ညံ့တာထက်ကို ဝေးနေသေးတယ်!"
အေးစက်စွာ ပြုံးရင်း ဟွမ်ချောင်သည် လက်ဖဝါးကိုလှည့်၍ မရှောင်လွှဲဘဲ လေထဲတွင်ပင် လှံရှည်ကို ဖမ်းဆုပ်ထားလိုက်သည်။
မုယန်ဖုန်း၏ လှံသည် ဖမ်းမိသွားသော မြွေတစ်ကောင်ကဲ့သို့ ချက်ချင်းပင် လျင်မြန်မှုများ ပျောက်ဆုံးသွားသည်။
မုယန်ဖုန်းမှာ အလယ်အလတ် အဆင့်တွင်သာရှိပြီး လက်တည့်ကျွမ်းကျင်မှုကို သင်ယူထားပေမယ့် ၎င်းကို လေးလေးနက်နက် နားလည်ခြင်း မရှိသောကြောင့် ပြိုင်ဘက်၏ လက်ဖဝါးကို လုံးဝမခုခံနိုင်ခဲ့။
ဗုန်း!
လေပြင်းတိုက်မှုကြောင့် မုယန်ဖုန်း၏ အမူအရာ ပြောင်းလဲသွားကာ ခြေလှမ်းအနည်းငယ် ဆက်တိုက် နောက်ပြန်ဆုတ်သွား၍ သွေးများဆူပွက်လာပြီး ခြေဖဝါးများပင် မတည်မငြိမ် ဖြစ်သွားသည်။
တစ်ချက်လှုပ်ရုံနဲ့ ပြိုင်ဘက်က လက်နက်တောင် မသုံးနိုင်တော့ဘဲ ရှုံးသွားတဲ့အထိ နှစ်ယောက်ဟာ တူညီတဲ့ အဆင့်မှာ မရှိကြချေ။
"ကောင်လေး မင်းလည်း ဒီကနေ လစ်လိုက်တော့!"
မုယန်ဖုန်းကို တစ်ချက်တည်းဖြင့် အနိုင်ယူပြီးနောက် ဟွမ်ချောင်သည် အေးစက်စွာ ပြုံးကာ လုရွှမ်ကို နောက်တစ်ကြိမ် ထပ်ဖမ်းဆုပ်လိုက်သည်။ သူသည် မိမိအင်အားကို ထိန်းသိမ်းထားပြီး လက်နက်ကို အသုံးမပြုပေ။
"စီနီယာ လှုပ်ရှားနေပြီ!"
"ဒီကောင်တော့ ကံဆိုးပြီပဲ!"
"သူက နိမ့်ကျတဲ့ အင်ပါယာက ကလေးတစ်ယောက်လို့ ငါကြားတယ်... သူ့မှာ ဘယ်လိုလုပ် ခွန်အားတွေ ရှိနိုင်မှာလဲ"
လူတိုင်းက ကဲ့ရဲ့ကြလေသည်။ မာနကြီးသော လူသစ်တစ်ယောက်နှင့် ရင်ဆိုင်ရသော အခါတွင် မည်သူကမျှ သူ့ကို ချစ်ခင်တွယ်တာခြင်း မရှိနိုင်ပေ။ သို့သော် သူတို့၏ ရယ်မောခြင်းမှာ မပြီးသေးဘဲ ရိုက်သံတစ်ချကိ ထွက်ပေါ်လာသည်။
ဝှစ်!
"ဒါ....."
"ငါမျက်စိကန်းသွားတာ မဟုတ်ဘူးမလား?"
ပြတ်သားသော အသံကို ကြားလိုက်ရသည်နှင့် သူတို့ရှေ့က မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရလေရာ အားလုံး ရူးသွပ်သွားကြတေယ့သည်။
သူတို့စိတ်နှလုံးထဲမှာ တန်ခိုးကြီးပြီး တွန်းလှန်ရခက်တဲ့ စီနီယာအစ်ကိုက မာနကြီးတဲ့ ရူးနေတဲ့ လူသစ်ဆီကနေ မြေပြင်ပေါ် ရိုက်ချတာ ခံလိုက်ရတယ်တဲ့လား။ သူ့ပါးစပ်က သွေးတွေပြည့်နေပြီး သူ့သွားတွေတောင် မြေကြီးပေါ် ကျွတ်ကျသွားပြီ။
"မင်း"
ဟွမ်ချောင်လည်း ဒါကို မမျှော်လင့်ထားခဲ့ရာ သူ့တစ်ကိုယ်လုံး ရူးသွားတော့မတတ် ဖြစ်လာသည်။
"ငါမင်းကို သတ်ပစ်မယ်!"
ဟိန်ဟောက်သံများ ကြားတွင် သူသည် အရှိန်အဟုန်ဖြင့် ပြေးလာပြန်သည်။ သူသည် မတိုင်ခင်က သတိလက်လွတ် ဖြစ်နေသော်လည်း ယခု လုရွှမ်ရှေ့ကို မရောက်မီ လက်သီးများဖြင့် အရိပ်များ ပြေးထွက်သွား၏။
"နတ်ဆိုးလက်သီးတစ်သောင်း!"
"ဒါက တစ္ဆေအဆင့်နိမ့် နတ်ဆိုးလက်သီးတစ်သောင်း သိုင်းပညာပဲ!"
"ဒီသိုင်းပညာကို အမြင့်ဆုံး အဆင့်အထိ လေ့ကျင့်နိုင်ရင် လက်သီးချက်တိုင်းက လူတွေကို စိတ်နှလုံးအောက်ကနေ ရုန်းထွက်ပြီး ခံနိုင်ရည် မရှိတော့တဲ့ နတ်ဆိုးအဖြစ် ပြောင်းလဲသွားနိုင်တယ်!"
"စီနီယာဟွမ်ချောင်က အသေးစား အောင်မြင်မှု အဆင့်ထိ လေ့ကျင့်နိုင်ခဲ့တာ အံ့ဩစရာပဲ!"
"နတ်ဆိုးလက်သီးကို ဘယ်သူက တိုက်ခိုက်နိုင်မှာလဲ? ဒီကလေးတော့ ပြီးသွားပြီ!"
လက်သီးတိုက်ကွက်ကို မြင်တော့ အားလုံး ထိတ်လန့်သွားကြသည်။
ပြင်ပအခန်း၏ တပည့်များကြားတွင် နတ်ဆိုးလက်သီးတစ်သောင်းသည် လူသိများသော ကိုယ်ခံပညာ တစ်ခုဖြစ်သည်။ နေရာတိုင်းတွင် လက်သီးအရိပ်များရှိပြီး တိုက်ခိုက်မှုများကြောင့် ခုခံရန်ခက်ခဲစေ၏။
လူတိုင်းရဲ့ အမြင်အရတော့ စီနီယာဟွမ်ချောင်ဟာ မပြင်ဆင်ရသေးတာကြောင့် တိုက်ကွက်ကို မရှောင်နိုင်ခဲ့တာ ဖြစ်သည်။ အခုချိန်မှာတော့ ကိုယ်ခံပညာတွေ ပြသနေပြီမို့ တစ်ဖက်က လူသစ်တစ်ယောက် အနေနဲ့ မာနကြီးဖို့ မဖြစ်နိုင်တော့ဘူး။
လုရွှမ်သည် ဤအချိန်၌ ကျဆုံးပြီး သေချာပေါက် အရိုက်ခံရတော့မည်ဟု လူတိုင်းက ထင်နေကြသောအခါတွင် လူငယ်သည် ပုန်းအောင်းမနေဘဲ လက်တစ်ဖက်ကို ရှေ့သို့ဆန့်တန်းလိုက်ပေ၏။
ဟူ!
ကောင်းကင်တစ်ခွင်လုံး အံ့ဩစရာ လက်သီး အရိပ်များ ပျောက်ကွယ်သွားကာ လက်တစ်ဖက်က ဟွမ်ချောင်၏ လည်ပင်းကို ဖမ်းဆွဲထားလိုက်လေသည်။
"အား!!"
ဟွမ်ချောင်သည် ဖမ်းမိသွားသော ငါးကဲ့သို့ ရုန်းကန်နေရသည်။
"အမေရေ!"
"နတ်ဆိုးလက်သီးတစ်သောင်းက သံတံတိုင်းလို ကာရံထားပြီး ခြင်တွေတောင် ဖြတ်မပျံနိုင်ဘူး။ သူကလက်ကို ဆန့်တန်းပြီး စီနီယာဟွမ်ချောင်ရဲ့ လည်ပင်းကို ဘယ်လိုလုပ် ဖမ်းမိသွားတာလဲ!"
"ငါအမြင် မမှားဘူးမလား?"
ပါးစပ်ထဲကို ကြက်ဥ တစ်လုံးပြီးတစ်လုံး ထိုးထည့်လိုက်သလိုမျိုး တခြားသူတွေမှာ ပါးစပ်ဟောင်းလောင်း စိတ်ပျက်လက်ပျက်နဲ့ ကြည့်နေကြသည်။
လူတိုင်း အံ့ဩနေတာ မထူးဆန်းပါ။ နတ်ဆိုးလက်သီးသည် တိုက်ခိုက်ရာတွင် အားကောင်းရုံသာမက ခုခံမှုတွင်လည်း အားကောင်းပါသည်။ လက်သီးကို ဝှေ့ယမ်းလိုက်သော အခါတွင် ကောင်းကင်ယံ၌ နတ်ဆိုးတစ်သောင်း ပေါ်လာသကဲ့သို့ပင်။
ရေမ၀င်နိုင်သည့်အပြင် ခြင်များပင် မဝင်နိုင် မကျော်နိုင်ပေမယ့် လူငယ်က လွယ်လွယ်နဲ့ လက်တစ်ဖက်ကို ဆန့်တန်းပြီး တစ်ဖက်လူရဲ့ လည်ပင်းကို ညှစ်ထားခဲ့သည်။
ကိုယ့်မျက်စိနဲ့ မမြင်ရရင် ယုံမိမှာတောင် မဟုတ်ဘူး!
"မင်း ဘာလုပ်မလို့လဲ? ငါက အကယ်ဒမီက ကျောင်းသားတစ်ယောက်ပဲ... ငါက မင်းရဲ့စီနီယာ... ငါ့ကို မြန်မြန်လွှတ်စမ်း!! မဟုတ်ရင်တော့ မင်းနောင်တရလိမ့်မယ် မင်း ဘဝက သေတာထက် ပိုဆိုးသွားလိမ့်မယ်!!"
ဟွမ်ချောင်မှာ လည်ပင်းကို အညှစ်ခံရတော့ အံ့အားသင့်သွားပြီး ခြိမ်းခြောက်စကားများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာတော့သည်။ ဒါက ရှက်စရာကောင်းကြောင်း သူသိသည်။
ဒါပေမဲ့ ကြမ်းကြမ်းတမ်းတမ်း မပြောရင် လည်ပင်းကို ခြောက်သွေ့တဲ့အထိ ညှစ်ခံရပြီး အပြင်ထွက်တဲ့အခါ မျက်နှာပြစရာ မရှိတော့မှာလည်း စိုးရိမ်ရသည်။
"နောင်တလား?" လုရွှမ်က ခေါင်းခါလိုက်ပြီး
"ငါ့ကို စော်ကားသူတွေကိုသာ နောင်တရစေမှာပါ!"
စကားဆုံးတာနဲ့ ရိုင်းစိုင်းတဲ့ စကားတွေ ပြောဖို့ စိတ်မ၀င်စားဘဲ လက်ချောင်းတွေကို ပြင်းပြင်းထန်ထန် ဖိချလိုက်သည်။
စစ်မှန်သော ဝိညာဥ်စွမ်းအင် လှိုင်းလုံးသည် ပြိုင်ဘက်၏ ဒန်တန်လမ်းကြောင်း တစ်လျှောက်တွင် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး သူ၏တစ်ကိုယ်လုံးကို ပျံ့နှံ့သွားသည်။
လုရွှမ်၏ ခွန်အားသည် ပြိုင်ဘက်ကဲ့သို့ အဓိပတိနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့် မဟုတ်သော်လည်း ယွမ်ယန်ကျင့်စဥ်ကို၏ စစ်မှန်သော စွမ်းအင်သည် တုနှိုင်းမဲ့ဖြစ်ပြီး တစ်ဖက်လူ၏ စွမ်းအင်ကို တားဆီးရန် လွယ်ကူသည်။
ဗုန်း!
ပြိုင်ဘက်၏ ကျင့်စဥ်ကို တံဆိပ်ခတ်ပြီး ၎င်းကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။
"အချက်တစ်ရာလောက် ချလိုက်!"
"ဟုတ်ကဲ့!"
မုယန်ဖုန်း လျှောက်လာသည်။
"ဘာ? မင်းငါ့ကို စော်ကားရဲလို့ကတော့ မင်းအသက်ကို သေတာထက် ပိုဆိုးအောင် လုပ်ပစ်မယ်"
ဟွမ်ချောင် မူးလဲလုမတတ် ဖြစ်နေပါပြီ။
အပြင်ခန်း ထိပ်တန်း၁၀ယောက်ထဲက တစ်ယောက်အနေဖြင့် အချက်၁၀၀ လောက်သာ အရိုက်ခံလိုက်ရရင် မျက်နှာပျက်သွားရုံတင် မကဘဲ နောင်တွင် အကယ်ဒမီတွင် နေစရာတောင် မကျန်တော့မှာကို ကြောက်ရသည်။
"ဒူးထောက်!"
သူစကား မဆုံးခင်မှာပဲ မုယန်ဖုန်းက သူ့ဆီရောက်လာ၏။ ဆံပင်ကို ဆွဲယူပြီး မြေပေါ်ကနေ မြှောက်ချလိုက်ပြီး ချက်ချင်း ပါးရိုက်ချလိုက်သည်။
ဖြောင်း!
ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာပြီး သူတုံ့ပြန်ခြင်း မပြုမီတွင် သူ၏ခန္ဓာကိုယ်သည် လိမ်ထွကိသွားကာ ပြိုင်ဘက်၏ ခြေထောက်အောက်တွင် ဒူးထောက်လျက် လဲကျသွားသည်။
ဖြောင်း ဖြောင်းဖြောင်းဖြောင်းဖြောင်း!
သူ့ကို ဒူးထောက်ခိုင်းပြီး မုယန်ဖုန်းက အဆက်မပြတ် ပါးရိုက်နေ၏။ ပါးရိုက်တာက သူ့မျက်နှာပေါ်မှာ မဟုတ်ဘဲ သူ့နှလုံးသားပေါ်ကို ရိုက်နှက်နေသလိုပဲ။
"စိတ်ပျက်စရာပဲ!"
ဟွမ်ချောင် တစ်ကိုယ်လုံး တုန်လှုပ်သွားတော့သည်။